ဒီမုိကရက္ပါတီသမၼတေလာင္း ယွဥ္ၿပိဳင္မႈက Bernie Sanders ႏုတ္ထြက္

Bernie Sanders

(Zawgyi/Unicode)

၂၀၂၀ ႏိုဝင္ဘာလမွာ က်င္းပမယ့္ အေမရိကန္ သမၼတေရြးေကာက္ပြဲအတြက္ လက္ရွိသမၼတ ေဒၚနယ္ထရမ့္နဲ႔ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္တို႔ ၂ ဦးပဲ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရေတာ့မယ့္ အေနထားကို ေရာက္လာၿပီ ျဖစ္ပါတယ္။

ဒီမိုကရက္တစ္ပါတီ ရဲ့ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ ရာမွာ ထိပ္ဆံုးက ေျပးေနသူ တဦးျဖစ္တဲ့ ဗားေမာင့္ျပည္နယ္ကိုယ္စားျပဳ အထက္လႊတ္ေတာ္ အမတ္ ဘာနီဆန္းဒါးစ္က သူ႔မဲဆြယ္ပြဲေတြကို ရပ္ဆိုင္းထားလိုက္ေၾကာင္း ေၾကညာလိုက္တာေၾကာင့္ အခုဆို ဒီမုိကရက္တစ္ပါတီဘက္က ဒုသမၼတေဟာင္း ဘိုင္ဒင္ ပဲ သမၼတ ထရမ့္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ျဖစ္လာတာပါ။

အခုလို မဲဆြယ္ပြဲေတြ ရပ္ပစ္မယ္လို႔ ေျပာၾကားခဲ့တဲ့ ဘာနီဆန္းဒါးစ္က ဂ်ိဳးဘိုင္ဒင္ဟာ အင္မတန္ရိုးသားသူ တဦးျဖစ္ၿပီး သူအေနနဲ႔ တိုးတက္မႈအတြက္ စံထားရမယ့္ကိစၥေတြမွာ အတူတကြေဆာင္ရြက္သြားမယ္လို႔ လည္း ေျပာပါတယ္။

မဲဆြယ္ပြဲေတြ ရပ္ဆုိင္းလုိက္ေပမယ့္ ပါတီတြင္း သမၼတေလာင္း ပဏာမ ေရြးေကာက္ပြဲေတြ က်င္းပမယ့္ ျပည္နယ္ေရြးေကာက္ပြဲ မဲျပားေတြေပၚမွာ Bernie Sanders ရဲ႕ နာမည္ ကေတာ့ ယွဥ္ၿပိဳင္သူအျဖစ္ ဆက္ပါေနမွာျဖစ္ပါတယ္။ မဲဆႏၵရွင္ေတြအေပၚ သူ႔ရဲ႕ ႏုိင္ငံေရးအေတြးအေခၚ အယူအဆေတြ လႊမ္းမိုးႏုိင္ေအာင္ ဆက္လႈံ႕ေဆာ္ႏုိင္ဖုိ႔ ရည္ရြယ္ၿပီး မဲျပားေတြေပၚမွာ သူ႔နာမည္ ဆက္ထားမယ္လုိ႔ Bernie Sanders က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကိုရိုနာဗုိင္းရပ္စ္ ဒဏ္ သိပ္မဆိုးဝါးခင္ကတည္းက ဂ်ိဳးဘိုင္ဒင္ က သူ႔ကို ေထာက္ခံတဲ့ ကိုယ္စားလွယ္ဦးေရ ဘာနီဆန္းဒါးစ္ ထက္ ပိုရထားတာ ျဖစ္ပါတယ္။ အဂၤါေန႔က Wisconsin မွာ က်င္းပတဲ့ အႀကိဳေရြးေကာက္ပြဲ မွာလည္း ရလဒ္ကို ေရွ႕သီတင္းပတ္ထဲ ေၾကညာမွာ ျဖစ္ေပမယ့္ မဲေပးအၿပီး စစ္တမ္းေတြ အရ ဂ်ိဳးဘိုင္ဒင္ကပဲ အသာရေနတာပါ။

ဒါေၾကာင့္ ႏိုဝင္ဘာ ၃ ရက္ေန႔ က်င္းပမယ့္ သမၼတေလာင္း ေရြးေကာက္ပြဲမွာ အသက္ ၇၃ ႏွစ္ ရွိၿပီျဖစ္တဲ့ ထရမ့္နဲ႔ အသက္ ၇၇ ရွိၿပီျဖစ္တဲ့ ဘိုင္ဒင္တို႔ ၂ ဦးသာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖုိ႔ ရွိေနပါတယ္။


.............

ဒီမိုကရက်ပါတီသမ္မတလောင်း ယှဉ်ပြိုင်မှုက Bernie Sanders နုတ်ထွက်

(Unicode)

၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ ၂ ဦးပဲ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မယ့် အနေထားကို ရောက်လာပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရာမှာ ထိပ်ဆုံးက ပြေးနေသူ တဦးဖြစ်တဲ့ ဗားမောင့်ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော် အမတ် ဘာနီဆန်းဒါးစ်က သူ့မဲဆွယ်ပွဲတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်တာကြောင့် အခုဆို ဒီမိုကရက်တစ်ပါတီဘက်က ဒုသမ္မတဟောင်း ဘိုင်ဒင် ပဲ သမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်ရဖို့ ဖြစ်လာတာပါ။

အခုလို မဲဆွယ်ပွဲတွေ ရပ်ပစ်မယ်လို့ ပြောကြားခဲ့တဲ့ ဘာနီဆန်းဒါးစ်က ဂျိုးဘိုင်ဒင်ဟာ အင်မတန်ရိုးသားသူ တဦးဖြစ်ပြီး သူအနေနဲ့ တိုးတက်မှုအတွက် စံထားရမယ့်ကိစ္စတွေမှာ အတူတကွဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

မဲဆွယ်ပွဲတွေ ရပ်ဆိုင်းလိုက်ပေမယ့် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲ မဲပြားတွေပေါ်မှာ Bernie Sanders ရဲ့ နာမည် ကတော့ ယှဉ်ပြိုင်သူအဖြစ် ဆက်ပါနေမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအပေါ် သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ် အယူအဆတွေ လွှမ်းမိုးနိုင်အောင် ဆက်လှုံ့ဆော်နိုင်ဖို့ ရည်ရွယ်ပြီး မဲပြားတွေပေါ်မှာ သူ့နာမည် ဆက်ထားမယ်လို့ Bernie Sanders က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဒဏ် သိပ်မဆိုးဝါးခင်ကတည်းက ဂျိုးဘိုင်ဒင် က သူ့ကို ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေ ဘာနီဆန်းဒါးစ် ထက် ပိုရထားတာ ဖြစ်ပါတယ်။ အင်္ဂါနေ့က Wisconsin မှာ ကျင်းပတဲ့ အကြိုရွေးကောက်ပွဲ မှာလည်း ရလဒ်ကို ရှေ့သီတင်းပတ်ထဲ ကြေညာမှာ ဖြစ်ပေမယ့် မဲပေးအပြီး စစ်တမ်းတွေ အရ ဂျိုးဘိုင်ဒင်ကပဲ အသာရနေတာပါ။

ဒါကြောင့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် သမ္မတလောင်း ရွေးကောက်ပွဲမှာ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထရမ့်နဲ့ အသက် ၇၇ ရှိပြီဖြစ်တဲ့ ဘိုင်ဒင်တို့ ၂ ဦးသာ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/bernie-sanders-withdraw/5365356.html
ဒီမုိကရက္ပါတီသမၼတေလာင္း ယွဥ္ၿပိဳင္မႈက Bernie Sanders ႏုတ္ထြက္ ဒီမုိကရက္ပါတီသမၼတေလာင္း ယွဥ္ၿပိဳင္မႈက Bernie Sanders ႏုတ္ထြက္ Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.