ကို႐ိုနာဗိုင္းရပ္စ္ - အဆိုးဆုံးအခ်ိန္ကို ေက်ာ္သြားလို႔ အေမရိကန္ကို မၾကာခင္ျပန္ဖြင့္မယ္လို႔ ထရမ့္ေျပာ

ဓာတ္ပုံ မူပိုင္ Getty Images
(Zawgyi)⤵⤵⤵ 

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ အျမင့္ဆုံး အခ်ိန္ကို ေက်ာ္လြန္သြားၿပီ ျဖစ္ၿပီး ျပည္နယ္တခ်ိဳ႕ကို ေလာ့ေဒါင္းခ် ပိတ္ဆို႔ထားတာေတြ ဒီလထဲမွာပဲ ျပန္ဖြင့္ေပးႏိုင္လိမ့္မယ္လို႔ ေျပာပါတယ္။

ၾကာသပေတးေန႔မွာ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ေဆြးေႏြးၿပီးတဲ့အခါ စည္းမ်ဥ္းအသစ္ေတြ ေၾကညာမယ္လို႔ ထရမ့္က အိမ္ျဖဴေတာ္ ေန႔စဥ္သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကပါၿပီ။ အားလုံးပါပဲ။ ႏိုင္ငံကို ျပန္လိုခ်င္ေနပါၿပီ"လို႔ ထရမ့္က ေျပာပါတယ္။

အေမရိကန္မွာ ကူးစက္သူေပါင္း ၆၄၀,၀၀၀ နီးပါးရွိေနၿပီး ေသဆုံးသူက ၃၀,၉၀၀ ေက်ာ္သြားပါၿပီ။

နယူးေယာက္မွာ ေသဆုံးသူေပါင္း ၁၀,၃၆၇ ထိရွိသြားၿပီးေနာက္မွာ အခုလို ထရမ့္ထုတ္ေျပာလိုက္တာ ျဖစ္ပါတယ္။

သမၼတ ထရမ့္ဟာ တားျမစ္ပိတ္ပင္ထားတာေတြ ျပန္ေျဖေလွ်ာ့ေရးနဲ႔ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္မယ္အခ်ိန္နဲ႔ ပတ္သက္ၿပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ သေဘာထား ကြဲလြဲေနပါတယ္။ အခုေတာ့ လမ္းၫႊန္ခ်က္ေတြ ခ်ေပးဖို႔ သူ႔လုပ္ပိုင္ခြင့္အာဏာက အကန္႔အသတ္ ရွိေနပါတယ္။
ေသဆုံးမႈေတြနဲ႔ ပတ္သက္လို႔ ထရမ့္ ဘာေျပာလဲ

"တစ္ႏိုင္ငံလို႔ စာရင္းေတြအရ ကူးစက္မႈ အသစ္ အမ်ားဆုံးအခ်ိန္ကို ေက်ာ္သြားပါၿပီ" လို႔ ထရမ့္က ဗုဒၶဟူးေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီရက္ပိုင္းေတြမွာ ကူးစက္မႈ အျမင့္ဆုံးအေျခအေနကေန တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေန႔စဥ္ကူးစက္မႈေတြ က်လာတယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအဖြဲ႕ အိမ္ျဖဴေတာ္ အရာရွိက ေျပာပါတယ္။

တစ္ကမာၻလုံး ေသဆုံးသူ ၁၃၇,၀၀၀ ေက်ာ္မွာ အေမရိကန္က ေသဆုံးသူ အခ်ိဳးသိသိသာသာ မ်ားခဲ့တာနဲ႔ ပတ္သက္လို႔ ေမးျမန္းရာမွာေတာ့ တျခားႏိုင္ငံေတြက ေသဆုံးႏႈန္းေတြကို လိမ္ညာေျပာခဲ့တာလို႔ ထရမ့္က စြပ္စြဲလိုက္ပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြက ေျပာတဲ့ ကိန္းဂဏန္းေတြကို ယုံတဲ့သူရွိသလားလို႔ သူက တ႐ုတ္ကို နံမည္တပ္ၿပီး ေျပာပါတယ္။

ကိုဗစ္-၁၉ နဲ႔ ဓာတ္ခြဲခန္းစြပ္စြဲမႈ

ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ ေစ်းက ျပန္႔လာတာမဟုတ္ဘဲ ဝူဟန္က ဓာတ္ခြဲခန္းတစ္ခု ထြက္လာလာဆိုတဲ့ အတည္မျပဳႏိုင္တဲ့ သတင္းေတြ ထြက္လာတာနဲ႔ ပတ္သက္ၿပီး အေမရိကန္က ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ အေမရိကန္စစ္တပ္ ညႇိႏႈိင္းကြပ္ကဲေရး အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး မာ့ခ္ မိုင္လီကေတာ့ ဗိုင္းရပ္စ္ဟာ သဘာဝအတိုင္း ျပန္႔လာႏိုင္ေျခရွိတယ္လို႔ပဲ အေမရိကန္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ယူဆထားတယ္လို႔ ဆိုပါတယ္။

ေကာလာဟလေတြ အမ်ားႀကီးထြက္ေနေပမဲ့ စုံစမ္းစစ္ေဆးလို႔ရတဲ့ အခ်က္ေတြက သဘာဝအတိုင္း ျပန္႔လာတယ္လို႔ပဲ ျပေနတယ္လို႔ သူက ေျပာပါတယ္။
ဝူဟန္က ေရထြက္ကုန္ေစ်းကေန တဆင့္စျပန္႔တယ္လို႔လည္း ယူဆမႈေတြရွိ
ဗိုင္းရပ္စ္ထြက္ေပၚလာရာကို ေျခရာခံေလ့လာေနတဲ့ သိပၸံပညာရွင္ေတြက တျခားေတာ႐ိုင္းေကာင္ေတြ အဓိကအားျဖင့္ လင္းႏို႔က စၿပီး ဗိုင္းရပ္စ္ျပန္႔လာႏိုင္ေျခရွိတယ္လို႔ ေျပာပါတယ္။
အေမရိကန္ ေလာ့ေဒါင္း ဘယ္ေတာ့ ၿပီးမလဲ

ေမလ ၁ ရက္ကို ျပန္ဖြင့္ဖို႔ စီစဥ္ထားေပမဲ့ တခ်ိဳ႕ျပည္နယ္ေတြမွာ ဒီ့ထက္ပိုေစာေကာင္းေစာမယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

ေစာေစာျပန္ဖြင့္ရင္ ႀကဳံရႏိုင္တဲ့ ျပႆနာေတြနဲ႔ ပတ္သက္လို႔ေတာ့ ဆက္ပိတ္ထားရင္လည္း ေသဆုံးမႈေတြ ရွိေနနိင္ေသးတယ္လို႔ ထရမ့္က ေျပာပါတယ္။

စီးပြားေရးရပ္ဆိုင္းသြားတာနဲ႔အတူ လူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြအေၾကာင္းကို သူက ထည့္သြင္းေျပာခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈေတြ တားဆီးႏွစ္သိမ့္ေပးဖို႔ ဖြင့္ထားတဲ့ ဖုန္းလိုင္းေတြကို ေခၚဆိုမႈေတြ ေပါက္ကြဲထြက္မတတ္ အဆမတန္မ်ားျပားလာတယ္လို႔ သူက ေျပာပါတယ္။

အခုဆိုရင္ ပိတ္ဆို႔ကန္႔သတ္ ေလာ့ေဒါင္းလုပ္ထားတာေတြေၾကာင့္ အေမရိကန္ႏိုင္ငံသား သန္း ၂၀ ေက်ာ္ အလုပ္လက္မဲ့ ျဖစ္ေနရၿပီး အလုပ္လက္မဲ့ႏႈန္းက မႀကဳံစဖူး စံခ်ိန္တင္ ျမင့္တက္ေနပါတယ္။

လက္လီအေရာင္းဆိုင္ေတြရဲ႕ ေရာင္းအားက မတ္လအတြင္း ၈ ဒႆမ ၇ ရာခိုင္ႏႈန္း ထပ္က်ခဲ့ၿပီး အဲဒါက ၁၉၉၂ ေနာက္ပိုင္း အမ်ားဆုံး ေရာင္းအားက်ဆင္းတာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာပဲ ကြန္နက္တီကပ္၊ မယ္ရီလန္း၊ နယူးေယာက္နဲ႔ ပန္ဆယ္ေဗးနီးယား ျပည္နယ္ေတြမွာ မၾကာခင္ရက္ေတြ အတြင္း လူေတြၾကား သြားလာၾကရင္ ႏွာေခါင္းစည္းေတြ တပ္ၾကဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ထားပါတယ္။

BBC Burmese
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အဆိုးဆုံးအချိန်ကို ကျော်သွားလို့ အမေရိကန်ကို မကြာခင်ပြန်ဖွင့်မယ်လို့ ထရမ့်ပြော

ဓာတ်ပုံ မူပိုင် Getty Images

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် အမြင့်ဆုံး အချိန်ကို ကျော်လွန်သွားပြီ ဖြစ်ပြီး ပြည်နယ်တချို့ကို လော့ဒေါင်းချ ပိတ်ဆို့ထားတာတွေ ဒီလထဲမှာပဲ ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးပြီးတဲ့အခါ စည်းမျဉ်းအသစ်တွေ ကြေညာမယ်လို့ ထရမ့်က အိမ်ဖြူတော် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။ အားလုံးပါပဲ။ နိုင်ငံကို ပြန်လိုချင်နေပါပြီ"လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်မှာ ကူးစက်သူပေါင်း ၆၄၀,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၃၀,၉၀၀ ကျော်သွားပါပြီ။

နယူးယောက်မှာ သေဆုံးသူပေါင်း ၁၀,၃၆၇ ထိရှိသွားပြီးနောက်မှာ အခုလို ထရမ့်ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ တားမြစ်ပိတ်ပင်ထားတာတွေ ပြန်ဖြေလျှော့ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်မယ်အချိန်နဲ့ ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ သဘောထား ကွဲလွဲနေပါတယ်။ အခုတော့ လမ်းညွှန်ချက်တွေ ချပေးဖို့ သူ့လုပ်ပိုင်ခွင့်အာဏာက အကန့်အသတ် ရှိနေပါတယ်။
သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ထရမ့် ဘာပြောလဲ

"တစ်နိုင်ငံလို့ စာရင်းတွေအရ ကူးစက်မှု အသစ် အများဆုံးအချိန်ကို ကျော်သွားပါပြီ" လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီရက်ပိုင်းတွေမှာ ကူးစက်မှု အမြင့်ဆုံးအခြေအနေကနေ တစ်နိုင်ငံလုံးအတိုင်းအတာအရ နေ့စဉ်ကူးစက်မှုတွေ ကျလာတယ်လို့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

တစ်ကမ္ဘာလုံး သေဆုံးသူ ၁၃၇,၀၀၀ ကျော်မှာ အမေရိကန်က သေဆုံးသူ အချိုးသိသိသာသာ များခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တခြားနိုင်ငံတွေက သေဆုံးနှုန်းတွေကို လိမ်ညာပြောခဲ့တာလို့ ထရမ့်က စွပ်စွဲလိုက်ပါတယ်။

တချို့နိုင်ငံတွေက ပြောတဲ့ ကိန်းဂဏန်းတွေကို ယုံတဲ့သူရှိသလားလို့ သူက တရုတ်ကို နံမည်တပ်ပြီး ပြောပါတယ်။

ကိုဗစ်-၁၉ နဲ့ ဓာတ်ခွဲခန်းစွပ်စွဲမှု

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ ဈေးက ပြန့်လာတာမဟုတ်ဘဲ ဝူဟန်က ဓာတ်ခွဲခန်းတစ်ခု ထွက်လာလာဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်က စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ် ညှိနှိုင်းကွပ်ကဲရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လီကတော့ ဗိုင်းရပ်စ်ဟာ သဘာဝအတိုင်း ပြန့်လာနိုင်ခြေရှိတယ်လို့ပဲ အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့က ယူဆထားတယ်လို့ ဆိုပါတယ်။

ကောလာဟလတွေ အများကြီးထွက်နေပေမဲ့ စုံစမ်းစစ်ဆေးလို့ရတဲ့ အချက်တွေက သဘာဝအတိုင်း ပြန့်လာတယ်လို့ပဲ ပြနေတယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝူဟန်က ရေထွက်ကုန်ဈေးကနေ တဆင့်စပြန့်တယ်လို့လည်း ယူဆမှုတွေရှိ

ဗိုင်းရပ်စ်ထွက်ပေါ်လာရာကို ခြေရာခံလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက တခြားတောရိုင်းကောင်တွေ အဓိကအားဖြင့် လင်းနို့က စပြီး ဗိုင်းရပ်စ်ပြန့်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
အမေရိကန် လော့ဒေါင်း ဘယ်တော့ ပြီးမလဲ

မေလ ၁ ရက်ကို ပြန်ဖွင့်ဖို့ စီစဉ်ထားပေမဲ့ တချို့ပြည်နယ်တွေမှာ ဒီ့ထက်ပိုစောကောင်းစောမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

စောစောပြန်ဖွင့်ရင် ကြုံရနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့တော့ ဆက်ပိတ်ထားရင်လည်း သေဆုံးမှုတွေ ရှိနေနိင်သေးတယ်လို့ ထရမ့်က ပြောပါတယ်။

စီးပွားရေးရပ်ဆိုင်းသွားတာနဲ့အတူ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအကြောင်းကို သူက ထည့်သွင်းပြောခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တားဆီးနှစ်သိမ့်ပေးဖို့ ဖွင့်ထားတဲ့ ဖုန်းလိုင်းတွေကို ခေါ်ဆိုမှုတွေ ပေါက်ကွဲထွက်မတတ် အဆမတန်များပြားလာတယ်လို့ သူက ပြောပါတယ်။

အခုဆိုရင် ပိတ်ဆို့ကန့်သတ် လော့ဒေါင်းလုပ်ထားတာတွေကြောင့် အမေရိကန်နိုင်ငံသား သန်း ၂၀ ကျော် အလုပ်လက်မဲ့ ဖြစ်နေရပြီး အလုပ်လက်မဲ့နှုန်းက မကြုံစဖူး စံချိန်တင် မြင့်တက်နေပါတယ်။

လက်လီအရောင်းဆိုင်တွေရဲ့ ရောင်းအားက မတ်လအတွင်း ၈ ဒဿမ ၇ ရာခိုင်နှုန်း ထပ်ကျခဲ့ပြီး အဲဒါက ၁၉၉၂ နောက်ပိုင်း အများဆုံး ရောင်းအားကျဆင်းတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ကွန်နက်တီကပ်၊ မယ်ရီလန်း၊ နယူးယောက်နဲ့ ပန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ မကြာခင်ရက်တွေ အတွင်း လူတွေကြား သွားလာကြရင် နှာခေါင်းစည်းတွေ တပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။

BBC Burmese
ကို႐ိုနာဗိုင္းရပ္စ္ - အဆိုးဆုံးအခ်ိန္ကို ေက်ာ္သြားလို႔ အေမရိကန္ကို မၾကာခင္ျပန္ဖြင့္မယ္လို႔ ထရမ့္ေျပာ ကို႐ိုနာဗိုင္းရပ္စ္ - အဆိုးဆုံးအခ်ိန္ကို ေက်ာ္သြားလို႔ အေမရိကန္ကို မၾကာခင္ျပန္ဖြင့္မယ္လို႔ ထရမ့္ေျပာ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.