ကမၻာမွာ COVID-19 ေရာဂါကူးစက္မႈအျမင့္ဆံုး စတုတၳေျမာက္ႏိုင္ငံအျဖစ္ အေမရိကန္ရွိေန

နယူးေယာက္တြင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေရးဝတ္စုံဝတ္ဆင္ သြားလာေနသူတဦး။ (မတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ေရာဂါေၾကာင့္ အေမရိကန္မွာ ေသဆံုးသူစုစုေပါင္း လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ၁၀၀ ေက်ာ္ရွွိသြားၿပီျဖစ္တဲ့အတြက္ တနဂၤေႏြေန႔က ေသဆံုးသူစုစုေပါင္း ၃၈၉ ဦးထိ ရွိေနၿပီျဖစ္ေၾကာင္း Johns Hopkins တကၠသိုလ္ တာ၀န္ရွိသူေတြက စာရင္းျပဳစု ထုတ္ျပန္ခဲ့ပါတယ္။

နယူးေယာက္ျပည္နယ္မွာ ေသဆံုးသူစုစုေပါင္း ၁၁၄ ဦး၊ ၀ါရွင္တန္ျပည္နယ္မွာ ၉၄ ဦးနဲ႔ ကာလီဖိုးနီးယားျပည္နယ္မွာ ၂၈ ဦးထိ ရွိေနပါတယ္။ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း အေမရိကန္ျပည္ေထာင္စုမွာ ၃၀,၀၀၀ မက ရွိေနပါတယ္။

ကမၻာမွာ ကို႐ုိနာဗိုင္းရပ္စ္က ကူးစက္ခံရမႈ အျမင့္ဆံုးႏိုင္ငံေတြျဖစ္တဲ့ အီတလီ၊ တ႐ုတ္၊ စပိန္ႏိုင္ငံေတြၿပီးရင္ အေမရိကန္ျပည္ေထာင္စုဟာ စတုတၳေျမာက္ ေနရာမွာရွိေနေၾကာင္း Johns Hopkins တကၠသိုလ္ သုေတသီအဖဲြ႔က တနဂၤေႏြေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အေမရိကန္မွာ COVID-19 ကူးစက္မႈႏႈန္း အရွိန္နဲ႔ ျမင့္တက္လာေနတဲ့ အေၾကာင္းအရင္းထဲမွာ ဗိုင္းရပ္စ္ရွိမရွိ စစ္ေဆးတဲ့ ကိရိယာေတြကို ႏုိင္ငံအႏွံ႔ က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳလာႏိုင္တဲ့အတြက္ ျဖစ္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။

က်န္းမာေရး တာ၀န္ရွိသူေတြဘက္ကလည္း ဗိုင္းရပ္စ္ပိုးစစ္ေဆးေရး ကိရိယာေတြကို ေနရာအႏွံ႔အျပားမွာ တိုးခ်ဲ႕အသံုးျပဳလာေလေလ ကူးစက္မႈႏႈန္း ပိုၿပီး ေတြ႔လာရမွာျဖစ္တယ္လို႔ သတိေပးထားပါတယ္။

ဒီအေတာအတြင္း အေမရိကန္ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Rand Paul မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ တနဂၤေႏြေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာဆိုရင္ အေမရိကန္ အထက္လႊတ္ေတာ္မွာ ပထမဆံုး ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လႊတ္ေတာ္အမတ္တဦး ျဖစ္ပါတယ္။

-----------------------------------

(Unicode)

ကမ္ဘာမှာ COVID-19 ရောဂါကူးစက်မှုအမြင့်ဆုံး စတုတ္ထမြောက်နိုင်ငံအဖြစ် အမေရိကန်ရှိနေ

COVID-19 ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသူစုစုပေါင်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၁၀၀ ကျော်ရှိသွားပြီဖြစ်တဲ့အတွက် တနင်္ဂနွေနေ့က သေဆုံးသူစုစုပေါင်း ၃၈၉ ဦးထိ ရှိနေပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် တာဝန်ရှိသူတွေက စာရင်းပြုစု ထုတ်ပြန်ခဲ့ပါတယ်။

နယူးယောက်ပြည်နယ်မှာ သေဆုံးသူစုစုပေါင်း ၁၁၄ ဦး၊ ဝါရှင်တန်ပြည်နယ်မှာ၉၄ ဦးနဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ၂၈ ဦးထိ ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း အမေရိကန်ပြည်ထောင်စုမှာ ၃၀,၀၀၀ မက ရှိနေပါတယ်။

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ တရုတ်၊ စပိန်နိုင်ငံတွေပြီးရင် အမေရိကန်ပြည်ထောင်စုဟာ စတုတ္ထမြောက် နေရာမှာရှိနေကြောင်း Johns Hopkins တက္ကသိုလ် သုတေသီအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်မှုနှုန်း အရှိန်နဲ့ မြင့်တက်လာနေတဲ့ အကြောင်းအရင်းထဲမှာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးတဲ့ ကိရိယာတွေကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တဲ့အတွက် ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေဘက်ကလည်း ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ကိရိယာတွေကို နေရာအနှံ့အပြားမှာ တိုးချဲ့အသုံးပြုလာလေလေ ကူးစက်မှုနှုန်း ပိုပြီး တွေ့လာရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

ဒီအတောအတွင်း အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Rand Paul မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာဆိုရင် အမေရိကန် အထက်လွှတ်တော်မှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကမၻာမွာ COVID-19 ေရာဂါကူးစက္မႈအျမင့္ဆံုး စတုတၳေျမာက္ႏိုင္ငံအျဖစ္ အေမရိကန္ရွိေန ကမၻာမွာ COVID-19 ေရာဂါကူးစက္မႈအျမင့္ဆံုး စတုတၳေျမာက္ႏိုင္ငံအျဖစ္ အေမရိကန္ရွိေန Reviewed by THITHTOOLWIN on 01:16 Rating: 5
Powered by Blogger.