အက်ပ္အတည္းကာလမွာ သတင္းေထာက္ အမ်ားအျပား အလုပ္ရပ္နားခံရ

(Zawgyi)⤵⤵⤵

ကူးစက္ေရာဂါပိုး ကာကြယ္ထိန္းခ်ဳပ္ေရးကာလမွာ စီးပြားေရး လုပ္ငန္းတခ်ိဳ႕ ရပ္နားသြားရတာ၊ ဝန္ထမ္း ေလွ်ာ့တာေတြ ရွိေနပါတယ္။ အဲဒီအထဲမွာ ရန္ကုန္အေျခစိုက္ ပုဂၢလိက သတင္းဌာနေတြျဖစ္တဲ့ ျမန္မာတိုင္းမ္နဲ႔ ဧရာဝတီ သတင္းဌာနတို႔ ပါဝင္ပါတယ္။

ျမန္မာတိုင္းမ္သတင္းဌာနက အယ္ဒီတာ၊ သတင္းေထာက္၊ ဓာတ္ပုံသတင္းေထာက္ ၊ ဗြီဒီယို သတင္းေထာက္ ၊ ေငြစာရင္းဌာနက ဝန္ထမ္းေပါင္း ၇၀ ေက်ာ္ကို ေမလကစၿပီး ယာယီရပ္နားလိုက္တာပါ။ အဲဒီလိုရပ္နားမယ္ ဆိုတာကို တစ္ရက္သာ ႀကိဳသိရၿပီး ေနာက္ရက္မွာ လူေလွ်ာ့တဲ့အေၾကာင္း အီးေမးလ္ရခဲ့တာလို႔ ယာယီ ရပ္နားခံရတဲ့အထဲပါတဲ့ အမည္မေဖာ္လိုတဲ့ ျမန္မာတိုင္းမ္က သတင္းေထာက္ တစ္ေယာက္က ေျပာပါတယ္။

“အဂၤါေန႔က အစည္းအေဝးလုပ္တယ္။ လူေလွ်ာ့မယ့္အေၾကာင္း ေျပာတယ္။ ဒီကိစၥက လုံးဝႀကိဳမသိရဘူး။ ေမလထဲမွာ လစာ ၅၀ ရာခိုင္ႏႈန္းေပးမယ္။ ဇြန္လက်ရင္ လစာမဲ့ခြင့္ေပါ့ေနာ္။ လစာမဲ့ခြင့္ဆိုတာ သူတို႔က အတင္းေပးတာေလ။ က်ေနာ္တို႔က ယူတာမဟုတ္ဘူးေလ။ ဇူလိုင္လက်ရင္ေတာ့ အလုပ္အဆင္ေျပရင္ ေခၚမယ္။ အလုပ္အဆင္မေျပရင္ေတာ့ အလုပ္သမားဥပေဒအတိုင္း ေလ်ာ္ေၾကးေပးမယ္ ေျပာတာေပါ့။"

ျမန္မာတိုင္းမ္က စီမံခန႔္ခြဲမႈ အရာရွိခ်ဳပ္ ဦးေဝလင္းကို RFA က ဆက္သြယ္တဲ့အခါမွာ ေျဖဆိုဖို႔ ျငင္းဆိုပါတယ္။

ျမန္မာတိုင္းမ္ သတင္းဌာနမွာ ေၾကာ္ျငာတဲ့သူေတြနည္းသြားတာ၊ ဝန္ထမ္းေတြအတြက္ အသုံးစရိတ္၊ အေဆာက္ဦ ငွားခ အပါအဝင္ တစ္လကို က်ပ္သိန္း ႏွစ္ေထာင္ေလာက္ ကုန္က်စရိတ္ရွိတာ၊ ႐ုံးေနရာ ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္တာေတြေၾကာင့္ျဖစ္တယ္လို႔ သိရေၾကာင္း အလုပ္နားခံရတဲ့ ဝန္ထမ္းေတြက ေျပာၾကပါတယ္။

အဲဒီလိုပဲ ဧရာဝတီသတင္းဌာနမွာလည္း ဝန္ထမ္းအင္အား ၂၅ ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ခ်လိုက္ရတယ္လို႔ သတင္းအယ္ဒီတာ ဦးရဲနည္က ေျပာပါတယ္။

“ဝင္ေငြက်ၿပီး ကုန္က်စရိတ္ကို မႏိုင္တဲ့အခါမွာက်ေတာ့ လူေလွ်ာ့ရတဲ့ အျဖစ္မ်ိဳးေတြ အားလုံးႀကဳံရတယ္ေပါ့။ ဒါကေတာ့ အားလုံး ႀကဳံေနရတဲ့ အတိုင္းတာေပါ့ေနာ္။ က်ေနာ္တို႔လည္း အဲလိုျပႆနာမ်ိဳး ႀကဳံေနရတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အလုပ္ေလွ်ာ့တယ္ဆိုတာကလည္း ဘယ္သူမွ ေလွ်ာ့ခ်င္တာမဟုတ္ဘူးေလ။ ကိုယ့္လုပ္ေဖာ္ကိုင္ဘက္ေတြကို ေလွ်ာ့ရတဲ့အခါ ဘယ္သူပဲျဖစ္ျဖစ္ စိတ္မေကာင္းၾကဘူးေလ။"

အခုခ်ိန္မွာ ကုန္ၾကမ္းအခက္ခဲေတြ၊ လူစုလူေဝး မျဖစ္ေစခ်င္တာေတြ၊ တျခား အခက္ခဲေတြေၾကာင့္ စက္႐ုံတခ်ိဳ႕ ပိတ္သိမ္းတာေတြေၾကာင့္ အလုပ္သမားေတြ ေသာင္းခ်ီၿပီး အလုပ္လက္မဲ့ျဖစ္ေနၾကပါတယ္။

သတင္းဌာနေတြက သတင္းေထာက္ေတြဟာ  အိမ္မျပန္ဘဲ ႐ုံးမွာပဲေနၿပီး အလုပ္လုပ္တာ ဒါမွမဟုတ္ အိမ္ကေနပဲ အလုပ္လုပ္လို႔ရတာေၾကာင့္ လူစုလူေဝးကို ေရွာင္ရွားႏိုင္ၿပီး ဒီအလုပ္အေပၚ  သက္ေရာက္မႈ ရွိမွာမဟုတ္ဘူးလို႔ ေတြးထင္ခဲ့ၾကတာပါ။

ဧရာဝတီသတင္းဌာနက နယ္သတင္းေထာက္ တစ္ေယာက္ျဖစ္သူ ကိုဆလိုင္းေကာင္းျမတ္မင္းကေတာ့ မထင္ခဲ့တဲ့ ကိစၥျဖစ္တဲ့အတြက္ အလြန္ အံ့အားသင့္ခဲ့တယ္လို႔ ေျပာပါတယ္။

“သတင္းေထာက္ေတြက အိမ္ေနၿပီးေတာ့လည္း လုပ္လို႔ရတယ္။ ဖုန္းနဲ႔လည္း လုပ္လို႔ရတယ္။ အင္တာနက္သုံးၿပီး အမ်ားႀကီး အလုပ္လုပ္ႏိုင္မယ္။ သတင္းေထာက္ေတြကေတာ့ နယ္ေတြမွာလည္း သတင္းေတြ အၿမဲရွိေနေတာ့ ဒီဟာက သတင္းေထာက္ေတြကို ထိခိုက္လာလိမ့္မယ္လို႔ မေတြးခဲ့ဖူးဘူး။ လုံးဝမထင္ထားဘူး။ ေျပာခ်လိုက္တဲ့အခ်ိန္မွာ နည္းနည္းေရွာ့ရသြားတယ္။"

7Day သတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုအားမာန္ကလည္း သူတို႔သတင္းဌာန ေရရွည္ရပ္တည္ေရးအတြက္ ႀကိဳတင္စဥ္းစားေနရၿပီလို႔ ေျပာပါတယ္။

“ပုံမွန္အခ်ိန္မွာေတာင္ ႐ုန္းကန္ေနရတာ၊ အခုလို ကိုဗစ္ျဖစ္ေတာ့ တခါမွ မႀကဳံဖူးဘူး။ အကုန္လုံး ႐ုန္းကန္ေနရတာေပါ့ေနာ္။ ေရွ႕ကို ဘာျဖစ္မယ္ဆိုတာ မသိဘူး။ ေသခ်ာတယ္ က်ေနာ္တို႔ ကုမၸဏီအဖြဲ႕အစည္းအေနနဲ႔လည္း အေျပာင္းလဲ လုပ္ကိုလုပ္မွရမယ့္ အေနထားေပါ့ေနာ္။ ဘယ္လိုမွ အဖြဲ႕စည္းက ေတာင့္ခံႏိုင္မွာမဟုတ္ဘူး။ ဒီလိုပုံစံဆိုရင္ က်ေနာ္တို႔လည္း ဝိတ္ကိုေလွ်ာ့ရမယ့္အေနထား ျဖစ္ေနတယ္။”

ပုဂၢလိကသတင္းမီဒီယာေတြဟာ အရင္ကတည္းက အျမတ္အစြန္းနည္းပါး၊ တခ်ိဳ႕လည္း အရႈံးခံၿပီး လုပ္ကိုင္ ေနရတဲ့ လုပ္ငန္းတစ္ခုပါ။

၂၀၁၃ ခုႏွစ္ ပုဂၢလိက ေန႔စဥ္သတင္းစာေတြ ထြန္းကားလာၿပီးတဲ့ေနာက္ပိုင္း ဘ႑ာေရး အက်ပ္အတည္းေတြ ရင္ဆိုင္ခဲ့ၾကရတာပါ။

အခုလို ကာလမ်ိဳးမွာဆိုရင္ ပင္မဝင္ေငြျဖစ္တဲ့ ေၾကာ္ျငာေတြလည္း အရနည္းလာၿပီး သတင္းစာေစာင္ အေရအတြက္လည္း အေရာင္းနည္းလာတဲ့အတြက္ သတင္းမီဒီယာေတြ ရပ္တည္ႏိုင္ေရးဟာ ပိုမို စိုးရိမ္စရာ ျဖစ္လာၿပီလို႔လည္း သုံးသပ္ၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/media-groups-layoff-staff-04242020054942.html
-----------
(Unicode)⤵⤵⤵
အကျပ်အတည်းကာလမှာ သတင်းထောက် အများအပြား အလုပ်ရပ်နားခံရ

ကူးစက်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေးကာလမှာ စီးပွားရေး လုပ်ငန်းတချို့ ရပ်နားသွားရတာ၊ ဝန်ထမ်း လျှော့တာတွေ ရှိနေပါတယ်။ အဲဒီအထဲမှာ ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဌာနတွေဖြစ်တဲ့ မြန်မာတိုင်းမ်နဲ့ ဧရာဝတီ သတင်းဌာနတို့ ပါဝင်ပါတယ်။

မြန်မာတိုင်းမ်သတင်းဌာနက အယ်ဒီတာ၊ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၊ ဗွီဒီယို သတင်းထောက် ၊ ငွေစာရင်းဌာနက ဝန်ထမ်းပေါင်း ၇၀ ကျော်ကို မေလကစပြီး ယာယီရပ်နားလိုက်တာပါ။ အဲဒီလိုရပ်နားမယ် ဆိုတာကို တစ်ရက်သာ ကြိုသိရပြီး နောက်ရက်မှာ လူလျှော့တဲ့အကြောင်း အီးမေးလ်ရခဲ့တာလို့ ယာယီ ရပ်နားခံရတဲ့အထဲပါတဲ့ အမည်မဖော်လိုတဲ့ မြန်မာတိုင်းမ်က သတင်းထောက် တစ်ယောက်က ပြောပါတယ်။

“အင်္ဂါနေ့က အစည်းအဝေးလုပ်တယ်။ လူလျှော့မယ့်အကြောင်း ပြောတယ်။ ဒီကိစ္စက လုံးဝကြိုမသိရဘူး။ မေလထဲမှာ လစာ ၅၀ ရာခိုင်နှုန်းပေးမယ်။ ဇွန်လကျရင် လစာမဲ့ခွင့်ပေါ့နော်။ လစာမဲ့ခွင့်ဆိုတာ သူတို့က အတင်းပေးတာလေ။ ကျနော်တို့က ယူတာမဟုတ်ဘူးလေ။ ဇူလိုင်လကျရင်တော့ အလုပ်အဆင်ပြေရင် ခေါ်မယ်။ အလုပ်အဆင်မပြေရင်တော့ အလုပ်သမားဥပဒေအတိုင်း လျော်ကြေးပေးမယ် ပြောတာပေါ့။"

မြန်မာတိုင်းမ်က စီမံခန့်ခွဲမှု အရာရှိချုပ် ဦးဝေလင်းကို RFA က ဆက်သွယ်တဲ့အခါမှာ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

မြန်မာတိုင်းမ် သတင်းဌာနမှာ ကြော်ငြာတဲ့သူတွေနည်းသွားတာ၊ ဝန်ထမ်းတွေအတွက် အသုံးစရိတ်၊ အဆောက်ဦ ငှားခ အပါအဝင် တစ်လကို ကျပ်သိန်း နှစ်ထောင်လောက် ကုန်ကျစရိတ်ရှိတာ၊ ရုံးနေရာ ပြောင်းရွှေ့ဖို့ စီစဉ်တာတွေကြောင့်ဖြစ်တယ်လို့ သိရကြောင်း အလုပ်နားခံရတဲ့ ဝန်ထမ်းတွေက ပြောကြပါတယ်။

အဲဒီလိုပဲ ဧရာဝတီသတင်းဌာနမှာလည်း ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရတယ်လို့ သတင်းအယ်ဒီတာ ဦးရဲနည်က ပြောပါတယ်။

“ဝင်ငွေကျပြီး ကုန်ကျစရိတ်ကို မနိုင်တဲ့အခါမှာကျတော့ လူလျှော့ရတဲ့ အဖြစ်မျိုးတွေ အားလုံးကြုံရတယ်ပေါ့။ ဒါကတော့ အားလုံး ကြုံနေရတဲ့ အတိုင်းတာပေါ့နော်။ ကျနော်တို့လည်း အဲလိုပြဿနာမျိုး ကြုံနေရတယ်လို့ ပြောလို့ရတာပေါ့နော်။ အလုပ်လျှော့တယ်ဆိုတာကလည်း ဘယ်သူမှ လျှော့ချင်တာမဟုတ်ဘူးလေ။ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကို လျှော့ရတဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် စိတ်မကောင်းကြဘူးလေ။"

အခုချိန်မှာ ကုန်ကြမ်းအခက်ခဲတွေ၊ လူစုလူဝေး မဖြစ်စေချင်တာတွေ၊ တခြား အခက်ခဲတွေကြောင့် စက်ရုံတချို့ ပိတ်သိမ်းတာတွေကြောင့် အလုပ်သမားတွေ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။

သတင်းဌာနတွေက သတင်းထောက်တွေဟာ  အိမ်မပြန်ဘဲ ရုံးမှာပဲနေပြီး အလုပ်လုပ်တာ ဒါမှမဟုတ် အိမ်ကနေပဲ အလုပ်လုပ်လို့ရတာကြောင့် လူစုလူဝေးကို ရှောင်ရှားနိုင်ပြီး ဒီအလုပ်အပေါ်  သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တွေးထင်ခဲ့ကြတာပါ။

ဧရာဝတီသတင်းဌာနက နယ်သတင်းထောက် တစ်ယောက်ဖြစ်သူ ကိုဆလိုင်းကောင်းမြတ်မင်းကတော့ မထင်ခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် အလွန် အံ့အားသင့်ခဲ့တယ်လို့ ပြောပါတယ်။

“သတင်းထောက်တွေက အိမ်နေပြီးတော့လည်း လုပ်လို့ရတယ်။ ဖုန်းနဲ့လည်း လုပ်လို့ရတယ်။ အင်တာနက်သုံးပြီး အများကြီး အလုပ်လုပ်နိုင်မယ်။ သတင်းထောက်တွေကတော့ နယ်တွေမှာလည်း သတင်းတွေ အမြဲရှိနေတော့ ဒီဟာက သတင်းထောက်တွေကို ထိခိုက်လာလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။ လုံးဝမထင်ထားဘူး။ ပြောချလိုက်တဲ့အချိန်မှာ နည်းနည်းရှော့ရသွားတယ်။"

7Day သတင်းဌာန အယ်ဒီတာချုပ် ကိုအားမာန်ကလည်း သူတို့သတင်းဌာန ရေရှည်ရပ်တည်ရေးအတွက် ကြိုတင်စဉ်းစားနေရပြီလို့ ပြောပါတယ်။

“ပုံမှန်အချိန်မှာတောင် ရုန်းကန်နေရတာ၊ အခုလို ကိုဗစ်ဖြစ်တော့ တခါမှ မကြုံဖူးဘူး။ အကုန်လုံး ရုန်းကန်နေရတာပေါ့နော်။ ရှေ့ကို ဘာဖြစ်မယ်ဆိုတာ မသိဘူး။ သေချာတယ် ကျနော်တို့ ကုမ္ပဏီအဖွဲ့အစည်းအနေနဲ့လည်း အပြောင်းလဲ လုပ်ကိုလုပ်မှရမယ့် အနေထားပေါ့နော်။ ဘယ်လိုမှ အဖွဲ့စည်းက တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဒီလိုပုံစံဆိုရင် ကျနော်တို့လည်း ဝိတ်ကိုလျှော့ရမယ့်အနေထား ဖြစ်နေတယ်။”

ပုဂ္ဂလိကသတင်းမီဒီယာတွေဟာ အရင်ကတည်းက အမြတ်အစွန်းနည်းပါး၊ တချို့လည်း အရှုံးခံပြီး လုပ်ကိုင် နေရတဲ့ လုပ်ငန်းတစ်ခုပါ။

၂၀၁၃ ခုနှစ် ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထွန်းကားလာပြီးတဲ့နောက်ပိုင်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ကြရတာပါ။

အခုလို ကာလမျိုးမှာဆိုရင် ပင်မဝင်ငွေဖြစ်တဲ့ ကြော်ငြာတွေလည်း အရနည်းလာပြီး သတင်းစာစောင် အရေအတွက်လည်း အရောင်းနည်းလာတဲ့အတွက် သတင်းမီဒီယာတွေ ရပ်တည်နိုင်ရေးဟာ ပိုမို စိုးရိမ်စရာ ဖြစ်လာပြီလို့လည်း သုံးသပ်ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/media-groups-layoff-staff-04242020054942.html
အက်ပ္အတည္းကာလမွာ သတင္းေထာက္ အမ်ားအျပား အလုပ္ရပ္နားခံရ အက်ပ္အတည္းကာလမွာ သတင္းေထာက္ အမ်ားအျပား အလုပ္ရပ္နားခံရ Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.