ျပင္ဦးလြင္ X-Ray စက္ ေျပာင္းေ႐ႊ႕မယ့္ေနရာက ေဒသခံေတြကန႔္ကြက္

(Zawgyi)⤵⤵⤵
မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဝက္ဝံေက်း႐ြာမွာ ယာယီထားရွိထားတဲ့ X-Ray စက္ေၾကာင့္ ေက်း႐ြာအတိုက္ အခိုက္ခံရမွာ စိုးရိမ္လို႔ ဒီစက္ေျပာင္းေ႐ြ႕ေပးဖို႔ ေဒသခံေတြက ေတာင္းဆိုလိုက္ပါတယ္။

"ဒီ X-Ray စက္ကို ျပင္ဦးလြင္ၿမိဳ႕နယ္ ဝက္ဝံေက်း႐ြာ ႐ြာထိပ္ကိုလာထားတာ အခ်ိန္သုံးလခန႔္ရွိပါၿပီ၊ ဒီစက္က ေန႔တိုင္းေတာ့ စစ္ေဆးမႈမလုပ္ေပမဲ့ တခါတရံမွာ စစ္ေဆးမႈလုပ္တယ္လို႔ ေျပာပါတယ္။ ဒီစက္နဲ႔စစ္ေဆးတဲ့ အခါမွာ လမ္းေတြပိတ္တာ၊ သြားလာရခက္တာ၊ ေနာက္တစ္ခ်က္ အဓိကစိုးရိမ္တာကေတာ့ X Ray စက္ေၾကာင့္ ႐ြာကိုလက္နက္ႀကီးနဲ႔ ထုခံရမွာကို စိုးရိမ္ေနၾကတာပါ"

မဟာမိတ္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ သုံးဖြဲ႕က ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ၁၅ ရက္ေန႔က ေနာင္ခ်ိဳဘက္ အထြက္က စစ္ေဆးေရးဂိတ္ကို တိုက္ခိုက္တာဟာ မူးယစ္ေဆးသယ္ေဆာင္လာမႈကို စစ္ေဆးႏိုင္တဲ့ X Ray စက္ ကို ပစ္မွတ္ထားတာလို႔ တပ္မေတာ္က စြပ္စြဲထားပါတယ္။ ဒါေၾကာင့္ ႐ြာသားေတြက ႐ြာထိပ္က X Ray စက္ တိုက္ခိုက္ဖ်က္ဆီးခံရရင္ ႐ြာကိုပါ ထိခိုက္ႏိုင္တယ္ဆိုၿပီး စိုးရိမ္ေနၾကတာပါ။

X-ray  စက္မထားဖို႔ ကန႔္ကြက္တာ မဟုတ္ေၾကာင္းနဲ႔ ႐ြာနဲ႔လြတ္ကင္းတဲ့ေနရာကို ေ႐ြ႕ေပးေစခ်င္တာေၾကာင့္ ကန႔္ကြက္တာျဖစ္ေၾကာင္း ဝက္ဝံေက်း႐ြာက ေဒသခံ ကိုေက်ာ္ထြန္းလင္း ကေျပာပါတယ္။

“လူေနထူထပ္တဲ့ ႐ြာလယ္ေခါင္မွာထားရင္ ျပည္သူေတြကို ျပည္သူတံတိုင္းျဖစ္ေနတာေပါ့၊ ဒါမ်ိဳးဂိတ္ေတြက ပစ္ခတ္ခံရတယ္။ ပစ္ခတ္ခံရတဲ့အခ်ိန္မွာ အခုဆိုရင္ တ႐ုတ္ျပည္နယ္စပ္ကေန ျပင္ဦးလြင္ထိပစ္ခံရၿပီ၊ ႐ြာလယ္ ေခါင္မွာထားရင္ မပစ္ဘူးလို႔ ဘယ္သူက တာဝန္ယူႏိုင္တုန္း"

ေနရာေျပာင္းေ႐ြ႕ေပးဖို႔အတြက္ သက္ဆိုင္ရာတာဝန္ရွိသူေတြကို စာေပးပို႔ေတာင္းဆိုထားၿပီး စက္ထားရွိဖို႔ေနရာ သုံးခုကိုလည္း အႀကံျပဳတင္ျပထားတယ္လို႔ ေျပာၾကပါတယ္။

အႀကံျပဳတင္ျပထားတဲ့ေနရာေတြက ဂုတ္တြင္းအတက္လမ္း၊ ထင္းရႈးစိုက္ခင္း(ပိုးစာၿခံ)နဲ႔ ေနာင္လုံးေက်း႐ြာ အလြန္က ပြဲေကာက္ဆည္ဝင္ေပါက္လမ္းအနီး ယူကလစ္ေတာဆိုၿပီး တင္ျပထားတယ္လို႔ ဆိုပါတယ္။

ဒီစက္ႀကီး အနားမွာရွိေနတဲ့အတြက္ ကားဘီးေပါက္သံၾကားရင္ေတာင္ လက္နက္ႀကီးနဲ႔ လာပစ္တာလားဆိုတဲ့ အေတြးဝင္လာၿပီး စိုးရိမ္ေနရတယ္လို႔ ဝက္ဝံေက်႐ြာကေဒသခံ ဦးသက္ဦး က ေျပာပါတယ္။

"အထိတ္တလန႔္နဲ႔ေနရတာ၊ ရဲစခန္း၊ ႐ြာ လူသားတံတိုင္းလာလုပ္တာလို႔ တြက္ခ်က္တယ္။ သူတို႔က်ေနာ္တို႔႐ြာ ေရာက္လာေတာ့ သြားေရးလာေရးတအားကို ခက္ခဲေနတာ၊ ႐ြာနားမွာလုံးဝမရွိသင့္ဘူးလို႔ ေျပာခ်င္တယ္"

X-Ray စက္ကို မႏၲေလး-လားရႈိး ျပည္ေထာင္စုလမ္းမႀကီးျဖစ္တဲ့ ဝက္ဝံေက်း႐ြာမွာ စက္အေသးထားရွိ ထားတာျဖစ္ၿပီး စက္အႀကီးနဲ႔ ပုံမွန္စစ္ေဆးေနမႈကို လက္တေလာ ျပင္ဦးလြင္ၿမိဳ႕ အထြက္မွာ စစ္ေဆးေနတာပါ။

ျပင္ဦးလြင္ၿမိဳ႕အထြက္မွာ ထားရွိထားတဲ့ စက္အႀကီး ဒီေနရာကို ေ႐ြ႕ေျပာင္းလာမွာကို စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၁၀ ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ျပင္ဦးလြင္ၿမိဳ႕မွာ လူထုေတြ႕ဆုံပြဲ က်င္းပခဲ့ခ်ိန္ကလည္း ေဒသခံေတြက စိုးရိမ္ခ်က္ေတြကို တင္ျပခဲ့ပါတယ္။

အဲဒီတင္ျပခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔အတူပါလာတဲ့ မႏၲေလးတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္မင္းက ဝက္ဝံေက်း႐ြာဟာ ေရွာင္ကြင္းလမ္းမရွိဘဲ သင့္ေတာ္တဲ့ေနရာျဖစ္တဲ့အတြက္ အစိုးရကေ႐ႊ႕ေျပာင္းဖို႔ သတ္မွတ္ထားတာျဖစ္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။

"စက္နဲ႔ပတ္သက္ၿပီးေတာ့ မႏၲေလးတိုင္းက ျမန္မာႏိုင္ငံအတြက္ အခ်က္အျခာက်တဲ့ေဒသျဖစ္ပါတယ္။ တိုင္းေဒသ ႀကီးကေန ျဖတ္သန္းၿပီးေတာ့ လက္နက္ခဲယမ္းေတြ၊ မူးယစ္ေဆးဝါးေတြ ျဖတ္သန္းလွ်က္ရွိပါတယ္။ ဒါကိုလက္ရွိ လုပ္ေနတဲ့ေနရာက ေရွာင္ကြင္းလမ္းေတြမ်ားျပားတယ္၊ ေရွာင္သြားေနလို႔ မူးယစ္ေဆးဝါး၊ လက္နက္ခဲယမ္းေတြ ထိထိေရာက္ေရာက္ မတားဆီးႏိုင္ပါဘူး"

ေဒသခံတစ္ဦးျဖစ္တဲ့ ဦးေမာင္ေလးကလည္း သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ေျမျပင္ကို ကြင္းဆင္းစစ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

"ေျမျပင္အေနအထားကိုမသိဘဲနဲ႔ ဒီေနရာေလးေကာင္းပါတယ္ဆိုတဲ့ စကားက မွန္ကန္တယ္၊ မမွန္ကန္ဘူး ေျပာတဲ့သူကသိပါတယ္။ ကြင္းဆင္းၾကည့္ပါ၊ လိုအပ္တဲ့အကူညီ ေက်း႐ြာက ပူးေပါင္းပါ့မယ္"

ေတာင္းဆိုခ်က္ေတြ မရဘူးဆိုရင္ ဆက္ၿပီးဆႏၵျပေတာင္းဆိုသြားမယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ပြင်ဦးလွင် X-Ray စက် ပြောင်းရွှေ့မယ့်နေရာက ဒေသခံတွေကန့်ကွက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာမှာ ယာယီထားရှိထားတဲ့ X-Ray စက်ကြောင့် ကျေးရွာအတိုက် အခိုက်ခံရမှာ စိုးရိမ်လို့ ဒီစက်ပြောင်းရွေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

"ဒီ X-Ray စက်ကို ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ရွာထိပ်ကိုလာထားတာ အချိန်သုံးလခန့်ရှိပါပြီ၊ ဒီစက်က နေ့တိုင်းတော့ စစ်ဆေးမှုမလုပ်ပေမဲ့ တခါတရံမှာ စစ်ဆေးမှုလုပ်တယ်လို့ ပြောပါတယ်။ ဒီစက်နဲ့စစ်ဆေးတဲ့ အခါမှာ လမ်းတွေပိတ်တာ၊ သွားလာရခက်တာ၊ နောက်တစ်ချက် အဓိကစိုးရိမ်တာကတော့ X Ray စက်ကြောင့် ရွာကိုလက်နက်ကြီးနဲ့ ထုခံရမှာကို စိုးရိမ်နေကြတာပါ"

မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၅ ရက်နေ့က နောင်ချိုဘက် အထွက်က စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာဟာ မူးယစ်ဆေးသယ်ဆောင်လာမှုကို စစ်ဆေးနိုင်တဲ့ X Ray စက် ကို ပစ်မှတ်ထားတာလို့ တပ်မတော်က စွပ်စွဲထားပါတယ်။ ဒါကြောင့် ရွာသားတွေက ရွာထိပ်က X Ray စက် တိုက်ခိုက်ဖျက်ဆီးခံရရင် ရွာကိုပါ ထိခိုက်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြတာပါ။

X-ray  စက်မထားဖို့ ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ ရွာနဲ့လွတ်ကင်းတဲ့နေရာကို ရွေ့ပေးစေချင်တာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ဝက်ဝံကျေးရွာက ဒေသခံ ကိုကျော်ထွန်းလင်း ကပြောပါတယ်။

“လူနေထူထပ်တဲ့ ရွာလယ်ခေါင်မှာထားရင် ပြည်သူတွေကို ပြည်သူတံတိုင်းဖြစ်နေတာပေါ့၊ ဒါမျိုးဂိတ်တွေက ပစ်ခတ်ခံရတယ်။ ပစ်ခတ်ခံရတဲ့အချိန်မှာ အခုဆိုရင် တရုတ်ပြည်နယ်စပ်ကနေ ပြင်ဦးလွင်ထိပစ်ခံရပြီ၊ ရွာလယ် ခေါင်မှာထားရင် မပစ်ဘူးလို့ ဘယ်သူက တာဝန်ယူနိုင်တုန်း"

နေရာပြောင်းရွေ့ပေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို စာပေးပို့တောင်းဆိုထားပြီး စက်ထားရှိဖို့နေရာ သုံးခုကိုလည်း အကြံပြုတင်ပြထားတယ်လို့ ပြောကြပါတယ်။

အကြံပြုတင်ပြထားတဲ့နေရာတွေက ဂုတ်တွင်းအတက်လမ်း၊ ထင်းရှုးစိုက်ခင်း(ပိုးစာခြံ)နဲ့ နောင်လုံးကျေးရွာ အလွန်က ပွဲကောက်ဆည်ဝင်ပေါက်လမ်းအနီး ယူကလစ်တောဆိုပြီး တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒီစက်ကြီး အနားမှာရှိနေတဲ့အတွက် ကားဘီးပေါက်သံကြားရင်တောင် လက်နက်ကြီးနဲ့ လာပစ်တာလားဆိုတဲ့ အတွေးဝင်လာပြီး စိုးရိမ်နေရတယ်လို့ ဝက်ဝံကျေရွာကဒေသခံ ဦးသက်ဦး က ပြောပါတယ်။

"အထိတ်တလန့်နဲ့နေရတာ၊ ရဲစခန်း၊ ရွာ လူသားတံတိုင်းလာလုပ်တာလို့ တွက်ချက်တယ်။ သူတို့ကျနော်တို့ရွာ ရောက်လာတော့ သွားရေးလာရေးတအားကို ခက်ခဲနေတာ၊ ရွာနားမှာလုံးဝမရှိသင့်ဘူးလို့ ပြောချင်တယ်"

X-Ray စက်ကို မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ဝက်ဝံကျေးရွာမှာ စက်အသေးထားရှိ ထားတာဖြစ်ပြီး စက်အကြီးနဲ့ ပုံမှန်စစ်ဆေးနေမှုကို လက်တလော ပြင်ဦးလွင်မြို့ အထွက်မှာ စစ်ဆေးနေတာပါ။

ပြင်ဦးလွင်မြို့အထွက်မှာ ထားရှိထားတဲ့ စက်အကြီး ဒီနေရာကို ရွေ့ပြောင်းလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မြို့မှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ချိန်ကလည်း ဒေသခံတွေက စိုးရိမ်ချက်တွေကို တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူပါလာတဲ့ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဝက်ဝံကျေးရွာဟာ ရှောင်ကွင်းလမ်းမရှိဘဲ သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် အစိုးရကရွှေ့ပြောင်းဖို့ သတ်မှတ်ထားတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

"စက်နဲ့ပတ်သက်ပြီးတော့ မန္တလေးတိုင်းက မြန်မာနိုင်ငံအတွက် အချက်အခြာကျတဲ့ဒေသဖြစ်ပါတယ်။ တိုင်းဒေသ ကြီးကနေ ဖြတ်သန်းပြီးတော့ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းလျှက်ရှိပါတယ်။ ဒါကိုလက်ရှိ လုပ်နေတဲ့နေရာက ရှောင်ကွင်းလမ်းတွေများပြားတယ်၊ ရှောင်သွားနေလို့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေ ထိထိရောက်ရောက် မတားဆီးနိုင်ပါဘူး"

ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင်လေးကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြေပြင်ကို ကွင်းဆင်းစစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

"မြေပြင်အနေအထားကိုမသိဘဲနဲ့ ဒီနေရာလေးကောင်းပါတယ်ဆိုတဲ့ စကားက မှန်ကန်တယ်၊ မမှန်ကန်ဘူး ပြောတဲ့သူကသိပါတယ်။ ကွင်းဆင်းကြည့်ပါ၊ လိုအပ်တဲ့အကူညီ ကျေးရွာက ပူးပေါင်းပါ့မယ်"

တောင်းဆိုချက်တွေ မရဘူးဆိုရင် ဆက်ပြီးဆန္ဒပြတောင်းဆိုသွားမယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ျပင္ဦးလြင္ X-Ray စက္ ေျပာင္းေ႐ႊ႕မယ့္ေနရာက ေဒသခံေတြကန႔္ကြက္ ျပင္ဦးလြင္ X-Ray စက္ ေျပာင္းေ႐ႊ႕မယ့္ေနရာက ေဒသခံေတြကန႔္ကြက္ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.