ကိုဗစ္ ကာလ သွ်မ္းနီတပ္ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာေနဆဲ

Photo by Shanni Nationalities Army
(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတြင္းျမစ္ အထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္ အတြင္း သွ်မ္းနီ အမ်ိဳးသား တပ္မေတာ္ (SNA) ႏွင့္ အစိုးရ တပ္မေတာ္တို႔ စစ္ေရး တင္းမာမႈ ၾကား ရွိေနေသးသျဖင့္ ေဒသခံမ်ား စိုးရိမ္ထိတ္လန႔္ေနရေၾကာင္း သတင္းရရွိသည္။

လက္ရွိ အခ်ိန္ကာလတြင္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ လူနာ ဦးေရ ျမင့္တက္လာၿပီး အနယ္နယ္ အရပ္ရပ္မွ ကိုဗစ္-၁၉ အတြက္ စိုးရိမ္ေနခ်ိန္ ဟုမၼလင္းၿမိဳ႕နယ္ အတြင္း တိုက္ပြဲမ်ားျဖစ္ပြားမ်ားကို စိုးရိမ္ေနရေၾကာင္း ဟုမၼလင္းၿမိဳ႕နယ္ ေခ်ာင္းႀကီး ေဒသခံ ေဆစိုင္းလင္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အခုက ကိုဗစ္ကိုလည္း ေၾကာက္ေနရ၊ တိုက္ပြဲျဖစ္မွာလည္း စိုးရိမ္ေနရတယ္။ ကိုဗစ္ ကာလမွာေတာ့ တိုက္ပြဲမျဖစ္ေစခ်င္ဘူး” ဟု ေဆစိုင္းလင္း က ဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတြင္း ျမစ္ အထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေခ်ာင္းႀကီး ေဒသတြင္ တပ္မေတာ္ႏွင့္ SNA တို႔သည္ ဧၿပီ ၁၇ရက္မွ ဧၿပီ ၁၈ ရက္ထိ တိုက္ပြဲျပင္းထန္းခဲ့ၿပီး လက္ရွိမွာ စစ္ေရး တင္းမာေနေၾကာင္းလည္း SNA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေဆစိုင္းထြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ တိုက္ပြဲ က နားတာ ၂ရက္ေတာ့ရွိၿပီ။ သူတို႔ဘက္က စစ္အင္အားျပန္ျဖည့္ထားတယ္။ စစ္ေရး ကေတာ့ တင္းမာေနဆဲပါ” ဟု ေဆစိုင္းထြန္းက ဆိုသည္။

လက္ရွိ ျမန္မာတဝွမ္းတြင္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ကာကြယ္သည့္ ကာလျဖစ္သည့္အတြက္ တိုက္ပြဲမ်ား မျဖစ္ရန္ႏွင့္ တပ္မေတာ္ အေနျဖင့္ သက္ႏိုင္သမွ် တိုက္ပြဲကို ေရွာင္ရွားေစခ်င္ေၾကာင္း လည္း ေဆစိုင္းထြန္းက ေျပာသည္။

“ ျမန္မာျပည္တဝွမ္း ကိုဗစ္-၁၉ ကာကြယ္ေနခ်ိန္ တိုက္ပြဲမျဖစ္ခ်င္ဘူး” ဟု ေဆစိုင္းထြန္းက ဆိုသည္။

တပ္မေတာ္ႏွင့္ SNA တိုက္ပြဲျဖစ္ပြားသည့္ေနရာသည္ အရပ္သားမ်ားေနထိုင္သည့္ေနရာႏွင့္ နီးေနသျဖင့္ ေသနတ္သံမ်ား၊ လက္နက္ႀကီးသံမ်ား ၾကားရေၾကာင္း၊ ေဒသခံမ်ားလည္း တိုက္ပြဲ ထပ္မံျဖစ္ပြားမည္ကိုစိုးရိမ္စိတ္ျဖင့္ေနထိုင္ေနရေၾကာင္း ေခ်ာင္းႀကီး ေဒသခံမ်ားက ေျပာသည္။

ထို႔ျပင္ တပ္မေတာ္သည္ SNA တပ္ဖြဲ႕မ်ားကို စစ္သားစုေဆာင္းေရး ဖမ္းဆီးျခင္း၊ ေပၚတာဆြဲျခင္းမ်ား၊ ျပည္သူမ်ားကို အေၾကာင္းမဲ့ အႏိုင္က်င့္ ႏွိပ္စစ္သတ္ျဖတ္ျခင္း ျပဳလုပ္ေနသည့္ မဟုတ္မမွတ္ ဝါဒျဖန႔္ေနသည့္ အေပၚ မျပဳလုပ္ရန္ လည္း SNA က ယေန႔ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

“ တပ္မေတာ္အေနနဲ႔ ဝါဒျဖန႔္ေနတာ ရပ္ေစခ်င္တယ္။ အခု ဟုမၼလင္းၿမိဳ႕နယ္မွာ SNAရဲ႕ မဟုတ္မွန္တဲ့သတင္းကို လိုက္ျဖန႔္ေနတယ္။ ဒါကို ရပ္ေပးဖို႔ ေျပာခ်င္တယ္” ဟု လည္း ေဆစိုင္းထြန္းက ေျပာသည္။

တပ္မေတာ္ ႏွင့္ SNA သည္ ၂၀၁၆ ခုနစ္တြင္ အိႏၵိယ နယ္စပ္တြင္ တႀကိမ္၊ ၂၀၁၇ ခုနစ္တြင္ ဟုမၼလင္းၿမိဳ႕နယ္ တြင္ တႀကိမ္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယခု ၂၀၂၀ခုနစ္တြင္ ဟုမၼလင္းၿမိဳ႕နယ္ အတြင္း ပထမဆုံး အႀကိမ္ျပန္ျဖစ္သည့္ တိုက္ပြဲျဖစ္ေၾကာင္း သိရသည္။

SNA တပ္သည္ ၁၉၈၉ ခုနစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး သွ်မ္းနီ လက္နက္ကိုင္ အဖြဲ႕ ျဖစ္ၿပီး ကခ်င္ျပည္နယ္ ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီး ခ်င္းတြင္းျမစ္ အထက္ပိုင္း ႏွင့္ အိႏၵိယ နယ္စပ္တေလ်ာက္ လႈပ္ရွားလ်က္ရွိသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
--------------------------------------------

ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် အတွင်း သျှမ်းနီ အမျိုးသား တပ်မတော် (SNA) နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာမှု ကြား ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း သတင်းရရှိသည်။

လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ဦးရေ မြင့်တက်လာပြီး အနယ်နယ် အရပ်ရပ်မှ ကိုဗစ်-၁၉ အတွက် စိုးရိမ်နေချိန် ဟုမ္မလင်းမြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားများကို စိုးရိမ်နေရကြောင်း ဟုမ္မလင်းမြို့နယ် ချောင်းကြီး ဒေသခံ ဆေစိုင်းလင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အခုက ကိုဗစ်ကိုလည်း ကြောက်နေရ၊ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်နေရတယ်။ ကိုဗစ် ကာလမှာတော့ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု ဆေစိုင်းလင်း က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်း မြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချောင်းကြီး ဒေသတွင် တပ်မတော်နှင့် SNA တို့သည် ဧပြီ ၁၇ရက်မှ ဧပြီ ၁၈ ရက်ထိ တိုက်ပွဲပြင်းထန်းခဲ့ပြီး လက်ရှိမှာ စစ်ရေး တင်းမာနေကြောင်းလည်း SNA ပြောခွင့်ရ ဗိုလ်မှူးကြီး ဆေစိုင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တိုက်ပွဲ က နားတာ ၂ရက်တော့ရှိပြီ။ သူတို့ဘက်က စစ်အင်အားပြန်ဖြည့်ထားတယ်။ စစ်ရေး ကတော့ တင်းမာနေဆဲပါ” ဟု ဆေစိုင်းထွန်းက ဆိုသည်။

လက်ရှိ မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်သည့် ကာလဖြစ်သည့်အတွက် တိုက်ပွဲများ မဖြစ်ရန်နှင့် တပ်မတော် အနေဖြင့် သက်နိုင်သမျှ တိုက်ပွဲကို ရှောင်ရှားစေချင်ကြောင်း လည်း ဆေစိုင်းထွန်းက ပြောသည်။

“ မြန်မာပြည်တဝှမ်း ကိုဗစ်-၁၉ ကာကွယ်နေချိန် တိုက်ပွဲမဖြစ်ချင်ဘူး” ဟု ဆေစိုင်းထွန်းက ဆိုသည်။

တပ်မတော်နှင့် SNA တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အရပ်သားများနေထိုင်သည့်နေရာနှင့် နီးနေသဖြင့် သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားရကြောင်း၊ ဒေသခံများလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်စိတ်ဖြင့်နေထိုင်နေရကြောင်း ချောင်းကြီး ဒေသခံများက ပြောသည်။

ထို့ပြင် တပ်မတော်သည် SNA တပ်ဖွဲ့များကို စစ်သားစုဆောင်းရေး ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ၊ ပြည်သူများကို အကြောင်းမဲ့ အနိုင်ကျင့် နှိပ်စစ်သတ်ဖြတ်ခြင်း ပြုလုပ်နေသည့် မဟုတ်မမှတ် ဝါဒဖြန့်နေသည့် အပေါ် မပြုလုပ်ရန် လည်း SNA က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“ တပ်မတော်အနေနဲ့ ဝါဒဖြန့်နေတာ ရပ်စေချင်တယ်။ အခု ဟုမ္မလင်းမြို့နယ်မှာ SNAရဲ့ မဟုတ်မှန်တဲ့သတင်းကို လိုက်ဖြန့်နေတယ်။ ဒါကို ရပ်ပေးဖို့ ပြောချင်တယ်” ဟု လည်း ဆေစိုင်းထွန်းက ပြောသည်။

တပ်မတော် နှင့် SNA သည် ၂၀၁၆ ခုနစ်တွင် အိန္ဒိယ နယ်စပ်တွင် တကြိမ်၊ ၂၀၁၇ ခုနစ်တွင် ဟုမ္မလင်းမြို့နယ် တွင် တကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၀ခုနစ်တွင် ဟုမ္မလင်းမြို့နယ် အတွင်း ပထမဆုံး အကြိမ်ပြန်ဖြစ်သည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

SNA တပ်သည် ၁၉၈၉ ခုနစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သျှမ်းနီ လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း နှင့် အိန္ဒိယ နယ်စပ်တလျောက် လှုပ်ရှားလျက်ရှိသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16216
ကိုဗစ္ ကာလ သွ်မ္းနီတပ္ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာေနဆဲ ကိုဗစ္ ကာလ သွ်မ္းနီတပ္ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာေနဆဲ Reviewed by THITHTOOLWIN on 05:47 Rating: 5
Powered by Blogger.