Frontier Myanmar သတင္းေထာက္ကို BGF ျပန္လႊတ္ေပး

(Zawgyi)⤵⤵⤵
ရန္ကုန္အေျခစိုက္Frontier Myanmar မဂၢဇင္းရဲ႕ သတင္းေထာက္ ေနာ္ဘက္တီဟန္ ဟာ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕မွာ ဖမ္းဆီးခံရတယ္လို႔ Frontier မဂၢဇင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဦးဆန္နီေဆြ က RFA ကို ဒီေန႔ မတ္လ ၅ ရက္ေန႔မွာ အတည္ျပဳပါတယ္။ ဒီေန႔ညေနပိုင္းမွာေတာ့ BGF ေခါင္းေဆာင္က ျပန္လႊတ္ေပးမယ္ေျပာ ပါတယ္။

ညေန ၆ နာရီ ၄၀ မွာေတာ့ ျပန္လႊတ္လိုက္ၿပီလို႔ Frontier Myanmar က ထုတ္ျပန္ပါတယ္။

ကရင္တိုင္းရင္းသူသတင္းေထာက္ ေနာ္ဘတ္တီဟန္ဟာ တနဂၤေႏြေန႔ကတည္းက သူအဖမ္းခံရတဲ့အေၾကာင္း ဖုန္းမက္ေဆ့ပို႔ေပးလာတယ္လို႔ Frontier Myammar က ဒီေန႔ ထုတ္ျပန္ပါတယ္။ အဖမ္းခံရတာက BGF ထိန္းခ်ဳပ္ နယ္ေျမျဖစ္တဲ့ ျမဝတီအမွတ္ (၁) နယ္စပ္ဂိတ္မွာပါ။

ျမန္မာပိုင္းအယ္ဒီတာ ကိုနႏၵကေတာ့ ေနာ္ဘတ္တီဟန္ဟာ စုံစမ္းေထာက္လွမ္းေရးသားရတဲ့ သတင္းေတြ၊ တိုင္းရင္းသားေဒသနဲ႔ ပတ္သတ္တဲ့သတင္းေတြကို ေရးသားေလ့ရွိသူျဖစ္တယ္လို႔ ျမန္မာပိုင္းအယ္ဒီတာ ကိုနႏၵက ေျပာပါတယ္။

သတင္းေထာက္ရဲ႕လုံၿခဳံေရးကို စိုးရိမ္ေနတယ္လို႔  Frontier မဂၢဇင္းရဲ႕ အယ္ဒီတာခ်ဳပ္  ေသာမတ္စ္ကိန္း က မက္ေဆ့ဂ်ာကတဆင့္ ေျပာျပပါတယ္။

“က်ေနာ္တိုရဲ႕ သတင္းေထာက္က ျမဝတီကို သတင္းယူဖို႔ေရာက္ေနတာ ရွိပါတယ္။ က်ေနာ္တို႔ မေန႔ညေနပိုင္း ကတည္းက က်ေနာ္တို႔ သူနဲ႔အဆက္အသြယ္ျပတ္သြားပါတယ္။ သူ႔ရဲ႕လုံၿခဳံေရးကို က်ေနာ္တို႔စိုးရိမ္မိပါတယ္။ သူဘယ္မွာရွိတယ္၊ လုံၿခဳံမႈရွိရဲ႕လားဆိုတာ က်ေနာ္တို႔ဆက္ၿပီး စုံစမ္းေနပါတယ္”

BGF ထိန္းခ်ဳပ္နယ္ေျမ အမွတ္ (၁) မွာ သတင္းေထာက္တစ္ေယာက္ ကာစီႏိုေတြထဲကိုဝင္ၿပီး ဓာတ္ပုံ႐ိုက္ တာေတြကို ေအာက္ေျခက အသိေပးလာတာရွိတယ္လို႔ ကရင္နယ္ျခားေစာင့္တပ္ဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႉး ႏိုင္ေမာင္ေဇာ္ က ေျပာပါတယ္။

BGF တပ္ဖြဲ႕ဟာ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီး၊ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးစီးအုပ္ခ်ဳပ္ပါတယ္။ နယ္စပ္ မွာ ေဒၚလာဘီလီယံခ်ီတန္တဲ့ တ႐ုတ္နဲ႔ စီးပြားေရးရင္းႏွီးျမႇပ္ႏွံမႈလုပ္လို႔ ကရင္ျပည္က တ႐ုတ္ၿမိဳ႕သစ္ ေ႐ႊကုကၠိဳ စီမံကိန္းနဲ႔ နာမည္ႀကီးပါတယ္။ အျငင္းပြားဖြယ္ရာ လိုင္စင္မဲ့ကာစီႏိုေတြလည္း ဖြင့္လွစ္လုပ္ကိုင္တာေၾကာင့္လည္း လူသိမ်ားပါတယ္။

သတင္းေထာက္ ေနာ္ဘတ္တီဟန္ ဖမ္းဆီးခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာသတင္းမီဒီယာေကာင္စီကလည္း ဒီေန႔ အေရးေပၚ အစည္းအေဝးျပဳလုပ္ခဲ့ပါတယ္။။ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ရဲမႉးတို႔ကို ဆက္သြယ္ၿပီး  အကူ အညီေတာင္းခံထားတယ္လို႔ သတင္းမီဒီယာေကာင္စီအဖြဲ႕ဝင္ ဦးေဇယ်ာလႈိင္က ေျပာပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့သတင္းေတြအရ ေနာ္ဘတ္တီဟန္နဲ႔အတူ Myanmar Time သတင္းစာတိုက္က ဓာတ္ပုံ  သတင္းေထာက္ မားေနာ္ဆိုသူလည္း ပါဝင္တယ္လို႔သိရပါတယ္။ Myanmar Time သတင္းစာတိုက္တာဝန္ရွိသူ ေတြကေတာ့ အဲဒီသတင္းကို အတည္မျပဳႏိုင္ဘူးေျပာပါတယ္။

သတင္းေထာက္ ေနာ္ဘက္တီဟန္ဟာ ၂၀၁၉ ဒီဇင္ဘာနဲ႔ ၂၀၂၀ ေဖေဖာ္ဝါရီလတုန္းက နယ္ျခားေစာင့္တပ္ဖြဲ႕ BGF ထိန္းခ်ဳပ္ရာနယ္ေျမမွာ ေျမအေရာင္းအဝယ္ျဖစ္ေနတာေတြ၊ BGF နဲ႔ တ႐ုတ္တို႔ရဲ႕ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာ္ဘတ္တီဟန္ဟာ Frontier Myanmar မဂၢဇင္းမတိုင္ခင္က Myanmar Times သတင္းစာတိုက္မွာလည္း လုပ္ကိုင္ဖူးသူျဖစ္ပါတယ္။

သတင္‌းေထာက္ႏွစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းေထြးျမင့္ က ၫႊန္ၾကားလာတာေၾကာင့္ ဒီေန႔ညေန ၅ နာရီခန႔္မွာ ျပန္လႊတ္ေပးလိုက္ၿပီလို႔ BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူက RFA ကို ဖုန္းနဲ႔ ေျပာပါတယ္။

RFA Burmese
https://www.rfa.org/burmese
--------------
(Unicode)⤵⤵⤵
Frontier Myanmar သတင်းထောက်ကို BGF ပြန်လွှတ်ပေး

ရန်ကုန်အခြေစိုက်Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေ က RFA ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ BGF ခေါင်းဆောင်က ပြန်လွှတ်ပေးမယ်ပြော ပါတယ်။

ညနေ ၆ နာရီ ၄၀ မှာတော့ ပြန်လွှတ်လိုက်ပြီလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။

ကရင်တိုင်းရင်းသူသတင်းထောက် နော်ဘတ်တီဟန်ဟာ တနင်္ဂနွေနေ့ကတည်းက သူအဖမ်းခံရတဲ့အကြောင်း ဖုန်းမက်ဆေ့ပို့ပေးလာတယ်လို့ Frontier Myammar က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဖမ်းခံရတာက BGF ထိန်းချုပ် နယ်မြေဖြစ်တဲ့ မြဝတီအမှတ် (၁) နယ်စပ်ဂိတ်မှာပါ။

မြန်မာပိုင်းအယ်ဒီတာ ကိုနန္ဒကတော့ နော်ဘတ်တီဟန်ဟာ စုံစမ်းထောက်လှမ်းရေးသားရတဲ့ သတင်းတွေ၊ တိုင်းရင်းသားဒေသနဲ့ ပတ်သတ်တဲ့သတင်းတွေကို ရေးသားလေ့ရှိသူဖြစ်တယ်လို့ မြန်မာပိုင်းအယ်ဒီတာ ကိုနန္ဒက ပြောပါတယ်။

သတင်းထောက်ရဲ့လုံခြုံရေးကို စိုးရိမ်နေတယ်လို့  Frontier မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်  သောမတ်စ်ကိန်း က မက်ဆေ့ဂျာကတဆင့် ပြောပြပါတယ်။

“ကျနော်တိုရဲ့ သတင်းထောက်က မြဝတီကို သတင်းယူဖို့ရောက်နေတာ ရှိပါတယ်။ ကျနော်တို့ မနေ့ညနေပိုင်း ကတည်းက ကျနော်တို့ သူနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ သူ့ရဲ့လုံခြုံရေးကို ကျနော်တို့စိုးရိမ်မိပါတယ်။ သူဘယ်မှာရှိတယ်၊ လုံခြုံမှုရှိရဲ့လားဆိုတာ ကျနော်တို့ဆက်ပြီး စုံစမ်းနေပါတယ်”

BGF ထိန်းချုပ်နယ်မြေ အမှတ် (၁) မှာ သတင်းထောက်တစ်ယောက် ကာစီနိုတွေထဲကိုဝင်ပြီး ဓာတ်ပုံရိုက် တာတွေကို အောက်ခြေက အသိပေးလာတာရှိတယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

BGF တပ်ဖွဲ့ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးအုပ်ချုပ်ပါတယ်။ နယ်စပ် မှာ ဒေါ်လာဘီလီယံချီတန်တဲ့ တရုတ်နဲ့ စီးပွားရေးရင်းနှီးမြှပ်နှံမှုလုပ်လို့ ကရင်ပြည်က တရုတ်မြို့သစ် ရွှေကုက္ကို စီမံကိန်းနဲ့ နာမည်ကြီးပါတယ်။ အငြင်းပွားဖွယ်ရာ လိုင်စင်မဲ့ကာစီနိုတွေလည်း ဖွင့်လှစ်လုပ်ကိုင်တာကြောင့်လည်း လူသိများပါတယ်။

သတင်းထောက် နော်ဘတ်တီဟန် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာကောင်စီကလည်း ဒီနေ့ အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။။ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲမှူးတို့ကို ဆက်သွယ်ပြီး  အကူ အညီတောင်းခံထားတယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ နော်ဘတ်တီဟန်နဲ့အတူ Myanmar Time သတင်းစာတိုက်က ဓာတ်ပုံ  သတင်းထောက် မားနော်ဆိုသူလည်း ပါဝင်တယ်လို့သိရပါတယ်။ Myanmar Time သတင်းစာတိုက်တာဝန်ရှိသူ တွေကတော့ အဲဒီသတင်းကို အတည်မပြုနိုင်ဘူးပြောပါတယ်။

သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် နော်ဘတ်တီဟန်ဟာ Frontier Myanmar မဂ္ဂဇင်းမတိုင်ခင်က Myanmar Times သတင်းစာတိုက်မှာလည်း လုပ်ကိုင်ဖူးသူဖြစ်ပါတယ်။

သတင်‌းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းထွေးမြင့် က ညွှန်ကြားလာတာကြောင့် ဒီနေ့ညနေ ၅ နာရီခန့်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက RFA ကို ဖုန်းနဲ့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
Frontier Myanmar သတင္းေထာက္ကို BGF ျပန္လႊတ္ေပး Frontier Myanmar သတင္းေထာက္ကို BGF ျပန္လႊတ္ေပး Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.