(COVID-19)ေရာဂါကို ထိေရာက္စြာ ထိန္းခ်ဳပ္ေဆာင္႐ြက္ႏိုင္ရန္ ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ၁၄ ရက္ၾကာ ယာယီပိတ္မည္

(Zawgyi)⤵⤵⤵
ရန္ကုန္ မတ္ ၂၀

လတ္တေလာျဖစ္ပြားေနသည့္ (COVID-19)ေရာဂါကို ထိေရာက္စြာထိန္းခ်ဳပ္ ေဆာင္႐ြက္မႈမ်ားျပဳလုပ္သြားႏိုင္ရန္ ကရင္ျပည္နယ္ ၊ ျမဝတီၿမိဳ႕ရွိ ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားကို မတ္ ၂၁ ရက္မွစ၍ ၁၄ ရက္ၾကာ ယာယီ ပိတ္ထားမည္ ျဖစ္ေၾကာင္း ျမဝတီၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးသန႔္ဇင္ေအာင္ ထံမွသိရသည္။

ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ``မနက္ျဖန္က စတင္ၿပီး ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ ေရးတံတားကို ၁၄ ရက္ယာယီပိတ္သြား မယ္လို႔သိရတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ကူးစက္ေရာဂါ အေျခအေနေပၚမူတည္ၿပီး အခ်ိန္ထပ္ၿပီးေတာ့လည္း တိုးသြားႏိုင္တယ္။ လူဝင္၊ လူထြက္နဲ႔ ျဖတ္သန္းသြား လာမႈကိုေတာ့ အခုလက္ရွိကာလမွာ သုံးေနတဲ့ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွာလိုပဲ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွာျဖတ္သန္းခြင့္ျပဳသြားမယ္။ ယာယီ နယ္စပ္ ျဖတ္သန္း ခြင့္လက္မွတ္ (Temporary Border Pass)၊ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ (Border Pass) နဲ႔ သြားတဲ့ အတိုင္းပဲခြင့္ျပဳသြားမယ္။ တံတား တစ္ခုကိုပိတ္လိုက္တာ ပဲရွိပါတယ္´´ ဟုေျပာသည္။

ဆက္လက္၍ ၎က `` အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွာ ကားနဲ႔တင္မဟုတ္ဘဲ လူျဖတ္သန္းလို႔လဲရတယ္။ COVID-19 ေရာဂါကို ေနရာတစ္ခုတည္းကပဲ အာ႐ုံစိုက္ၿပီး ေစာင့္ၾကည့္ခ်င္တဲ့သေဘာပါ။ ကုန္စည္စီးဆင္းမႈကလည္း ကုန္စည္စီးဆင္း သြားလာေနတဲ့ အမွတ္(၂) တံတားကို ဖြင့္ထားမွာ ဆိုေတာ့ ပုံမွန္အတိုင္းရွိေနမွာပါ´´ ဟု ေျပာသည္။

ထိုသို႔ ပိတ္သိမ္းမႈကို ထိုင္းႏိုင္ငံအစိုးရ၏ အစီအစဥ္ျဖင့္ေဆာင္႐ြက္ျခင္းျဖစ္ၿပီး အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ယာယီ ပိတ္သိမ္းထားေသာကာလတြင္ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံျပည္သူမ်ားအေနျဖင့္ ျဖတ္သန္းသြားလာလိုပါက သက္ဆိုင္ရာ၏ က်န္းမာေရး စိစစ္မႈမ်ားကိုခံယူကာ ယာယီ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ (Temporary Border Pass)၊ နယ္စပ္ျဖတ္ သန္းခြင့္လက္မွတ္ (Border Pass) တို႔ျဖင့္  အမွတ္(၂) ခ်စ္ၾကည္ေရးတံတား မွတဆင့္ ခြင့္ျပဳသြားမည္ျဖစ္သည္။

ျမဝတီၿမိဳ႕ေဒသခံ ရဲတပ္ၾကပ္ႀကီး (အၿငိမ္းစား) ဦးလွဝင္းက “ အေျခခံလူတန္း စားေတြအေနနဲ႔ အမွတ္(၁) ခ်စ္ၾကည္ေရး တံတားကို အားကိုးၿပီး Border Pass နဲ႔ ေန႔တိုင္း သြားလာၿပီး အလုပ္လုပ္ေနၾကရတယ္။ အခုလို ပိတ္လိုက္ေတာ့ အခက္အခဲ ေတြေတာ့ ျဖစ္ၾကလိမ့္မယ္။ တံတားအမွတ္ (၂) က တံတားေပၚမွာ လမ္းေလ်ာက္လို႔မရဘူး။ ကားနဲ႔ပဲ သြားလို႔ရတာ။ တံတား အမွတ္ (၁) လိုပဲ လမ္းေလ်ာက္ခြင့္ရရင္ေတာ့ ေကာင္းပါတယ္။ အမွတ္(၂) တံတားက နည္းနည္းေဝးေတာ့ သြားလာမႈ အပိုင္းမွာ အခက္အခဲ ရွိသြားမယ္´´ ဟုေျပာသည္။

အဆိုပါ နယ္စပ္ျဖတ္ေက်ာ္ဂိတ္ မွဝင္ေရာက္လာသူမ်ားအား ျပည္သူ႔က်န္းမာေရး ဦးစီးဌာနႏွင့္ သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားက က်န္းမာေရး စစ္ေဆးမႈမ်ားျပဳလုပ္ျခင္း၊ သြား၊လာေနထိုင္မႈဆိုင္ရာ အခ်က္အလက္မွတ္တမ္းမ်ား ေကာက္ယူျခင္း မ်ားျပဳလုပ္ကာ ျဖတ္သန္း ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ ေၾကာင္းသိရသည္။

``အခုလိုလုပ္လိုက္တဲ့ အတြက္ COVID-19 ထိန္းခ်ဳပ္အပိုင္းမွာ အနည္းငယ္ထိေရာက္မႈ ရွိမယ္လို႔ေတာ့ ျမင္တယ္။ ျမန္မာဘက္ကလည္း သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ေနတာေတြရွိတယ္။ ကုန္ေဈးႏႈန္းနဲ႔ ပတ္သက္ၿပီးေတာ့ လည္း ကုန္သည္ႀကီးမ်ား အသင္းက ထိန္းခ်ဳပ္ေပးသြားမယ္လို႔ သိရတယ္´´ ဟု ျမဝတီၿမိဳ႕ေဒသခံ ရဲတပ္ၾကပ္ႀကီး (အၿငိမ္းစား) ဦးလွဝင္းက ေျပာသည္။

ထိုင္း-ျမန္မာ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတား မပိတ္သိမ္းမီ ယေန႔ ညေန ၅ နာရီအထိ အဆိုပါတံတားမွေန၍ ျဖတ္သန္းဝင္ေရာက္လာသူ ၂၅၅၁ ဦးရွိေၾကာင္း လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္ထံမွသိရသည္။

သတင္း-ရဲေခါင္၊ ေဇာ္ႀကီး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
-------------
(Unicode)⤵⤵⤵
(COVID-19)ရောဂါကို ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား ၁၄ ရက်ကြာ ယာယီပိတ်မည်

ရန်ကုန် မတ် ၂၀

လတ်တလောဖြစ်ပွားနေသည့် (COVID-19)ရောဂါကို ထိရောက်စွာထိန်းချုပ် ဆောင်ရွက်မှုများပြုလုပ်သွားနိုင်ရန် ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို မတ် ၂၁ ရက်မှစ၍ ၁၄ ရက်ကြာ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကရင်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးသန့်ဇင်အောင် ထံမှသိရသည်။

ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ``မနက်ဖြန်က စတင်ပြီး ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည် ရေးတံတားကို ၁၄ ရက်ယာယီပိတ်သွား မယ်လို့သိရတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါ အခြေအနေပေါ်မူတည်ပြီး အချိန်ထပ်ပြီးတော့လည်း တိုးသွားနိုင်တယ်။ လူဝင်၊ လူထွက်နဲ့ ဖြတ်သန်းသွား လာမှုကိုတော့ အခုလက်ရှိကာလမှာ သုံးနေတဲ့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာလိုပဲ အမှတ်(၂) ချစ်ကြည်ရေးတံတားမှာဖြတ်သန်းခွင့်ပြုသွားမယ်။ ယာယီ နယ်စပ် ဖြတ်သန်း ခွင့်လက်မှတ် (Temporary Border Pass)၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) နဲ့ သွားတဲ့ အတိုင်းပဲခွင့်ပြုသွားမယ်။ တံတား တစ်ခုကိုပိတ်လိုက်တာ ပဲရှိပါတယ်´´ ဟုပြောသည်။

ဆက်လက်၍ ၎င်းက `` အမှတ်(၂) ချစ်ကြည်ရေးတံတားမှာ ကားနဲ့တင်မဟုတ်ဘဲ လူဖြတ်သန်းလို့လဲရတယ်။ COVID-19 ရောဂါကို နေရာတစ်ခုတည်းကပဲ အာရုံစိုက်ပြီး စောင့်ကြည့်ချင်တဲ့သဘောပါ။ ကုန်စည်စီးဆင်းမှုကလည်း ကုန်စည်စီးဆင်း သွားလာနေတဲ့ အမှတ်(၂) တံတားကို ဖွင့်ထားမှာ ဆိုတော့ ပုံမှန်အတိုင်းရှိနေမှာပါ´´ ဟု ပြောသည်။

ထိုသို့ ပိတ်သိမ်းမှုကို ထိုင်းနိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အမှတ်(၁) ချစ်ကြည်ရေးတံတား ယာယီ ပိတ်သိမ်းထားသောကာလတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာလိုပါက သက်ဆိုင်ရာ၏ ကျန်းမာရေး စိစစ်မှုများကိုခံယူကာ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass)၊ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ် (Border Pass) တို့ဖြင့်  အမှတ်(၂) ချစ်ကြည်ရေးတံတား မှတဆင့် ခွင့်ပြုသွားမည်ဖြစ်သည်။

မြဝတီမြို့ဒေသခံ ရဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလှဝင်းက “ အခြေခံလူတန်း စားတွေအနေနဲ့ အမှတ်(၁) ချစ်ကြည်ရေး တံတားကို အားကိုးပြီး Border Pass နဲ့ နေ့တိုင်း သွားလာပြီး အလုပ်လုပ်နေကြရတယ်။ အခုလို ပိတ်လိုက်တော့ အခက်အခဲ တွေတော့ ဖြစ်ကြလိမ့်မယ်။ တံတားအမှတ် (၂) က တံတားပေါ်မှာ လမ်းလျောက်လို့မရဘူး။ ကားနဲ့ပဲ သွားလို့ရတာ။ တံတား အမှတ် (၁) လိုပဲ လမ်းလျောက်ခွင့်ရရင်တော့ ကောင်းပါတယ်။ အမှတ်(၂) တံတားက နည်းနည်းဝေးတော့ သွားလာမှု အပိုင်းမှာ အခက်အခဲ ရှိသွားမယ်´´ ဟုပြောသည်။

အဆိုပါ နယ်စပ်ဖြတ်ကျော်ဂိတ် မှဝင်ရောက်လာသူများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွား၊လာနေထိုင်မှုဆိုင်ရာ အချက်အလက်မှတ်တမ်းများ ကောက်ယူခြင်း များပြုလုပ်ကာ ဖြတ်သန်း ဝင်ရောက်ခွင့်ပြုမည်ဖြစ် ကြောင်းသိရသည်။

``အခုလိုလုပ်လိုက်တဲ့ အတွက် COVID-19 ထိန်းချုပ်အပိုင်းမှာ အနည်းငယ်ထိရောက်မှု ရှိမယ်လို့တော့ မြင်တယ်။ မြန်မာဘက်ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာတွေရှိတယ်။ ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လည်း ကုန်သည်ကြီးများ အသင်းက ထိန်းချုပ်ပေးသွားမယ်လို့ သိရတယ်´´ ဟု မြဝတီမြို့ဒေသခံ ရဲတပ်ကြပ်ကြီး (အငြိမ်းစား) ဦးလှဝင်းက ပြောသည်။

ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတား မပိတ်သိမ်းမီ ယနေ့ ညနေ ၅ နာရီအထိ အဆိုပါတံတားမှနေ၍ ဖြတ်သန်းဝင်ရောက်လာသူ ၂၅၅၁ ဦးရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ထံမှသိရသည်။

သတင်း-ရဲခေါင်၊ ဇော်ကြီး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
(COVID-19)ေရာဂါကို ထိေရာက္စြာ ထိန္းခ်ဳပ္ေဆာင္႐ြက္ႏိုင္ရန္ ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ၁၄ ရက္ၾကာ ယာယီပိတ္မည္ (COVID-19)ေရာဂါကို ထိေရာက္စြာ ထိန္းခ်ဳပ္ေဆာင္႐ြက္ႏိုင္ရန္ ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ၁၄ ရက္ၾကာ ယာယီပိတ္မည္ Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.