ပုဏၰားကြၽန္းမွာ ႐ြာထဲပစ္ခတ္ခံရလို႔ အရပ္သား ၈ ဦးေသ၊ ၁၃ ဦးဒဏ္ရာရ

(ဒဏ္ရာရသူနဲ႔ ေသဆုံးသူအခ်ိဳ႕ကို စစ္ေတြေဆး႐ုံမွာ ဒီေန႔မနက္ကေတြ႕ရစဥ္)
(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်း႐ြာထဲကို ဒီေန႔ မနက္ ၈ နာရီေလာက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရလို႔ အရပ္သား ၈ ဦး ေသဆုံးသြားၿပီး ၁၃ ဦး ဒဏ္ရာရရွိသြားပါတယ္။

႐ြာမွာ လူ ေလးဦးက ပြဲခ်င္းၿပီးေသဆုံးၿပီး ကနဦး ဒဏ္ရာရသူ ၁၇ ဦးကို ေဆး႐ုံကို ပို႔ေဆာင္လိုက္ၿပီးတဲ့ေနာက္ ပုဏၰားကြၽန္းေဆး႐ုံမွာ ႏွစ္ဦး၊ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္စဥ္ လမ္းခုလတ္မွာ ႏွစ္ဦး ထပ္မံ ေသဆုံးခဲ့တာလို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

စစ္ေတြေဆး႐ုံကို အေရးေပၚသယ္ယူလာစဥ္ ေက်ာက္တန္းစစ္ေဆးေရးဂိတ္မွာ တပ္မေတာ္နဲ႔ ရဲ ပူးေပါင္းအဖြဲ႕ရဲ႕ အခ်ိန္ ႏွစ္နာရီနီးပါးအၾကာ စစ္ေဆးခံေနရခ်ိန္အတြင္း ေသဆုံးသြားခဲ့တာလို႔ ဆိုပါတယ္။

ဒဏ္ရာရရွိသူေတြကို ပုဏၰားကြၽန္းေဆး႐ုံမွာ ၁၀ ဦးနဲ႔ စစ္ေတြေဆး႐ုံမွာ ၃ ဦး ေဆးကုသမႈခံယူေနရတယ္လို႔လည္း သိရပါတယ္။

ေက်ာက္ဆိပ္ေက်း႐ြာဟာ ပုဏၰားကြၽန္းၿမိဳ႕ရဲ႕ေျမာက္ဘက္ ႏွစ္မိုင္ခန႔္အကြာ စစ္ေတြ-ရန္ကုန္ ကားလမ္းမေပၚမွာ ရွိတဲ့႐ြာျဖစ္ပါတယ္။

ဒီေန႔မနက္က ပုဏၰားကြၽန္းၿမိဳ႕ေပၚမွာရွိတဲ့ တပ္မေတာ္တပ္ရင္းကေန လက္နက္ႀကီးနဲ႔ သုံးခ်က္ခန႔္ ပစ္ခတ္စဥ္ ႐ြာထဲကို က်ေရာက္ေပါက္ကြဲၿပီး အရပ္သားေတြ ေသဆုံးဒဏ္ရာရၾကတာလို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။

ဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူေတြထံ RFA က ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

RFA Burmese
----------------------------------------------------
(Unicode)⤵⤵⤵
ပုဏ္ဏားကျွန်းမှာ ရွာထဲပစ်ခတ်ခံရလို့ အရပ်သား ၈ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို ဒီနေ့ မနက် ၈ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ အရပ်သား ၈ ဦး သေဆုံးသွားပြီး ၁၃ ဦး ဒဏ်ရာရရှိသွားပါတယ်။

ရွာမှာ လူ လေးဦးက ပွဲချင်းပြီးသေဆုံးပြီး ကနဦး ဒဏ်ရာရသူ ၁၇ ဦးကို ဆေးရုံကို ပို့ဆောင်လိုက်ပြီးတဲ့နောက် ပုဏ္ဏားကျွန်းဆေးရုံမှာ နှစ်ဦး၊ စစ်တွေဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်မှာ နှစ်ဦး ထပ်မံ သေဆုံးခဲ့တာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်တွေဆေးရုံကို အရေးပေါ်သယ်ယူလာစဉ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ ရဲ ပူးပေါင်းအဖွဲ့ရဲ့ အချိန် နှစ်နာရီနီးပါးအကြာ စစ်ဆေးခံနေရချိန်အတွင်း သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေကို ပုဏ္ဏားကျွန်းဆေးရုံမှာ ၁၀ ဦးနဲ့ စစ်တွေဆေးရုံမှာ ၃ ဦး ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ကျောက်ဆိပ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့ရဲ့မြောက်ဘက် နှစ်မိုင်ခန့်အကွာ စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာ ရှိတဲ့ရွာဖြစ်ပါတယ်။

ဒီနေ့မနက်က ပုဏ္ဏားကျွန်းမြို့ပေါ်မှာရှိတဲ့ တပ်မတော်တပ်ရင်းကနေ လက်နက်ကြီးနဲ့ သုံးချက်ခန့် ပစ်ခတ်စဉ် ရွာထဲကို ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရကြတာလို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပုဏၰားကြၽန္းမွာ ႐ြာထဲပစ္ခတ္ခံရလို႔ အရပ္သား ၈ ဦးေသ၊ ၁၃ ဦးဒဏ္ရာရ ပုဏၰားကြၽန္းမွာ ႐ြာထဲပစ္ခတ္ခံရလို႔ အရပ္သား ၈ ဦးေသ၊ ၁၃ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.