တပ္မေတာ္ပါဝင္ခြင့္ ေလွ်ာ့ခ်ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္

(Zawgyi)⤵⤵⤵
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က NLD ဦးေဆာင္ႀကိဳးစားေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးထဲက “ႏိုင္ငံေရးဦးေဆာင္မႈမွာ တပ္မေတာ္ပါဝင္တာကို ေလွ်ာ့ခ်တဲ့ျပင္ဆင္ခ်က္" အပါအဝင္၊ အေရးႀကီးတဲ့ပုဒ္မ ၁၂ ခုကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီေန႔စတင္ မဲခြဲဆုံးျဖတ္ရာမွာ ေထာက္ခံမဲ (၇၅) ရာခိုင္ႏႈန္းေက်ာ္မရတဲ့ အတြက္ ရႈံးနိမ့္သြားပါတယ္။

လႊတ္ေတာ္မွာ ဆႏၵမဲေပးခြင့္ရွိတဲ့သူ ၆၅၄ ဦး ရွိတဲ့အထဲက ကိုယ္စားလွယ္ ၆၃၃ ဦးသာ ဒီေန႔ အစည္းအေဝးမွာ တက္ေရာက္မဲေပးခဲ့ၾကၿပီး ကိုယ္စားလွယ္ ၂၁ ဦးက ခြင့္တိုင္ၾကားခဲ့ပါတယ္။  ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၃၆ မွာ ျပဌာန္းထားတဲ့အတိုင္းဆိုရင္ ကိုယ္စားလွယ္အားလုံးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္၊ စုစုေပါင္း ၄၉၁ မဲ ရမွာသာ ျပင္ဆင္ႏိုင္မွာပါ။

ႏိုင္ငံေရးမွာ တပ္မေတာ္အခန္းက႑ ေလွ်ာ့ခ်ႏိုင္ေရး NLD ပါတီက ျပင္ဆင္ထားတဲ့ ပုဒ္မေတြကို တိုင္းရင္းသားပါတီေတြက ေထာက္ခံၾကတဲ့အတြက္ မဲအေရအတြက္ ေလးရာေက်ာ္ ရရွိခဲ့ေပမယ့္ ျပင္ဆင္ႏိုင္တဲ့ ေထာက္ခံမဲအေရအတြက္ ၄၉၁ မဲအထိ မရတဲ့အတြက္ မူလအတိုင္းဆက္ထားဖို႔ လႊတ္ေတာ္က ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ဒီေန႔ရလဒ္က  ျပည္သူေတြေမွ်ာ္လင့္သလို ျဖစ္မလာတဲ့အတြက္ ဆႏၵေတြျပည့္မသြားဘူးလို႔ NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္က ေျပာပါတယ္။

"ႏိုင္ငံေတာ္ ျပဳျပင္ေျပာင္းလဲခ်င္တဲ့ အတြက္ေၾကာင့္ ျပည္သူလူထုအားလုံးကလည္း ဒီဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ေမွ်ာ္လင့္တာပဲေလ။ ဒီေန႔ဆိုရင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ဒါကို ေစာင့္ၾကည့္ေနတယ္ဆိုေတာ့... ေျပာမယ္ဆိုရင္ ျပည္သူလူထုရဲ႕ ဆႏၵမျပည့္ဝဘူးလို႔ပဲ ေျပာရမွာေပါ့။ ျပည္သူလူထု သေဘာထားအတိုင္း၊ ျပည္သူ လိုခ်င္ေတာင့္တတဲ့အတိုင္း မျဖစ္လာဘူးလို႔ ေျပာႏိုင္ပါတယ္"

မဲခြဲတဲ့အထဲမွာ ပုဒ္မ ႏွစ္ခုသာ ျပင္ဆင္ဖို႔ ေထာက္ခံမဲ ရခဲ့ပါတယ္။ အဲဒီႏွစ္ခုကေတာ့ အေျခခံဥပေဒပုဒ္မ ၃၂ (က) နဲ႔ ပုဒ္မ ၃၂ (ခ) မွာ ေရးထားတဲ့ "အိုမင္းမစြမ္း" ဆိုတဲ့ စကားရပ္ကို  "သက္ႀကီး႐ြယ္အို" ဆိုတဲ့စကားရပ္နဲ႔ အစားထိုးဖို႔၊ "မသန္မစြမ္း"လို႔ ေရးထားတဲ့စကားရပ္ ေတြကို "မသန္စြမ္း"လို႔ ျပင္ဆင္ဖို႔ဆိုတဲ့ ပုဒ္မႏွစ္ခုပဲ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရခဲ့ပါတယ္။

အဲဒီ ပုဒ္မ ၂ ခုျပင္ဆင္ႏိုင္တာကလည္း တပ္မေတာ္ရဲ႕ ေထာက္ခံခ်က္မဲေတြေၾကာင့္ ျဖစ္တဲ့အတြက္၊ ေနာက္ပိုင္း ပုဒ္မေတြကိုေတာ့ ျပင္ဆင္ႏိုင္ဖို႔ ခက္ခဲႏိုင္တယ္လို႔ ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းသီဟေက်ာ္က ေျပာပါတယ္။

"မသန္မစြမ္းကေန မသန္စြမ္း ျပင္ဆင္ႏိုင္တဲ့အေနအထား ေတြ႕ရတယ္။ ဒါလည္းပဲ ႏိုင္ငံတကာ သေဘာတူညီခ်က္ေတြနဲ႔ သက္ဆိုင္တဲ့ပုဒ္မ ျဖစ္ေနတဲ့အတြက္ေၾကာင့္ သေဘာတူတယ္လို႔ ယူဆပါတယ္။ တျခားပုဒ္မေတြကေတာ့ ေျပာရတာခက္ပါတယ္။ ဒီေန႔ၾကည့္လိုက္ရင္ သိပ္ၿပီးေတာ့ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရဖို႔ ခက္ခဲမယ္လို႔ ထင္ပါတယ္"

ဒီေန႔မဲခြဲဆုံးျဖတ္ခဲ့တဲ့ ပုဒ္မ ၊ ပုဒ္မခြဲ ၁၄ ခုမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို လက္နက္ကိုင္တပ္ဖြဲ႕အားလုံးရဲ႕ အႀကီးအကဲအျဖစ္ သတ္မွတ္တာကို ပယ္ဖ်က္ဖို႔ ျပင္ဆင္ခ်က္နဲ႔၊ တပ္မေတာ္အခန္းက႑ကို ေလွ်ာ့ခ်ဖို႔ျပင္ဆင္တဲ့ ပုဒ္မေတြ အမ်ားစု ပါဝင္ပါတယ္။

ဒီေန႔မဲရလဒ္အေပၚ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြရဲ႕ သေဘာထားကို RFA က ေမးျမန္းခဲ့ေပမယ့္ လက္ခံေျဖဆိုမယ့္သူ တေယာက္မွ မရွိပါဘူး။

NLD ဦးေဆာင္တဲ့ ၄၅ ဦးေကာ္မတီကေတာ့ တပ္မေတာ္သားကိုယ္စားလွယ္ ႏွစ္ဆယ့္ငါးရာခိုင္ႏႈန္း လႊတ္ေတာ္ထဲ ပါဝင္ေနတာကို လႊတ္ေတာ္သက္တမ္းအလိုက္ တစ္ဆင့္ခ်င္း ေလွ်ာ့ခ်သြားဖို႔ ၊ ပုဒ္မ ၂၀ (ဂ) မွာ ျပဌာန္းထားတဲ့ "တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ လက္နက္ကိုင္တပ္ဖြဲ႕အားလုံးရဲ႕ အႀကီးအကဲျဖစ္တယ္" ဆိုတာကိုပယ္ဖ်က္ဖို႔ အဆိုျပဳထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ပုဒ္မ ၁၇ (ခ) မွာ ျပဌာန္းထားတဲ့ ကာကြယ္ေရး၊ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးေတြ ၊ တိုင္းနဲ႔ ျပည္နယ္အစိုးရထဲမွာပါမယ့္ နယ္လုံဝန္ႀကီးေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခန႔္အပ္ခြင့္ရွိတာကိုလည္း ပယ္ဖ်က္ဖို႔ ၊ တိုင္းျပည္မွာ အေရးေပၚအေျခအေန ျဖစ္လာရင္ တပ္မေတာ္က ဖြဲ႕စည္းပုံပါ သတ္မွတ္ခ်က္ေတြနဲ႔အညီ  ႏိုင္ငံေတာ္အာဏာကို ရယူသုံးစြဲခြင့္ရွိတယ္လို႔ ျပဌာန္းထားတာကိုလည္း၊  "တပ္မေတာ္" ဆိုတဲ့ ေနရာမွာ ျပည္ေထာင္စုလႊတ္ေတာ္က ႏိုင္ငံေတာ္အာဏာကို သမၼတဦးေဆာင္ၿပီး တာဝန္ယူ ေဆာင္႐ြက္ႏိုင္မယ့္ အစီအစဥ္တစ္ရပ္ကို အတည္ျပဳရမယ္" ဆိုၿပီး ျပင္ဆင္ဖို႔ NLD က အဆိုျပဳထားတာပါ။

မနက္ျဖန္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတျဖစ္ခြင့္ကေန ဟန႔္တားထားတဲ့ ပုဒ္မ ၅၉ (စ)ကို ပယ္ဖ်က္ဖို႔၊ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို  အရပ္သားအမ်ားစုနဲ႔ ျပင္ဆင္ဖြဲ႕စည္းဖို႔ NLD ဘက္က အဆိုျပဳခ်က္ေတြ ပါဝင္တဲ့ ပုဒ္မေတြကို မဲခြဲဆုံးျဖတ္ၾကမွာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်မတော်ပါဝင်ခွင့် လျှော့ချရေး NLD ကြိုးပမ်းချက် လွှတ်တော်မှာရှုံးနိမ့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က NLD ဦးဆောင်ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထဲက “နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်တာကို လျှော့ချတဲ့ပြင်ဆင်ချက်" အပါအဝင်၊ အရေးကြီးတဲ့ပုဒ်မ ၁၂ ခုကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့စတင် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ (၇၅) ရာခိုင်နှုန်းကျော်မရတဲ့ အတွက် ရှုံးနိမ့်သွားပါတယ်။

လွှတ်တော်မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ၆၅၄ ဦး ရှိတဲ့အထဲက ကိုယ်စားလှယ် ၆၃၃ ဦးသာ ဒီနေ့ အစည်းအဝေးမှာ တက်ရောက်မဲပေးခဲ့ကြပြီး ကိုယ်စားလှယ် ၂၁ ဦးက ခွင့်တိုင်ကြားခဲ့ပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ မှာ ပြဌာန်းထားတဲ့အတိုင်းဆိုရင် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်၊ စုစုပေါင်း ၄၉၁ မဲ ရမှာသာ ပြင်ဆင်နိုင်မှာပါ။

နိုင်ငံရေးမှာ တပ်မတော်အခန်းကဏ္ဍ လျှော့ချနိုင်ရေး NLD ပါတီက ပြင်ဆင်ထားတဲ့ ပုဒ်မတွေကို တိုင်းရင်းသားပါတီတွေက ထောက်ခံကြတဲ့အတွက် မဲအရေအတွက် လေးရာကျော် ရရှိခဲ့ပေမယ့် ပြင်ဆင်နိုင်တဲ့ ထောက်ခံမဲအရေအတွက် ၄၉၁ မဲအထိ မရတဲ့အတွက် မူလအတိုင်းဆက်ထားဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီနေ့ရလဒ်က  ပြည်သူတွေမျှော်လင့်သလို ဖြစ်မလာတဲ့အတွက် ဆန္ဒတွေပြည့်မသွားဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

"နိုင်ငံတော် ပြုပြင်ပြောင်းလဲချင်တဲ့ အတွက်ကြောင့် ပြည်သူလူထုအားလုံးကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်တာပဲလေ။ ဒီနေ့ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒါကို စောင့်ကြည့်နေတယ်ဆိုတော့... ပြောမယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒမပြည့်ဝဘူးလို့ပဲ ပြောရမှာပေါ့။ ပြည်သူလူထု သဘောထားအတိုင်း၊ ပြည်သူ လိုချင်တောင့်တတဲ့အတိုင်း မဖြစ်လာဘူးလို့ ပြောနိုင်ပါတယ်"

မဲခွဲတဲ့အထဲမှာ ပုဒ်မ နှစ်ခုသာ ပြင်ဆင်ဖို့ ထောက်ခံမဲ ရခဲ့ပါတယ်။ အဲဒီနှစ်ခုကတော့ အခြေခံဥပဒေပုဒ်မ ၃၂ (က) နဲ့ ပုဒ်မ ၃၂ (ခ) မှာ ရေးထားတဲ့ "အိုမင်းမစွမ်း" ဆိုတဲ့ စကားရပ်ကို  "သက်ကြီးရွယ်အို" ဆိုတဲ့စကားရပ်နဲ့ အစားထိုးဖို့၊ "မသန်မစွမ်း"လို့ ရေးထားတဲ့စကားရပ် တွေကို "မသန်စွမ်း"လို့ ပြင်ဆင်ဖို့ဆိုတဲ့ ပုဒ်မနှစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရခဲ့ပါတယ်။

အဲဒီ ပုဒ်မ ၂ ခုပြင်ဆင်နိုင်တာကလည်း တပ်မတော်ရဲ့ ထောက်ခံချက်မဲတွေကြောင့် ဖြစ်တဲ့အတွက်၊ နောက်ပိုင်း ပုဒ်မတွေကိုတော့ ပြင်ဆင်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။

"မသန်မစွမ်းကနေ မသန်စွမ်း ပြင်ဆင်နိုင်တဲ့အနေအထား တွေ့ရတယ်။ ဒါလည်းပဲ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ သက်ဆိုင်တဲ့ပုဒ်မ ဖြစ်နေတဲ့အတွက်ကြောင့် သဘောတူတယ်လို့ ယူဆပါတယ်။ တခြားပုဒ်မတွေကတော့ ပြောရတာခက်ပါတယ်။ ဒီနေ့ကြည့်လိုက်ရင် သိပ်ပြီးတော့ ၇၅ ရာခိုင်နှုန်းကျော်ရဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်"

ဒီနေ့မဲခွဲဆုံးဖြတ်ခဲ့တဲ့ ပုဒ်မ ၊ ပုဒ်မခွဲ ၁၄ ခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲအဖြစ် သတ်မှတ်တာကို ပယ်ဖျက်ဖို့ ပြင်ဆင်ချက်နဲ့၊ တပ်မတော်အခန်းကဏ္ဍကို လျှော့ချဖို့ပြင်ဆင်တဲ့ ပုဒ်မတွေ အများစု ပါဝင်ပါတယ်။

ဒီနေ့မဲရလဒ်အပေါ် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA က မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ တယောက်မှ မရှိပါဘူး။

NLD ဦးဆောင်တဲ့ ၄၅ ဦးကော်မတီကတော့ တပ်မတော်သားကိုယ်စားလှယ် နှစ်ဆယ့်ငါးရာခိုင်နှုန်း လွှတ်တော်ထဲ ပါဝင်နေတာကို လွှတ်တော်သက်တမ်းအလိုက် တစ်ဆင့်ချင်း လျှော့ချသွားဖို့ ၊ ပုဒ်မ ၂၀ (ဂ) မှာ ပြဌာန်းထားတဲ့ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်" ဆိုတာကိုပယ်ဖျက်ဖို့ အဆိုပြုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၇ (ခ) မှာ ပြဌာန်းထားတဲ့ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ ၊ တိုင်းနဲ့ ပြည်နယ်အစိုးရထဲမှာပါမယ့် နယ်လုံဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရှိတာကိုလည်း ပယ်ဖျက်ဖို့ ၊ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ဖြစ်လာရင် တပ်မတော်က ဖွဲ့စည်းပုံပါ သတ်မှတ်ချက်တွေနဲ့အညီ  နိုင်ငံတော်အာဏာကို ရယူသုံးစွဲခွင့်ရှိတယ်လို့ ပြဌာန်းထားတာကိုလည်း၊  "တပ်မတော်" ဆိုတဲ့ နေရာမှာ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်အာဏာကို သမ္မတဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နိုင်မယ့် အစီအစဉ်တစ်ရပ်ကို အတည်ပြုရမယ်" ဆိုပြီး ပြင်ဆင်ဖို့ NLD က အဆိုပြုထားတာပါ။

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဟန့်တားထားတဲ့ ပုဒ်မ ၅၉ (စ)ကို ပယ်ဖျက်ဖို့၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို  အရပ်သားအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ NLD ဘက်က အဆိုပြုချက်တွေ ပါဝင်တဲ့ ပုဒ်မတွေကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္ပါဝင္ခြင့္ ေလွ်ာ့ခ်ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္ တပ္မေတာ္ပါဝင္ခြင့္ ေလွ်ာ့ခ်ေရး NLD ႀကိဳးပမ္းခ်က္ လႊတ္ေတာ္မွာရႈံးနိမ့္ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.