အိႏိၵယေရာက္ ျမန္မာသံဃာေတာ္ေတြ ျပန္လည္ပင့္ေဆာင္ဖို႔ စတင္စီစဥ္ေနၿပီ


(Zawgyi/Unicode)

အိႏိၵယႏိုင္ငံ တကၠသိုလ္အသီးသီး တက္ေရာက္ေနတဲ့ သံဃာေတာ္ေတြကို ျမန္မာျပည္ကို ျပန္လည္ပင့္ေဆာင္ဖုိ႔အတြက္ စီစဥ္ေနရာမွာ ေလာေလာဆယ္ အပါး ၁၀၀ ေက်ာ္ ျပန္ဖို႔ စာရင္းေပးပို႔ထားပါတယ္။

ဒါေပမဲ့လည္း အိႏိၵယႏိုင္ငံအတြင္းမွာ အသြားအလာေတြ ျဖတ္ေတာက္ထားတာေၾကာင့္ အိႏိၵယေရာက္ စာသင္သား သံဃာေတာ္ေတြ ေနရပ္ျပန္ေရးဟာ ခက္ခဲေနတယ္ဆုိတဲ့အေၾကာင္းကို တင္ျပသြားပါမယ္။

အိႏိၵယႏိုင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ အသြားအလာေတြ ျဖတ္ေတာက္ၿပီး ေနအိမ္တြင္းမွာေနဖို႔ ထုတ္ျပန္ထားခ်ိန္မွာ ျမန္မာ စာသင္သားသံဃာေတာ္ေတြ ေနရပ္ျပန္ၾကြႏိုင္ေရးအတြက္ သီတဂူဆရာေတာ္ၾကီးက ေလယာဥ္ခရီးစရိတ္ ကုသိုလ္ျပဳ စီစဥ္တာ ျဖစ္ပါတယ္။

ဒီလို ေနရပ္ျပန္ၾကြႏိုင္ေရးအတြက္ အိႏၵိယႏိုင္ငံလုံးဆိုင္ရာ ပညာသင္ျမန္မာရဟန္းေတာ္မ်ား သာယာဖြံ႕ၿဖိဳးေရးအဖြဲ႕က အသိေပးေလွ်ာက္ထားရာမွာ သံဃာအပါး ၁၀၀ ေက်ာ္ စာရင္းေပးလာတယ္လို႔ ျမန္မာရဟန္းေတာ္မ်ား သာယာဖံြ႔ျဖိဳးေရးအဖဲြ႔က အရွင္ ၀ဏၰိတသာရ က မိန္႔ၾကားပါတယ္။

“သီတဂူဆရာေတာ္ဘုရားၾကီးကေတာ့ အားလံုးကို ျပန္ေခၚဖို႔ေတာ့ ၾကိဳးစားေနတာ။ ေလယာဥ္လႊတ္ေပးဖုိ႔ အဲဒီအဆင့္ေတာ့ ေရာက္ေနၿပီ။ စာရင္းက အခုလက္ရိွ ဦးဇင္းတို႔ဆီကို စာရင္းပို႔ထားတာ ၁၀၀ ေက်ာ္တယ္ ဒကာၾကီး။ စာရင္းကေတာ့ ဧၿပီ ၇ ရက္ေန႔ ပိတ္မယ္လို႔ေတာ့ ဥကၠ႒ ဆရာေတြက ေျပာတယ္။”

ေနရပ္ျပန္ဖို႔ စီစဥ္ေနေပမဲ့ စာသင္သားသံဃာေတာ္က သက္ဆိုင္ရာ တကၠသိုလ္နဲ႔ ဌာနဆိုင္ရာေတြဆီက ခြင့္ျပဳခ်က္ရဖို႔ အခက္အခဲရိွေနတယ္လို႔လည္း ဆက္လက္မိန္႔ၾကားပါတယ္။

“အိႏိၵယႏိုင္ငံထဲမွာ ရိွတဲ့လူေတြရဲ့ အခက္အခဲက ဘာျဖစ္ေနလဲဆုိေတာ့ Visa ၊ Passport ရိွရံုနဲ႔ ေလယာဥ္ကြင္းကို တန္းဆင္းလို႔ မရဘူးျဖစ္ေနတဲ့အေနအထားဆုိေတာ့ အိႏိၵယအစိုးရရဲ့ ခြင့္ျပဳခ်က္ရဖို႔ စာရြက္စာတမ္းေတြ လိုတယ္။ အဲဒီလိုတဲ့ စာရြက္စာတမ္းေတြကလည္း တကၠသိုလ္ေတြကလည္း ဌာနေတြ ပိတ္ေနၿပီ။ အဲဒါ အခက္အခဲျဖစ္ေနတာ ဒကာၾကီး။ ဥပမာ ဆုိပါေတာ့ Geography ဆို Geography ဌာန တခုရဲ့ အၾကီးအကဲ အၾကီးအမွဴးရဲ႕ ေထာက္ခံခ်က္လိုတယ္။ အဲဒီေထာက္ခံခ်က္ရမွ ဌာေန ရဲစခန္းကို သြားရမယ္။ ဌာနေန ရဲစခန္းက မွန္ကန္ေၾကာင္း ျပန္လုိ႔ ရပါၿပီဆိုတဲ့ ခြင့္ျပဳခ်က္ရမွ ဦးဇင္းတုိ႔က ေလယာဥ္ကြင္းကို ဆင္းရတာ။ အဲဒီအခက္အခဲျဖစ္ေနတာ။ သို႔ေသာ္ တကၠသိုလ္အသီးသီးက ၾကိဳးစားေနဆဲပဲ ရိွတယ္ ဒကာၾကီး။”

စာသင္သား သံဃာေတာ္ေတြ ျပန္လည္ပင့္ေဆာင္ေရးနဲ႔ ပတ္သက္ၿပီး ျမန္မာသံရံုးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ တာ၀န္ရိွသူ တဦးက အခုလုိ ေျဖၾကားပါတယ္။

“ေလာေလာဆယ္ေတာ့ စီစဥ္ေနတုန္းဆုိေတာ့ ဘာမွ ေသခ်ာေျပာလုိ႔ မရေသးပါဘူး။ ဒီမွာေတာ့ အိႏိၵယမွာေတာ့ ဘယ္သူမွ အိမ္ျပင္ထြက္လုိ႔ မရဘူးေပါ့ေလ။ ျပည္နယ္ တခုနဲ႔ တခုလည္း ကူးလို႔ မရဘူးေပါ့ေလ။ ေနာက္ၿပီးေတာ့ Domestic Flight ေတြလည္း မရိွဘူး။ International Flight ေတြလည္း မရိွဘူးေပါ့။ အခုကေတာ့ စီစဥ္ေနတုန္းေပါ့ေလ။”

ျမန္မာစာသင္သား သံဃာေတာ္ေတြဟာ နယူးေဒလီ၊ ဘီဟာနဲ႔ ဥတၱရာပရာေဒ့ရွ္ျပည္နယ္ေတြက တကၠသိုလ္ေတြမွာ အမ်ားစု တက္ေရာက္ေနၾကတာ ျဖစ္ပါတယ္။ စာရင္းအရ စာသင္သားသံဃာ ၄၀၀ ေက်ာ္ရိွၿပီး အခ်ိဳ႕ကေတာ့ အေစာပိုင္းကတည္း ျမန္မာျပည္ကို ျပန္ၾကြသြားတာေတြလည္း ရိွပါတယ္။

အိႏိၵယႏိုင္ငံဟာ ႏိုင္ငံတကာ ေလေၾကာင္း အ၀င္အထြက္ေတြကို မတ္လ ၁၃ ရက္ေန႔ကေန ဧၿပီလ ၁၅ ရက္ေန႔အထိ ရပ္ဆုိင္းထားမွာျဖစ္ေၾကာင္း မတ္လ ၁၁ ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

လက္ရိွ အိႏိၵယႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁,၈၀၀ ေက်ာ္ရိွၿပီး ေသဆံုးသူ ၅၀ ေလာက္ရိွေနပါတယ္။ ေရာဂါကူးစက္ၿပီး ျပန္လည္က်န္းမာလာသူကေတာ့ ၁၅၀ ေက်ာ္ရိွေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ကိုမိုးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------

အိန္ဒိယရောက် မြန်မာသံဃာတော်တွေ ပြန်လည်ပင့်ဆောင်ဖို့ စတင်စီစဉ်နေပြီ

(Unicode)⤵⤵⤵

အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီး တက်ရောက်နေတဲ့ သံဃာတော်တွေကို မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်ဖို့အတွက် စီစဉ်နေရာမှာ လောလောဆယ် အပါး ၁၀၀ ကျော် ပြန်ဖို့ စာရင်းပေးပို့ထားပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံအတွင်းမှာ အသွားအလာတွေ ဖြတ်တောက်ထားတာကြောင့် အိန္ဒိယရောက် စာသင်သား သံဃာတော်တွေ နေရပ်ပြန်ရေးဟာ ခက်ခဲနေတယ်ဆိုတဲ့အကြောင်းကို တင်ပြသွားပါမယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အသွားအလာတွေ ဖြတ်တောက်ပြီး နေအိမ်တွင်းမှာနေဖို့ ထုတ်ပြန်ထားချိန်မှာ မြန်မာ စာသင်သားသံဃာတော်တွေ နေရပ်ပြန်ကြွနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက လေယာဉ်ခရီးစရိတ် ကုသိုလ်ပြု စီစဉ်တာ ဖြစ်ပါတယ်။

ဒီလို နေရပ်ပြန်ကြွနိုင်ရေးအတွက် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့က အသိပေးလျှောက်ထားရာမှာ သံဃာအပါး ၁၀၀ ကျော် စာရင်းပေးလာတယ်လို့ မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့က အရှင် ဝဏ္ဏိတသာရ က မိန့်ကြားပါတယ်။

“သီတဂူဆရာတော်ဘုရားကြီးကတော့ အားလုံးကို ပြန်ခေါ်ဖို့တော့ ကြိုးစားနေတာ။ လေယာဉ်လွှတ်ပေးဖို့ အဲဒီအဆင့်တော့ ရောက်နေပြီ။ စာရင်းက အခုလက်ရှိ ဦးဇင်းတို့ဆီကို စာရင်းပို့ထားတာ ၁၀၀ ကျော်တယ် ဒကာကြီး။ စာရင်းကတော့ ဧပြီ ၇ ရက်နေ့ ပိတ်မယ်လို့တော့ ဥက္ကဋ္ဌ ဆရာတွေက ပြောတယ်။”

နေရပ်ပြန်ဖို့ စီစဉ်နေပေမဲ့ စာသင်သားသံဃာတော်က သက်ဆိုင်ရာ တက္ကသိုလ်နဲ့ ဌာနဆိုင်ရာတွေဆီက ခွင့်ပြုချက်ရဖို့ အခက်အခဲရှိနေတယ်လို့လည်း ဆက်လက်မိန့်ကြားပါတယ်။

“အိန္ဒိယနိုင်ငံထဲမှာ ရှိတဲ့လူတွေရဲ့ အခက်အခဲက ဘာဖြစ်နေလဲဆိုတော့ Visa ၊ Passport ရှိရုံနဲ့ လေယာဉ်ကွင်းကို တန်းဆင်းလို့ မရဘူးဖြစ်နေတဲ့အနေအထားဆိုတော့ အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်ရဖို့ စာရွက်စာတမ်းတွေ လိုတယ်။ အဲဒီလိုတဲ့ စာရွက်စာတမ်းတွေကလည်း တက္ကသိုလ်တွေကလည်း ဌာနတွေ ပိတ်နေပြီ။ အဲဒါ အခက်အခဲဖြစ်နေတာ ဒကာကြီး။ ဥပမာ ဆိုပါတော့ Geography ဆို Geography ဌာန တခုရဲ့ အကြီးအကဲ အကြီးအမှူးရဲ့ ထောက်ခံချက်လိုတယ်။ အဲဒီထောက်ခံချက်ရမှ ဌာနေ ရဲစခန်းကို သွားရမယ်။ ဌာနနေ ရဲစခန်းက မှန်ကန်ကြောင်း ပြန်လို့ ရပါပြီဆိုတဲ့ ခွင့်ပြုချက်ရမှ ဦးဇင်းတို့က လေယာဉ်ကွင်းကို ဆင်းရတာ။ အဲဒီအခက်အခဲဖြစ်နေတာ။ သို့သော် တက္ကသိုလ်အသီးသီးက ကြိုးစားနေဆဲပဲ ရှိတယ် ဒကာကြီး။”

စာသင်သား သံဃာတော်တွေ ပြန်လည်ပင့်ဆောင်ရေးနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူ တဦးက အခုလို ဖြေကြားပါတယ်။

“လောလောဆယ်တော့ စီစဉ်နေတုန်းဆိုတော့ ဘာမှ သေချာပြောလို့ မရသေးပါဘူး။ ဒီမှာတော့ အိန္ဒိယမှာတော့ ဘယ်သူမှ အိမ်ပြင်ထွက်လို့ မရဘူးပေါ့လေ။ ပြည်နယ် တခုနဲ့ တခုလည်း ကူးလို့ မရဘူးပေါ့လေ။ နောက်ပြီးတော့ Domestic Flight တွေလည်း မရှိဘူး။ International Flight တွေလည်း မရှိဘူးပေါ့။ အခုကတော့ စီစဉ်နေတုန်းပေါ့လေ။”

မြန်မာစာသင်သား သံဃာတော်တွေဟာ နယူးဒေလီ၊ ဘီဟာနဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေက တက္ကသိုလ်တွေမှာ အများစု တက်ရောက်နေကြတာ ဖြစ်ပါတယ်။ စာရင်းအရ စာသင်သားသံဃာ ၄၀၀ ကျော်ရှိပြီး အချို့ကတော့ အစောပိုင်းကတည်း မြန်မာပြည်ကို ပြန်ကြွသွားတာတွေလည်း ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ လေကြောင်း အဝင်အထွက်တွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း မတ်လ ၁၁ နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၀ လောက်ရှိနေပါတယ်။ ရောဂါကူးစက်ပြီး ပြန်လည်ကျန်းမာလာသူကတော့ ၁၅၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-monk-in-india/5356903.html
အိႏိၵယေရာက္ ျမန္မာသံဃာေတာ္ေတြ ျပန္လည္ပင့္ေဆာင္ဖို႔ စတင္စီစဥ္ေနၿပီ အိႏိၵယေရာက္ ျမန္မာသံဃာေတာ္ေတြ ျပန္လည္ပင့္ေဆာင္ဖို႔ စတင္စီစဥ္ေနၿပီ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.