ျမန္မာႏိုင္ငံ မွာ ကို႐ိုနာ ကပ္ေရာဂါ ျဖစ္လာႏိုင္သလား

အေျခအေနမရွိတာ ေၾကာင့္ အဲဒီကတဆင့္ အဆိုးဆုံးျဖစ္လာႏိုင္မယ့္ အေနအထားအတြက္သာကာကြယ္ေရး ျပင္ဆင္ႏိုင္ဖို႔ အဓိကလုပ္ ေဆာင္ဖို႔ သာရွိတယ္
(Zawgyi)⤵⤵⤵
လူဦးေရႏွစ္ေသာင္းသုံးေထာင္ေက်ာ္အေရအတြက္ရွိတဲ့ ျမန္မာႏိုင္ငံသားေတြ ျမဝတီနယ္စပ္ဂိတ္ကေနတဆင့္ မိမိေနရပ္ကို ထိုင္းႏိုင္ငံကေန ျပန္လာၾကတာဟာ ႏိုင္ငံအႏွံ႔ အျပားကို ျပန္လည္ပ်ံ႕ႏွံ႔ေရာက္ရွိ ေနၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

မတ္လ ၂၉ရက္ေန႔ကေတာ့ အဲဒီလိုျမဝတီကေန ျပန္ဝင္လာတဲ့လူေတြထဲက တေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕တယ္လို႔ အတည္ျပဳလိုက္ပါၿပီ။

အဲဒီပိုးေတြ႕တယ္လို႔ ထုတ္ျပန္အၿပီးနာရီပိုင္းအၾကာမွာ ျပန္ဝင္လာသူေတြထဲမွာ ေရာဂါကူးစက္သူေတြ ပါလာဖို႔မ်ားၿပီးေတာ့ ကပ္ေရာဂါႀကီးလို႔ ျဖစ္ဖို႔ မ်ားတယ္လို႔က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မတ္လ ၂၉ရက္မွာ အတိ အလင္းထပ္မံၿပီးထုတ္ျပန္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ႏွစ္ေသာင္းသုံးေထာင္လို႔ ေျပာေပမယ့္ ျမဝတီတံတား အမွတ္ ၂မွာ ကိုယ္တိုင္ ႀကီးၾကပ္ေနရတဲ့ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီးရဲ႕ ေျပာျပခ်က္အရ ဆိုရင္ေတာ့ မတ္လ ၂၆ ရက္ေန႔အထိ ျပန္ဝင္လာသူ အေရအတြက္က ေလးေသာင္းေက်ာ္ရွိတယ္လို႔ ဘီဘီစီကိုတရားဝင္ေျဖၾကားထားပါတယ္။

အားလုံးကလည္း ကရင္၊ မြန္၊ ရန္ကုန္၊ ပဲခူး၊ မႏၲေလး၊ ဧရာဝတီနဲ႔ မေကြးအပါအဝင္ ျပည္နယ္နဲ႔ တိုင္းအားလုံးနီးပါးကို ျပန္လာၾကတဲ့သူေတြျဖစ္ပါတယ္။

သူတို႔ေတြရဲ႕ ကိုယ္ေရးရာဇဝင္ေတြ၊ ျပန္မယ့္ေနရာ၊ ဆက္သြယ္ရမယ့္လိပ္စာအစရွိတာေတြကို ရယူထား ပါတယ္။ သူတို႔ေဖာ္ျပခ်က္ေတြကို ကိုးကားၿပီးသက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ေတြကို စားရင္းပို႔ေပးကာ ေစာင့္ၾကည့္တာေတြကို အရပ္ဘက္ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးတိုင္းနဲ႔ ျပည္နယ္အႏွံ႔မွာေတာ့ လုပ္ေဆာင္ ေနၾကပါၿပီ။

ေရာဂါရွိမရွိစစ္ေဆးႏိုင္တဲ့ ဓါတ္ခြဲခန္းကလည္း တႏိုင္ငံလုံး ရန္ကုန္ကလႊဲၿပီး အျခားျပည္နယ္နဲ႔ တိုင္းေတြ မွာလုံးဝ မရွိေသးတာေၾကာင့္ ျပန္ဝင္လာသူအားလုံးမွာ ပိုးရွိမရွိ အတည္ျပဳႏိုင္ဖို႔ကိုေတာ့ က်န္းမာေရး ဝန္ႀကီးဌာနက စစ္ေဆးႏိုင္ျခင္း မရွိပါဘူး။

ျပန္ဝင္လာခ်ိန္မွာ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ အဲဒီလိုျဖစ္ေနတဲ့သူေတြကိုသာ ေစာင့္ၾကည့္ၿပီး စစ္ေဆးႏိုင္ခဲ့ ပါတယ္။ အဲဒီလိုဖ်ားတာ၊ ေခ်ာင္းဆိုးတာေတြျဖစ္တဲ့အေရအတြက္ကလည္း ျပန္ဝင္လာသူအေရအတြက္ ေသာင္းခ်ီထဲမွာ ၁၀ ဦးေလာက္ေတာင္ ေတြ႕ရတဲ့အေျခအေနမရွိတာကို ျမဝတီတံတား အမွတ္ ၂မွာ ျပန္ဝင္လာသူေတြကို စိစစ္လက္ခံသူေတြထံကသိရပါတယ္။

ျပန္ဝင္လာတဲ့သူ ေလးေသာင္းေက်ာ္ရယ္ အျခားျပည္ပက ျပန္လာၾကတဲ့ျမန္မာႏိုင္ငံသားေတြအပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံး သံသယအေနနဲ႔ ေစာင့္ၾကည့္ရတဲ့ ဦးေရက ေထာင္ခ်ီရွိပါတယ္။

အဲဒီေထာင္ခ်ီတဲ့အေရအတြက္ကလည္း ေရာဂါပိုးရွိတဲ့သူ ၁၀ ဦးနဲ႔ ထိေတြ႕ခဲ့ဘူးသူ၊ ေလေၾကာင္းခရီးနဲ႔ ျပည္ပကေန ျပန္လာ သူေတြ၊ သံသယ လူနာနဲ႔ထိေတြ႕ခဲ့တဲ့သူေတြ၊ အခ်ိဳ႕သာ ျဖစ္ပါတယ္။
အဲဒီအတြက္ လူမႈေရး ခြဲျခားေနထိုင္မႈေတြကို အစိုးရကၫႊန္ၾကားထားတဲ့အတိုင္း လိုက္နာၾကရင္း ကို႐ိုနာ ဗိုင္းရပ္ ကူးစက္မႈမရွိေအာင္ေနထိုင္ၾကဖို႔ တိုက္တြန္းပါတယ္။
ျပန္လာသူေတြအားလုံးကို သီးသန႔္ထားေစာင့္ၾကည့္ဖို႔ကိုေတာ့ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာက လူမႈအဖြဲ႕ အစည္းေတြက ကမကထျပဳၿပီး သက္ဆိုင္ရာက်န္းမာေရး၊ ေထြအုပ္အစရွိတဲ့သူေတြရဲ႕ အင္အား နဲ႔သာလုပ္ေဆာင္ေနၾကပါတယ္။

အဲဒီလိုေစာင့္ၾကည့္တဲ့လူေတြအတြက္ ကုန္က်စားရိတ္ကို သုံးစြဲဖို႔ဆိုတာမ်ိဳးကလည္း အစိုးရက မယ္မယ္ရရ ေထာက္ပံ့ခြင့္ျပဳထားတာမ်ိဳးလည္းမရွိပါဘူး။ ရပ္႐ြာက တက္ႏိုင္သူေတြလႉဒါန္းၾကတာမ်ိဳး၊ ဘုန္းေတာ္ႀကီး ေက်ာင္းက အေဆာက္အဦးအကူအညီရတာမ်ိဳးေတြကို အေျချပဳၿပီးလုပ္ေနရတာေတြကမ်ားပါတယ္။

အခုလိုေစာင့္ၾကည့္ဖို႔အတြက္ဆိုတာကေတာ့ ၿမိဳ႕ခံအဖြဲ႕ေတြက ဘယ္လိုကိစၥမဆို ပူးေပါင္းလုပ္တဲ့ အေလ့အထေၾကာင့္ အားလုံးကေပါင္းလုပ္ၾကတာပါ။ သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြအေနနဲ႔ေတာ့ အဆင့္ဆင့္ ၫႊန္ၾကားတာရွိပါတယ္လို႔ ပခုကၠဴၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဟန္ေဇာ္ဝင္းက ဘီဘီစီကိုေျပာပါတယ္။

ပခုကၠဴကိုျပည္ေတာ္ျပန္လာတဲ့အေရအတြက္ ၂၃၀ ေက်ာ္ရွိပါတယ္။ အဲဒီအေရအတြက္ကိုလည္း အရပ္ဘက္အဖြဲ႕၊ ေထြအုပ္၊ က်န္းမာေရး၊ ရဲတပ္ဖြဲ႕အစရွိတဲ့အဖြဲ႕ေတြက ပူးေပါင္းၿပီး ၁၄ရက္ ေစာင့္ၾကည့္ေရး လုပ္ေဆာင္ေနတယ္လို႔သူကဆိုပါတယ္။
 အသက္ရႈစက္နဲ႔ အျခားေဆးဝါးပစၥည္းေတြကိုေတာ့ရရွိထားတာ ရွိေပမယ့္ တကယ္တမ္း အစုလိုက္အၿပဳံလိုက္ေတြ႕ရွိလာမယ္ဆိုရင္ေတာ့ တိုင္းနဲ႔ ျပည္နယ္တိုင္းမွာ အခက္အခဲရွိမယ့္ အေနထားမ်ိဳးျဖစ္ပါတယ္။
ေဆးကုသမႈပိုင္းမွာလည္း ပခုကၠဴခ႐ိုင္မွာေတာ့ အသက္ရႈစက္ ၇ လုံးအထိရွိၿပီး ေရာဂါကူးစက္မႈရွိလာရင္ လည္း ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ အဆင့္သင့္ရွိတယ္လို႔ ပခုကၠဴခ႐ိုင္ဒုေဆး႐ုံအုပ္က စည္းေဝးေခၚယူ ရွင္းလင္း ထားတယ္လို႔ ဦးဟန္ေဇာ္ဝင္းက ဘီဘီစီကိုေျပာပါတယ္။

ဒါေပမယ့္လည္း ပခုကၠဴေဆး႐ုံအပါအဝင္ ျမန္မာႏိုင္ငံအဝွမ္းက က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေဆး႐ုံသုံး ပစၥည္းလုံေလာက္မႈမရွိတာ၊ ဝန္ေဆာင္မႈခ်ိဳ႕တဲ့မႈေတြနဲ႔ ပတ္သက္ၿပီး ျပည္သူအမ်ားစုကေတာ့ ေဝဖန္ေနၾကတာ ေတြလည္းရွိပါတယ္။

စီးပြားေရးၿမိဳ႕ေတာ္ရန္ကုန္မွာေတာ့ က်န္းမာေရးဝန္ေဆာင္မႈေပးေနတဲ့ ဝန္ထမ္းေတြမွာ အေဆာင္ ေယာင္ေတြလိုအပ္တာေတြရွိေနပါတယ္။ ကိုဗစ္လူနာ ၁၀ ဦးထဲမွာ ၇ဦးက ရန္ကုန္မွာရွိ ေနတာပါ။

အဲဒီ ၇ဦးကိုလည္း ရန္ကုန္ေဆး႐ုံႀကီးနဲ႔ ေျမာက္ဥကၠလာကူးစက္ေရာဂါကာကြယ္ေရးေဆး႐ုံ (ေဝဘာဂီ) တို႔မွာ ထားရွိထားတာလည္းျဖစ္ပါတယ္။

အဲဒါအျပင္ ေစာင့္ၾကည့္ေနသူ တစ္ေထာင္ေက်ာ္နဲ႔ သံသယလူနာအမ်ားစုကလည္း ရန္ကုန္မွာရွိေနပါတယ္။ သူတို႔အတြက္ဝန္ေဆာင္ မႈေပးေနရတဲ့ ေဆး႐ုံဝန္ထမ္းေတြမွာလည္း ေရာဂါကူးစက္မႈမရွိေအာင္ဝတ္ဆင္ ရတဲ့ဝတ္စုံမ်ိဳးေတြ လိုအပ္ တာေတြရွိေနလို႔ အလႉရွင္ေတြကို အကူအညီေတာင္းခံရတဲ့အထိရွိပါတယ္။

အခုလိုအကူအညီေတာင္းရတာနဲ႔ က်န္းမာေရးဝန္ထမ္းေတြ အခက္အခဲရွိေနတာေတြရယ္ ေရာဂါကူးစက္မႈ မ်ားျပားလားတဲ့အခါ ကိုင္တြယ္ေျဖရွင္းႏိုင္မယ့္အေနအထားရွိပါ့မလားဆိုတဲ့ ဘီဘီစီရဲ႕ေမးျမန္းမႈကိုေတာ့ လက္ရွိ ကိုဗစ္အတည္ျပဳလူနာေတြရွိတဲ့ ေဆး႐ုံအခ်ိဳ႕က ဆရာဝန္ေတြကေတာ့ ေျဖၾကားဖို႔ အဆင္မေျပ ဘူးလို႔ေျပာၾကပါတယ္။

ဒါေပမယ့္ ေဆး႐ုံေတြကေတာ့ လက္ခံႏိုင္တဲ့ လူနာအေရအတြက္အထိကို ရွိၿပီးတဲ့ ေဆး၊ ကိရိယာ ေတြနဲ႔ ဝန္ေဆာင္မႈေပးရမွာဘဲလို႔ ဆိုၾကပါတယ္။

ျမဝတီက ဝင္လာတဲ့သူေတြက ႏိုင္ငံအႏွံ႔နီးပါးေရာက္ရွိသြားၿပီးျဖစ္သလို ကရင္ျပည္နယ္မွာလည္း အမ်ားအ ျပားရွိေနပါတယ္။ သူတို႔ကေန ကူးစက္မႈေတြရွိလာခဲ့ပါကလည္း အဆင့္သင့္ျပင္ဆင္ထားတဲ့ သီးျခားကုသ ေရးေနရာေတြကို အသင့္ျပင္ဆင္ထားတယ္လို႔ ကရင္ျပည္နယ္လူမႈေရးဝန္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

အဲဒီလိုေနရာေတြမွာ လူဦးေရ ၂ ေထာင္ေလာက္အထိကို ထားရွိႏိုင္ဖို႔နဲ႔ ဆက္စပ္ေထာက္ပံ့ေရး ပစၥည္းေတြ ကိုလည္း ကူညီသူေတြနဲ႔ အစိုးရနဲ႔ ပူးေပါင္းၿပီးျပင္ဆင္ထားတယ္လို႔ သူကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေသဆုံးမႈမရွိေသးတာရယ္၊ ကူးစက္ခံရသူ အေရအတြက္ နည္းေသးတဲ့အတြက္ ျပည္သူေတြအၾကားစိုးရိမ္မႈေရခ်ိန္က နည္းေနတာေတြရွိေနတယ္လို႔ ဧရာဝတီတိုင္း ေဒသႀကီး က်န္းမာေရး ဦးစီးမႉးေဒါက္တာ သန္းထြန္းေအာင္က တိုင္းအတြင္း ကိုဗစ္ဆိုင္ရာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဧရာဝတီတိုင္းမွာလည္း အလားတူျပည္ေတာ္ျပန္ဝင္လာသူေတြရွိေနတဲ့အတြက္ေစာင့္ၾကည့္တာေတြကို လုပ္ေနရတယ္လို႔ သူကဆိုပါတယ္။

အလားတူျပည္နယ္နဲ႔ တိုင္းေတြအေနနဲ႔လည္း ျပည္တြင္းမွာ အခ်င္းခ်င္းကူးစက္မႈမ်ိဳးကိုညင္ညင္ သာသာျဖစ္ ေအာင္ ကြဲျခားေနထိုင္ျခင္းမွတဆင့္ ကာကြယ္ေရးလုပ္ငန္းေတြကို လုပ္ျခင္းအားျဖင့္ ေရာဂါကူးစက္မႈႏႈန္း ညင္သာေအာင္ လုပ္ၾကဖို႔လိုအပ္တယ္လို႔ ေဒါက္တာသန္းထြန္းေအာင္က အႀကံျပဳပါတယ္။

က်န္းမာေရးေစာင့္ေရွာက္မႈ အလြန္ေကာင္းမြန္တဲ့ အီတလီ၊ စပိန္နဲ႔ အေမရိကန္ႏိုင္ငံေတြမွာပင္ အဆိုးဆုံး အေျခအေနကို ေရာက္ရွိခ်ိန္မွာ က်န္းမာေရးဝန္ေဆာင္မႈ အျပည့္အဝမေပးႏိုင္တာေၾကာင့္ ျမန္မာႏိုင္ငံ အေနနဲ႔လည္း အဆိုးဆုံးအခ်ိန္ေရာက္ရွိမယ့္အခ်ိန္မွာ အတက္ႏိုင္ဆုံးအေကာင္းဆုံးျဖစ္ႏိုင္ဖို႔ ျပင္ဆင္ထား တယ္လို႔ သူကဆိုပါတယ္။

သူ႔တာဝန္ယူရတဲ့ ဧရာဝတီတိုင္းအတြင္းမွာလည္း အသက္ရႈစက္၊ အျပင္အျခားလိုအပ္တဲ ပစၥည္းေတြကိုေတာ့ လိုအပ္ခ်က္ေပၚမူတည္ၿပီး ႏိုင္ငံေတာ္က ေထာက္ပံ့ေပးႏိုင္တဲ့ အေရအတြက္သာရရွိထားပါ။

၅လုံးထက္မေက်ာ္တဲ့ အသက္ရႈစက္နဲ႔ အျခားေဆးဝါးပစၥည္းေတြကိုေတာ့ရရွိထားတာ ရွိေပမယ့္ တကယ္တမ္း အစုလိုက္အၿပဳံလိုက္ေတြ႕ရွိလာမယ္ဆိုတရင္ေတာ့ တိုင္းနဲ႔ ျပည္နယ္တိုင္းမွာ အခက္အခဲရွိမယ့္ အေနထားမ်ိဳးျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနအရ ေရာဂါပိုးစစ္ေဆးႏိုင္မႈမွာလည္း တဦးတေယာက္တိုင္းကို စစ္ေဆးႏိုင္တဲ့ အေနအထားမရွိသလို၊ ျပန္ဝင္လာတဲ့ ႏိုင္ငံသားေတြအားလုံးကိုလည္း စစ္ေဆးႏိုင္တဲ့ အေျခအေနမရွိတာ ေၾကာင့္ အဲဒီကတဆင့္ အဆိုးဆုံးျဖစ္လာႏိုင္မယ့္ အေနအထားအတြက္သာကာကြယ္ေရး ျပင္ဆင္ႏိုင္ဖို႔ အဓိကလုပ္ ေဆာင္ဖို႔ သာရွိတယ္လို႔ ေဒါက္တာသန္းထြန္းေအာင္က ေျပာပါတယ္။

အဲဒီအတြက္ လူမႈေရး ခြဲျခားေနထိုင္မႈေတြကို အစိုးရကၫႊန္ၾကားထားတဲ့အတိုင္း လိုက္နာၾကရင္း ကို႐ိုနာ ဗိုင္းရပ္ ကူးစက္မႈမရွိေအာင္ေနထိုင္ၾကဖို႔ သူကတိုက္တြန္းပါတယ္။
----------------------------------------------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ မှာ ကိုရိုနာ ကပ်ရောဂါ ဖြစ်လာနိုင်သလား

လူဦးရေနှစ်သောင်းသုံးထောင်ကျော်အရေအတွက်ရှိတဲ့ မြန်မာနိုင်ငံသားတွေ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် မိမိနေရပ်ကို ထိုင်းနိုင်ငံကနေ ပြန်လာကြတာဟာ နိုင်ငံအနှံ့ အပြားကို ပြန်လည်ပျံ့နှံ့ရောက်ရှိ နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၂၉ရက်နေ့ကတော့ အဲဒီလိုမြဝတီကနေ ပြန်ဝင်လာတဲ့လူတွေထဲက တယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့တယ်လို့ အတည်ပြုလိုက်ပါပြီ။

အဲဒီပိုးတွေ့တယ်လို့ ထုတ်ပြန်အပြီးနာရီပိုင်းအကြာမှာ ပြန်ဝင်လာသူတွေထဲမှာ ရောဂါကူးစက်သူတွေ ပါလာဖို့များပြီးတော့ ကပ်ရောဂါကြီးလို့ ဖြစ်ဖို့ များတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ရက်မှာ အတိ အလင်းထပ်မံပြီးထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နှစ်သောင်းသုံးထောင်လို့ ပြောပေမယ့် မြဝတီတံတား အမှတ် ၂မှာ ကိုယ်တိုင် ကြီးကြပ်နေရတဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးရဲ့ ပြောပြချက်အရ ဆိုရင်တော့ မတ်လ ၂၆ ရက်နေ့အထိ ပြန်ဝင်လာသူ အရေအတွက်က လေးသောင်းကျော်ရှိတယ်လို့ ဘီဘီစီကိုတရားဝင်ဖြေကြားထားပါတယ်။

အားလုံးကလည်း ကရင်၊ မွန်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ မကွေးအပါအဝင် ပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးကို ပြန်လာကြတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေရဲ့ ကိုယ်ရေးရာဇဝင်တွေ၊ ပြန်မယ့်နေရာ၊ ဆက်သွယ်ရမယ့်လိပ်စာအစရှိတာတွေကို ရယူထား ပါတယ်။ သူတို့ဖော်ပြချက်တွေကို ကိုးကားပြီးသက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို စားရင်းပို့ပေးကာ စောင့်ကြည့်တာတွေကို အရပ်ဘက် ဒေသခံတွေနဲ့ ပူးပေါင်းပြီးတိုင်းနဲ့ ပြည်နယ်အနှံ့မှာတော့ လုပ်ဆောင် နေကြပါပြီ။

ရောဂါရှိမရှိစစ်ဆေးနိုင်တဲ့ ဓါတ်ခွဲခန်းကလည်း တနိုင်ငံလုံး ရန်ကုန်ကလွှဲပြီး အခြားပြည်နယ်နဲ့ တိုင်းတွေ မှာလုံးဝ မရှိသေးတာကြောင့် ပြန်ဝင်လာသူအားလုံးမှာ ပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနက စစ်ဆေးနိုင်ခြင်း မရှိပါဘူး။

ပြန်ဝင်လာချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာ အဲဒီလိုဖြစ်နေတဲ့သူတွေကိုသာ စောင့်ကြည့်ပြီး စစ်ဆေးနိုင်ခဲ့ ပါတယ်။ အဲဒီလိုဖျားတာ၊ ချောင်းဆိုးတာတွေဖြစ်တဲ့အရေအတွက်ကလည်း ပြန်ဝင်လာသူအရေအတွက် သောင်းချီထဲမှာ ၁၀ ဦးလောက်တောင် တွေ့ရတဲ့အခြေအနေမရှိတာကို မြဝတီတံတား အမှတ် ၂မှာ ပြန်ဝင်လာသူတွေကို စိစစ်လက်ခံသူတွေထံကသိရပါတယ်။

ပြန်ဝင်လာတဲ့သူ လေးသောင်းကျော်ရယ် အခြားပြည်ပက ပြန်လာကြတဲ့မြန်မာနိုင်ငံသားတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံး သံသယအနေနဲ့ စောင့်ကြည့်ရတဲ့ ဦးရေက ထောင်ချီရှိပါတယ်။

အဲဒီထောင်ချီတဲ့အရေအတွက်ကလည်း ရောဂါပိုးရှိတဲ့သူ ၁၀ ဦးနဲ့ ထိတွေ့ခဲ့ဘူးသူ၊ လေကြောင်းခရီးနဲ့ ပြည်ပကနေ ပြန်လာ သူတွေ၊ သံသယ လူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေ၊ အချို့သာ ဖြစ်ပါတယ်။

ပြန်လာသူတွေအားလုံးကို သီးသန့်ထားစောင့်ကြည့်ဖို့ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာက လူမှုအဖွဲ့ အစည်းတွေက ကမကထပြုပြီး သက်ဆိုင်ရာကျန်းမာရေး၊ ထွေအုပ်အစရှိတဲ့သူတွေရဲ့ အင်အား နဲ့သာလုပ်ဆောင်နေကြပါတယ်။

အဲဒီလိုစောင့်ကြည့်တဲ့လူတွေအတွက် ကုန်ကျစားရိတ်ကို သုံးစွဲဖို့ဆိုတာမျိုးကလည်း အစိုးရက မယ်မယ်ရရ ထောက်ပံ့ခွင့်ပြုထားတာမျိုးလည်းမရှိပါဘူး။ ရပ်ရွာက တက်နိုင်သူတွေလှူဒါန်းကြတာမျိုး၊ ဘုန်းတော်ကြီး ကျောင်းက အဆောက်အဦးအကူအညီရတာမျိုးတွေကို အခြေပြုပြီးလုပ်နေရတာတွေကများပါတယ်။

အခုလိုစောင့်ကြည့်ဖို့အတွက်ဆိုတာကတော့ မြို့ခံအဖွဲ့တွေက ဘယ်လိုကိစ္စမဆို ပူးပေါင်းလုပ်တဲ့ အလေ့အထကြောင့် အားလုံးကပေါင်းလုပ်ကြတာပါ။ သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့တော့ အဆင့်ဆင့် ညွှန်ကြားတာရှိပါတယ်လို့ ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ပခုက္ကူကိုပြည်တော်ပြန်လာတဲ့အရေအတွက် ၂၃၀ ကျော်ရှိပါတယ်။ အဲဒီအရေအတွက်ကိုလည်း အရပ်ဘက်အဖွဲ့၊ ထွေအုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့အစရှိတဲ့အဖွဲ့တွေက ပူးပေါင်းပြီး ၁၄ရက် စောင့်ကြည့်ရေး လုပ်ဆောင်နေတယ်လို့သူကဆိုပါတယ်။

ဆေးကုသမှုပိုင်းမှာလည်း ပခုက္ကူခရိုင်မှာတော့ အသက်ရှုစက် ၇ လုံးအထိရှိပြီး ရောဂါကူးစက်မှုရှိလာရင် လည်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အဆင့်သင့်ရှိတယ်လို့ ပခုက္ကူခရိုင်ဒုဆေးရုံအုပ်က စည်းဝေးခေါ်ယူ ရှင်းလင်း ထားတယ်လို့ ဦးဟန်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့်လည်း ပခုက္ကူဆေးရုံအပါအဝင် မြန်မာနိုင်ငံအဝှမ်းက ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးရုံသုံး ပစ္စည်းလုံလောက်မှုမရှိတာ၊ ဝန်ဆောင်မှုချို့တဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ ဝေဖန်နေကြတာ တွေလည်းရှိပါတယ်။

စီးပွားရေးမြို့တော်ရန်ကုန်မှာတော့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေမှာ အဆောင် ယောင်တွေလိုအပ်တာတွေရှိနေပါတယ်။ ကိုဗစ်လူနာ ၁၀ ဦးထဲမှာ ၇ဦးက ရန်ကုန်မှာရှိ နေတာပါ။

အဲဒီ ၇ဦးကိုလည်း ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာကူးစက်ရောဂါကာကွယ်ရေးဆေးရုံ (ဝေဘာဂီ) တို့မှာ ထားရှိထားတာလည်းဖြစ်ပါတယ်။

အဲဒါအပြင် စောင့်ကြည့်နေသူ တစ်ထောင်ကျော်နဲ့ သံသယလူနာအများစုကလည်း ရန်ကုန်မှာရှိနေပါတယ်။ သူတို့အတွက်ဝန်ဆောင် မှုပေးနေရတဲ့ ဆေးရုံဝန်ထမ်းတွေမှာလည်း ရောဂါကူးစက်မှုမရှိအောင်ဝတ်ဆင် ရတဲ့ဝတ်စုံမျိုးတွေ လိုအပ် တာတွေရှိနေလို့ အလှူရှင်တွေကို အကူအညီတောင်းခံရတဲ့အထိရှိပါတယ်။

အခုလိုအကူအညီတောင်းရတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရှိနေတာတွေရယ် ရောဂါကူးစက်မှု များပြားလားတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်အနေအထားရှိပါ့မလားဆိုတဲ့ ဘီဘီစီရဲ့မေးမြန်းမှုကိုတော့ လက်ရှိ ကိုဗစ်အတည်ပြုလူနာတွေရှိတဲ့ ဆေးရုံအချို့က ဆရာဝန်တွေကတော့ ဖြေကြားဖို့ အဆင်မပြေ ဘူးလို့ပြောကြပါတယ်။

ဒါပေမယ့် ဆေးရုံတွေကတော့ လက်ခံနိုင်တဲ့ လူနာအရေအတွက်အထိကို ရှိပြီးတဲ့ ဆေး၊ ကိရိယာ တွေနဲ့ ဝန်ဆောင်မှုပေးရမှာဘဲလို့ ဆိုကြပါတယ်။

မြဝတီက ဝင်လာတဲ့သူတွေက နိုင်ငံအနှံ့နီးပါးရောက်ရှိသွားပြီးဖြစ်သလို ကရင်ပြည်နယ်မှာလည်း အများအ ပြားရှိနေပါတယ်။ သူတို့ကနေ ကူးစက်မှုတွေရှိလာခဲ့ပါကလည်း အဆင့်သင့်ပြင်ဆင်ထားတဲ့ သီးခြားကုသ ရေးနေရာတွေကို အသင့်ပြင်ဆင်ထားတယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုနေရာတွေမှာ လူဦးရေ ၂ ထောင်လောက်အထိကို ထားရှိနိုင်ဖို့နဲ့ ဆက်စပ်ထောက်ပံ့ရေး ပစ္စည်းတွေ ကိုလည်း ကူညီသူတွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးပြင်ဆင်ထားတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ သေဆုံးမှုမရှိသေးတာရယ်၊ ကူးစက်ခံရသူ အရေအတွက် နည်းသေးတဲ့အတွက် ပြည်သူတွေအကြားစိုးရိမ်မှုရေချိန်က နည်းနေတာတွေရှိနေတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးမှူးဒေါက်တာ သန်းထွန်းအောင်က တိုင်းအတွင်း ကိုဗစ်ဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဧရာဝတီတိုင်းမှာလည်း အလားတူပြည်တော်ပြန်ဝင်လာသူတွေရှိနေတဲ့အတွက်စောင့်ကြည့်တာတွေကို လုပ်နေရတယ်လို့ သူကဆိုပါတယ်။

အလားတူပြည်နယ်နဲ့ တိုင်းတွေအနေနဲ့လည်း ပြည်တွင်းမှာ အချင်းချင်းကူးစက်မှုမျိုးကိုညင်ညင် သာသာဖြစ် အောင် ကွဲခြားနေထိုင်ခြင်းမှတဆင့် ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ခြင်းအားဖြင့် ရောဂါကူးစက်မှုနှုန်း ညင်သာအောင် လုပ်ကြဖို့လိုအပ်တယ်လို့ ဒေါက်တာသန်းထွန်းအောင်က အကြံပြုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကောင်းမွန်တဲ့ အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတွေမှာပင် အဆိုးဆုံး အခြေအနေကို ရောက်ရှိချိန်မှာ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝမပေးနိုင်တာကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း အဆိုးဆုံးအချိန်ရောက်ရှိမယ့်အချိန်မှာ အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်နိုင်ဖို့ ပြင်ဆင်ထား တယ်လို့ သူကဆိုပါတယ်။

သူ့တာဝန်ယူရတဲ့ ဧရာဝတီတိုင်းအတွင်းမှာလည်း အသက်ရှုစက်၊ အပြင်အခြားလိုအပ်တဲ ပစ္စည်းတွေကိုတော့ လိုအပ်ချက်ပေါ်မူတည်ပြီး နိုင်ငံတော်က ထောက်ပံ့ပေးနိုင်တဲ့ အရေအတွက်သာရရှိထားပါ။

၅လုံးထက်မကျော်တဲ့ အသက်ရှုစက်နဲ့ အခြားဆေးဝါးပစ္စည်းတွေကိုတော့ရရှိထားတာ ရှိပေမယ့် တကယ်တမ်း အစုလိုက်အပြုံလိုက်တွေ့ရှိလာမယ်ဆိုတရင်တော့ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ အခက်အခဲရှိမယ့် အနေထားမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရ ရောဂါပိုးစစ်ဆေးနိုင်မှုမှာလည်း တဦးတယောက်တိုင်းကို စစ်ဆေးနိုင်တဲ့ အနေအထားမရှိသလို၊ ပြန်ဝင်လာတဲ့ နိုင်ငံသားတွေအားလုံးကိုလည်း စစ်ဆေးနိုင်တဲ့ အခြေအနေမရှိတာ ကြောင့် အဲဒီကတဆင့် အဆိုးဆုံးဖြစ်လာနိုင်မယ့် အနေအထားအတွက်သာကာကွယ်ရေး ပြင်ဆင်နိုင်ဖို့ အဓိကလုပ် ဆောင်ဖို့ သာရှိတယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

အဲဒီအတွက် လူမှုရေး ခွဲခြားနေထိုင်မှုတွေကို အစိုးရကညွှန်ကြားထားတဲ့အတိုင်း လိုက်နာကြရင်း ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုမရှိအောင်နေထိုင်ကြဖို့ သူကတိုက်တွန်းပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52093971
ျမန္မာႏိုင္ငံ မွာ ကို႐ိုနာ ကပ္ေရာဂါ ျဖစ္လာႏိုင္သလား ျမန္မာႏိုင္ငံ မွာ ကို႐ိုနာ ကပ္ေရာဂါ ျဖစ္လာႏိုင္သလား Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.