ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာ အေရးေပၚေၾကညာမည္

ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕ရွိ ႏွာေခါင္းစည္းမ်ားတပ္ထားတဲ့ လူတခ်ိဳ႕ (ဧၿပီ ၀၆၊ ၂၀၂၀)
(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံမွာ coronavirus ပိုး ကူးစက္မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ Tokyo ၿမိဳ႕ေတာ္နဲ႔ ခ႐ိုင္ ၆ ခုမွာ အဂၤါေန႔ကစၿပီး အေရးေပၚ အေျခအေန ေၾကညာမယ္လို႔ ဝန္ႀကီးခ်ဳပ္ Shinzo Abe က ေျပာၾကားခဲ့ပါတယ္။

အစိုးရအေနနဲ႔ အေရးေပၚ အေျခအေန ေၾကညာသင့္တယ္လုိ႔ ကၽြမ္းက်င္သူေတြက အႀကံျပဳတဲ့အတြက္ Tokyo ၿမိဳ႕ေတာ္၊ Kanagawa ခ႐ိုင္၊ Saitama ခ႐ိုင္ Chiba ခ်ီဘခ႐ုိင္၊ Osaka ခ႐ိုင္၊ Hyogo ခ႐ိုင္နဲ႔ Fukuoka ခ႐ိုင္ေတြမွာ အေရးေပၚ အေျခအေန ထုတ္ျပန္မယ္လို႔ ဝန္ႀကီးခ်ဳပ္ Shinzo Abe ဒီကေန႔ ေျပာၾကားသြားတာျဖစ္ပါတယ္။

၁ လၾကာ အေရးေပၚ အေျခအေန ထုတ္ျပန္မွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က သတင္းေထာက္ေတြကို ေျပာပါတယ္။ ေရာဂါပိုးကူးစက္မႈ နည္းႏိုင္သမွ် နည္းေအာင္ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ အင္မတန္လိုအပ္တယ္လို႔လည္း ေျပာသြားပါတယ္။

ဝန္ႀကီးခ်ဳပ္ Shinzo Abe ဟာ အေရးေပၚ အေျခအေန ေၾကညာဖုိ႔ ဝန္ေလးေနခဲ့ေပမဲ့ တနဂၤေႏြေန႔ တေန႔ထဲ Tokyo မွာ ေရာဂါပိုးကူးစက္သူ အသစ္ ၁၄၃ ေယာက္ ေတြ႔႐ွိခဲ့ၿပီးေနာက္ ခုလို အေရးေပၚ အေျခအေန ေၾကညာမယ္ဆိုတာ အသိေပးခဲ့တာျဖစ္ပါတယ္။

ဂ်ပန္မွာ coronavirus ပိုးကူးစက္သူ ၃,၅၀၀ ေက်ာ္မွာ ၁,၀၀၀ ေက်ာ္က Tokyo ၿမိဳ႕ေတာ္မွာျဖစ္ပါတယ္။

ဒီကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးကို က်ားကန္ေပးဖုိ႔ အစိုးရက ေဒၚလာ ၁ trillion သံုးစြဲသြားမယ့္ အစီအစဥ္ကိုလည္း ဝန္ႀကီးခ်ဳပ္က ဒီေန႔ေၾကညာပါတယ္။

လိုအပ္ေနတဲ့ မိသားစုေတြအတြက္ ေငြေၾကးေထာက္ပံ့တာနဲ႔ စီးပြားေရးလုပ္ငန္းေတြ အလုပ္အကိုင္ေတြအတြက ေထာက္ပံ့မႈေတြ ေပးသြားမွာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------------

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာ အရေးပေါ်ကြေညာမည်

(Unicode)

ဂျပန်နိုင်ငံမှာ coronavirus ပိုး ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ Tokyo မြို့တော်နဲ့ ခရိုင် ၆ ခုမှာ အင်္ဂါနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာမယ်လို့ ဝန်ကြီးချုပ် Shinzo Abe က ပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုတဲ့အတွက် Tokyo မြို့တော်၊ Kanagawa ခရိုင်၊ Saitama ခရိုင် Chiba ချီဘခရိုင်၊ Osaka ခရိုင်၊ Hyogo ခရိုင်နဲ့ Fukuoka ခရိုင်တွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်မယ်လို့ ဝန်ကြီးချုပ် Shinzo Abe ဒီကနေ့ ပြောကြားသွားတာဖြစ်ပါတယ်။

၁ လကြာ အရေးပေါ် အခြေအနေ ထုတ်ပြန်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ ရောဂါပိုးကူးစက်မှု နည်းနိုင်သမျှ နည်းအောင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်မတန်လိုအပ်တယ်လို့လည်း ပြောသွားပါတယ်။

ဝန်ကြီးချုပ် Shinzo Abe ဟာ အရေးပေါ် အခြေအနေ ကြေညာဖို့ ဝန်လေးနေခဲ့ပေမဲ့ တနင်္ဂနွေနေ့ တနေ့ထဲ Tokyo မှာ ရောဂါပိုးကူးစက်သူ အသစ် ၁၄၃ ယောက် တွေ့ရှိခဲ့ပြီးနောက် ခုလို အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုတာ အသိပေးခဲ့တာဖြစ်ပါတယ်။

ဂျပန်မှာ coronavirus ပိုးကူးစက်သူ ၃,၅၀၀ ကျော်မှာ ၁,၀၀၀ ကျော်က Tokyo မြို့တော်မှာဖြစ်ပါတယ်။

ဒီကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရက ဒေါ်လာ ၁ trillion သုံးစွဲသွားမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ဒီနေ့ကြေညာပါတယ်။

လိုအပ်နေတဲ့ မိသားစုတွေအတွက် ငွေကြေးထောက်ပံ့တာနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်တွေအတွက ထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-covid-19-emergency/5361623.html
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာ အေရးေပၚေၾကညာမည္ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ဂ်ပန္မွာ အေရးေပၚေၾကညာမည္ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.