ကို႐ိုနာဗိုင္းရပ္စ္ - ကူးစက္မႈၾကား စြန္႔စားကုသရင္း ေသဆုံးခဲ့သူ

 ေဒါက္တာပီတာခင္ထြန္း
ရာထူးကေန အနားယူၿပီး ေနာက္ပိုင္း မိသားစုနဲ႔ အခ်ိန္ကုန္ ျဖတ္သန္းေတာ့ဖို႔ ေမွ်ာ္လင့္ထားတဲ့ ေဒါက္တာ ပီတာခင္ထြန္းဟာ တစ္ကမာၻလုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေရာဂါ ျဖစ္ပြားခ်ိန္မွာ ကူးစက္မႈ အႏၲရာယ္ၾကား သူ႔လူနာေတြကို ကုသေပးရင္း ကိုဗစ္ေရာဂါနဲ႔ ဧၿပီ ဒုတိယပတ္ထဲမွာ ေသဆုံးခဲ့ပါတယ္။

သူဟာ ၿဗိတိန္ႏိုင္ငံ ရက္ဒင္းၿမိဳ႕ Royal Berkshire ေဆး႐ုံက နာလန္ထလူနာေတြကို ျပန္လည္သန္စြမ္းမႈေလ့က်င့္ေရး အထူးျပဳကုသတဲ့ ဆရာဝန္ႀကီး တစ္ဦးပါ။

သူကုေပးရတဲ့ လူနာေတြက ေလျဖတ္တာတို႔၊ ထိခိုက္ဒဏ္ရာရတာတို႔လိုကေန ျပန္လည္သန္စြမ္းဖို႔ လုပ္ေနတဲ့ နာလန္ထလူနာေတြ ျဖစ္ၿပီး ေဆး႐ုံတက္ ကုရသူေတြေရာ ျပင္ပလူနာေတြပါ ပါပါတယ္။

ယူေကမွာ ကို႐ိုနာဗိုင္းရပ္စ္ ဇန္နဝါရီ အကုန္ပိုင္းက စေတြ႕ရေပမယ့္ ႏိုင္ငံတြင္း ကူးစက္မႈေတြက ေဖေဖာ္ဝါရီ အကုန္ပိုင္းေလာက္မွာ စခဲ့ပါတယ္။

ဒီလိုနဲ႔ ေဒါက္တာပီတာခင္ထြန္း ကုသေပးေနရတဲ့ အေဆာင္ဝါ့ဒ္ထဲက လူနာေလး ငါးေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိလာပါတယ္။ ဒီလူေတြကို ပိုးစစ္၊ အေျဖေစာင့္ေနခ်ိန္မွာ သူတို႔ေဆး႐ုံ အထူးၾကပ္မတ္ကုသေရးဌာနမွာ ႏွာေခါင္းစည္းေတြ မလုံေလာက္ေတာ့လို႔ သူတို႔ဌာနမွာ ရွိေနတဲ့ ႏွာေခါင္းစည္းေတြကို ေပးလိုက္ရပါတယ္။ ဒါေၾကာင့္ အတြင္းလူနာေရာ အျပင္လူနာပါ ကုသေပးရသူ သူတို႔အတြက္ ကူးစက္မႈ အႏၲရာယ္ၾကားကပဲ သာမန္ေဆး႐ုံသုံး ႏွာေခါင္းစည္းေတာင္ မရွိေတာ့ဘဲ တစ္ပတ္ေလာက္ ကုသေပးခဲ့ရပါတယ္။

သူက ေဆး႐ုံမန္ေနဂ်ာကို ဒီအေၾကာင္း အီးေမးလ္ပို႔ ေျပာခဲ့ေသးေပမဲ့ ကိုဗစ္ျဖစ္တာ ေသခ်ာရင္ ျပန္ေပးပါ့မယ္လို႔သာ အေၾကာင္းျပန္ခဲ့လို႔ သူက ဒါဆို သိပ္ေနာက္က်သြားမယ္လို႔ ျပန္ေျပာခဲ့ပါေသးတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဒါေပမဲ့ သူ႔ဝါ့ဒ္ထဲက လူနာ ေလးေယာက္၊ငါးေယာက္ ကိုဗစ္ ေပါ့စတစ္ ျဖစ္ခဲ့လို႔ သူေျပာခဲ့သလို တကယ္ ေနာက္က်ခဲ့ပါတယ္။

သူ႔လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္တစ္ေယာက္နဲ႔ သူ ေနမေကာင္းျဖစ္ေတာ့ ႏွစ္ေယာက္စလုံး စစ္ေဆးၾကည့္တဲ့အခါ ႏွစ္ေယာက္စလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရပါတယ္။

ကိုဗစ္ျဖစ္တဲ့ သူ႔လူနာတစ္ေယာက္ကလည္းဆုံးသြားတယ္လို႔ သိရတဲ့ အေၾကာင္း ေဒါက္တာပီတာခင္ထြန္းရဲ႕ ညီ ေဒါက္တာရဲျမင့္က ဘီဘီစီကို ေျပာပါတယ္။
သူဘယ္လို ကူးစက္ခဲ့သလဲ

"ကိုဗစ္ျဖစ္ၿပီးမွ ေရာဂါရဖို႔ မ်ားတာကေတာ့ သူ႔ဝါ့ဒ္ထဲမွာ လူနာ ေလးေယာက္၊ ငါးေယာက္ ကိုဗစ္ ေပါ့စတစ္ ျဖစ္တယ္"လို႔ ယူေကမွာပဲ တာဝန္ထမ္းေဆာင္ေနတဲ့ ေမ့ေဆးနဲ႔ အထူးၾကပ္မတ္ကုသေရး အထူးျပဳ ဆရာဝန္ႀကီး ေဒါက္တာရဲျမင့္က ေျပာပါတယ္။
 ေဆးပညာ အေထြေထြ ဗဟုသုတလည္း ႂကြယ္ဝတယ္လို႔ ညီျဖစ္သူ( ယာမွ ဒုတိယ)က ေျပာ
အဲဒီလို သိရၿပီးတဲ့ေနာက္မွာ ေဒါက္တာ ပီတာခင္ထြန္း အိမ္မွာပဲ တစ္ပတ္ေလာက္ သီးျခားခြဲေနရင္း အဖ်ားတက္လိုက္၊ က်လိုက္ ျဖစ္ေနခဲ့ပါတယ္။ အိမ္မွာေနခ်ိန္ သူ႔ရဲ႕ အေထြေထြကုဆရာဝန္ (ဂ်ီပီ) ကို ဖုန္းနဲ႔ ဆက္သြယ္ၿပီး ဂ်ီပီေပးတဲ့ ေဆးနဲ႔ ကုသေနခဲ့ပါတယ္။

ေနာက္ ေရာဂါလကၡဏာေတြျပ၊ ေခ်ာင္းပိုဆိုး၊ အဖ်ားမက် ျဖစ္လာလို႔ ေဆး႐ုံကို သြားစစ္ေဆးဖို႔ လူနာတင္ကား ေခၚၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္။

သူ႔မွာ ေသြးတိုးရွိတာကလြဲလို႔ တျခားေရာဂါေတြ မရွိပါဘူး။

ေဆး႐ုံမွာ X-ray စစ္၊ ေအာက္ဆီဂ်င္ ပမာဏ စစ္ တာေတြ လုပ္ၿပီးခ်ိန္မွာ အသက္ ၆၂ ႏွစ္ အ႐ြယ္ရွိသူ ျဖစ္ၿပီး အဆုတ္ႏွစ္ဖက္စလုံးကို ကုသေပးဖို႔ လိုတာ ေတြ႕ရလို႔ သူအလုပ္လုပ္တဲ့ ေဆး႐ုံရဲ႕ အထူးၾကပ္မတ္ ကုသေဆာင္ကို ပို႔ခဲ့ပါတယ္။

ေဆး႐ုံကို သူပထမဆုံး ေရာက္တဲ့ေန႔မွာ သတိရေနခဲ့ပါတယ္။ ေနာက္ေန႔မွာ ပိုဆိုးလာလို႔ ေမ့ေဆးေပးၿပီး အသက္ရႉစက္ ventilator ေပၚတင္လိုက္ ရပါတယ္။

"ပထမႏွစ္ရက္မွာေတာ့ နည္းနည္းေလး တည္ၿငိမ္တယ္။ ေနာက္ဆုံး မဆုံးခင္ႏွစ္ရက္မွာေတာ့ ေတာ္ေတာ့္ကို အေျခအေန ဆိုးသြားၿပီးေတာ့ multiorgan failure လို႔ေခၚတာေပါ့၊ အဲဒါကေတာ့ ႏွလုံး၊ အဆုတ္၊ ေက်ာက္ကပ္ေတြပါ အကုန္အလုပ္မလုပ္ေတာ့ဘူး" လို႔ ညီျဖစ္သူ ေဒါက္တာ ရဲျမင့္က ေျပာပါတယ္။

သူက ေဆး႐ုံမွာ ေလးရက္ေလာက္ ကုသမႈ ခံယူၿပီး ကြယ္လြန္ခဲ့ပါတယ္။

သူ႔ကို ကုသေပးေနတုန္း ဆရာဝန္ေတြက မိသားစုဆီကို တစ္ေန႔ႏွစ္ခါ ဖုန္းဆက္ၿပီး အေၾကာင္းၾကားပါတယ္။ ေနာက္ မိသားစုကို အသက္ရႉစက္ေပၚတင္ထားတဲ့ သူ႔အေျခအေနကို ဗီဒီယိုေလးေတြ ျပပါတယ္။

သူ႔ အသက္ကို ကယ္လို႔ မရေတာ့ဘူးလို႔ ေသခ်ာသြားခ်ိန္မွာေတာ့ ဆရာဝန္ေတြက သူ႔သားေတြနဲ႔ မိသားစုနဲ႔ တိုင္ပင္ၿပီးေတာ့ ကုသေပးေနတာေတြကို ရပ္လိုက္ၿပီးတဲ့ေနာက္ ဆုံးပါးသြားပါတယ္။

လူနာဆုံးပါးေတာ့မယ္ဆိုတာ ေသခ်ာရင္ မိသားစုေတြကို တိုင္ပင္ရွင္းျပၿပီး အသက္ရႉစက္ေတြကေန ျပန္ျဖဳတ္ စတာေတြကို လုပ္တယ္လို႔ ေဒါက္တာရဲျမင့္က ေျပာပါတယ္။

သူ ေနာက္ဆုံးအခ်ိန္ နီးကပ္လာခ်ိန္မွာေတာ့ သားႏွစ္ေယာက္ကို ေဆး႐ုံက တစ္ကိုယ္ေရ အကာအကြယ္ဝတ္စုံ အျပည့္အစုံ ဝတ္ဆင္ေစၿပီး သူ႔ကို လာၾကည့္ခြင့္ ေပးခဲ့ပါတယ္။
ဘယ္လိုကုသေပးခဲ့သလဲ

သူ႔ကို အသက္ရႉစက္ေပၚတင္ထားခ်ိန္မွာ "ေန႔ဘက္မွာဆို ေမွာက္ၿပီးေတာ့ ventilate လုပ္တယ္။ သာမန္ နမိုးနီးယားတို႔ဆိုရင္ ပက္လက္ပဲ ventilate လုပ္လို႔ရတယ္။ ကိုဗစ္မွာေတာ့ အထူးသျဖင့္ ေက်ာကုန္းဘက္က အဆုတ္ေတြမွာ ေရေတြဘာေတြ ဝပ္ၿပီး အခြၽဲေတြက ေတာ္ေတာ္ေလး အဲဒီမွာစုေနတယ္။

အဲဒီေတာ့ ေအာက္ဆီဂ်င္ေတြဘာေတြ အဆုတ္ထဲမွာ ဝင္ၿပီးေတာ့ ေသြးထဲကို ေအာက္ဆီဂ်င္ ပိုရေအာင္လို႔ဆိုၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ား ကိုဗစ္ေတြကေတာ့ ကြၽန္ေတာ္တို႔ ေဆး႐ုံမွာလည္း လုပ္တယ္၊ သူတို႔ ေဆး႐ုံမွာလည္း လုပ္တယ္။ ဗိုက္ေပၚမွာ ေမွာက္အိပ္ၿပီးေတာ့ တစ္ရက္ကို ၁၆ နာရီေလာက္ ေမွာက္ေနတယ္။ ေလးနာရီ၊ ေျခာက္နာရီေလာက္ကေတာ့ ပက္လက္ျပန္လွန္တယ္။ အဲဒီမွာလိုအပ္တာေတြ လုပ္ရတာေပါ့။ ပထမႏွစ္ရက္က သူအဲဒီလိုမ်ိဳးေနရတယ္" လို႔ သူ႔ကို အသက္ရႉစက္ေပၚ တင္ထားတုန္းက အေျခအေနကို ေဒါက္တာရဲျမင့္က ရွင္းျပခဲ့ပါတယ္။

ဘယ္ေဆးေတြနဲ႔ ကုသခဲ့သလဲ

"ယူေက အစိုးရနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနက ၫႊန္ၾကားထားတာကေတာ့ ဒီမွာ စမ္းသပ္ေနတဲ့ ေဆးေတြေတာ့ ရွိတယ္။ ဥပမာ ငွက္ဖ်ားအတြက္ ဟိုင္ဒေရာက္ဆီကလို႐ိုကြင္း hydroxychloroquine ဆိုတာ ရွိတယ္။ ေနာက္ ႐ိုး႐ိုး ဘက္တီးရီးယား နမိုးနီးယားမွာ သုံးတဲ့ Azithromycin ဆိုတဲ့ ေဆးျပားေတြလည္း ရွိတယ္" လို႔ ေဒါက္တာရဲျမင့္က ေျပာပါတယ္။
အခ်က္အျပဳတ္ဝါသနာပါသူ
"အဲဒါမ်ိဳးေတြကို သုံးရင္ ေဆး႐ုံမွာ သုေတသနလုပ္တဲ့ထဲမွာ ပါတယ္ဆိုရင္ေတာ့ သုံး။ ႏို႔မို႔ဆို မသုံးပါနဲ႔လို႔ ၫႊန္ၾကားထားတယ္" လို႔ ဆိုပါတယ္။

သူ႔ကို ဂ်ီပီက ဒီေဆးေတြ ေပးခဲ့ေပမယ့္ ဆုံးပါးသြားခဲ့ပါတယ္။
ယူေကမွာ ကိုဗစ္-၁၉ လူနာကို ဘယ္အခ်ိန္မွာ ေဆး႐ုံတက္ခိုင္းသလဲ

ေဒါက္တာ ပီတာခင္ထြန္းဟာ အိမ္မွာ တစ္ပတ္ေလာက္ေနခဲ့ၿပီးမွ ေဆး႐ုံတက္ခဲ့တာပါ။ ေရာဂါလကၡဏာေတြ ျပခဲ့ေပမဲ့ အေျခအေနပိုဆိုးလာမွသာ ေဆး႐ုံက လက္ခံပါတယ္။ ေဆး႐ုံမတက္ခင္ အေရးေပၚလူနာတင္ကားက အရင္လာစစ္ပါတယ္။

"Ambulance က သြားၾကည့္ရင္လည္း ႏွလုံးခုန္ႏႈန္း၊ ေအာက္ဆီဂ်င္လယ္ဗယ္၊ အသက္ရႉႏႈန္း စတာေတြကို စစ္ေဆးတယ္။ ဒါေတြေကာင္းေနရင္ ေဆး႐ုံကို မေခၚဘူး။ သူတို႔မွာ ဂိုက္လိုင္းေတြ ရွိတယ္။ သူတို႔က ေတာ္ေတာ္ေလး ဆိုးလာမွ ေအာက္ဆီဂ်င္ေပးဖို႔လိုတယ္။ လူနာက Risk Factor ေတြ ရွိေနတယ္။ တျဖည္းျဖည္းနဲ႔ ပိုပိုဆိုးလာတယ္ဆိုရင္ေတာ့ ေဆး႐ုံကို Ambulance က transfer လုပ္တယ္။

Transfer လုပ္ၿပီးတာေတာင္မွ အေရးေပၚဌာနမွာ ျပန္စစ္ေဆးတယ္။ အဲဒီမွာ သိပ္မဆိုးဘူးဆိုရင္ ျပန္လႊတ္ျပန္တယ္။ အဲဒီေတာ့ ေစာေစာသြားလည္း သူတို႔က တင္မွာ မဟုတ္ဘူး။ ဘာလို႔လဲ ဆိုေတာ့ ေထာင္နဲ႔ခ်ီၿပီးေတာ့ ရပ္ကြက္ထဲမွာ ျဖစ္ေနေတာ့ သူတို႔က အေတာ္ေလး ဆိုးတဲ့လူေလာက္ပဲ ေဆး႐ုံတင္ႏိုင္တယ္" လို႔ ေဒါက္တာရဲျမင့္က ေျပာပါတယ္။

ယူေက၊ ႏွာေခါင္းစည္းနဲ႔ က်န္းမာေရးဝန္ထမ္းေတြဘဝ

သူ အိမ္မွာ တစ္ပတ္နားေနတုန္း ညီျဖစ္သူနဲ႔ ေန႔တိုင္းဖုန္းဆက္ခ်ိန္မွာ သူတို႔ဌာနမွာ ကူးစက္ခံရသူ ရွိတာ အတည္ျပဳၿပီးေနာက္ ႏွာေခါင္းစည္းေတြ ျပန္ရလာတာကို သိရေၾကာင္း၊ ဒါေပမဲ့ Surgical Mask ႏွာေခါင္းစည္းေတြ တပ္တဲ့ လူငယ္ဆရာဝန္ေတြကို ေဆး႐ုံတက္ေနတဲ့ လူနာေတြနဲ႔ မိသားစုေတြ စိုးရိမ္စိတ္မ်ားမွာ စိုးလို႔ မတပ္ဖို႔ ေဆး႐ုံက မန္ေနဂ်ာတခ်ိဳ႕က ေျပာတဲ့အေၾကာင္းလည္း ညီျဖစ္သူက ျပန္ေျပာျပပါတယ္။

ဒါေပမဲ့ အဂၤလန္ ျပည္သူ႔က်န္းမာေရး လမ္းၫႊန္ေတြက လိုအပ္ရင္ လိုအပ္သလိုေတာ့ ေျပာင္းလဲေနတာကိုေတာ့ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ယူေကမွာ အခုခ်ိန္ထိ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္မႈကာလ ေဆးဝန္ထမ္းေတြ ေသဆုံးသူ ၂၇ ဦး ထိရွိေနပါၿပီ။ ဒီလို အၾကပ္အတည္းကာလမွာ စြန္႔စြန္႔စားစား တာဝန္ထမ္းေဆာင္ေနတဲ့ သူတို႔ကို ျပည္သူေတြက အထူးေက်းဇူးတင္ေၾကာင္း စုေပါင္း လက္ခုပ္တီး အားေပးတာလို၊ အိမ္ေတြမွာ စာတန္းေတြ ခ်ိတ္ဆြဲၿပီး အားေပးတာလိုမ်ိဳးေတြနဲ႔ ခ်ီးက်ဴးအားေပးေနၾကပါတယ္။

ေဆး ၁ လက္ေ႐ြးစင္ အားကစားသမားေဟာင္း ပီတာခင္ထြန္း
ႏုပညာနဲ႔ အားကစားလည္းလိုက္စားခဲ့
ေဒါက္တာ ပီတာခင္ထြန္းက ရန္ကုန္ ေဆးတကၠသိုလ္ ၁ ကေန ၁၉၈၁ မွာ ဘြဲ႕ရခဲ့ၿပီး ရန္ကုန္မွာ ဆယ္ႏွစ္ေလာက္ ေဆးကုသခဲ့ပါတယ္။ ေနာက္ ယူေကကို ၁၉၉၄ မွာ ေရာက္လာပါတယ္။ ေနာက္လန္ဒန္နဲ႔ ရက္ဒင္းတို႔က ေဆး႐ုံေတြမွာ အလုပ္လုပ္ခဲ့ၿပီး နာလန္ထလူနာေတြကို အထူးျပဳကုသေပးခဲ့တာ အႏွစ္ ၂၀ ေက်ာ္ေလာက္ရွိခဲ့ပါၿပီ။

သူက သူ႔ဘာသာရပ္အျပင္ တျခား ေဆးပညာဆိုင္ရာ အေထြေထြ ဗဟုသုတလည္း ႏွံ႔စပ္တယ္၊ ဗုဒၶဘာသာကို ေလးနက္စြာ သက္ဝင္ယုံၾကည္ ကိုင္းရႈိင္းသူ၊ တရားထိုင္တယ္၊ အလႉအတန္းေတြ အမ်ားအျပားလုပ္တယ္လို႔ မိသားစုက ဆိုပါတယ္။ အခ်က္အျပဳတ္လည္း ဝါသနာပါၿပီး သူ႔ဆီ လာလည္မယ့္သူေတြအတြက္ သူက ႀကိဳတင္ ဝယ္ယူထားၿပီး ခ်က္ျပဳတ္ေကြၽးတတ္တယ္လို႔ ဆိုပါတယ္။

ပန္းခ်ီလည္းဆြဲတယ္၊ အားကစားလည္းလုပ္တယ္၊ စက္ဘီးကို အေဝးႀကီးစီးတယ္၊ ရန္ကုန္ေဆးတကၠသိုလ္ ၁ ရဲ႕ သံျပားပစ္နဲ႔ သံလုံးပစ္ လက္ေ႐ြးစင္လို႔လည္း ညီျဖစ္သူက ေျပာပါတယ္။

ေဒါက္တာ ပီတာခင္ထြန္းဟာ သူတစ္ဖက္သားကို အစိမ္းအက်က္မေ႐ြး ကူညီတတ္သူ၊ ေဆးပညာ ဗဟုသုတေတြကို မျပတ္ေလ့လာေနၿပီး သူ႔ဆီ ဆက္သြယ္ေမးျမန္းလာသမွ်ကိုလည္း စိတ္ရွည္လက္ရွည္ေျဖၾကား လမ္းၫႊန္ေပးတတ္သူအျဖစ္ ယူေကက မိတ္ေဆြေတြကေျပာျပၾကပါတယ္။

ကြယ္လြန္ခ်ိန္မွာ ဇနီးျဖစ္သူ ေဒၚဝင္းမာနဲ႔ သားႏွစ္ဦးတို႔ က်န္ရစ္ပါတယ္။
အလႉအတန္းအမ်ားႀကီးလုပ္ခဲ့တယ္
ေဒါက္တာပီတာခင္ထြန္းကြယ္လြန္ခဲ့ရတဲ့ အေပၚ သူ ၂၁ ႏွစ္တာ အလုပ္လုပ္ခဲ့တဲ့ Royal Berkshire ကလည္း အထူးဝမ္းနည္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေဆး႐ုံ စီအီးအို စတိဗ္မက္ေမးနပ္စ္က ေဆး႐ုံတစ္ခုလုံး ေၾကကြဲၾကရေၾကာင္းနဲ႔ ပီတာ့ကို လြမ္းဆြတ္သတိရေနၾကမွာ ျဖစ္ေၾကာင္းေျပာပါတယ္။

ေဒါက္တာခင္ထြန္းရဲ႕ သားႏွစ္ေယာက္ထံက သတင္းစကားကိုလည္း ေဆး႐ုံဝက္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ အဲဒီအထဲမွာ

"သူရဲေကာင္းစူပါဟီး႐ိုးဖခင္အတြက္ မိသားစုက အထူးဂုဏ္ယူတဲ့အေၾကာင္း၊ ကိုယ့္လူနာတိုင္းကို ကိုယ့္မိသားစုဝင္တစ္ေယာက္လိုပဲ မွတ္ယူၿပီး ျပဳစုကုသရမယ္လို႔ အၿမဲေျပာခဲ့တဲ့အေၾကာင္း" ေရးထားပါတယ္။ မိသားစုအတြက္ေတာ့ ေဒါက္တာခင္ထြန္းဟာ အေကာင္းဆုံး လူသားတစ္ဦးျဖစ္ခဲ့တဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။
 ေဆး႐ုံရဲ႕ ထုတ္ျပန္ခ်က္

ခင္မင္သူေတြ ေနာက္ဆုံးႏႈတ္ဆက္

သူ ေသဆုံးခ်ိန္မွာေတာ့ တစ္ကမာၻလုံးမွာ ရွိေနတဲ့ သူ႔မိတ္ေဆြေတြဆီက ဝမ္းနည္းၾက၊ အားေပးႏွစ္သိမ့္ၾကတဲ့ စကားေတြဟာ မိသားစု ထင္ထားတာထက္ အမ်ားႀကီး ပိုမ်ားၿပီးေရာက္လာခဲ့ပါတယ္။

မိသားစုက အံ့ၾသေလာက္ေအာင္ ခင္မင္ရင္းႏွီးသူေတြမ်ားတဲ့ သူ႔ကို ေနာက္ဆုံးႏႈတ္ဆက္ခ်ိန္မွာေတာ့ ႏိုင္ငံကို ေလာ့ေဒါင္းလုပ္ထားခ်ိန္ျဖစ္ေနပါတယ္။ ဒါေၾကာင့္ အသုဘအခမ္းအနားမွာ မိသားစုကလြဲလို႔ တျခား ခ်စ္ခင္သူေတြ သူ႔ကို လာႏႈတ္ဆက္ခြင့္မရဘဲ ခြဲခြာသြားရေတာ့မွာပါ။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ကူးစက်မှုကြား စွန့်စားကုသရင်း သေဆုံးခဲ့သူ

ရာထူးကနေ အနားယူပြီး နောက်ပိုင်း မိသားစုနဲ့ အချိန်ကုန် ဖြတ်သန်းတော့ဖို့ မျှော်လင့်ထားတဲ့ ဒေါက်တာ ပီတာခင်ထွန်းဟာ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဖြစ်ပွားချိန်မှာ ကူးစက်မှု အန္တရာယ်ကြား သူ့လူနာတွေကို ကုသပေးရင်း ကိုဗစ်ရောဂါနဲ့ ဧပြီ ဒုတိယပတ်ထဲမှာ သေဆုံးခဲ့ပါတယ်။

သူဟာ ဗြိတိန်နိုင်ငံ ရက်ဒင်းမြို့ Royal Berkshire ဆေးရုံက နာလန်ထလူနာတွေကို ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေး အထူးပြုကုသတဲ့ ဆရာဝန်ကြီး တစ်ဦးပါ။

သူကုပေးရတဲ့ လူနာတွေက လေဖြတ်တာတို့၊ ထိခိုက်ဒဏ်ရာရတာတို့လိုကနေ ပြန်လည်သန်စွမ်းဖို့ လုပ်နေတဲ့ နာလန်ထလူနာတွေ ဖြစ်ပြီး ဆေးရုံတက် ကုရသူတွေရော ပြင်ပလူနာတွေပါ ပါပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ဇန်နဝါရီ အကုန်ပိုင်းက စတွေ့ရပေမယ့် နိုင်ငံတွင်း ကူးစက်မှုတွေက ဖေဖော်ဝါရီ အကုန်ပိုင်းလောက်မှာ စခဲ့ပါတယ်။

ဒီလိုနဲ့ ဒေါက်တာပီတာခင်ထွန်း ကုသပေးနေရတဲ့ အဆောင်ဝါ့ဒ်ထဲက လူနာလေး ငါးယောက်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလာပါတယ်။ ဒီလူတွေကို ပိုးစစ်၊ အဖြေစောင့်နေချိန်မှာ သူတို့ဆေးရုံ အထူးကြပ်မတ်ကုသရေးဌာနမှာ နှာခေါင်းစည်းတွေ မလုံလောက်တော့လို့ သူတို့ဌာနမှာ ရှိနေတဲ့ နှာခေါင်းစည်းတွေကို ပေးလိုက်ရပါတယ်။ ဒါကြောင့် အတွင်းလူနာရော အပြင်လူနာပါ ကုသပေးရသူ သူတို့အတွက် ကူးစက်မှု အန္တရာယ်ကြားကပဲ သာမန်ဆေးရုံသုံး နှာခေါင်းစည်းတောင် မရှိတော့ဘဲ တစ်ပတ်လောက် ကုသပေးခဲ့ရပါတယ်။

သူက ဆေးရုံမန်နေဂျာကို ဒီအကြောင်း အီးမေးလ်ပို့ ပြောခဲ့သေးပေမဲ့ ကိုဗစ်ဖြစ်တာ သေချာရင် ပြန်ပေးပါ့မယ်လို့သာ အကြောင်းပြန်ခဲ့လို့ သူက ဒါဆို သိပ်နောက်ကျသွားမယ်လို့ ပြန်ပြောခဲ့ပါသေးတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါပေမဲ့ သူ့ဝါ့ဒ်ထဲက လူနာ လေးယောက်၊ငါးယောက် ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့လို့ သူပြောခဲ့သလို တကယ် နောက်ကျခဲ့ပါတယ်။

သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ယောက်နဲ့ သူ နေမကောင်းဖြစ်တော့ နှစ်ယောက်စလုံး စစ်ဆေးကြည့်တဲ့အခါ နှစ်ယောက်စလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရပါတယ်။

ကိုဗစ်ဖြစ်တဲ့ သူ့လူနာတစ်ယောက်ကလည်းဆုံးသွားတယ်လို့ သိရတဲ့ အကြောင်း ဒေါက်တာပီတာခင်ထွန်းရဲ့ ညီ ဒေါက်တာရဲမြင့်က ဘီဘီစီကို ပြောပါတယ်။
သူဘယ်လို ကူးစက်ခဲ့သလဲ

"ကိုဗစ်ဖြစ်ပြီးမှ ရောဂါရဖို့ များတာကတော့ သူ့ဝါ့ဒ်ထဲမှာ လူနာ လေးယောက်၊ ငါးယောက် ကိုဗစ် ပေါ့စတစ် ဖြစ်တယ်"လို့ ယူကေမှာပဲ တာဝန်ထမ်းဆောင်နေတဲ့ မေ့ဆေးနဲ့ အထူးကြပ်မတ်ကုသရေး အထူးပြု ဆရာဝန်ကြီး ဒေါက်တာရဲမြင့်က ပြောပါတယ်။

အဲဒီလို သိရပြီးတဲ့နောက်မှာ ဒေါက်တာ ပီတာခင်ထွန်း အိမ်မှာပဲ တစ်ပတ်လောက် သီးခြားခွဲနေရင်း အဖျားတက်လိုက်၊ ကျလိုက် ဖြစ်နေခဲ့ပါတယ်။ အိမ်မှာနေချိန် သူ့ရဲ့ အထွေထွေကုဆရာဝန် (ဂျီပီ) ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂျီပီပေးတဲ့ ဆေးနဲ့ ကုသနေခဲ့ပါတယ်။

နောက် ရောဂါလက္ခဏာတွေပြ၊ ချောင်းပိုဆိုး၊ အဖျားမကျ ဖြစ်လာလို့ ဆေးရုံကို သွားစစ်ဆေးဖို့ လူနာတင်ကား ခေါ်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။

သူ့မှာ သွေးတိုးရှိတာကလွဲလို့ တခြားရောဂါတွေ မရှိပါဘူး။

ဆေးရုံမှာ X-ray စစ်၊ အောက်ဆီဂျင် ပမာဏ စစ် တာတွေ လုပ်ပြီးချိန်မှာ အသက် ၆၂ နှစ် အရွယ်ရှိသူ ဖြစ်ပြီး အဆုတ်နှစ်ဖက်စလုံးကို ကုသပေးဖို့ လိုတာ တွေ့ရလို့ သူအလုပ်လုပ်တဲ့ ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်ကို ပို့ခဲ့ပါတယ်။

ဆေးရုံကို သူပထမဆုံး ရောက်တဲ့နေ့မှာ သတိရနေခဲ့ပါတယ်။ နောက်နေ့မှာ ပိုဆိုးလာလို့ မေ့ဆေးပေးပြီး အသက်ရှူစက် ventilator ပေါ်တင်လိုက် ရပါတယ်။

"ပထမနှစ်ရက်မှာတော့ နည်းနည်းလေး တည်ငြိမ်တယ်။ နောက်ဆုံး မဆုံးခင်နှစ်ရက်မှာတော့ တော်တော့်ကို အခြေအနေ ဆိုးသွားပြီးတော့ multiorgan failure လို့ခေါ်တာပေါ့၊ အဲဒါကတော့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေပါ အကုန်အလုပ်မလုပ်တော့ဘူး" လို့ ညီဖြစ်သူ ဒေါက်တာ ရဲမြင့်က ပြောပါတယ်။

သူက ဆေးရုံမှာ လေးရက်လောက် ကုသမှု ခံယူပြီး ကွယ်လွန်ခဲ့ပါတယ်။

သူ့ကို ကုသပေးနေတုန်း ဆရာဝန်တွေက မိသားစုဆီကို တစ်နေ့နှစ်ခါ ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ နောက် မိသားစုကို အသက်ရှူစက်ပေါ်တင်ထားတဲ့ သူ့အခြေအနေကို ဗီဒီယိုလေးတွေ ပြပါတယ်။

သူ့ အသက်ကို ကယ်လို့ မရတော့ဘူးလို့ သေချာသွားချိန်မှာတော့ ဆရာဝန်တွေက သူ့သားတွေနဲ့ မိသားစုနဲ့ တိုင်ပင်ပြီးတော့ ကုသပေးနေတာတွေကို ရပ်လိုက်ပြီးတဲ့နောက် ဆုံးပါးသွားပါတယ်။

လူနာဆုံးပါးတော့မယ်ဆိုတာ သေချာရင် မိသားစုတွေကို တိုင်ပင်ရှင်းပြပြီး အသက်ရှူစက်တွေကနေ ပြန်ဖြုတ် စတာတွေကို လုပ်တယ်လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။

သူ နောက်ဆုံးအချိန် နီးကပ်လာချိန်မှာတော့ သားနှစ်ယောက်ကို ဆေးရုံက တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်စေပြီး သူ့ကို လာကြည့်ခွင့် ပေးခဲ့ပါတယ်။
ဘယ်လိုကုသပေးခဲ့သလဲ

သူ့ကို အသက်ရှူစက်ပေါ်တင်ထားချိန်မှာ "နေ့ဘက်မှာဆို မှောက်ပြီးတော့ ventilate လုပ်တယ်။ သာမန် နမိုးနီးယားတို့ဆိုရင် ပက်လက်ပဲ ventilate လုပ်လို့ရတယ်။ ကိုဗစ်မှာတော့ အထူးသဖြင့် ကျောကုန်းဘက်က အဆုတ်တွေမှာ ရေတွေဘာတွေ ဝပ်ပြီး အချွဲတွေက တော်တော်လေး အဲဒီမှာစုနေတယ်။

အဲဒီတော့ အောက်ဆီဂျင်တွေဘာတွေ အဆုတ်ထဲမှာ ဝင်ပြီးတော့ သွေးထဲကို အောက်ဆီဂျင် ပိုရအောင်လို့ဆိုပြီးတော့ တော်တော်များများ ကိုဗစ်တွေကတော့ ကျွန်တော်တို့ ဆေးရုံမှာလည်း လုပ်တယ်၊ သူတို့ ဆေးရုံမှာလည်း လုပ်တယ်။ ဗိုက်ပေါ်မှာ မှောက်အိပ်ပြီးတော့ တစ်ရက်ကို ၁၆ နာရီလောက် မှောက်နေတယ်။ လေးနာရီ၊ ခြောက်နာရီလောက်ကတော့ ပက်လက်ပြန်လှန်တယ်။ အဲဒီမှာလိုအပ်တာတွေ လုပ်ရတာပေါ့။ ပထမနှစ်ရက်က သူအဲဒီလိုမျိုးနေရတယ်" လို့ သူ့ကို အသက်ရှူစက်ပေါ် တင်ထားတုန်းက အခြေအနေကို ဒေါက်တာရဲမြင့်က ရှင်းပြခဲ့ပါတယ်။
ဘယ်ဆေးတွေနဲ့ ကုသခဲ့သလဲ

"ယူကေ အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတာကတော့ ဒီမှာ စမ်းသပ်နေတဲ့ ဆေးတွေတော့ ရှိတယ်။ ဥပမာ ငှက်ဖျားအတွက် ဟိုင်ဒရောက်ဆီကလိုရိုကွင်း hydroxychloroquine ဆိုတာ ရှိတယ်။ နောက် ရိုးရိုး ဘက်တီးရီးယား နမိုးနီးယားမှာ သုံးတဲ့ Azithromycin ဆိုတဲ့ ဆေးပြားတွေလည်း ရှိတယ်" လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။

"အဲဒါမျိုးတွေကို သုံးရင် ဆေးရုံမှာ သုတေသနလုပ်တဲ့ထဲမှာ ပါတယ်ဆိုရင်တော့ သုံး။ နို့မို့ဆို မသုံးပါနဲ့လို့ ညွှန်ကြားထားတယ်" လို့ ဆိုပါတယ်။

သူ့ကို ဂျီပီက ဒီဆေးတွေ ပေးခဲ့ပေမယ့် ဆုံးပါးသွားခဲ့ပါတယ်။
ယူကေမှာ ကိုဗစ်-၁၉ လူနာကို ဘယ်အချိန်မှာ ဆေးရုံတက်ခိုင်းသလဲ

ဒေါက်တာ ပီတာခင်ထွန်းဟာ အိမ်မှာ တစ်ပတ်လောက်နေခဲ့ပြီးမှ ဆေးရုံတက်ခဲ့တာပါ။ ရောဂါလက္ခဏာတွေ ပြခဲ့ပေမဲ့ အခြေအနေပိုဆိုးလာမှသာ ဆေးရုံက လက်ခံပါတယ်။ ဆေးရုံမတက်ခင် အရေးပေါ်လူနာတင်ကားက အရင်လာစစ်ပါတယ်။

"Ambulance က သွားကြည့်ရင်လည်း နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်လယ်ဗယ်၊ အသက်ရှူနှုန်း စတာတွေကို စစ်ဆေးတယ်။ ဒါတွေကောင်းနေရင် ဆေးရုံကို မခေါ်ဘူး။ သူတို့မှာ ဂိုက်လိုင်းတွေ ရှိတယ်။ သူတို့က တော်တော်လေး ဆိုးလာမှ အောက်ဆီဂျင်ပေးဖို့လိုတယ်။ လူနာက Risk Factor တွေ ရှိနေတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်ဆိုရင်တော့ ဆေးရုံကို Ambulance က transfer လုပ်တယ်။

Transfer လုပ်ပြီးတာတောင်မှ အရေးပေါ်ဌာနမှာ ပြန်စစ်ဆေးတယ်။ အဲဒီမှာ သိပ်မဆိုးဘူးဆိုရင် ပြန်လွှတ်ပြန်တယ်။ အဲဒီတော့ စောစောသွားလည်း သူတို့က တင်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ထောင်နဲ့ချီပြီးတော့ ရပ်ကွက်ထဲမှာ ဖြစ်နေတော့ သူတို့က အတော်လေး ဆိုးတဲ့လူလောက်ပဲ ဆေးရုံတင်နိုင်တယ်" လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။

ယူကေ၊ နှာခေါင်းစည်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေဘဝ

သူ အိမ်မှာ တစ်ပတ်နားနေတုန်း ညီဖြစ်သူနဲ့ နေ့တိုင်းဖုန်းဆက်ချိန်မှာ သူတို့ဌာနမှာ ကူးစက်ခံရသူ ရှိတာ အတည်ပြုပြီးနောက် နှာခေါင်းစည်းတွေ ပြန်ရလာတာကို သိရကြောင်း၊ ဒါပေမဲ့ Surgical Mask နှာခေါင်းစည်းတွေ တပ်တဲ့ လူငယ်ဆရာဝန်တွေကို ဆေးရုံတက်နေတဲ့ လူနာတွေနဲ့ မိသားစုတွေ စိုးရိမ်စိတ်များမှာ စိုးလို့ မတပ်ဖို့ ဆေးရုံက မန်နေဂျာတချို့က ပြောတဲ့အကြောင်းလည်း ညီဖြစ်သူက ပြန်ပြောပြပါတယ်။

ဒါပေမဲ့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး လမ်းညွှန်တွေက လိုအပ်ရင် လိုအပ်သလိုတော့ ပြောင်းလဲနေတာကိုတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ယူကေမှာ အခုချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကာလ ဆေးဝန်ထမ်းတွေ သေဆုံးသူ ၂၇ ဦး ထိရှိနေပါပြီ။ ဒီလို အကြပ်အတည်းကာလမှာ စွန့်စွန့်စားစား တာဝန်ထမ်းဆောင်နေတဲ့ သူတို့ကို ပြည်သူတွေက အထူးကျေးဇူးတင်ကြောင်း စုပေါင်း လက်ခုပ်တီး အားပေးတာလို၊ အိမ်တွေမှာ စာတန်းတွေ ချိတ်ဆွဲပြီး အားပေးတာလိုမျိုးတွေနဲ့ ချီးကျူးအားပေးနေကြပါတယ်။

ဆေး ၁ လက်ရွေးစင် အားကစားသမားဟောင်း ပီတာခင်ထွန်း

ဒေါက်တာ ပီတာခင်ထွန်းက ရန်ကုန် ဆေးတက္ကသိုလ် ၁ ကနေ ၁၉၈၁ မှာ ဘွဲ့ရခဲ့ပြီး ရန်ကုန်မှာ ဆယ်နှစ်လောက် ဆေးကုသခဲ့ပါတယ်။ နောက် ယူကေကို ၁၉၉၄ မှာ ရောက်လာပါတယ်။ နောက်လန်ဒန်နဲ့ ရက်ဒင်းတို့က ဆေးရုံတွေမှာ အလုပ်လုပ်ခဲ့ပြီး နာလန်ထလူနာတွေကို အထူးပြုကုသပေးခဲ့တာ အနှစ် ၂၀ ကျော်လောက်ရှိခဲ့ပါပြီ။

သူက သူ့ဘာသာရပ်အပြင် တခြား ဆေးပညာဆိုင်ရာ အထွေထွေ ဗဟုသုတလည်း နှံ့စပ်တယ်၊ ဗုဒ္ဓဘာသာကို လေးနက်စွာ သက်ဝင်ယုံကြည် ကိုင်းရှိုင်းသူ၊ တရားထိုင်တယ်၊ အလှူအတန်းတွေ အများအပြားလုပ်တယ်လို့ မိသားစုက ဆိုပါတယ်။ အချက်အပြုတ်လည်း ဝါသနာပါပြီး သူ့ဆီ လာလည်မယ့်သူတွေအတွက် သူက ကြိုတင် ဝယ်ယူထားပြီး ချက်ပြုတ်ကျွေးတတ်တယ်လို့ ဆိုပါတယ်။

ပန်းချီလည်းဆွဲတယ်၊ အားကစားလည်းလုပ်တယ်၊ စက်ဘီးကို အဝေးကြီးစီးတယ်၊ ရန်ကုန်ဆေးတက္ကသိုလ် ၁ ရဲ့ သံပြားပစ်နဲ့ သံလုံးပစ် လက်ရွေးစင်လို့လည်း ညီဖြစ်သူက ပြောပါတယ်။

ဒေါက်တာ ပီတာခင်ထွန်းဟာ သူတစ်ဖက်သားကို အစိမ်းအကျက်မရွေး ကူညီတတ်သူ၊ ဆေးပညာ ဗဟုသုတတွေကို မပြတ်လေ့လာနေပြီး သူ့ဆီ ဆက်သွယ်မေးမြန်းလာသမျှကိုလည်း စိတ်ရှည်လက်ရှည်ဖြေကြား လမ်းညွှန်ပေးတတ်သူအဖြစ် ယူကေက မိတ်ဆွေတွေကပြောပြကြပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ဝင်းမာနဲ့ သားနှစ်ဦးတို့ ကျန်ရစ်ပါတယ်။

ဒေါက်တာပီတာခင်ထွန်းကွယ်လွန်ခဲ့ရတဲ့ အပေါ် သူ ၂၁ နှစ်တာ အလုပ်လုပ်ခဲ့တဲ့ Royal Berkshire ကလည်း အထူးဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံ စီအီးအို စတိဗ်မက်မေးနပ်စ်က ဆေးရုံတစ်ခုလုံး ကြေကွဲကြရကြောင်းနဲ့ ပီတာ့ကို လွမ်းဆွတ်သတိရနေကြမှာ ဖြစ်ကြောင်းပြောပါတယ်။

ဒေါက်တာခင်ထွန်းရဲ့ သားနှစ်ယောက်ထံက သတင်းစကားကိုလည်း ဆေးရုံဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ

"သူရဲကောင်းစူပါဟီးရိုးဖခင်အတွက် မိသားစုက အထူးဂုဏ်ယူတဲ့အကြောင်း၊ ကိုယ့်လူနာတိုင်းကို ကိုယ့်မိသားစုဝင်တစ်ယောက်လိုပဲ မှတ်ယူပြီး ပြုစုကုသရမယ်လို့ အမြဲပြောခဲ့တဲ့အကြောင်း" ရေးထားပါတယ်။ မိသားစုအတွက်တော့ ဒေါက်တာခင်ထွန်းဟာ အကောင်းဆုံး လူသားတစ်ဦးဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ခင်မင်သူတွေ နောက်ဆုံးနှုတ်ဆက်

သူ သေဆုံးချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ သူ့မိတ်ဆွေတွေဆီက ဝမ်းနည်းကြ၊ အားပေးနှစ်သိမ့်ကြတဲ့ စကားတွေဟာ မိသားစု ထင်ထားတာထက် အများကြီး ပိုများပြီးရောက်လာခဲ့ပါတယ်။

မိသားစုက အံ့သြလောက်အောင် ခင်မင်ရင်းနှီးသူတွေများတဲ့ သူ့ကို နောက်ဆုံးနှုတ်ဆက်ချိန်မှာတော့ နိုင်ငံကို လော့ဒေါင်းလုပ်ထားချိန်ဖြစ်နေပါတယ်။ ဒါကြောင့် အသုဘအခမ်းအနားမှာ မိသားစုကလွဲလို့ တခြား ချစ်ခင်သူတွေ သူ့ကို လာနှုတ်ဆက်ခွင့်မရဘဲ ခွဲခွာသွားရတော့မှာပါ။

BBC Burmese
https://www.bbc.com/burmese/burma-52341237
ကို႐ိုနာဗိုင္းရပ္စ္ - ကူးစက္မႈၾကား စြန္႔စားကုသရင္း ေသဆုံးခဲ့သူ ကို႐ိုနာဗိုင္းရပ္စ္ - ကူးစက္မႈၾကား စြန္႔စားကုသရင္း ေသဆုံးခဲ့သူ Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.