မႏၲေလးက စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ထားခ်ိန္ လုပ္ခလစာ အျပည့္ေပးဖို႔ ေတာင္းဆို


စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ထားတဲ့ကာလအတြင္း အလုပ္ရွင္ဘက္က အနည္းဆုံး လုပ္ခလစာ အျပည့္ေပးဖို႔နဲ႔ ပိတ္ဖို႔မလိုတဲ့ စက္႐ုံေတြကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေတြ လိုက္နာမႈ ရွိ၊ မရွိ ေရွာင္တခင္စစ္ေဆး ေပးဖို႔ မႏၲေလးတိုင္း သမဂၢအဖြဲ႕ဝင္ေတြက ဒီကေန႔ ေတာင္းဆိုပါတယ္။

မႏၲေလးတိုင္းအတြင္းက စားေသာက္ကုန္ေရာင္းခ်  ထုတ္လုပ္တဲ့လုပ္ငန္းေတြ၊ ဘဏ္ေတြ၊ ဆီဆိုင္ေတြနဲ႔ ေဆး ပစၥည္းအေရာင္းဆိုင္ေတြလိုမ်ိဳး ဆိုင္ေတြကလြဲရင္ အျခားကုန္ပစၥည္း ေရာင္းခ်ထုတ္လုပ္တာေတြကို လာမယ့္ ဧၿပီလ ၇ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိ ၁၅ ရက္အၾကာ ပိတ္ထားဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရ အမိန႔္ထုတ္ ျပန္ထားပါတယ္။

ထုတ္ျပန္ထားတဲ့အထဲမွာဆိုရင္ အလုပ္သမားေတြအတြက္ တိက်တဲ့ၫြန္ၾကားခ်က္ေတြ မပါဝင္ဘူးလို႔ ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္က အေထြေထြ အတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ေျပာပါတယ္။

“စက္႐ုံအလုပ္႐ုံေတြ ပိတ္ခိုင္းတာက အိမ္မွာေနေစခ်င္လို႔ျဖစ္တယ္၊ အလုပ္သမားေတြရဲ႕ ဆန္အိုးထဲ ဆန္ရွိမွ ေနႏိုင္မွာျဖစ္တယ္။ ဆန္မရွိရင္ တျခားအလုပ္သြားလုပ္ရမွာျဖစ္လို႔ အိမ္မွာေနရမယ္ဆိုတာ မေအာင္ျမင္ႏိုင္ ပါဘူး၊ ပိတ္သိမ္းထားတဲ့ကာလမွာ ဧၿပီလစာကို အလုပ္ရွင္က ေပးေစခ်င္တယ္“

လုပ္ခလစာေတြ အျပည့္ေပးေခ်ေပးဖို႔၊ အလုပ္မပိတ္သိမ္းတဲ့စက္႐ုံေတြ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ ထားတာေတြကို လိုက္နာမႈ ရွိ၊ မရွိ စစ္ေဆးေပးဖို႔ဆိုတာေတြနဲ႔ ပတ္သက္လို႔ အႀကံျပဳတင္ျပစာကို မႏၲေလး တိုင္းအစိုးရကို ဒီကေန႔ ေပးပို႔သြားမွာျဖစ္ပါတယ္။

ေကာ္ဖီစက္႐ုံတစ္ခုမွာ အလုပ္လုပ္ေနတဲ့ မလွမ်ိဳးႏြယ္က သူတို႔စက္႐ုံဆို စားေသာက္ကုန္ျဖစ္လို႔ မပိတ္ေပမယ့္ ထုတ္ျပန္ခ်က္ေတြကို လိုက္နာမႈေတြကို အားနည္းတယ္လို႔ ေျပာပါတယ္။

“က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ထားတာေတြ လုပ္ေပးထားတာ မရွိဘူး၊ ေၾကာက္တယ္။ လုပ္ေပးမွ လုပ္ငန္းခြင္ဝင္လို႔ရမွာ၊ သုံးေပကြာမွာ လုပ္လို႔မရဘူး၊ ႏွားေခါင္းစည္းက ႏွစ္ခုပဲေပးထားတယ္။ ေလွ်ာ္သုံးရတယ္“

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မတ္လ ၃၀ ရက္ေန႔က ထုတ္ျပန္ခ်က္မွာေတာ့ အလုပ္ရွင္ေတြအေနနဲ႔ လိုက္နာရမယ့္ အခ်က္ ကိုးခ်က္ ထုတ္ျပန္ထားပါတယ္။ ကိုယ္အပူခ်ိန္ ၃၈ ဒီဂရီ စင္တီဂရိတ္ထက္မ်ားေနရင္ က်န္းမာေရးဝန္ႀကီးဌာနာကို ပို႔ေဆာင္ဖို႔၊ လုပ္ငန္းခြင္မဝင္ခင္ လက္ေဆးဖို႔၊ တစ္ဦးနဲ႔ တစ္ဦး သုံးေပကြာၿပီးလုပ္ဖို႔၊ လက္သန႔္ေဆးရည္ အလုံအေလာက္ထားေပးဖို႔၊ ၾကမ္းျပင္ေတြကို ကလိုရင္းသုံးၿပီး ေန႔စဥ္သန႔္ရွင္းဖို႔ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

စဥ့္ကိုင္ၿမိဳ႕နယ္က ဖိနပ္စက္႐ုံမွာလုပ္တဲ့ ကိုဇင္မင္းေအာင္က အလုပ္သမားေတြအေနနဲ႔ ဘဝနဲ႔ရင္းၿပီး လုပ္ေန ရတာကို အလုပ္ရွင္ေတြဘက္က လိုက္နာမႈေတြေလ်ာ့နည္းေနတဲ့ အေျခအေနကို အခုလို ေျပာပါတယ္။

“လိုက္နာမႈ အားနည္းတယ္၊ ပိတ္ခိုင္းတဲ့ စာေရာက္လာေပမယ့္ စက္႐ုံဖြင့္လို႔ရရင္ ဖြင့္မယ္ေျပာတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈ မရွိဘူး၊ ပိုက္ဆံရဖို႔ ေသတြင္းကို တူးေနၾကရဦးမွာပဲ၊ သူတို႔က ပိုက္ဆံေတြ ရင္းထားရတယ္။ က်ေနာ္တို႔က ဘဝေတြရင္းထားရတယ္“

အလုပ္ရွင္ေတြအေနနဲ႔လည္း စက္႐ုံပိတ္သိမ္းဖို႔နဲ႔ပတ္သက္ၿပီး ဒီကေန႔မွာ တိုင္းေဒသႀကီးအစိုးရနဲ႔ အစည္းအေဝး လုပ္ေနၿပီး တိက်တဲ့အခ်က္အလက္ေတြကို ထုတ္ျပန္သြားမွာျဖစ္တယ္လို႔ မႏၲေလး စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီ အတြင္းေရးမႉး ဦးေမာင္ေမာင္ဦးက RFA ကို ေျပာပါတယ္။

“အရက္ခ်က္စက္႐ုံဆိုလည္းရတယ္။ စားေသာက္ကုန္ထဲပါတယ္၊ ၾကက္စာစက္႐ုံဆိုလည္း ဖြင့္ရမယ္။ အစားအေသာက္အေတြ အကုန္ဖြင့္ရမယ္။ လည္ကိုလည္ရမွာ မလည္ရင္ အေရးယူမယ္။ လစာကိစၥဆိုလည္း ဧၿပီလစာကေတာ့ စက္႐ုံေတာ္ေတာ္မ်ားမ်ားေပးပါတယ္။ ဆန္၊ ဆီေတာင္ ေဝၾကပါတယ္၊ စက္႐ုံအားလုံး တေျပးညီေတာ့ မဟုတ္ဘူးေပါ့၊ လုပ္ငန္းရွင္ေတြရဲ႕ ေစတနာေပါ့၊ ေပးၾကတာ“

မႏၲေလးစက္မႈဇုန္က အလုပ္ရွင္တခ်ိဳ႕ကို RFA က ဆက္သြယ္ခဲ့ေပမယ့္လည္း ျပန္လည္ေျဖၾကားတာ မရွိခဲ့ပါဘူး။

မႏၲေလး စက္မႈဇုန္မွာဆိုရင္ စက္႐ုံေပါင္း ၁၂၀၀ ေက်ာ္ရွိၿပီး စားေသာက္ကုန္စက္႐ုံကေတာ့ ၁၈၂ ႐ုံရွိပါတယ္။ စားေသာက္ကုန္စက္႐ုံမွာ အလုပ္လုပ္တဲ့ ဝန္ထမ္းေပါင္းကေတာ့ ၄၅၀၀ ရွိတယ္လို႔ မႏၲေလးစက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီက သိရပါတယ္။

ေခမဏီဝင္း / RFA Burmese
-------------------------------------------
မန္တလေးက စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားချိန် လုပ်ခလစာ အပြည့်ပေးဖို့ တောင်းဆို


စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားတဲ့ကာလအတွင်း အလုပ်ရှင်ဘက်က အနည်းဆုံး လုပ်ခလစာ အပြည့်ပေးဖို့နဲ့ ပိတ်ဖို့မလိုတဲ့ စက်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတွေ လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပေးဖို့ မန္တလေးတိုင်း သမဂ္ဂအဖွဲ့ဝင်တွေက ဒီကနေ့ တောင်းဆိုပါတယ်။

မန္တလေးတိုင်းအတွင်းက စားသောက်ကုန်ရောင်းချ  ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဆီဆိုင်တွေနဲ့ ဆေး ပစ္စည်းအရောင်းဆိုင်တွေလိုမျိုး ဆိုင်တွေကလွဲရင် အခြားကုန်ပစ္စည်း ရောင်းချထုတ်လုပ်တာတွေကို လာမယ့် ဧပြီလ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၅ ရက်အကြာ ပိတ်ထားဖို့အတွက် တိုင်းဒေသကြီးအစိုးရ အမိန့်ထုတ် ပြန်ထားပါတယ်။

ထုတ်ပြန်ထားတဲ့အထဲမှာဆိုရင် အလုပ်သမားတွေအတွက် တိကျတဲ့ညွန်ကြားချက်တွေ မပါဝင်ဘူးလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“စက်ရုံအလုပ်ရုံတွေ ပိတ်ခိုင်းတာက အိမ်မှာနေစေချင်လို့ဖြစ်တယ်၊ အလုပ်သမားတွေရဲ့ ဆန်အိုးထဲ ဆန်ရှိမှ နေနိုင်မှာဖြစ်တယ်။ ဆန်မရှိရင် တခြားအလုပ်သွားလုပ်ရမှာဖြစ်လို့ အိမ်မှာနေရမယ်ဆိုတာ မအောင်မြင်နိုင် ပါဘူး၊ ပိတ်သိမ်းထားတဲ့ကာလမှာ ဧပြီလစာကို အလုပ်ရှင်က ပေးစေချင်တယ်“

လုပ်ခလစာတွေ အပြည့်ပေးချေပေးဖို့၊ အလုပ်မပိတ်သိမ်းတဲ့စက်ရုံတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတာတွေကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးပေးဖို့ဆိုတာတွေနဲ့ ပတ်သက်လို့ အကြံပြုတင်ပြစာကို မန္တလေး တိုင်းအစိုးရကို ဒီကနေ့ ပေးပို့သွားမှာဖြစ်ပါတယ်။

ကော်ဖီစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မလှမျိုးနွယ်က သူတို့စက်ရုံဆို စားသောက်ကုန်ဖြစ်လို့ မပိတ်ပေမယ့် ထုတ်ပြန်ချက်တွေကို လိုက်နာမှုတွေကို အားနည်းတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာတွေ လုပ်ပေးထားတာ မရှိဘူး၊ ကြောက်တယ်။ လုပ်ပေးမှ လုပ်ငန်းခွင်ဝင်လို့ရမှာ၊ သုံးပေကွာမှာ လုပ်လို့မရဘူး၊ နှားခေါင်းစည်းက နှစ်ခုပဲပေးထားတယ်။ လျှော်သုံးရတယ်“

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အလုပ်ရှင်တွေအနေနဲ့ လိုက်နာရမယ့် အချက် ကိုးချက် ထုတ်ပြန်ထားပါတယ်။ ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက်များနေရင် ကျန်းမာရေးဝန်ကြီးဌာနာကို ပို့ဆောင်ဖို့၊ လုပ်ငန်းခွင်မဝင်ခင် လက်ဆေးဖို့၊ တစ်ဦးနဲ့ တစ်ဦး သုံးပေကွာပြီးလုပ်ဖို့၊ လက်သန့်ဆေးရည် အလုံအလောက်ထားပေးဖို့၊ ကြမ်းပြင်တွေကို ကလိုရင်းသုံးပြီး နေ့စဉ်သန့်ရှင်းဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

စဉ့်ကိုင်မြို့နယ်က ဖိနပ်စက်ရုံမှာလုပ်တဲ့ ကိုဇင်မင်းအောင်က အလုပ်သမားတွေအနေနဲ့ ဘဝနဲ့ရင်းပြီး လုပ်နေ ရတာကို အလုပ်ရှင်တွေဘက်က လိုက်နာမှုတွေလျော့နည်းနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“လိုက်နာမှု အားနည်းတယ်၊ ပိတ်ခိုင်းတဲ့ စာရောက်လာပေမယ့် စက်ရုံဖွင့်လို့ရရင် ဖွင့်မယ်ပြောတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိဘူး၊ ပိုက်ဆံရဖို့ သေတွင်းကို တူးနေကြရဦးမှာပဲ၊ သူတို့က ပိုက်ဆံတွေ ရင်းထားရတယ်။ ကျနော်တို့က ဘဝတွေရင်းထားရတယ်“

အလုပ်ရှင်တွေအနေနဲ့လည်း စက်ရုံပိတ်သိမ်းဖို့နဲ့ပတ်သက်ပြီး ဒီကနေ့မှာ တိုင်းဒေသကြီးအစိုးရနဲ့ အစည်းအဝေး လုပ်နေပြီး တိကျတဲ့အချက်အလက်တွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက RFA ကို ပြောပါတယ်။

“အရက်ချက်စက်ရုံဆိုလည်းရတယ်။ စားသောက်ကုန်ထဲပါတယ်၊ ကြက်စာစက်ရုံဆိုလည်း ဖွင့်ရမယ်။ အစားအသောက်အတွေ အကုန်ဖွင့်ရမယ်။ လည်ကိုလည်ရမှာ မလည်ရင် အရေးယူမယ်။ လစာကိစ္စဆိုလည်း ဧပြီလစာကတော့ စက်ရုံတော်တော်များများပေးပါတယ်။ ဆန်၊ ဆီတောင် ဝေကြပါတယ်၊ စက်ရုံအားလုံး တပြေးညီတော့ မဟုတ်ဘူးပေါ့၊ လုပ်ငန်းရှင်တွေရဲ့ စေတနာပေါ့၊ ပေးကြတာ“

မန္တလေးစက်မှုဇုန်က အလုပ်ရှင်တချို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

မန္တလေး စက်မှုဇုန်မှာဆိုရင် စက်ရုံပေါင်း ၁၂၀၀ ကျော်ရှိပြီး စားသောက်ကုန်စက်ရုံကတော့ ၁၈၂ ရုံရှိပါတယ်။ စားသောက်ကုန်စက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းပေါင်းကတော့ ၄၅၀၀ ရှိတယ်လို့ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/mandalay-workers-press-04062020044817.html
မႏၲေလးက စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ထားခ်ိန္ လုပ္ခလစာ အျပည့္ေပးဖို႔ ေတာင္းဆို မႏၲေလးက စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ထားခ်ိန္ လုပ္ခလစာ အျပည့္ေပးဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.