Frontier Myanmar သတင္းေထာက္ ျမဝတီမွာ အဖမ္းခံရ

ရန္ကုန္အေျခစိုက္ Frontier Myanmar မဂၢဇင္းရဲ႕ သတင္းေထာက္ ေနာ္ဘက္တီဟန္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရန္ကုန္အေျခစိုက္ Frontier Myanmar မဂၢဇင္းရဲ႕ သတင္းေထာက္ ေနာ္ဘက္တီဟန္ ဟာ ကရင္ျပည္နယ္အတြင္း ဖမ္းဆီးခံရတယ္လို႔ Frontier မဂၢဇင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဦးဆန္နီေဆြက RFA ကို ဒီမနက္မွာ အတည္ျပဳ ပါတယ္။

"က်ေနာ္တိုရဲ႕ သတင္းေထာက္က ျမဝတီကို သတင္းယူဖို႔ေရာက္ေနတာ ရွိပါတယ္။ က်ေနာ္တို႔ မေန႔ ညေနပိုင္းက တည္းက က်ေနာ္တို႔ သူနဲ႔အဆက္အသြယ္ ျပတ္သြားပါတယ္။ သူ႔ရဲ႕ လုံၿခဳံေရးကို က်ေနာ္တို႔ စိုးရိမ္မိပါတယ္။ သူဘယ္မွာရွိတယ္၊ လုံၿခဳံမႈရွိရဲ႕လားဆိုတာ က်ေနာ္တို႔ဆက္ၿပီး စုံစမ္းေနပါတယ္" လို႔ Frontier မဂၢဇင္းရဲ႕ အယ္ဒီတာခ်ဳပ္ ေသာမတ္စ္ ကိန္းကလည္း RFA ကို အတည္ျပဳရွင္းျပပါတယ္။

Frontier  က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ ေနာင္ဘက္တီဟန္က Frontier သတင္းဌာနကို ဖုန္းမတ္ေဆ့ ေပးပို႔ခ်က္အရ  သူဟာ ျမဝတီၿမိဳ႕ အမွတ္ ၁ နယ္စပ္ဂိတ္အနီးမွာ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ဖြဲ႕ BGF က ဖမ္းဆီးတာခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ေနာ္ဘက္တီဟန္ဟာ ျမဝတီၿမိဳ႕မွာ မေန႔တုန္းက ဖမ္းခံခဲ့ရတာလို႔ ဆိုပါတယ္။ ကရင္နယ္ျခားေစာင့္တပ္ရဲ႕ ေျပာခြင့္ရ ဗိုလ္မႉး ႏိုင္ေမာင္ေဇာ္ ကေတာ့ သတင္းေထာက္ ေနာ္ဘက္တီဟန္ကို သူတို႔ အဖြဲ႕က ဖမ္းထားတာ ဟုတ္ မဟုတ္ အတည္မျပဳႏိုင္ဘူးလို႔ ဆိုပါတယ္။ သတင္းေထာက္ ေနာ္ဘက္တီဟန္ဟာ ၂၀၁၉ ဒီဇင္ဘာနဲ႔ ၂၀၂၀ ေဖေဖာ္ဝါရီလတုန္းက နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) ထိန္းခ်ဳပ္ရာနယ္ေျမမွာ ေျမအေရာင္းအဝယ္ျဖစ္ေနတာေတြ၊ BGF နဲ႔ တ႐ုတ္တို႔ရဲ႕ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

သတင္‌းေထာက္ႏွစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ၫႊန္ၾကားလာတာေၾကာင့္ ဒီေန႔ညေန ၅ နာရီခန႔္မွာ ျပန္လႊတ္ေပးလိုက္ၿပီလို႔ BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူက RFA ကို ဖုန္းနဲ႔ ေျပာပါတယ္။

RFA Burmese
https://www.rfa.org/burmese
-------------
(Unicode)⤵⤵⤵
Frontier Myanmar သတင်းထောက် မြဝတီမှာ အဖမ်းခံရ

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန်ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက RFA ကို ဒီမနက်မှာ အတည်ပြု ပါတယ်။

"ကျနော်တိုရဲ့ သတင်းထောက်က မြဝတီကို သတင်းယူဖို့ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ မနေ့ ညနေပိုင်းက တည်းက ကျနော်တို့ သူနဲ့အဆက်အသွယ် ပြတ်သွားပါတယ်။ သူ့ရဲ့ လုံခြုံရေးကို ကျနော်တို့ စိုးရိမ်မိပါတယ်။ သူဘယ်မှာရှိတယ်၊ လုံခြုံမှုရှိရဲ့လားဆိုတာ ကျနော်တို့ဆက်ပြီး စုံစမ်းနေပါတယ်" လို့ Frontier မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် သောမတ်စ် ကိန်းကလည်း RFA ကို အတည်ပြုရှင်းပြပါတယ်။

Frontier  က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ နောင်ဘက်တီဟန်က Frontier သတင်းဌာနကို ဖုန်းမတ်ဆေ့ ပေးပို့ချက်အရ  သူဟာ မြဝတီမြို့ အမှတ် ၁ နယ်စပ်ဂိတ်အနီးမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဆိုပါတယ်။

နော်ဘက်တီဟန်ဟာ မြဝတီမြို့မှာ မနေ့တုန်းက ဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ သတင်းထောက် နော်ဘက်တီဟန်ကို သူတို့ အဖွဲ့က ဖမ်းထားတာ ဟုတ် မဟုတ် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

သတင်‌းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ညွှန်ကြားလာတာကြောင့် ဒီနေ့ညနေ ၅ နာရီခန့်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက RFA ကို ဖုန်းနဲ့ ပြောပါတယ်။

RFA Burmese
https://www.rfa.org
Frontier Myanmar သတင္းေထာက္ ျမဝတီမွာ အဖမ္းခံရ Frontier Myanmar သတင္းေထာက္ ျမဝတီမွာ အဖမ္းခံရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.