ျမန္မာႏိုင္ငံက ပထမဆုံးပိုးေတြ႕လူနာ၂ဦးနဲ႔ဆက္စပ္ခဲ့တဲ့ တီးတိန္က႐ြာနဲ႔ အရွင္ေဆကိႏၵေက်ာင္းတိုက္ကို Lock Down ခ်

 ညဘက္ႀကီး လူအုပ္စုလိုက္ ေဈးေတြဝယ္ၾက
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ပထမဆုံး ကိုဗစ္ - ၁၉ ပိုးေတြ႕လူနာေတြျဖစ္တဲ့ အေမရိကန္ႏိုင္ငံကလာသူ ေနထိုင္ခဲ့တဲ့ ခ်င္းျပည္နယ္ တီးတိန္ ၿမိဳ႕က ႐ြာတစ္႐ြာနဲ႔ ၿဗိတိန္ကျပန္လာသူကို ၁၄ ရက္ေစာင့္ၾကည့္ရာေနရာအျဖစ္ေန ထိုင္ခဲ့တဲ့ ဓမၼဒူတေဇတဝန္ေတာရ ေဆကိႏၵရာမေက်ာင္းတိုက္တို႔ကို အဝင္အထြက္သြားလာခြင့္မျပဳဘဲ ပိတ္ခ်( Lock Down) လိုက္ၿပီျဖစ္တယ္လို႔ အစိုးရအဖြဲ႕တာဝန္ရွိသူေတြက မတ္ ၂၄ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ပထမဆုံးေသာ ကိုဗစ္ -၁၉ ဓာတ္ခြဲအတည္ျပဳပိုးေတြ႕လူနာ ၂ဦးကိုေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက မတ္ ၂၃ ရက္ေန႔မွာ စတင္ေၾကညာခဲ့ပါတယ္။

' ' အမ်ိဳးသား ၂ဦးနဲ႔ထိေတြ႕ခဲ့တဲ့ သြားလာခဲ့တဲ့ေနရာက လူအားလုံးကို စုံစမ္းေဖာ္ထုတ္ၿပီး အသြားအလာ ကန႔္သတ္တာ၊ ေစာင့္ၾကပ္ၾကည့္ရႈတာေတြကို လုပ္ေနပါၿပီ။ ညကထဲက စလုပ္ေနပါၿပီ။'လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

ဓမၼဒူတဆရာေတာ္အရွင္ေဆကိႏၵရဲ႕ေက်ာင္းတိုက္မွာ ျပည္ပက ျပန္လာသူ ၁၀၇ ဦးကို လက္ခံထား ရွိခဲ့ရာက ၆ေယာက္ခန္းတြင္ ေနထိုင္သူ အမ်ိဳးသားတစ္ဦးမွာ ကိုဗစ္ -၁၉ ပိုးေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

' ' အခုစိတ္မပူၾကဖို႔၊ လုပ္ငန္းဆက္စပ္လို႔ ဘုန္းဘုန္းရယ္ ကပၸိယတို႔ဆရာဝန္တို႔ပဲ လုပ္ငန္းပဲဆက္စပ္မႈ ရွိတာပါ။ ဟိုလိုထိေတြ႕မႈေတာ့မရွိပါဘူး။ ေက်ာင္းတိုက္ကို အခုအဝင္အထြက္အားလုံး ပိတ္ထားလိုက္ ပါၿပီ။အားလုံးနဲ႔တိုင္ပင္ၿပီးမွာ ဘုန္းဘုန္းတို႔ဆႏၵအတိုင္းပဲ လိုက္ေလ်ာလိုက္တာပါ။ စိတ္မပူၾကပါနဲ႔။ ပုံမွန္ပဲအားလုံးဆက္လုပ္ေနပါတယ္။''လို႔ ဆရာေတာ္က မတ္ ၂၄ ရက္ေန႔မွာ တပည့္ ဒါယိကာေတြ ကိုမိန႔္ၾကားခဲ့ပါတယ္။

ဆရာေတာ္အရွင္ေဆကိႏၵအပါအဝင္ ေက်ာင္းတိုက္တြင္းေနထိုင္သူအားလုံးရဲ႕ အဝင္အထြက္အားလုံးကို ပိတ္ခ်ထား

ပိုးေတြ႕လူနာေတြ သြားခဲ့တဲ့ေနရာေတြကို ဘာလုပ္ထားၿပီလဲ

ၿဗိတိန္ႏိုင္ငံက ျပန္လာသူမွာ ေလဆိပ္ကေန ေစာင့္ၾကည့္ရာေနရာကို တန္းေရာက္သြားသူျဖစ္ေပမဲ့ အေမရိကန္ႏိုင္ငံကလာသူအမ်ိဳးသားမွာ တီးတိန္ၿမိဳ႕အျပင္ ကေလးၿမိဳ႕ကိုလည္း Pre wedding အတြက္ ဓာတ္ပုံသြားေရာက္႐ိုက္ကူးတာေတြကိုပါရွိခဲ့တယ္လို႔သိရပါတယ္။

ဒါေၾကာင့္အဆိုပါ အမ်ိဳးသားသြားခဲ့တဲ့ေနရာေတြထဲက ႐ြာႀကီးကို Lock Down (သို႔မဟုတ္) Community Quarantine လုပ္ခဲ့တဲ့အျပင္ ကေလး-တီးတိန္ အဝင္အထြက္ကန႔္သတ္ ေနၿပီလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္သူ ဦးေဇာ္ေဌး က တရားဝင္ထုတ္ျပန္ေျပာဆိုပါတယ္။

ဒါ့အျပင္ အဆိုပါ အမ်ိဳးသား ဓါတ္ပုံ႐ိုက္သြားတဲ့ ဓာတ္ပုံဆိုင္ အပါအဝင္ သြားခဲ့တဲ့ ေနရာေတြက မိသားစုဝင္ ေတြကို Home Quarantine လုပ္ေနသလို ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ခဲ့သူအားလုံးကို သီးသန႔္ခြဲျခားၿပီး Quarantine စတင္ေနၿပီလို႔ဆိုပါတယ္။

' ' ကြၽန္မတို႔ က်န္းမာေရးဌာနအေနနဲ႔ သူလာခဲ့တဲ့ ေလယာဥ္အမွတ္ေတြကေနတဆင့္ သူနဲ႔ ဘယ္သူ ထိေတြ႕ခဲ့တယ္ ၊သူသြားခဲ့တဲ့ေနရာေတြလိုက္ၿပီး ထိေတြ႕ခဲ့သူေတြကို စုံစမ္းေထာက္လွမ္းတဲ့ဟာကို ေသေသခ်ာခ်ာကို စုံစမ္းေထာက္လွမ္းေနပါတယ္။ ဒီအပိုင္းမွာ အခက္အခဲမရွိပါဘူး''လို႔ ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ စစ္ကိုင္းတိုင္းအဝင္ တံတားႀကီးေတြမွာ က်န္းမာေရးစစ္ေဆးကာ ထူးျခားမႈ ေတြ႕ပါက ေစာင့္ၾကပ္ၾကည့္ရႈတာ(Quarantine )လုပ္ပါမယ္။ ျပည္ေတာ္ျပန္ေတြကို Home Quarantine ၁၄ ရက္ ထားပါမယ္လို႔လည္း ဦးေဇာ္ေဌးက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကတဆင့္ ထုတ္ျပန္ထားပါတယ္။

 စူပါမားကတ္ႀကီးအခ်ိဳ႕ မတ္ ၂၃ ရက္ ညပိုင္းက ယာယီပိတ္ထားခဲ့ရတဲ့အထိျဖစ္ခဲ့

ကိုဗစ္ -၁၉ လူနာေတြနဲ႔ အတူ ထြက္ေပၚလာတဲ့ ေကာလာဟလေတြ

မတ္ ၂၃ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ျမန္မာ့ပထမဆုံး ပိုးေတြ႕လူနာေတြလို႔ဆိုရမယ့္ အဆိုပါအမ်ိဳးသား ၂ဦးဟာ ေရာဂါေၾကာင့္ ေသဆုံးသြားၿပီလို႔လည္း မတ္ ၂၄ ရက္မနက္ပိုင္းမွာ ေကာလာဟလေတြ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

' ' ၂ ေယာက္စလုံး က်န္းမာေရးေကာင္းတယ္။ ေကာလာဟလေတြတင္တဲ့အေကာင့္ေတြကိုျဖဳတ္ခ်ဖို႔ Facebook Team နဲ႔ေဆာင္႐ြက္တာေတြလုပ္ေနတယ္။ ေပ့ခ်္ေတြကတင္တာဆိုရင္လည္း မီဒီယာေကာင္စီကတဆင့္ တိုင္ၾကားတာတို႔လုပ္ပါတယ္။ အေရးယူတာ တရားစြဲတဲ့အပိုင္းကေတာ့ က်န္တဲ့သက္ဆိုင္ရာဌာနေတြက လုပ္ရမွာပါ။''လို႔ ကိုဗစ္ -၁၉ လူနာေတြနဲ႔ပတ္သက္တဲ့ ေကာလာဟလ ေတြအေပၚ ေဒါက္တာခင္ခင္ႀကီးက အခုလိုတုံ႔ျပန္ေျပာဆိုပါတယ္။

ကိုဗစ္ -၁၉ လူနာေတြေသဆုံးၿပီဆိုတဲ့ေကာလာဟလေတြအျပင္ ျမန္မာႏိုင္ငံမွာ ပိုးေတြ႕လူနာရွိလာတဲ့ အတြက္ စူပါမားကတ္၊ ၂၄ နာရီ မီနီမားကတ္ေတြနဲ႔ ရပ္ကြက္ေဈးဆိုင္ ၊ေဆးဆိုင္ေတြမွာ အစားအေသာက္နဲ႔ ေဆးဝါးေတြကို အလုအယက္ဝယ္ယူၾကတာေတြလည္းရွိေနပါတယ္။
ကိုဗစ္ -၁၉ ပိုးေတြ႕လူနာေတြကို ထပ္မံစစ္ေဆးမယ္

ကိုဗစ္ -၁၉ ကူးစက္ခံထားရေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သူ ၂ဦးစလုံးကို ျမန္မာႏိုင္ငံ ဓာတ္ခြဲခန္းမွာ စစ္ေဆးပုံစစ္ေဆးနည္း protocol ၄နည္းနဲ႔စစ္ေဆးခဲ့တာျဖစ္ၿပီး WHO ရဲ႕ ရည္ၫႊန္းဓာတ္ခြဲခန္းျဖစ္တဲ့ ထိုင္းႏိုင္ငံမွာရွိတဲ့ ဓာတ္ခြဲခန္းကို ဒီကေန႔ မတ္ ၂၄ ရက္ေန႔မွာထပ္မံေပးပို႔စစ္ေဆးသြားမယ္လို႔လည္း သိရပါတယ္။
ကိုဗစ္ -၁၉ ကမာၻ႔အေျခအေန

မတ္ ၂၄ ရက္ေန႔မနက္အေစာပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေပါင္း ၃၇၈၇၄၁ နဲ႔ ေသဆုံးသူ ၁၆၄၉၆ ဦး ရွိလာ ၿပီျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ WHOကလည္း ကိုဗစ္ - ၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဟာ ဆက္အရွိန္ျမင့္ ေနဦးမယ္လို႔ ေျပာထားသလို ကမာၻ႔ႏိုင္ငံအားလုံးနီးပါးကို ကူးစက္ပ်ံ႕ႏွံ႔ေနၿပီျဖစ္ပါတယ္။

ေသဆုံးသူ ၁၆၀၀၀ ေက်ာ္ထဲမွာ အီတလီႏိုင္ငံက ေသဆုံးမႈေပါင္း ၆၀၇၇ ဦးရွိသြားၿပီျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံက ပထမဆုံးပိုးတွေ့လူနာ၂ဦးနဲ့ဆက်စပ်ခဲ့တဲ့ တီးတိန်ကရွာနဲ့ အရှင်ဆေကိန္ဒကျောင်းတိုက်ကို Lock Down ချ

ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption ညဘက်ကြီး လူအုပ်စုလိုက် ဈေးတွေဝယ်ကြ

မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ် - ၁၉ ပိုးတွေ့လူနာတွေဖြစ်တဲ့ အမေရိကန်နိုင်ငံကလာသူ နေထိုင်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန် မြို့က ရွာတစ်ရွာနဲ့ ဗြိတိန်ကပြန်လာသူကို ၁၄ ရက်စောင့်ကြည့်ရာနေရာအဖြစ်နေ ထိုင်ခဲ့တဲ့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တို့ကို အဝင်အထွက်သွားလာခွင့်မပြုဘဲ ပိတ်ချ( Lock Down) လိုက်ပြီဖြစ်တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့မှာ စတင်ကြေညာခဲ့ပါတယ်။

' ' အမျိုးသား ၂ဦးနဲ့ထိတွေ့ခဲ့တဲ့ သွားလာခဲ့တဲ့နေရာက လူအားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်တာ၊ စောင့်ကြပ်ကြည့်ရှုတာတွေကို လုပ်နေပါပြီ။ ညကထဲက စလုပ်နေပါပြီ။'လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရဲ့ကျောင်းတိုက်မှာ ပြည်ပက ပြန်လာသူ ၁၀၇ ဦးကို လက်ခံထား ရှိခဲ့ရာက ၆ယောက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

' ' အခုစိတ်မပူကြဖို့၊ လုပ်ငန်းဆက်စပ်လို့ ဘုန်းဘုန်းရယ် ကပ္ပိယတို့ဆရာဝန်တို့ပဲ လုပ်ငန်းပဲဆက်စပ်မှု ရှိတာပါ။ ဟိုလိုထိတွေ့မှုတော့မရှိပါဘူး။ ကျောင်းတိုက်ကို အခုအဝင်အထွက်အားလုံး ပိတ်ထားလိုက် ပါပြီ။အားလုံးနဲ့တိုင်ပင်ပြီးမှာ ဘုန်းဘုန်းတို့ဆန္ဒအတိုင်းပဲ လိုက်လျောလိုက်တာပါ။ စိတ်မပူကြပါနဲ့။ ပုံမှန်ပဲအားလုံးဆက်လုပ်နေပါတယ်။''လို့ ဆရာတော်က မတ် ၂၄ ရက်နေ့မှာ တပည့် ဒါယိကာတွေ ကိုမိန့်ကြားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Okkar Thein'Facebook
Image caption ဆရာတော်အရှင်ဆေကိန္ဒအပါအဝင် ကျောင်းတိုက်တွင်းနေထိုင်သူအားလုံးရဲ့ အဝင်အထွက်အားလုံးကို ပိတ်ချထား

ဗြိတိန်နိုင်ငံက ပြန်လာသူမှာ လေဆိပ်ကနေ စောင့်ကြည့်ရာနေရာကို တန်းရောက်သွားသူဖြစ်ပေမဲ့ အမေရိကန်နိုင်ငံကလာသူအမျိုးသားမှာ တီးတိန်မြို့အပြင် ကလေးမြို့ကိုလည်း Pre wedding အတွက် ဓာတ်ပုံသွားရောက်ရိုက်ကူးတာတွေကိုပါရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့်အဆိုပါ အမျိုးသားသွားခဲ့တဲ့နေရာတွေထဲက ရွာကြီးကို Lock Down (သို့မဟုတ်) Community Quarantine လုပ်ခဲ့တဲ့အပြင် ကလေး-တီးတိန် အဝင်အထွက်ကန့်သတ် နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေး က တရားဝင်ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် အဆိုပါ အမျိုးသား ဓါတ်ပုံရိုက်သွားတဲ့ ဓာတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာတွေက မိသားစုဝင် တွေကို Home Quarantine လုပ်နေသလို ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင်နေပြီလို့ဆိုပါတယ်။

' ' ကျွန်မတို့ ကျန်းမာရေးဌာနအနေနဲ့ သူလာခဲ့တဲ့ လေယာဉ်အမှတ်တွေကနေတဆင့် သူနဲ့ ဘယ်သူ ထိတွေ့ခဲ့တယ် ၊သူသွားခဲ့တဲ့နေရာတွေလိုက်ပြီး ထိတွေ့ခဲ့သူတွေကို စုံစမ်းထောက်လှမ်းတဲ့ဟာကို သေသေချာချာကို စုံစမ်းထောက်လှမ်းနေပါတယ်။ ဒီအပိုင်းမှာ အခက်အခဲမရှိပါဘူး''လို့ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ စစ်ကိုင်းတိုင်းအဝင် တံတားကြီးတွေမှာ ကျန်းမာရေးစစ်ဆေးကာ ထူးခြားမှု တွေ့ပါက စောင့်ကြပ်ကြည့်ရှုတာ(Quarantine )လုပ်ပါမယ်။ ပြည်တော်ပြန်တွေကို Home Quarantine ၁၄ ရက် ထားပါမယ်လို့လည်း ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption စူပါမားကတ်ကြီးအချို့ မတ် ၂၃ ရက် ညပိုင်းက ယာယီပိတ်ထားခဲ့ရတဲ့အထိဖြစ်ခဲ့
ကိုဗစ် -၁၉ လူနာတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ ကောလာဟလတွေ

မတ် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ပထမဆုံး ပိုးတွေ့လူနာတွေလို့ဆိုရမယ့် အဆိုပါအမျိုးသား ၂ဦးဟာ ရောဂါကြောင့် သေဆုံးသွားပြီလို့လည်း မတ် ၂၄ ရက်မနက်ပိုင်းမှာ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။

' ' ၂ ယောက်စလုံး ကျန်းမာရေးကောင်းတယ်။ ကောလာဟလတွေတင်တဲ့အကောင့်တွေကိုဖြုတ်ချဖို့ Facebook Team နဲ့ဆောင်ရွက်တာတွေလုပ်နေတယ်။ ပေ့ချ်တွေကတင်တာဆိုရင်လည်း မီဒီယာကောင်စီကတဆင့် တိုင်ကြားတာတို့လုပ်ပါတယ်။ အရေးယူတာ တရားစွဲတဲ့အပိုင်းကတော့ ကျန်တဲ့သက်ဆိုင်ရာဌာနတွေက လုပ်ရမှာပါ။''လို့ ကိုဗစ် -၁၉ လူနာတွေနဲ့ပတ်သက်တဲ့ ကောလာဟလ တွေအပေါ် ဒေါက်တာခင်ခင်ကြီးက အခုလိုတုံ့ပြန်ပြောဆိုပါတယ်။

ကိုဗစ် -၁၉ လူနာတွေသေဆုံးပြီဆိုတဲ့ကောလာဟလတွေအပြင် မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာရှိလာတဲ့ အတွက် စူပါမားကတ်၊ ၂၄ နာရီ မီနီမားကတ်တွေနဲ့ ရပ်ကွက်ဈေးဆိုင် ၊ဆေးဆိုင်တွေမှာ အစားအသောက်နဲ့ ဆေးဝါးတွေကို အလုအယက်ဝယ်ယူကြတာတွေလည်းရှိနေပါတယ်။
ကိုဗစ် -၁၉ ပိုးတွေ့လူနာတွေကို ထပ်မံစစ်ဆေးမယ်

ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း ထုတ်ပြန်ကြေညာခဲ့သူ ၂ဦးစလုံးကို မြန်မာနိုင်ငံ ဓာတ်ခွဲခန်းမှာ စစ်ဆေးပုံစစ်ဆေးနည်း protocol ၄နည်းနဲ့စစ်ဆေးခဲ့တာဖြစ်ပြီး WHO ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းကို ဒီကနေ့ မတ် ၂၄ ရက်နေ့မှာထပ်မံပေးပို့စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
ကိုဗစ် -၁၉ ကမ္ဘာ့အခြေအနေ

မတ် ၂၄ ရက်နေ့မနက်အစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၃၇၈၇၄၁ နဲ့ သေဆုံးသူ ၁၆၄၉၆ ဦး ရှိလာ ပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHOကလည်း ကိုဗစ် - ၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ဆက်အရှိန်မြင့် နေဦးမယ်လို့ ပြောထားသလို ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။

သေဆုံးသူ ၁၆၀၀၀ ကျော်ထဲမှာ အီတလီနိုင်ငံက သေဆုံးမှုပေါင်း ၆၀၇၇ ဦးရှိသွားပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာႏိုင္ငံက ပထမဆုံးပိုးေတြ႕လူနာ၂ဦးနဲ႔ဆက္စပ္ခဲ့တဲ့ တီးတိန္က႐ြာနဲ႔ အရွင္ေဆကိႏၵေက်ာင္းတိုက္ကို Lock Down ခ် ျမန္မာႏိုင္ငံက ပထမဆုံးပိုးေတြ႕လူနာ၂ဦးနဲ႔ဆက္စပ္ခဲ့တဲ့ တီးတိန္က႐ြာနဲ႔ အရွင္ေဆကိႏၵေက်ာင္းတိုက္ကို Lock Down ခ် Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.