MH17 ေလယာဥ္အမႈ ၊ ယူကရိန္းမွာ လူ ၂၉၈ ေယာက္ေသဆုံးခဲ့တဲ့ ေလယာဥ္ပစ္ခ်ခံရမႈ စစစ္

လနဲ႔ခ်ီၾကာမယ့္ တရားခြင္ကို စစစ္ေန
(Zawgyi)⤵⤵⤵
၂ဝ၁၄ တုန္းက ယူကရိန္းမွာ ပစ္ခ်ခံခဲ့ရတဲ့ မေလးရွား ေလေၾကာင္းပိုင္ ေလယာဥ္ေပၚပါ လူ ၂၉၈ ေယာက္ သတ္ျဖတ္ခံရမႈမွာ ဖမ္းမမိေသးတဲ့ ႐ုရွား သုံးေယာက္နဲ႔ ယူကရိန္းတေယာက္ကို နယ္သာလန္မွာ စၿပီး ႐ုံးတင္စစ္ေဆးေနပါၿပီ။

႐ုရွဘက္သား သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္း အေရွ႕ပိုင္းမွာ ဘိုးအင္း ၇၇၇ အမ်ိဳးအစား ေလယာဥ္ ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။

ေလယာဥ္ကို ပစ္ခ်တဲ့ ဘတ္ ဒုံးက်ည္စနစ္ဟာ ႐ုရွား စစ္စခန္းက လာတာျဖစ္ေၾကာင္း သက္ေသေတြ ရွိတယ္လို႔လည္း စုံစမ္းစစ္ေဆးသူေတြက ဆိုပါတယ္။

ကြာလာလမ္ပူကို သြားတဲ့ ေလယာဥ္ ထြက္ခြာခဲ့ရာ အမ္စတာဒမ္ၿမိဳ႕က စကစ္ေပါေလဆိပ္နားက တရား႐ုံးမွာ ဒီအမႈကို စစ္ေနတာပါ။

၂ဝ၁၄ ခုႏွစ္ ဇူလိုင္လ ၁၇ ရက္က ျဖစ္ခဲ့တဲ့ ဒီေလယာဥ္ပ်က္က်မႈမွာ မပါေၾကာင္း ႐ုရွားဘက္က ထပ္ခါထပ္ခါ ပယ္ခ်ခဲ့ပါတယ္။ ေလယာဥ္ေပၚပါ ၁ဝ ႏိုင္ငံက ခရီးသည္ ၃ဝဝ နီးပါး ေသဆုံးခဲ့ပါတယ္။

ေနာက္ ဒီအမႈမွာ တရားစြဲခံရသူ ေလးေယာက္က ႐ုရွားဘက္သား ခြဲထြက္ေရး သူပုန္ေတြနဲ႔ ဆက္စပ္သူေတြ ျဖစ္ပါတယ္။

ဘယ္ႏိုင္ငံကမွ ဒီအလိုရွိတဲ့ တရားခံေတြကို ထုတ္မေပးၾကပါဘူး။ ႐ုရွားတေယာက္အတြက္ေတာ့ သူ႔ေရွ႕ေနအဖြဲ႕က ႐ုံးခန္းမွာ လာခုခံဖို႔ ရွိပါတယ္။ ေနာက္ ဗီဒီယိုကေန သက္ေသခံထြက္ဆိုရင္လည္း လက္ခံဖို႔ ရွိတယ္လို႔ တရား႐ုံးက ဆိုပါတယ္။

စကစ္ေပါ ေလဆိပ္က ေလယာဥ္ပ်ံသံေတြနဲ႔ ဆူညံေနေပမယ့္ ဒီအလိုရွိေနတဲ့ သံသယတရားခံေလးေယာက္ လာၿပီး အမႈရင္ဆိုင္မယ္လို႔ ဘယ္သူကမွ ေမွ်ာ္လင့္မထားၾကပါဘူး။

ဒီအမႈဟာ နယ္သာလန္ တရားစီရင္ေရး သမိုင္းမွာ အရႈပ္ေထြးဆုံး ရာဇဝတ္မႈ ျဖစ္ပါတယ္။

ေသဆုံးသူ သုံးပုံႏွစ္ပုံက နယ္သာလန္က ျဖစ္လို႔ ဒီအမႈစစ္ရာမွာ သူတို႔ ဦးေဆာင္တာ ျဖစ္ပါတယ္။

စြပ္စြဲခံရသူေတြ မပါဘဲ အမႈကို စစ္သြားမလား စတာေတြ ျပင္ဆင္ဖို႔လည္း တရားခြင္ စတင္ခ်ိန္ ႏွစ္ပတ္ ေပးထားပါတယ္။

ကြယ္လြန္သူေတြရဲ႕ ေဆြမ်ိဳးေတြအတြက္ သူတို႔နစ္နာမႈေတြကို တင္ျပႏိုင္မွာ ျဖစ္သလို ဘယ္လို အျပစ္ေပးသင့္သလဲလည္း ေတာင္းဆိုႏိုင္ၾကမွာ ျဖစ္ပါတယ္။

ပိ ပလုဂ္ရဲ႕ တူဆိုရင္ အေလာင္းက အစိတ္အပိုင္း ၈ဝ ထိ ျဖစ္သြားပါတယ္။ ဒီခႏၶာကိုယ္အစိတ္အပိုင္းစာရင္းကို မစၥတာ ပလုဂ္က မီးခံေသတၱာမွာ သိမ္းထားပါတယ္။ သူ႔ညီ အဲလက္စ္ရဲ႕ အေလာင္းကေတာ့ ျပန္မရခဲ့ပါဘူး။

တရားခံေတြ ႐ုံးမွာ ဗီဒီယိုနဲ႔ လာအစစ္ခံဖို႔နဲ႔ သူတို႔အျပစ္ရွိရင္ေတာင္ ေထာင္က်ခံဖို႔ ဆိုတာေတြလည္း ပိပလုဂ္က ေမွ်ာ္လင့္မထားပါဘူး။

ဒါေပမဲ့ ဒီလိုစစ္ေဆးမွသာ အမွန္တရားက ေပၚထြက္လာမယ္လို႔ သူ႔လိုပဲ က်န္ရစ္တဲ့ ေဆြမ်ိဳးေတြက ယူဆ ၾကတာပါ။

သည္ဟိဂ္ၿမိဳ႕က ႐ုရွားသံ႐ုံးေရွ႕မွာလည္း ထိုင္ခုံအလြတ္ ၂၉၈ ခုံကို ေလယာဥ္ပ်က္က်မႈမွာ ကြယ္လြန္သူေတြရဲ႕ ေဆြမ်ိဳးေတြက လာခ်ခဲ့ၾကပါတယ္။ ဒီအမႈမွာ ႐ုရွားရဲ႕ ကာဆီးကာဆီးလုပ္ေနတာကို ကန္႔ကြက္တဲ့အေနနဲပါ။

 ေသဆုံးသူေတြအတြက္ ေဆြမ်ိဳးေတြ ဆႏၵျပ

ဘယ္သူေတြ သက္ေသေပးမလဲ

တရားသူႀကီး သုံးေယာက္ေရွ႕ ဘယ္သူေတြ သက္ေသခံထြက္ဆိုမလဲ ဆိုတာ နည္းနည္းပဲ သိရပါတယ္။

အမည္နာမလွ်ိဳ႕ဝွက္ထားတဲ့ သက္ေသ ၁၃ ေယာက္ ရွိတယ္လို႔ပဲ အတည္မျပဳႏိုင္တဲ့ နယ္သာလန္ သတင္းေတြအရ သိရပါတယ္။ အစိုးရေရွ႕ေနေတြဆီမွာ သက္ေသထြက္ဆိုၿပီးသား သူေတြကိုေတာ့ ႐ုံးေတာ္ကို လူကိုယ္တိုင္ လာစရာ မလိုဘူးလို႔လည္း တရားသူႀကီးေတြက ဆုံးျဖတ္ႏိုင္ပါတယ္။
MH17 ေလယာဥ္ပ်က္ကို စစ္ေဆးေနသူ

လိုအပ္လို႔ရွိရင္ နာမည္မခံဘဲ ထြက္ဆိုတာေတြကို လက္ခံဖို႔လည္း တရာ႐ုံးက စီစဥ္ေနပါတယ္။ ဒီအမႈ စစ္ေဆးမႈက သုံးႏွစ္ေက်ာ္ေလာက္ ၾကာႏိုင္ပါတယ္။

သံသယတရားခံေတြက ဘယ္သူေတြလဲ

ဒီထဲက စြပ္စြဲခံရသူ ႏွစ္ေယာက္ဟာ ႐ုရွား စစ္ေထာက္လွမ္းေရးနဲ႔ အဆက္အသြယ္ရွိတယ္လို႔ ဆိုပါတယ္။ ဆိုင္ဘာတိုက္ခိုက္မႈေတြ၊ ၿဗိတိန္ႏိုင္ငံ ေဆာ္လ္စ္ဘရီၿမိဳ႕က အာ႐ုံေၾကာအဆိပ္နဲ႔ တိုက္ခိုက္မႈေတြမွာ ဒီေထာက္လွမ္းေရးအဖြဲ႕နဲ႔ ဆက္စပ္ေနတာ ျဖစ္ပါတယ္။

ဒီလူေလးေယာက္ကေတာ့

    အီေဂါ ဂါကင္ ၊ ႐ုရွား ေထာက္လွမ္းေရးက ဗိုလ္မႉးႀကီးေဟာင္း၊ သူပုန္ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္း အေရွ႕ပိုင္း ဒြန္းညက္ၿမိဳ႕မွာ ကာကြယ္ေရး ဝန္ႀကီး ရာထူး ရထားသူ ျဖစ္ပါတယ္။
    ဆာေဂ ဒူဘင္းစကီး ၊ ႐ုရွား ေထာက္လွမ္းေရးေဟာင္း ျဖစ္ၿပီး မစၥတာ ဂါကင္ရဲ႕ လက္ေထာက္၊ ႐ုရွားနဲ႔ ပုံမွန္အဆက္အသြယ္ ရွိသူလို႔ သိရပါတယ္။
    အိုလက္ ပူလာေတာ့ဗ္ ၊ ႐ုရွား ေထာက္လွမ္းေရးက စစ္သားေဟာင္း ျဖစ္ၿပီး ဒြန္းညက္က ေထာက္လွမ္းေရးမွာ ဒုတိယအႀကီးအကဲ ျဖစ္လာတယ္လို႔ ဆိုပါတယ္။
    ေလယိုနိ ခါခ်န္းကိုး ၊ ယူကရိန္း ႏိုင္ငံသား ျဖစ္ၿပီး စစ္ဘက္က လာသူမဟုတ္ပါ။ ဒါေပမဲ့ ယူကရိန္း အေရွ႕ပိုင္းမွာ တပ္မႉးအျဖစ္ ေခါင္းေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေလယာဥ္ပ်ံကို ပစ္ခ်ဖို႔အတြက္ ဘတ္ ဒုံးက်ည္ပစ္ ေလာင္ခ်ာကို ျပင္ဆင္ရာမွာ သူတို႔ ပူးေပါင္း ပါဝင္ခဲ့လို႔ ဒီလူေတြမွာ ပူးတြဲ တာဝန္ရွိတယ္ ဆိုၿပီး နယ္သာလန္ အစိုးရေရွ႕ေနေတြက ေျပာပါတယ္။

သူတို႔ေလးေယာက္လုံးကို တရား႐ုံးက သမၼန္စာေတြ ပို႔ထားၿပီး ျဖစ္ေပမယ့္ ရမရ မသိရပါဘူး။ ဒါေၾကာင့္ ဒီလူေတြဆီ စာေတြ ေရာက္မေရာက္ တရား႐ုံးက အရင္ ဆုံးျဖတ္ရဖို႔ ရွိေနပါတယ္။

အိုလက္ ပူလာေတာ့ဗ္အတြက္ ေရွ႕ေနအဖြဲ႕ကေတာ့ တရား႐ုံးမွာ လာၿပီး ခုခံၾကဖို႔ ရွိပါတယ္။ ဒါေၾကာင့္ သူ႔ကို မ်က္ကြယ္မွာ စစ္တယ္လို႔ ေျပာလို႔ ရမရ ႐ုံးက ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ အီေဂါ ဂါကင္ကေတာ့ တရား႐ုံးရဲ႕ အာဏာပိုင္မႈကို အသိအမွတ္ မျပဳဘူးလို႔ ဘီဘီစီကို ေျပာပါတယ္။

ဒီႏွစ္ပိုင္းအတြင္း ႐ုရွားဟာ သူ႔ကို စြပ္စြဲတာမွန္သမွ် ပယ္ခ်ခဲ့ရာမွာ ဒီေလယာဥ္ပ်က္က်မႈလည္း ပါပါတယ္။

ဒီစစ္ေဆးမႈ မစခင္မွာပဲ တရားခြင္ကို ရႈတ္ခ်တာေတြ ႐ုရွားဘက္က လုပ္ခဲ့ပါတယ္။

ဒီတရားခြင္မွာ ႏိုင္ငံေရးက ရာႏႈန္းျပည့္ ႀကီးစိုးေနတယ္ဆိုၿပီး ႐ုရွားႏိုင္ငံျခားေရး ဌာနက ေျပာဆိုပါတယ္။ ဒီအတြက္ ႐ုရွားဘက္က တန္ခ်ိန္စီးတဲ့ အခ်က္အလက္ေတြကို နယ္သာလန္ဘက္ ေပးခဲ့ေပမယ့္ ဂ႐ုမစိုက္ခံရဘူးလို႔လည္း ေျပာပါတယ္။

ေနာက္ သံသယတရားခံေတြထဲက သုံးေယာက္က ႐ုရွားေတြပါ။ သူတို႔ကို ႏိုင္ငံတကာက ဖမ္းဝရမ္းေတြ မႏွစ္ကတည္းက ထုတ္ထားေပမယ့္ ေၾကာက္တဲ့ပုံ မရွိပါဘူး။ ႐ုရွားရဲ႕ အေျခခံဥပေဒအရ သူ႔ႏိုင္ငံသားေတြကို တျခားႏိုင္ငံကို လႊဲေျပာင္းေပးခြင့္လည္း မရွိပါဘူး။
စစ္ေဆးမႈ ေႏွာင့္ေႏွးေအာင္ ႐ုရွား လုပ္ခဲ့သလား

႐ုရွားဘက္က ဒီစစ္ေဆးမႈမွာ ပူးေပါင္းဖို႔ အေစာႀကီးကတည္းက ကမ္းလွမ္းခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုေပမယ့္ ဒီေလယာဥ္ ပစ္ခ်ခံရမႈနဲ႔ ပတ္သက္ၿပီး အမ်ိဳးမ်ိဳး ေျပာဆိုခဲ့ပါတယ္။

ဒီအတြက္ ႐ုရွားသိထားတဲ့ အခ်က္အလက္ေတြကို ေပးဖို႔ နယ္သာလန္ဘက္က ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔ေပးတဲ့ သတင္းအခ်က္အလက္ေတြက "မတိက်တာေတြ အမ်ားႀကီး ပါတယ္"လို႔ နယ္သာလန္ဘက္က ဆိုပါတယ္။

ဒီဒုံးက်ည္ပစ္လႊတ္တဲ့ေနရာနားက သူပုန္စခန္းတခ်ိဳ႕ကို ထိန္းခ်ဳပ္ခဲ့တဲ့ ယူကရိန္း တေယာက္ကို ဖမ္းေပးဖို႔ ႐ုရွားကို နယ္သာလန္ဘက္က မႏွစ္က ေတာင္းဆိုခဲ့ပါတယ္။ ဒီလို ဖမ္းေပးမယ့္အစား ႐ုရွားက ဒီလူကို ယူကရိန္း အေရွ႕ပိုင္းကို သြားခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။

ေလယာဥ္ပစ္ခ်ခဲ့တဲ့ ဘတ္ဒုံးက်ည္ပစ္ ေလာင္ခ်ာ ယူလာေပးမႈအတြက္ ႐ုရွားမွာ တာဝန္ရွိတယ္ ဆိုၿပီး ၂ဝ၁၈ ခုႏွစ္ကတည္းက နယ္သာလန္နဲ႔ ၾသစေၾတးလ်တို႔က ေျပာၾကားခဲ့ၿပီး ျဖစ္ပါတယ္။

ယူကရိန္းအေရွ႕ပိုင္းက သူပုန္ေတြဟာ ေလယာဥ္ပစ္ခ်ခံရတဲ့အခ်ိန္တုန္းက ႐ုရွားနဲ႔ နီးစပ္ခဲ့ေၾကာင္းလည္း စုံစမ္းေရး အဖြဲ႕က ဖြင့္ခ်ခဲ့ပါတယ္။ "တခုတည္းေသာ ႏိုင္ငံေတာ္ ျဖစ္တဲ့ ႐ုရွား ဖက္ဒေရးရွင္းအတြက္ အက်ိဳးစီးပြားေတြကို ကာကြယ္ေစာင့္ေရွာက္ ေပးေနတယ္" ဆိုၿပီး ေလယာဥ္ကိစၥ မျဖစ္ခင္ ႏွစ္ပတ္အလိုမွာ ဒြန္းညက္ ျပည္သူ႔သမၼတႏိုင္ငံ အႀကီးအကဲက ေျပာခဲ့တယ္ ဆိုတဲ့ မွတ္တမ္းလည္း ရထားပါတယ္။
 ေလယာဥ္ပ်က္က်မႈမွာ ကြယ္လြန္သူတခ်ိဳ႕

    ဒတ္ခ်္ ၁၉၃ ေယာက္
    မေလးရွား ၄၃ ေယာက္ (ေလယာဥ္ဝန္ထမ္း ၁၅ ေယာက္ )
    ၾသစေၾတးလ် ၂၇ ေယာက္
    အင္ဒိုနီးရွား ၁၂ ေယာက္
    ၿဗိတိသွ် ၁ဝ ေယာက္
    ဂ်ာမန္ ၄ ေယာက္၊ ဘယ္လ္ဂ်ီယံ ၄ ေယာက္
    ဖိလစ္ပိုင္ ၃ ေယာက္၊ ကေနဒါနဲ႔ နယူးဇီလန္က တေယာက္စီ

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
MH17 လေယာဉ်အမှု ၊ ယူကရိန်းမှာ လူ ၂၉၈ ယောက်သေဆုံးခဲ့တဲ့ လေယာဉ်ပစ်ချခံရမှု စစစ်


ဓာတ်ပုံ မူပိုင် AFP
Image caption လနဲ့ချီကြာမယ့် တရားခွင်ကို စစစ်နေ

၂ဝ၁၄ တုန်းက ယူကရိန်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်ပေါ်ပါ လူ ၂၉၈ ယောက် သတ်ဖြတ်ခံရမှုမှာ ဖမ်းမမိသေးတဲ့ ရုရှား သုံးယောက်နဲ့ ယူကရိန်းတယောက်ကို နယ်သာလန်မှာ စပြီး ရုံးတင်စစ်ဆေးနေပါပြီ။

ရုရှဘက်သား သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ဘိုးအင်း ၇၇၇ အမျိုးအစား လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ကို ပစ်ချတဲ့ ဘတ် ဒုံးကျည်စနစ်ဟာ ရုရှား စစ်စခန်းက လာတာဖြစ်ကြောင်း သက်သေတွေ ရှိတယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

ကွာလာလမ်ပူကို သွားတဲ့ လေယာဉ် ထွက်ခွာခဲ့ရာ အမ်စတာဒမ်မြို့က စကစ်ပေါလေဆိပ်နားက တရားရုံးမှာ ဒီအမှုကို စစ်နေတာပါ။

၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်က ဖြစ်ခဲ့တဲ့ ဒီလေယာဉ်ပျက်ကျမှုမှာ မပါကြောင်း ရုရှားဘက်က ထပ်ခါထပ်ခါ ပယ်ချခဲ့ပါတယ်။ လေယာဉ်ပေါ်ပါ ၁ဝ နိုင်ငံက ခရီးသည် ၃ဝဝ နီးပါး သေဆုံးခဲ့ပါတယ်။

နောက် ဒီအမှုမှာ တရားစွဲခံရသူ လေးယောက်က ရုရှားဘက်သား ခွဲထွက်ရေး သူပုန်တွေနဲ့ ဆက်စပ်သူတွေ ဖြစ်ပါတယ်။

ဘယ်နိုင်ငံကမှ ဒီအလိုရှိတဲ့ တရားခံတွေကို ထုတ်မပေးကြပါဘူး။ ရုရှားတယောက်အတွက်တော့ သူ့ရှေ့နေအဖွဲ့က ရုံးခန်းမှာ လာခုခံဖို့ ရှိပါတယ်။ နောက် ဗီဒီယိုကနေ သက်သေခံထွက်ဆိုရင်လည်း လက်ခံဖို့ ရှိတယ်လို့ တရားရုံးက ဆိုပါတယ်။

စကစ်ပေါ လေဆိပ်က လေယာဉ်ပျံသံတွေနဲ့ ဆူညံနေပေမယ့် ဒီအလိုရှိနေတဲ့ သံသယတရားခံလေးယောက် လာပြီး အမှုရင်ဆိုင်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားကြပါဘူး။

ဒီအမှုဟာ နယ်သာလန် တရားစီရင်ရေး သမိုင်းမှာ အရှုပ်ထွေးဆုံး ရာဇဝတ်မှု ဖြစ်ပါတယ်။

သေဆုံးသူ သုံးပုံနှစ်ပုံက နယ်သာလန်က ဖြစ်လို့ ဒီအမှုစစ်ရာမှာ သူတို့ ဦးဆောင်တာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူတွေ မပါဘဲ အမှုကို စစ်သွားမလား စတာတွေ ပြင်ဆင်ဖို့လည်း တရားခွင် စတင်ချိန် နှစ်ပတ် ပေးထားပါတယ်။

ကွယ်လွန်သူတွေရဲ့ ဆွေမျိုးတွေအတွက် သူတို့နစ်နာမှုတွေကို တင်ပြနိုင်မှာ ဖြစ်သလို ဘယ်လို အပြစ်ပေးသင့်သလဲလည်း တောင်းဆိုနိုင်ကြမှာ ဖြစ်ပါတယ်။
MH17 လေယာဉ် ပစ်ချခံရမှုနဲ့ လူ ၄ ဦးကို စွဲချက်တင်

ပိ ပလုဂ်ရဲ့ တူဆိုရင် အလောင်းက အစိတ်အပိုင်း ၈ဝ ထိ ဖြစ်သွားပါတယ်။ ဒီခန္ဓာကိုယ်အစိတ်အပိုင်းစာရင်းကို မစ္စတာ ပလုဂ်က မီးခံသေတ္တာမှာ သိမ်းထားပါတယ်။ သူ့ညီ အဲလက်စ်ရဲ့ အလောင်းကတော့ ပြန်မရခဲ့ပါဘူး။

တရားခံတွေ ရုံးမှာ ဗီဒီယိုနဲ့ လာအစစ်ခံဖို့နဲ့ သူတို့အပြစ်ရှိရင်တောင် ထောင်ကျခံဖို့ ဆိုတာတွေလည်း ပိပလုဂ်က မျှော်လင့်မထားပါဘူး။

ဒါပေမဲ့ ဒီလိုစစ်ဆေးမှသာ အမှန်တရားက ပေါ်ထွက်လာမယ်လို့ သူ့လိုပဲ ကျန်ရစ်တဲ့ ဆွေမျိုးတွေက ယူဆ ကြတာပါ။

သည်ဟိဂ်မြို့က ရုရှားသံရုံးရှေ့မှာလည်း ထိုင်ခုံအလွတ် ၂၉၈ ခုံကို လေယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သူတွေရဲ့ ဆွေမျိုးတွေက လာချခဲ့ကြပါတယ်။ ဒီအမှုမှာ ရုရှားရဲ့ ကာဆီးကာဆီးလုပ်နေတာကို ကန့်ကွက်တဲ့အနေနဲပါ။
ဓာတ်ပုံ မူပိုင် EPA
Image caption သေဆုံးသူတွေအတွက် ဆွေမျိုးတွေ ဆန္ဒပြ
ဘယ်သူတွေ သက်သေပေးမလဲ

တရားသူကြီး သုံးယောက်ရှေ့ ဘယ်သူတွေ သက်သေခံထွက်ဆိုမလဲ ဆိုတာ နည်းနည်းပဲ သိရပါတယ်။

အမည်နာမလျှို့ဝှက်ထားတဲ့ သက်သေ ၁၃ ယောက် ရှိတယ်လို့ပဲ အတည်မပြုနိုင်တဲ့ နယ်သာလန် သတင်းတွေအရ သိရပါတယ်။ အစိုးရရှေ့နေတွေဆီမှာ သက်သေထွက်ဆိုပြီးသား သူတွေကိုတော့ ရုံးတော်ကို လူကိုယ်တိုင် လာစရာ မလိုဘူးလို့လည်း တရားသူကြီးတွေက ဆုံးဖြတ်နိုင်ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption MH17 လေယာဉ်ပျက်ကို စစ်ဆေးနေသူ

လိုအပ်လို့ရှိရင် နာမည်မခံဘဲ ထွက်ဆိုတာတွေကို လက်ခံဖို့လည်း တရာရုံးက စီစဉ်နေပါတယ်။ ဒီအမှု စစ်ဆေးမှုက သုံးနှစ်ကျော်လောက် ကြာနိုင်ပါတယ်။

သံသယတရားခံတွေက ဘယ်သူတွေလဲ

ဒီထဲက စွပ်စွဲခံရသူ နှစ်ယောက်ဟာ ရုရှား စစ်ထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ဘာတိုက်ခိုက်မှုတွေ၊ ဗြိတိန်နိုင်ငံ ဆော်လ်စ်ဘရီမြို့က အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှုတွေမှာ ဒီထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

ဒီလူလေးယောက်ကတော့

    အီဂေါ ဂါကင် ၊ ရုရှား ထောက်လှမ်းရေးက ဗိုလ်မှူးကြီးဟောင်း၊ သူပုန်ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်မြို့မှာ ကာကွယ်ရေး ဝန်ကြီး ရာထူး ရထားသူ ဖြစ်ပါတယ်။
    ဆာဂေ ဒူဘင်းစကီး ၊ ရုရှား ထောက်လှမ်းရေးဟောင်း ဖြစ်ပြီး မစ္စတာ ဂါကင်ရဲ့ လက်ထောက်၊ ရုရှားနဲ့ ပုံမှန်အဆက်အသွယ် ရှိသူလို့ သိရပါတယ်။
    အိုလက် ပူလာတော့ဗ် ၊ ရုရှား ထောက်လှမ်းရေးက စစ်သားဟောင်း ဖြစ်ပြီး ဒွန်းညက်က ထောက်လှမ်းရေးမှာ ဒုတိယအကြီးအကဲ ဖြစ်လာတယ်လို့ ဆိုပါတယ်။
    လေယိုနိ ခါချန်းကိုး ၊ ယူကရိန်း နိုင်ငံသား ဖြစ်ပြီး စစ်ဘက်က လာသူမဟုတ်ပါ။ ဒါပေမဲ့ ယူကရိန်း အရှေ့ပိုင်းမှာ တပ်မှူးအဖြစ် ခေါင်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျံကို ပစ်ချဖို့အတွက် ဘတ် ဒုံးကျည်ပစ် လောင်ချာကို ပြင်ဆင်ရာမှာ သူတို့ ပူးပေါင်း ပါဝင်ခဲ့လို့ ဒီလူတွေမှာ ပူးတွဲ တာဝန်ရှိတယ် ဆိုပြီး နယ်သာလန် အစိုးရရှေ့နေတွေက ပြောပါတယ်။

သူတို့လေးယောက်လုံးကို တရားရုံးက သမ္မန်စာတွေ ပို့ထားပြီး ဖြစ်ပေမယ့် ရမရ မသိရပါဘူး။ ဒါကြောင့် ဒီလူတွေဆီ စာတွေ ရောက်မရောက် တရားရုံးက အရင် ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။

အိုလက် ပူလာတော့ဗ်အတွက် ရှေ့နေအဖွဲ့ကတော့ တရားရုံးမှာ လာပြီး ခုခံကြဖို့ ရှိပါတယ်။ ဒါကြောင့် သူ့ကို မျက်ကွယ်မှာ စစ်တယ်လို့ ပြောလို့ ရမရ ရုံးက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အီဂေါ ဂါကင်ကတော့ တရားရုံးရဲ့ အာဏာပိုင်မှုကို အသိအမှတ် မပြုဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း ရုရှားဟာ သူ့ကို စွပ်စွဲတာမှန်သမျှ ပယ်ချခဲ့ရာမှာ ဒီလေယာဉ်ပျက်ကျမှုလည်း ပါပါတယ်။

ဒီစစ်ဆေးမှု မစခင်မှာပဲ တရားခွင်ကို ရှုတ်ချတာတွေ ရုရှားဘက်က လုပ်ခဲ့ပါတယ်။

ဒီတရားခွင်မှာ နိုင်ငံရေးက ရာနှုန်းပြည့် ကြီးစိုးနေတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။ ဒီအတွက် ရုရှားဘက်က တန်ချိန်စီးတဲ့ အချက်အလက်တွေကို နယ်သာလန်ဘက် ပေးခဲ့ပေမယ့် ဂရုမစိုက်ခံရဘူးလို့လည်း ပြောပါတယ်။

နောက် သံသယတရားခံတွေထဲက သုံးယောက်က ရုရှားတွေပါ။ သူတို့ကို နိုင်ငံတကာက ဖမ်းဝရမ်းတွေ မနှစ်ကတည်းက ထုတ်ထားပေမယ့် ကြောက်တဲ့ပုံ မရှိပါဘူး။ ရုရှားရဲ့ အခြေခံဥပဒေအရ သူ့နိုင်ငံသားတွေကို တခြားနိုင်ငံကို လွှဲပြောင်းပေးခွင့်လည်း မရှိပါဘူး။
စစ်ဆေးမှု နှောင့်နှေးအောင် ရုရှား လုပ်ခဲ့သလား

ရုရှားဘက်က ဒီစစ်ဆေးမှုမှာ ပူးပေါင်းဖို့ အစောကြီးကတည်းက ကမ်းလှမ်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပေမယ့် ဒီလေယာဉ် ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုခဲ့ပါတယ်။

ဒီအတွက် ရုရှားသိထားတဲ့ အချက်အလက်တွေကို ပေးဖို့ နယ်သာလန်ဘက်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ သတင်းအချက်အလက်တွေက "မတိကျတာတွေ အများကြီး ပါတယ်"လို့ နယ်သာလန်ဘက်က ဆိုပါတယ်။

ဒီဒုံးကျည်ပစ်လွှတ်တဲ့နေရာနားက သူပုန်စခန်းတချို့ကို ထိန်းချုပ်ခဲ့တဲ့ ယူကရိန်း တယောက်ကို ဖမ်းပေးဖို့ ရုရှားကို နယ်သာလန်ဘက်က မနှစ်က တောင်းဆိုခဲ့ပါတယ်။ ဒီလို ဖမ်းပေးမယ့်အစား ရုရှားက ဒီလူကို ယူကရိန်း အရှေ့ပိုင်းကို သွားခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပစ်ချခဲ့တဲ့ ဘတ်ဒုံးကျည်ပစ် လောင်ချာ ယူလာပေးမှုအတွက် ရုရှားမှာ တာဝန်ရှိတယ် ဆိုပြီး ၂ဝ၁၈ ခုနှစ်ကတည်းက နယ်သာလန်နဲ့ သြစတြေးလျတို့က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေဟာ လေယာဉ်ပစ်ချခံရတဲ့အချိန်တုန်းက ရုရှားနဲ့ နီးစပ်ခဲ့ကြောင်းလည်း စုံစမ်းရေး အဖွဲ့က ဖွင့်ချခဲ့ပါတယ်။ "တခုတည်းသော နိုင်ငံတော် ဖြစ်တဲ့ ရုရှား ဖက်ဒရေးရှင်းအတွက် အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက် ပေးနေတယ်" ဆိုပြီး လေယာဉ်ကိစ္စ မဖြစ်ခင် နှစ်ပတ်အလိုမှာ ဒွန်းညက် ပြည်သူ့သမ္မတနိုင်ငံ အကြီးအကဲက ပြောခဲ့တယ် ဆိုတဲ့ မှတ်တမ်းလည်း ရထားပါတယ်။

ဓာတ်ပုံ မူပိုင် Various
Image caption လေယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သူတချို့

    ဒတ်ချ် ၁၉၃ ယောက်
    မလေးရှား ၄၃ ယောက် (လေယာဉ်ဝန်ထမ်း ၁၅ ယောက် )
    သြစတြေးလျ ၂၇ ယောက်
    အင်ဒိုနီးရှား ၁၂ ယောက်
    ဗြိတိသျှ ၁ဝ ယောက်
    ဂျာမန် ၄ ယောက်၊ ဘယ်လ်ဂျီယံ ၄ ယောက်
    ဖိလစ်ပိုင် ၃ ယောက်၊ ကနေဒါနဲ့ နယူးဇီလန်က တယောက်စီ

BBC Burmese
https://www.bbc.com
MH17 ေလယာဥ္အမႈ ၊ ယူကရိန္းမွာ လူ ၂၉၈ ေယာက္ေသဆုံးခဲ့တဲ့ ေလယာဥ္ပစ္ခ်ခံရမႈ စစစ္ MH17 ေလယာဥ္အမႈ ၊ ယူကရိန္းမွာ လူ ၂၉၈ ေယာက္ေသဆုံးခဲ့တဲ့ ေလယာဥ္ပစ္ခ်ခံရမႈ စစစ္ Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.