ေတာင္ခြ်န္းတြင္ က်ဳိက္ထီးရုိးပုံတူတည္ေဆာက္ေရး ေတာင္ႀကီးျမိဳ႕ခံမ်ားလက္မခံ



Share/Bookmark
(Zawgyi)⤵⤵⤵
ဧၿပီ ၇ ရက္ ၂၀၂၀

သွ်မ္းျပည္ ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ အထင္ကရ ေနရာျဖစ္သည့္ ေတာင္ခြ်န္းေတာင္ေပၚတြင္ က်ဳိက္ထီးရိုး ေစတီေတာ္ ပံုတူ တည္ေဆာက္မည္ကို ေတာင္ႀကီးေဒသခံမ်ား ကန္႔ကြက္ေၾကာင္း သိရသည္။

ေတာင္ခြ်န္း သည္ ေတာင္ႀကီးၿမိဳ႕၏ ၿမိဳ႕ဂုဏ္ေဆာင္ ေနရာျဖစ္ၿပီး၊ ေတာင္ေပၚတြင္ က်ိဳက္ထီးရိုး ေစတီပံုတူ ႏွင့္ မွန္တံတားတည္ေဆာက္ပါက သဘာဝ အရင္းအျမစ္ကို ထိခိုက္ပ်က္စီးေစေၾကာင္း ရွင္သန္ကမၻာေျမ အစိမ္းေရာင္ကြန္ယက္ ဥကၠဌ ေဒၚခ်ယ္ရီေက်ာ္ က သွ်မ္းသံေတာ္ဆင့္သုိ့ ေျပာသည္။

“ အမတု႔ိ ေတာင္ႀကီးသူေတာင္ႀကီးသားေတြ အေနနဲ႔ေတာ့ ဘယ္လိုမွ လက္မခံႏုိင္ဘူး။ ဒီေတာင္ႀကီး က ထိလို႔ မရဘူး ဒါ ေရေဝေရလဲ ေတြရွိတယ္၊ ဒီေတာင္ဟာ ေရစုတဲ့ ေနရာျဖစ္တယ္ဆို တဲ့ဟာ အကုန္လံုးနားလည္ထားၿပီီးသားပါ” ဟု ေဒၚခ်ယ္ရီေက်ာ္က ဆိုသည္။

ေတာင္ႀကီး ၿမိဳ႕ ရွိ မဂၤလာေတာင္ခြ်န္းေပၚတြင္ အမ်ားျပည္သူ ဖူးေမွ်ာ္ႏုိင္ရန္ အတြက္ ရည္ရြယ္ၿပီး က်ိဳက္ထီးရိုးပံုတူ ေစတီ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ေစတီတည္ေဆာက္မည့္ နယ္လွည့္ (၁၀၈) သုသာန္ အဓိ႒ာန္ဆရာေတာ္ အသွ်င္ေကလာသ က သွ်မ္းသံေတာ္ဆင့္ သို႔ မိန္႔ေတာ္မူသည္။

“ဘုန္းဘုန္း ဒီေတာင္ႀကီးၿမိဳ႕ ေတာင္ခြ်န္းေပၚမွာ ေစတီဘုရားတည္ထားလုိက္ရင္ ဘုရားဖူး ပရိ သတ္ေတြ ေနာက္တစ္ခု တစ္ဌာန ဖူးႏုိင္မယ္။ ” ဟု ဆရာေတာ္က မိန္႔ေတာ္မူသည္။

လက္ရွိ ေတာင္ခြ်န္းေပၚ က်ဳိက္ထီးရုိးေစတီ ပံုတူ တည္ေဆာက္မည့္ ဆရာေတာ္ကို ေတာင္ႀကီးေဒသခံ ေတာ္ေတာ္မ်ားမ်ားက မသိ ဟု သိရသည္။

ေတာင္ႀကီးၿမိဳ႕၏ အထင္ကရေနရာ၊ ျပည္သူမ်ားအတြက္ ေရအရင္းအျမစ္ ရွိသည့္ေနရာတြင္ က်ိဳက္ထီးရိုးပံုတူ တည္ေဆာက္မည့္သူကို သ်ွမ္းျပည္နယ္ အစိုးရအေနျဖင့္ အေရးယူေဆာင္ရြက္သင့္ေၾကာင္း ေဒၚခ်ယ္ရီေက်ာ္ က ေျပာသည္။

“တကယ္လို႕ တားၿမစ္တာ လက္မခံဘူးဆိုရင္ အမတို႔က ကန္႔ကြက္စာေတြတင္ၿပီး တားျမစ္မ ယ္။ ေနာက္ဆံုးမရလို႔ရွိရင္္ ရတဲ့နည္းနဲ႔ တားျမစ္ရမွာပဲဘယ္ ေတာင္ႀကီးသူ ေတာင္ႀကီးသားက ဘယ္သူမွသေဘာမတူဘူး ေတာင္ႀကီးၿမိဳ႕ကို ခ်စ္တဲ့သူေတြေတာ့ ဒါကို ကာကြယ္ရမွာပဲ” ဟု ၎က ထပ္ေလာင္းေျပာသည္။

က်ိဳက္ထီးရိုး ေစတီ ပံုတူ တည္ေဆာက္မည့္ အေၾကာင္းကို သက္ဆုိင္ရာ ျပည္နယ္ သံဃာ့နာယက ဥကၠဌ အဖြဲ႔ထံ ႏွင့္ ၿမိဳ႕နယ္ အဖြဲ႔ထံ တင္ထားေသာ္လည္း ပယ္ခ်ခံထားရေၾကာင္း သိရသည္။

အဆိုပါ ေစတီပံုတူ တည္ေဆာက္မည့္ကိစၥကို အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ ထံ၂၀၁၉ ဒီဇင္ဘာလ က တင္ျပထားခဲ့ေၾကာင္း ဆရာေတာ္က မိန္႔ၾကားသည္။

ေတာင္ႀကီးေဒသခံမ်ား ကန္႔ကြက္သည့္ ၾကားမွ ဆရာေတာ္ အေနျဖင့္ “ ဒီ ၂ ရက္ ၃ ရက္အတြင္းကို ေနျပည္ေတာ္ ႀကြပါမယ္။ သူတို႔ ကန္႔ကြက္တဲ့စာေတြ အကုန္ယူသြားမယ္” ဟု သ်ွမ္းသံေတာ္ဆင့္ ကို မိန္႔ေတာ္မူသည္။

လူမႈကြန္ရက္ေပၚတြင္ ေျပာဆိုေနသည့္သူမ်ား၊ ကန္႔ကြက္သည့္သူမ်ားရွိေသာ္လည္း ဘုရားမ်က္ႏွာကို ၾကည့္ၿပီး ဆက္လက္လုပ္ေဆာင္သြားမည္ ဟု လည္း အသ်ွင္ေကလာသ က ေျပာသည္။

ဘုရားပတ္ဝန္းက်င္တြင္ အေဆာက္အဦး ၊ ေစတီမ်ားတည္ေဆာက္လုိပါက သံဃာ့နာယက ထုတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္း မ်ားရွိေၾကာင္း လည္း ေရႊဘုန္းပြင့္ ဘုရား ေဂါပက က ေျပာသည္။

“က်ေနာ္တုိ႔ ေရႊဘုန္းပြင့္မွာလာၿပီးေတာ့ ခြင့္ျပဳခ်က္ယူတာမ်ဳိး၊ ေထာက္ခံခ်က္ယူတာမ်ဳိးေတာ့ မရွိဘူး။ ဘာသာေရးနဲ႔ သာသနာေရး ကိစၥ အနီးကပ္ဆံုးသူေတြမွာ ဥပေဒ စည္းမ်ဥ္းစည္းကမ္းရွိတယ္။ သံဃာနာယဂ က ထုတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ရွိတယ္” ဟု ေရႊဘုန္းပြင့္ဘုရား ေဂါပက ဒုဥကၠဌ ကိုတင္ေအာင္ထြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ေတာင္ခြ်န္းသည္ ေတာင္ႀကီးၿမိဳ႕ အျမင့္ဆံုးေနရာ ျဖစ္ၿပီး၊ ထုိေနရာသည္ ေတာင္ႀကီးၿမိဳ႕ အလွကို ျမင္ရသည့္ေနရာတခုလည္းျဖစ္သည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
----------------
(Unicode)⤵⤵⤵

တောင်ချွန်းတွင် ကျိုက်ထီးရိုးပုံတူတည်ဆောက်ရေး တောင်ကြီးမြို့ခံများလက်မခံ

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
ဧပြီ ၇ ရက် ၂၀၂၀

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အထင်ကရ နေရာဖြစ်သည့် တောင်ချွန်းတောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီတော် ပုံတူ တည်ဆောက်မည်ကို တောင်ကြီးဒေသခံများ ကန့်ကွက်ကြောင်း သိရသည်။

တောင်ချွန်း သည် တောင်ကြီးမြို့၏ မြို့ဂုဏ်ဆောင် နေရာဖြစ်ပြီး၊ တောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီပုံတူ နှင့် မှန်တံတားတည်ဆောက်ပါက သဘာဝ အရင်းအမြစ်ကို ထိခိုက်ပျက်စီးစေကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ အမတု့ိ တောင်ကြီးသူတောင်ကြီးသားတွေ အနေနဲ့တော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီတောင်ကြီး က ထိလို့ မရဘူး ဒါ ရေဝေရေလဲ တွေရှိတယ်၊ ဒီတောင်ဟာ ရေစုတဲ့ နေရာဖြစ်တယ်ဆို တဲ့ဟာ အကုန်လုံးနားလည်ထားပြီးသားပါ” ဟု ဒေါ်ချယ်ရီကျော်က ဆိုသည်။

တောင်ကြီး မြို့ ရှိ မင်္ဂလာတောင်ချွန်းပေါ်တွင် အများပြည်သူ ဖူးမျှော်နိုင်ရန် အတွက် ရည်ရွယ်ပြီး ကျိုက်ထီးရိုးပုံတူ စေတီ တည်ဆောက်ခြင်းဖြစ်ကြောင်း စေတီတည်ဆောက်မည့် နယ်လှည့် (၁၀၈) သုသာန် အဓိဋ္ဌာန်ဆရာတော် အသျှင်ကေလာသ က သျှမ်းသံတော်ဆင့် သို့ မိန့်တော်မူသည်။

“ဘုန်းဘုန်း ဒီတောင်ကြီးမြို့ တောင်ချွန်းပေါ်မှာ စေတီဘုရားတည်ထားလိုက်ရင် ဘုရားဖူး ပရိ သတ်တွေ နောက်တစ်ခု တစ်ဌာန ဖူးနိုင်မယ်။ ” ဟု ဆရာတော်က မိန့်တော်မူသည်။

လက်ရှိ တောင်ချွန်းပေါ် ကျိုက်ထီးရိုးစေတီ ပုံတူ တည်ဆောက်မည့် ဆရာတော်ကို တောင်ကြီးဒေသခံ တော်တော်များများက မသိ ဟု သိရသည်။

တောင်ကြီးမြို့၏ အထင်ကရနေရာ၊ ပြည်သူများအတွက် ရေအရင်းအမြစ် ရှိသည့်နေရာတွင် ကျိုက်ထီးရိုးပုံတူ တည်ဆောက်မည့်သူကို သျှမ်းပြည်နယ် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေါ်ချယ်ရီကျော် က ပြောသည်။

“တကယ်လို့ တားမြစ်တာ လက်မခံဘူးဆိုရင် အမတို့က ကန့်ကွက်စာတွေတင်ပြီး တားမြစ်မ ယ်။ နောက်ဆုံးမရလို့ရှိရင် ရတဲ့နည်းနဲ့ တားမြစ်ရမှာပဲဘယ် တောင်ကြီးသူ တောင်ကြီးသားက ဘယ်သူမှသဘောမတူဘူး တောင်ကြီးမြို့ကို ချစ်တဲ့သူတွေတော့ ဒါကို ကာကွယ်ရမှာပဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

ကျိုက်ထီးရိုး စေတီ ပုံတူ တည်ဆောက်မည့် အကြောင်းကို သက်ဆိုင်ရာ ပြည်နယ် သံဃာ့နာယက ဥက္ကဌ အဖွဲ့ထံ နှင့် မြို့နယ် အဖွဲ့ထံ တင်ထားသော်လည်း ပယ်ချခံထားရကြောင်း သိရသည်။

အဆိုပါ စေတီပုံတူ တည်ဆောက်မည့်ကိစ္စကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ထံ၂၀၁၉ ဒီဇင်ဘာလ က တင်ပြထားခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

တောင်ကြီးဒေသခံများ ကန့်ကွက်သည့် ကြားမှ ဆရာတော် အနေဖြင့် “ ဒီ ၂ ရက် ၃ ရက်အတွင်းကို နေပြည်တော် ကြွပါမယ်။ သူတို့ ကန့်ကွက်တဲ့စာတွေ အကုန်ယူသွားမယ်” ဟု သျှမ်းသံတော်ဆင့် ကို မိန့်တော်မူသည်။

လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေသည့်သူများ၊ ကန့်ကွက်သည့်သူများရှိသော်လည်း ဘုရားမျက်နှာကို ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားမည် ဟု လည်း အသျှင်ကေလာသ က ပြောသည်။

ဘုရားပတ်ဝန်းကျင်တွင် အဆောက်အဦး ၊ စေတီများတည်ဆောက်လိုပါက သံဃာ့နာယက ထုတ်ထားသည့် စည်းမျဉ်းစည်းကမ်း များရှိကြောင်း လည်း ရွှေဘုန်းပွင့် ဘုရား ဂေါပက က ပြောသည်။

“ကျနော်တို့ ရွှေဘုန်းပွင့်မှာလာပြီးတော့ ခွင့်ပြုချက်ယူတာမျိုး၊ ထောက်ခံချက်ယူတာမျိုးတော့ မရှိဘူး။ ဘာသာရေးနဲ့ သာသနာရေး ကိစ္စ အနီးကပ်ဆုံးသူတွေမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းရှိတယ်။ သံဃာနာယဂ က ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်” ဟု ရွှေဘုန်းပွင့်ဘုရား ဂေါပက ဒုဥက္ကဌ ကိုတင်အောင်ထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တောင်ချွန်းသည် တောင်ကြီးမြို့ အမြင့်ဆုံးနေရာ ဖြစ်ပြီး၊ ထိုနေရာသည် တောင်ကြီးမြို့ အလှကို မြင်ရသည့်နေရာတခုလည်းဖြစ်သည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ