ကိုဗစ္အတြက္ ကုတင္တစ္သိန္း အိႏၵိယမွာျပင္

ပိတ္ဆို႔ထားမႈေတြကို ေနာက္ထပ္ သုံးပတ္ရက္တိုးထား
(Zawgyi)⤵⤵⤵
အာရွ ႏိုင္ငံေတြ ျဖစ္တဲ့ အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ေျဖရွင္းဖို႔ တိုးလာနဲ႔ လူနာအေရအတြက္ကို မွန္းဆကာ ေဆး႐ုံေတြမွာ လုံေလာက္တဲ့ ကုတင္ တစ္သိန္းေလာက္ ျပင္ဆင္မႈ လုပ္ထားတယ္လို႔ အိႏၵိယ အစိုးရ ေျပာၾကားလိုက္ပါတယ္။

အခုအခါ အိႏၵိယမွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရသူ ၈၅၀၀ နီးပါး ရွိလာၿပီး ဒါဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က တစ္ေထာင္ေအာက္ကေန ခုန္တက္သြားတာပါ။ ဒီေရာဂါေၾကာင့္ အသက္ဆုံးရႈံးရသူ ၃၃၁ ေယာက္ ရွိပါတယ္။

အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူနာ က်လာရင္ကုသေပးႏိုင္ဖို႔ အတြက္ အႀကီးအက်ယ္ သတိထားၿပီး အျပည့္အစုံ ျပင္ဆင္ထားပါတယ္ ၊ ေဆး႐ုံ ေျခာက္ရာေက်ာ္မွာ လူနာကုတင္ေပါင္း တစ္သိန္းေက်ာ္ အဆင္သင့္ ျဖစ္ေနပါၿပီလို႔ ထိပ္တန္း က်န္းမာေရး အရာရွိ လာ့ဗ္ အဂၢါဝါလ္ က ေန႔စဥ္ သတင္းစာ ရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ႏြမ္းပါးသူ သန္းနဲ႔ခ်ီ ရွိတဲ့ အိႏၵိယမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ က အႀကီးအက်ယ္ ဝန္ထုပ္ဝန္ပိုး ကိစၥ ျဖစ္ေနၿပီး ေရာဂါ ကူးစက္မႈ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာရင္ ကပ္ေဘးဆိုက္လာမွာကို အာဏာပိုင္ေတြက စိုးရိမ္ေနၾကပါတယ္။

ဝန္ႀကီးခ်ဳပ္ နာရင္ဒရာ မိုဒီကေတာ့ ထိပ္တန္း အစိုးရ အရာရွိေတြနဲ႔ ေဆြးေႏြး တိုင္ပင္ၿပီးေနာက္ နက္ျဖန္ အဂၤါေန႔မွာ သက္တမ္းျပည့္မယ့္ တႏိုင္ငံလုံး အသြားအလာ ပိတ္ဆို႔ ထားမႈကို ေနာက္ထပ္ သုံးပတ္ တိုးျမႇင့္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

BBC Burmese
-----------------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်အတွက် ကုတင်တစ်သိန်း အိန္ဒိယမှာပြင်

အာရှ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဖြေရှင်းဖို့ တိုးလာနဲ့ လူနာအရေအတွက်ကို မှန်းဆကာ ဆေးရုံတွေမှာ လုံလောက်တဲ့ ကုတင် တစ်သိန်းလောက် ပြင်ဆင်မှု လုပ်ထားတယ်လို့ အိန္ဒိယ အစိုးရ ပြောကြားလိုက်ပါတယ်။

အခုအခါ အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရသူ ၈၅၀၀ နီးပါး ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ထောင်အောက်ကနေ ခုန်တက်သွားတာပါ။ ဒီရောဂါကြောင့် အသက်ဆုံးရှုံးရသူ ၃၃၁ ယောက် ရှိပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ကျလာရင်ကုသပေးနိုင်ဖို့ အတွက် အကြီးအကျယ် သတိထားပြီး အပြည့်အစုံ ပြင်ဆင်ထားပါတယ် ၊ ဆေးရုံ ခြောက်ရာကျော်မှာ လူနာကုတင်ပေါင်း တစ်သိန်းကျော် အဆင်သင့် ဖြစ်နေပါပြီလို့ ထိပ်တန်း ကျန်းမာရေး အရာရှိ လာ့ဗ် အဂ္ဂါဝါလ် က နေ့စဉ် သတင်းစာ ရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နွမ်းပါးသူ သန်းနဲ့ချီ ရှိတဲ့ အိန္ဒိယမှာ ကျန်းမာရေး စောင့်ရှောက်မှု က အကြီးအကျယ် ဝန်ထုပ်ဝန်ပိုး ကိစ္စ ဖြစ်နေပြီး ရောဂါ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင် ကပ်ဘေးဆိုက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကတော့ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီးနောက် နက်ဖြန် အင်္ဂါနေ့မှာ သက်တမ်းပြည့်မယ့် တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ ထားမှုကို နောက်ထပ် သုံးပတ် တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52263211
ကိုဗစ္အတြက္ ကုတင္တစ္သိန္း အိႏၵိယမွာျပင္ ကိုဗစ္အတြက္ ကုတင္တစ္သိန္း အိႏၵိယမွာျပင္ Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.