နယ္စပ္ပိတ္ပင္တဲ့ကာလထပ္တိုး၊ ျမန္မာဘက္ကခိုးဝင္သူကိုတိုင္ၾကားပါက ဆုေၾကးေပးမယ္လို႔တ႐ုတ္အာဏာပိုင္ေတြထုတ္ျပန္

 ျမန္မာႏိုင္ငံဘက္အဝင္အထြက္လုပ္ခြင့္ကို ဧၿပီ ၁ ရက္ေန႔ကတည္းကပိတ္ပင္ထားခဲ့ၿပီး ဧၿပီ ၂၃ ရက္ေန႔မွာ ေနာက္ထပ္ ဇြန္လအထိ ထပ္တိုး
(Zawgyi)⤵⤵⤵
တ႐ုတ္-ျမန္မာ နယ္စပ္ဝင္ထြက္ေပါက္ေတြကတဆင့္ ျမန္မာႏိုင္ငံဘက္အဝင္အထြက္လုပ္ခြင့္ကို တ႐ုတ္ႏိုင္ငံဘက္ကေန ဧၿပီ ၁ ရက္ေန႔ကတည္းကပိတ္ပင္ထားခဲ့ၿပီး ဧၿပီ ၂၃ ရက္ေန႔မွာ ေနာက္ထပ္ ဇြန္လအထိ ထပ္တိုးလိုက္တယ္လို႔ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ေရာက္ျမန္မာလုပ္သားေတြထံကသိရပါတယ္။

ဒီလို ၂လထပ္တိုးရာမွာ ဧၿပီ ၂၄ ရက္ေန႔ကစၿပီး တ႐ုတ္ျမန္မာနယ္စပ္က တရားဝင္ထြက္ေပါက္ ေတြသာ မက ခိုးဝင္ေပါက္ေတြကပါ ျမန္မာဘက္အဝင္အထြက္မရွိေစဖို႔ ခိုးဝင္ထြက္သူ ေတြရွိပါက တိုင္ၾကားသူကို ဆုေၾကးမယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေၾကညာထားတယ္လို႔သိရပါတယ္။

' ' သူတို႔ႏိုင္ငံသားေတြလည္း ျမန္မာဘက္ကို ခိုးမထြက္ဖို႔ ျမန္မာဘက္ကလည္းခိုးမဝင္လာဖို႔ေပါ့။ ဖမ္းမိ တယ္ဆိုရင္ သတ္မွတ္ထားတဲ့ျပစ္ဒဏ္ေပးမယ္ေပါ့။ ခိုးဝင္လာတဲ့တစ္ေယာက္ ေယာက္မွာ ေရာဂါပိုးပါလာခဲ့ ရင္ထိန္းခ်ဳပ္ဖို႔ခက္သြားမယ္ေပါ့။ အခုက ျမန္မာဘက္မွာလည္း ေရာဂါျဖစ္တာေတြက တိုးတိုးလာေနတာ။ နယ္စပ္ကျပန္လာတဲ့သူေတြကလည္း ကြာရန္တင္း ဝင္ဖို႔ အစစ္မခံဘဲထြက္ေျပးတာ ေတြလည္းရွိေနေတာ့ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္တယ္လို႔ပဲျမင္ပါတယ္''လို႔

ေ႐ႊလီၿမိဳ႕အေျခစိုက္ ျပည္ပေရာက္ျမန္မာ ႏိုင္ငံသားေတြကို ကူညီေပးေနတဲ့ မိုးမခေဖာင္ေဒးရွင္းရဲ႕နာယက ျဖစ္သူ ေဒၚမိုးမခ က ဘီဘီစီကိုေျပာပါတယ္။
အေထာက္အထားမဲ့ ျမန္မာလုပ္သားေတြကို ဖမ္းဆီးၿပီး ျမန္မာဘက္ကို ျပန္ပို႔တာေတြကိုလည္း လုပ္ေဆာင္ခဲ့
တ႐ုတ္အာဏာပိုင္ေတြဘက္က ဧၿပီ ၁ ရက္ေန႔ကတည္းက ျမန္မာဘက္အဝင္အထြက္ အားလုံးပိတ္ပင္ရာမွာ တ႐ုတ္ႏိုင္ငံဘက္ေရာက္ေနတဲ့ အေထာက္အထားမဲ့ ျမန္မာလုပ္သားေတြကို ဖမ္းဆီးၿပီး ျမန္မာဘက္ကို ျပန္ပို႔တာေတြကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္။

ျမန္မာ-တ႐ုတ္နယ္စပ္ၿမိဳ႕ေတြျဖစ္တဲ့ ေ႐ႊလီ၊ ၾကယ္ေဂါင္စတဲ့ ၿမိဳ႕အာဏာပိုင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရ တ႐ုတ္-ျမန္မာ နယ္စပ္လုံၿခဳံေရးကို ရဲတပ္ဖြဲ႕ဝင္ေတြအျပင္ စစ္တပ္ကပါ လုံၿခဳံေရး အတြက္ လွည့္လည္ေစာင့္ၾကည့္တာေတြကို လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

' ' ဟိုဘက္ဒီဘက္ ဝင္ဝင္ထြက္ထြက္ကေတာ့ ဘယ္သူကိုမွ ခြင့္မျပဳဘူး။ ခုက စာအုပ္အနီကိုင္ထားသူ ေတြကိုလည္း ေနထိုင္ခြင့္စာအုပ္လုပ္ေပးတယ္။ ျမန္မာဘက္ေတာ့ ျပန္လို႔မရဘူး။ ျပန္ၿပီးရင္လည္း ျပန္ဝင္ခြင့္မေပးဘူး။အရင္က မူဆယ္ဘက္ကေန ေန႔ခ်င္းျပန္ အလုပ္လာလုပ္တဲ့သူေတြရွိတယ္။ အေထာက္အထားမရွိသူေတြေတာ့ လုံးဝလက္မခံဘူး။ အဲလိုေလး ေတြေတာ့ အခက္အခဲေတြရွိတယ္။''လို႔ ေဒၚမိုးမခက ရွင္းျပပါတယ္။

ဒါအျပင္ ယခင္က အေထာက္အထားမဲ့ျမန္မာလုပ္သားေတြ ဖမ္းမိပါက ျမန္မာဘက္ျခမ္းျပန္ပို႔တာ ေတြရွိခဲ့ ေပမယ့္ အခုခ်ိန္မွာေတာ့ သတ္မွတ္ျပစ္ဒဏ္နဲ႔ေထာင္ခ်သြားတာမ်ိဳးေတြရွိလာ ႏိုင္တယ္လို႔လည္း သူမက ျဖည့္စြက္ေျပာျပပါတယ္။

တ႐ုတ္ႏိုင္ငံဘက္မွာ ကို႐ိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားစဥ္က ျမန္မာႏိုင္ငံဘက္ အဝင္အထြက္တင္းၾကပ္တာ မ်ိဳးရွိခဲ့ေပမယ့္ လုံးဝပိတ္ပင္လိုက္တာမ်ိဳးမရွိခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရသူေတြ တိုးလာၿပီးေနာက္ အဝင္အထြက္ပိတ္ပင္တဲ့အျပင္ ခိုးဝင္သူ ေတြကိုတိုင္ၾကားပါက ဆုေၾကးေပးတာကို ပထမဆုံးအေနနဲ႔ စတင္ေၾကညာခဲ့ တာျဖစ္တယ္လို႔ ေ႐ႊလီေရာက္ျမန္မာလုပ္သားေတြကေျပာပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
နယ်စပ်ပိတ်ပင်တဲ့ကာလထပ်တိုး၊ မြန်မာဘက်ကခိုးဝင်သူကိုတိုင်ကြားပါက ဆုကြေးပေးမယ်လို့တရုတ်အာဏာပိုင်တွေထုတ်ပြန်

တရုတ်-မြန်မာ နယ်စပ်ဝင်ထွက်ပေါက်တွေကတဆင့် မြန်မာနိုင်ငံဘက်အဝင်အထွက်လုပ်ခွင့်ကို တရုတ်နိုင်ငံဘက်ကနေ ဧပြီ ၁ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့ပြီး ဧပြီ ၂၃ ရက်နေ့မှာ နောက်ထပ် ဇွန်လအထိ ထပ်တိုးလိုက်တယ်လို့ တရုတ်နိုင်ငံ ရွှေလီမြို့ရောက်မြန်မာလုပ်သားတွေထံကသိရပါတယ်။

ဒီလို ၂လထပ်တိုးရာမှာ ဧပြီ ၂၄ ရက်နေ့ကစပြီး တရုတ်မြန်မာနယ်စပ်က တရားဝင်ထွက်ပေါက် တွေသာ မက ခိုးဝင်ပေါက်တွေကပါ မြန်မာဘက်အဝင်အထွက်မရှိစေဖို့ ခိုးဝင်ထွက်သူ တွေရှိပါက တိုင်ကြားသူကို ဆုကြေးမယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာထားတယ်လို့သိရပါတယ်။

' ' သူတို့နိုင်ငံသားတွေလည်း မြန်မာဘက်ကို ခိုးမထွက်ဖို့ မြန်မာဘက်ကလည်းခိုးမဝင်လာဖို့ပေါ့။ ဖမ်းမိ တယ်ဆိုရင် သတ်မှတ်ထားတဲ့ပြစ်ဒဏ်ပေးမယ်ပေါ့။ ခိုးဝင်လာတဲ့တစ်ယောက် ယောက်မှာ ရောဂါပိုးပါလာခဲ့ ရင်ထိန်းချုပ်ဖို့ခက်သွားမယ်ပေါ့။ အခုက မြန်မာဘက်မှာလည်း ရောဂါဖြစ်တာတွေက တိုးတိုးလာနေတာ။ နယ်စပ်ကပြန်လာတဲ့သူတွေကလည်း ကွာရန်တင်း ဝင်ဖို့ အစစ်မခံဘဲထွက်ပြေးတာ တွေလည်းရှိနေတော့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ လုပ်တယ်လို့ပဲမြင်ပါတယ်''လို့

ရွှေလီမြို့အခြေစိုက် ပြည်ပရောက်မြန်မာ နိုင်ငံသားတွေကို ကူညီပေးနေတဲ့ မိုးမခဖောင်ဒေးရှင်းရဲ့နာယက ဖြစ်သူ ဒေါ်မိုးမခ က ဘီဘီစီကိုပြောပါတယ်။

တရုတ်အာဏာပိုင်တွေဘက်က ဧပြီ ၁ ရက်နေ့ကတည်းက မြန်မာဘက်အဝင်အထွက် အားလုံးပိတ်ပင်ရာမှာ တရုတ်နိုင်ငံဘက်ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပို့တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာ-တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီ၊ ကြယ်ဂေါင်စတဲ့ မြို့အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ကပါ လုံခြုံရေး အတွက် လှည့်လည်စောင့်ကြည့်တာတွေကို လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

' ' ဟိုဘက်ဒီဘက် ဝင်ဝင်ထွက်ထွက်ကတော့ ဘယ်သူကိုမှ ခွင့်မပြုဘူး။ ခုက စာအုပ်အနီကိုင်ထားသူ တွေကိုလည်း နေထိုင်ခွင့်စာအုပ်လုပ်ပေးတယ်။ မြန်မာဘက်တော့ ပြန်လို့မရဘူး။ ပြန်ပြီးရင်လည်း ပြန်ဝင်ခွင့်မပေးဘူး။အရင်က မူဆယ်ဘက်ကနေ နေ့ချင်းပြန် အလုပ်လာလုပ်တဲ့သူတွေရှိတယ်။ အထောက်အထားမရှိသူတွေတော့ လုံးဝလက်မခံဘူး။ အဲလိုလေး တွေတော့ အခက်အခဲတွေရှိတယ်။''လို့ ဒေါ်မိုးမခက ရှင်းပြပါတယ်။

ဒါအပြင် ယခင်က အထောက်အထားမဲ့မြန်မာလုပ်သားတွေ ဖမ်းမိပါက မြန်မာဘက်ခြမ်းပြန်ပို့တာ တွေရှိခဲ့ ပေမယ့် အခုချိန်မှာတော့ သတ်မှတ်ပြစ်ဒဏ်နဲ့ထောင်ချသွားတာမျိုးတွေရှိလာ နိုင်တယ်လို့လည်း သူမက ဖြည့်စွက်ပြောပြပါတယ်။

တရုတ်နိုင်ငံဘက်မှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားစဉ်က မြန်မာနိုင်ငံဘက် အဝင်အထွက်တင်းကြပ်တာ မျိုးရှိခဲ့ပေမယ့် လုံးဝပိတ်ပင်လိုက်တာမျိုးမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူတွေ တိုးလာပြီးနောက် အဝင်အထွက်ပိတ်ပင်တဲ့အပြင် ခိုးဝင်သူ တွေကိုတိုင်ကြားပါက ဆုကြေးပေးတာကို ပထမဆုံးအနေနဲ့ စတင်ကြေညာခဲ့ တာဖြစ်တယ်လို့ ရွှေလီရောက်မြန်မာလုပ်သားတွေကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52378445.0
နယ္စပ္ပိတ္ပင္တဲ့ကာလထပ္တိုး၊ ျမန္မာဘက္ကခိုးဝင္သူကိုတိုင္ၾကားပါက ဆုေၾကးေပးမယ္လို႔တ႐ုတ္အာဏာပိုင္ေတြထုတ္ျပန္ နယ္စပ္ပိတ္ပင္တဲ့ကာလထပ္တိုး၊ ျမန္မာဘက္ကခိုးဝင္သူကိုတိုင္ၾကားပါက ဆုေၾကးေပးမယ္လို႔တ႐ုတ္အာဏာပိုင္ေတြထုတ္ျပန္ Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.