၅၉ (စ) ျပင္ဆင္ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္

ျပည္ေထာင္စုလႊတ္ေတာ္ကို တက္ေရာက္မဲေပးၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ၂၀၂၀ မတ္ ၁၁ရက္ေန႔က ေတြ႕ရစဥ္  / Photo: RFA
(Zawgyi)⤵⤵⤵
ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရးကို ကန႔္သတ္ထားတဲ့ ၂ဝဝ၈  ဖြဲ႕စည္းပြဲအေျခခံဥပေဒ ပုဒ္မ ၅၉ (စ) အပါအဝင္ ျပင္ဆင္ခ်က္ေတြကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီေန႔ ဒုတိယေန႔အျဖစ္ မဲခြဲဆုံးျဖတ္ရာမွာ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြရဲ႕ မဲ ၈ဝ ရာခိုင္ႏႈန္းေက်ာ္ ရခဲ့ေပမယ့္ တပ္မေတာ္သားေတြရဲ႕ ေထာက္ခံမႈ မရတဲ့အတြက္ ရႈံးနိမ့္သြားပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီေန႔ ဆႏၵမဲေပးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၆၃၅ ဦးထဲမွာ ပုဒ္မ ၅၉ (စ)နဲ႔ ပတ္သက္လို႔ ေထာက္ခံမဲ ၃၉၃ မဲသာရခဲ့တဲ့အတြက္ လုံေလာက္တဲ့ ၇၅% ေက်ာ္ မရခဲ့ပဲ ရႈံးနိမ့္ခဲ့ပါတယ္။ ဒီေန႔ မဲခြဲဆုံးျဖတ္ရာမွာ ေ႐ြးေကာက္ခံကိုယ္စားလွယ္အားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္းေက်ာ္က ေထာက္ခံမဲေပးခဲ့ေပမယ့္ ေ႐ြးေကာက္ခံမဟုတ္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈမရတဲ့အတြက္ ရႈံးနိမ့္သြားတာလို႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ လွမိုး ဒီေန႔ ရႈံးနိမ့္ရတာနဲ႔ပတ္သက္လို႔ အခုလို မွတ္ခ်က္ခ်ပါတယ္။

"ဘာမွအေထြအထူး ေျပာစရာမရွိပါဘူး။ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ရဲ႕ ၈၅ % အထက္က ေထာက္ခံ ထားတာ။ ေ႐ြးေကာက္ခံကိုယ္စားလွယ္ အမ်ားစုေနာ္။ ၈၅ % အထက္က ေထာက္ခံထားတာျဖစ္တယ္။ ၅၉ စ ဆိုလို႔ရွိရင္ ၄၀၀ မေက်ာ္ဘူးေပါ့။ ၄၀၀ မေက်ာ္ဘူးဆိုတဲ့အတြက္ ၈၀% နီးပါးက ေထာက္ခံထားတာျဖစ္တယ္။ ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၈၀% နီးပါးက ေထာက္ခံထားတာကို ျပင္ဆင္ခြင့္မရဘူးျဖစ္တဲ့အတြက္ ဆရာတို႔ အေနနဲ႔ေတာ့ စိတ္မေကာင္းဘူးေပါ့။"

ပုဒ္မ ၅၉ (စ) ပယ္ဖ်က္ေရး မူၾကမ္းကို တပ္မေတာ္သား ကိုယ္စားလွယ္ ၁၆၆ ဦး၊ ႀကံ့ခိုင္ေရးပါတီက ၄၀ ဦး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီက ၁ ဦးက ကန႔္ကြက္မဲေပးခဲ့တယ္လို႔ ခန႔္မွန္းရပါတယ္။ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးကေတာ့ ပုဒ္မ ၅၉ စ ကို မျပင္ဖို႔ ဆုံးျဖတ္လိုက္တာက တစ္ႏိုင္ငံလုံးရဲ႕ ေအာင္ပြဲလို႔ ဆိုပါတယ္။

"တစ္ႏိုင္ငံလုံးအတြက္ ေအာင္ပြဲလို႔ ေျပာရမွာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီျပဌာန္းထားတဲ့ ဥပေဒက ကိုယ့္ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ကိုယ့္ႏိုင္ငံေတာ္သူ ႏိုင္ငံသားေတြရဲ႕ လက္ထဲမွာရွိေအာင္ တျခား ဘယ္ျပည္ပ ပေယာဂကမွ ဝင္မစြက္ဖက္ႏိုင္ေအာင္ ဒီဟာကို ျပည့္ျပည့္စုံစုံ ျပဌာန္းထားတာေလ ျပည့္ျပည့္စုံစုံ ျပဌာန္းထားတာကို ျပည္သူအမ်ားစုလက္ခံတယ္၊ ယုံၾကည္တယ္။ ဒါကို ပယ္ဖ်က္တာကို မလိုလားဘူး ဒီအတြက္ ဒါအားလုံးနဲ႔ သက္ဆိုင္တဲ့ ေအာင္ျမင္မႈလို႔ပဲ ျမင္ပါတယ္။"

ေပးခဲ့တဲ့ မဲအေရအတြက္နဲ႔ တက္လာတဲ့ ကိုယ္စားလွယ္စားရင္းေတြအရ NLD ပါတီနဲ႔ တိုင္းရင္းသားပါတီေတြက အမတ္ စုစုေပါင္း ၄၂၈ ဦးထဲက ၅၉ (စ) ကို ေထာက္ခံတဲ့ ကိုယ္စားလွယ္ ၃၉၃ ဦးရွိတဲ့အတြက္ တိုင္းရင္းသား ပါတီေတြထဲကလည္း ကန႔္ကြက္သူ ၃၅ ဦးခန႔္ ရွိႏိုင္ပါတယ္။ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ၃၇၇ ဒီေန႔ တက္ေရာက္မဲေပးခဲ့တာျဖစ္ၿပီး ပုဒ္မ တစ္ခု ေအာင္ျမင္ဖို႔ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၉၁ ဦးရဲ႕ မဲ လိုအပ္ပါတယ္။ တိုင္းရင္းသားကိုယ္စားလွယ္ေတြက ကန႔္ကြက္ခဲ့ပုံရွိတဲ့အတြက္ ဒီပုဒ္မအေပၚ တိုင္းရင္းသား ကိုယ္စားလွယ္ေတြက သိပ္ေထာက္ခံမႈမရွိတဲ့ သေဘာျဖစ္ပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေဒၚေအာင္ဆန္းစုၾကည္ သမၼတ မျဖစ္ေအာင္ ကန႔္သတ္ထားတယ္ဆိုၿပီး အျပန္အလွန္စြပ္စြဲေနတဲ့ ဒီပုဒ္မအေပၚ တိုင္းရင္းသားေတြက သိပ္အေလးအနက္မထားပါဘူးလို႔ ေျပာပါတယ္။

"ပုဒ္မ ၅၉ ( စ) က်ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အတြက္ ရည္႐ြယ္ၿပီးေတာ့ ျပဌာန္းထားတာလို႔ ဒီဘက္က စြပ္စြဲသလို ဒီဘက္ကလည္း တကယ္ပဲ အဲဒီအခြင့္အေရးကို ေဒၚေအာင္ဆန္းစုၾကည္အတြက္ လိုခ်င္ေနတာလား ဆိုတဲ့အေပၚမွာ စဥ္းစားရမွာျဖစ္ပါတယ္။ က်ေနာ္တို႔ တိုင္းရင္းသားေတြ အေနနဲ႔ကေတာ့ လူတစ္ဦး တစ္ေယာက္ သမၼတ ျဖစ္ဖို႔အတြက္၊ ေနာက္ၿပီးေတာ့ သမၼတ မျဖစ္ဖို႔အတြက္ က်ေနာ္တို႔ စိတ္ထဲမွာ အဲေလာက္ အေလးအနက္မထားပါဘူး။ ဒါကေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြ႕ရဲ႕ ခံယူခ်က္ေပါ့။"

ဒီေန႔ မဲခြဲဆုံးျဖတ္ရာမွာ ထူးျခားခ်က္က NLD ပါတီက ဦးထြန္းထြန္းဟိန္ ဦးေဆာင္တဲ့ ကာလုံနဲ႔ပတ္သက္တဲ့ ပုဒ္မေတြ ျပင္ဆင္ခြင့္ ရႈံးနိမ့္ခဲ့သလို၊  ႀကံ့ခိုင္ေရးပါတီက ေဒါက္တာ ေမာင္သင္းနဲ႔ ဦးစိုင္းသန္းႏိုင္တို႔ တင္သြင္းတဲ့ ကာလုံနဲ႔ပတ္သက္တဲ့ အဆို မူၾကမ္း ပုဒ္မေတြလည္း တစ္ခုမွ မေအာင္ျမင္ခဲ့ပါဘူး။

အဲဒါေတြကေတာ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ကာလုံကို ျပန္လည္ဖြဲ႕စည္းတဲ့ ပုဒ္မ ၂၀၁၊ ပုဒ္မ ၁၄၁ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာရွိတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ အေရအတြက္ ‌ေလွ်ာ့ခ်ေရး၊ ပုဒ္မ ၄၁၀၊ ၄၁၁ မွာ အေရးေပၚ အေျခအေန ေၾကညာျခင္းနဲ႔ ပတ္သက္ၿပီး ကာလုံနဲ႔ ကာလုံရဲ႕ လုပ္ပိုင္ခြင့္ကို ေလွ်ာ့ခ်တဲ့ ျပင္ဆင္ခ်က္ စတဲ့ ပုဒ္မေတြ ပါဝင္ပါတယ္။

ႀကံ့ခိုင္ေရးပါတီက ဦးစိုင္းသန္းႏိုင္ တင္ျပတဲ့ ကာလုံရဲ႕ လုပ္ပိုင္ခြင့္ကို တိုးျမင့္တဲ့ အခ်က္ေတြထဲမွာ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းမွာ အျပန္အလွန္ထိန္းေက်ာင္းမႈ ယိုယြင္းလာရင္ လႊတ္ေတာ္ေတြကို ဖ်က္သိမ္းဖို႔ သင့္ မသင့္ အႀကံေပးဖို႔၊ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ သုံးပုံ တစ္ပုံနဲ႔အထက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လစ္လပ္သြားရင္ လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ အႀကံျပဳႏိုင္တဲ့ အခ်က္ေတြျဖစ္ပါတယ္။

NLD ဦးထြန္းထြန္းဟိန္း ဦးေဆာင္တင္ျပတဲ့ ကာလုံကို ျပင္ဆင္တဲ့ အခ်က္ထဲမွာ လက္ရွိ ကာလုံထဲမွာပါဝင္တဲ့ နယ္စပ္ေရးရာဝန္ႀကီးကို ထုတ္ပယ္ၿပီး အမ်ိဳးသားလႊတ္ေတာ္ ဒုတိယ ဥကၠဌနဲ႔ ျပည္သူ႔လႊတ္ေတာ္ ဒုတိယ ဥကၠဌ တို႔ကို အသစ္ထည့္သြင္းဖို႔ ျဖစ္ပါတယ္။ ဒီျပင္ဆင္ခ်က္မူၾကမ္းေတြလည္း ၇၅ ရာႏႈန္းေထာက္ခံမႈမရတဲ့အတြက္ ရႈံးနိမ့္ခဲ့ပါတယ္။

ႀကံ့ခိုင္ေရးပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက တပ္မေတာ္သားကိုယ္စားလွယ္ေတြရဲ႕ သေဘာတူညီခ်က္မပါဘဲ မေအာင္ျမင္ႏိုင္တာကို သိလ်က္နဲ႔ မဲခြဲဆုံးျဖတ္တာ ဘာေၾကာင့္လဲလို႔ ေမးခြန္း ထုတ္ပါတယ္။

"အခန္း ၁၂ နဲ႔ သြားမယ္ဆိုရင္ ပုဒ္မ ၄၃၆ အရ တပ္မေတာ္သားေတြရဲ႕ သေဘာတူညီခ်က္ တပ္မေတာ္သားေတြ ရဲ႕ ေထာက္ခံမႈမပါဘဲနဲ႔ ဒါမျပင္ႏိုင္ဘူးဆိုတာ အေျခခံဥပေဒအရ သိေနတာပဲေလ။ သို႔ေသာ္လည္းပဲ ဒါေတြကို ညႇိႏႈိင္းေဆာင္႐ြက္မႈမရွိဘဲနဲ႔ အခုလို ေဆာင္႐ြက္တာကိုက တျခား မေမွ်ာ္မွန္းႏိုင္တဲ့ ရည္႐ြယ္ခ်က္ေတြ ရွိႏိုင္တဲ့အေနအထားရွိတာေပါ့။ ဒါေပမဲ့ ခုနေျပာသလို ၂၀၂၀ ေ႐ြးေကာက္ပြဲကို သြားမလားမသြားဘူးလား သူ႔အတြက္ သက္ေရာက္မႈရွိလား မရွိလားဆိုတာကို ႀကိဳမေျပာႏိုင္ဘူး။"

NLD ပါတီရဲ႕ ဒုတိယ ဥကၠဌတစ္ဦးျဖစ္တဲ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ေဆြးေႏြးေနရင္းနဲ႔ ပူးေပါင္းလာမယ္လို႔ ယူဆၿပီး ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့တာလို႔ ျပည္တြင္း သတင္းမီဒီယာတစ္ခုကို မေန႔က ေျပာထားပါတယ္။

မနက္ျဖန္ ၃-ရက္ေျမာက္ေန႔မွာ စုစုေပါင္း ပုဒ္မ ၁၄-ခု ကို မဲခြဲမွာျဖစ္ၿပီး ဖြဲ႕စည္းပုံ အခန္း-၁၁ အေရးေပၚကာလ ေၾကျငာခ်က္မ်ားနဲ႔ သက္ဆိုင္တဲ့ ပုဒ္မ-၄၁၂, ၄၁၃, ၄၁၅, ၄၁၇, ၄၁၈ နဲ႔ ၄၂၁ ျပင္ဆင္ခ်က္ေတြျဖစ္ပါတယ္။

အဲဒီပုဒ္မေတြအရ လုပ္ပိုင္ခြင့္ေပးထားတဲ့ "တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ကာလုံရဲ႕ လုပ္ပိုင္ခြင့္ေတြ"ကို အန္အယ္ဒီ-ပါတီက ဦးထြန္းထြန္းဟိန္ ဦးေဆာင္တင္သြင္းတဲ့ မူၾကမ္းမွာ ျပင္ဆင္တာ ပယ္ဖ်က္တာေတြ ျပဳလုပ္ထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
၅၉ (စ) ပြင်ဆင်ရေး NLD ကြိုးပမ်းချက် လွှတ်တော်မှာရှုံးနိမ့်

ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်မဲပေးကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ၂၀၂၀ မတ် ၁၁ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂ဝဝ၈  ဖွဲ့စည်းပွဲအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အပါအဝင် ပြင်ဆင်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဒုတိယနေ့အဖြစ် မဲခွဲဆုံးဖြတ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ မဲ ၈ဝ ရာခိုင်နှုန်းကျော် ရခဲ့ပေမယ့် တပ်မတော်သားတွေရဲ့ ထောက်ခံမှု မရတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆန္ဒမဲပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၆၃၅ ဦးထဲမှာ ပုဒ်မ ၅၉ (စ)နဲ့ ပတ်သက်လို့ ထောက်ခံမဲ ၃၉၃ မဲသာရခဲ့တဲ့အတွက် လုံလောက်တဲ့ ၇၅% ကျော် မရခဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရွေးကောက်ခံကိုယ်စားလှယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးခဲ့ပေမယ့် ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုမရတဲ့အတွက် ရှုံးနိမ့်သွားတာလို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး ဒီနေ့ ရှုံးနိမ့်ရတာနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ချပါတယ်။

"ဘာမှအထွေအထူး ပြောစရာမရှိပါဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ်ရဲ့ ၈၅ % အထက်က ထောက်ခံ ထားတာ။ ရွေးကောက်ခံကိုယ်စားလှယ် အများစုနော်။ ၈၅ % အထက်က ထောက်ခံထားတာဖြစ်တယ်။ ၅၉ စ ဆိုလို့ရှိရင် ၄၀၀ မကျော်ဘူးပေါ့။ ၄၀၀ မကျော်ဘူးဆိုတဲ့အတွက် ၈၀% နီးပါးက ထောက်ခံထားတာဖြစ်တယ်။ ရွေးကောက်ခံကိုယ်စားလှယ် ၈၀% နီးပါးက ထောက်ခံထားတာကို ပြင်ဆင်ခွင့်မရဘူးဖြစ်တဲ့အတွက် ဆရာတို့ အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့။"

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး မူကြမ်းကို တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ ကြံ့ခိုင်ရေးပါတီက ၄၀ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ ဦးက ကန့်ကွက်မဲပေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကတော့ ပုဒ်မ ၅၉ စ ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တာက တစ်နိုင်ငံလုံးရဲ့ အောင်ပွဲလို့ ဆိုပါတယ်။

"တစ်နိုင်ငံလုံးအတွက် အောင်ပွဲလို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီပြဌာန်းထားတဲ့ ဥပဒေက ကိုယ့်နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်နိုင်ငံတော်သူ နိုင်ငံသားတွေရဲ့ လက်ထဲမှာရှိအောင် တခြား ဘယ်ပြည်ပ ပယောဂကမှ ဝင်မစွက်ဖက်နိုင်အောင် ဒီဟာကို ပြည့်ပြည့်စုံစုံ ပြဌာန်းထားတာလေ ပြည့်ပြည့်စုံစုံ ပြဌာန်းထားတာကို ပြည်သူအများစုလက်ခံတယ်၊ ယုံကြည်တယ်။ ဒါကို ပယ်ဖျက်တာကို မလိုလားဘူး ဒီအတွက် ဒါအားလုံးနဲ့ သက်ဆိုင်တဲ့ အောင်မြင်မှုလို့ပဲ မြင်ပါတယ်။"

ပေးခဲ့တဲ့ မဲအရေအတွက်နဲ့ တက်လာတဲ့ ကိုယ်စားလှယ်စားရင်းတွေအရ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေက အမတ် စုစုပေါင်း ၄၂၈ ဦးထဲက ၅၉ (စ) ကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၃၉၃ ဦးရှိတဲ့အတွက် တိုင်းရင်းသား ပါတီတွေထဲကလည်း ကန့်ကွက်သူ ၃၅ ဦးခန့် ရှိနိုင်ပါတယ်။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၇၇ ဒီနေ့ တက်ရောက်မဲပေးခဲ့တာဖြစ်ပြီး ပုဒ်မ တစ်ခု အောင်မြင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးရဲ့ မဲ လိုအပ်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပုံရှိတဲ့အတွက် ဒီပုဒ်မအပေါ် တိုင်းရင်းသား ကိုယ်စားလှယ်တွေက သိပ်ထောက်ခံမှုမရှိတဲ့ သဘောဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် ကန့်သတ်ထားတယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေတဲ့ ဒီပုဒ်မအပေါ် တိုင်းရင်းသားတွေက သိပ်အလေးအနက်မထားပါဘူးလို့ ပြောပါတယ်။

"ပုဒ်မ ၅၉ ( စ) ကျတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်ပြီးတော့ ပြဌာန်းထားတာလို့ ဒီဘက်က စွပ်စွဲသလို ဒီဘက်ကလည်း တကယ်ပဲ အဲဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အတွက် လိုချင်နေတာလား ဆိုတဲ့အပေါ်မှာ စဉ်းစားရမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ လူတစ်ဦး တစ်ယောက် သမ္မတ ဖြစ်ဖို့အတွက်၊ နောက်ပြီးတော့ သမ္မတ မဖြစ်ဖို့အတွက် ကျနော်တို့ စိတ်ထဲမှာ အဲလောက် အလေးအနက်မထားပါဘူး။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေ့ရဲ့ ခံယူချက်ပေါ့။"

ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ ထူးခြားချက်က NLD ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ကာလုံနဲ့ပတ်သက်တဲ့ ပုဒ်မတွေ ပြင်ဆင်ခွင့် ရှုံးနိမ့်ခဲ့သလို၊  ကြံ့ခိုင်ရေးပါတီက ဒေါက်တာ မောင်သင်းနဲ့ ဦးစိုင်းသန်းနိုင်တို့ တင်သွင်းတဲ့ ကာလုံနဲ့ပတ်သက်တဲ့ အဆို မူကြမ်း ပုဒ်မတွေလည်း တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။

အဲဒါတွေကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံကို ပြန်လည်ဖွဲ့စည်းတဲ့ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၄၁ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ‌လျှော့ချရေး၊ ပုဒ်မ ၄၁၀၊ ၄၁၁ မှာ အရေးပေါ် အခြေအနေ ကြေညာခြင်းနဲ့ ပတ်သက်ပြီး ကာလုံနဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပြင်ဆင်ချက် စတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

ကြံ့ခိုင်ရေးပါတီက ဦးစိုင်းသန်းနိုင် တင်ပြတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြင့်တဲ့ အချက်တွေထဲမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းလာရင် လွှတ်တော်တွေကို ဖျက်သိမ်းဖို့ သင့် မသင့် အကြံပေးဖို့၊ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် သုံးပုံ တစ်ပုံနဲ့အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ အကြံပြုနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

NLD ဦးထွန်းထွန်းဟိန်း ဦးဆောင်တင်ပြတဲ့ ကာလုံကို ပြင်ဆင်တဲ့ အချက်ထဲမှာ လက်ရှိ ကာလုံထဲမှာပါဝင်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို ထုတ်ပယ်ပြီး အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ တို့ကို အသစ်ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်မူကြမ်းတွေလည်း ၇၅ ရာနှုန်းထောက်ခံမှုမရတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်မပါဘဲ မအောင်မြင်နိုင်တာကို သိလျက်နဲ့ မဲခွဲဆုံးဖြတ်တာ ဘာကြောင့်လဲလို့ မေးခွန်း ထုတ်ပါတယ်။

"အခန်း ၁၂ နဲ့ သွားမယ်ဆိုရင် ပုဒ်မ ၄၃၆ အရ တပ်မတော်သားတွေရဲ့ သဘောတူညီချက် တပ်မတော်သားတွေ ရဲ့ ထောက်ခံမှုမပါဘဲနဲ့ ဒါမပြင်နိုင်ဘူးဆိုတာ အခြေခံဥပဒေအရ သိနေတာပဲလေ။ သို့သော်လည်းပဲ ဒါတွေကို ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲနဲ့ အခုလို ဆောင်ရွက်တာကိုက တခြား မမျှော်မှန်းနိုင်တဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်တဲ့အနေအထားရှိတာပေါ့။ ဒါပေမဲ့ ခုနပြောသလို ၂၀၂၀ ရွေးကောက်ပွဲကို သွားမလားမသွားဘူးလား သူ့အတွက် သက်ရောက်မှုရှိလား မရှိလားဆိုတာကို ကြိုမပြောနိုင်ဘူး။"

NLD ပါတီရဲ့ ဒုတိယ ဥက္ကဌတစ်ဦးဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးနေရင်းနဲ့ ပူးပေါင်းလာမယ်လို့ ယူဆပြီး ပြင်ဆင်ဖို့ ကြိုးစားခဲ့တာလို့ ပြည်တွင်း သတင်းမီဒီယာတစ်ခုကို မနေ့က ပြောထားပါတယ်။

မနက်ဖြန် ၃-ရက်မြောက်နေ့မှာ စုစုပေါင်း ပုဒ်မ ၁၄-ခု ကို မဲခွဲမှာဖြစ်ပြီး ဖွဲ့စည်းပုံ အခန်း-၁၁ အရေးပေါ်ကာလ ကြေငြာချက်များနဲ့ သက်ဆိုင်တဲ့ ပုဒ်မ-၄၁၂, ၄၁၃, ၄၁၅, ၄၁၇, ၄၁၈ နဲ့ ၄၂၁ ပြင်ဆင်ချက်တွေဖြစ်ပါတယ်။

အဲဒီပုဒ်မတွေအရ လုပ်ပိုင်ခွင့်ပေးထားတဲ့ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေ"ကို အန်အယ်ဒီ-ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာ ပြင်ဆင်တာ ပယ်ဖျက်တာတွေ ပြုလုပ်ထားပါတယ်။

RFA Burmese
https://www.rfa.org
၅၉ (စ) ျပင္ဆင္ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္ ၅၉ (စ) ျပင္ဆင္ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.