COVID-19 ေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္က ျပန္ဝင္လာသူ ၉ ေထာင္ေက်ာ္ေနၿပီ

 ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ
(Zawgyi)⤵⤵⤵
COVID-19 ေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီမွာရွိတဲ့ ခ်စ္ၾကည္ေရးတံတားအမွတ္ ၂ ကေန ျပန္ဝင္လာသူဦးေရဟာ ၂ ရက္တာကာလအတြင္း ၉ ေထာင္ေက်ာ္ရွိေနၿပီး ဒီကေန႔ မတ္လ ၂၂ ရက္ေန႔မွာလည္း လူေထာင္နဲ႔ခ်ီၿပီး ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာေနတာ ျဖစ္ပါတယ္။

“မတ္လ ၂၀ ရက္ေန႔က ျပန္လာသူက ၃ ေထာင္ရွိတယ္၊ မေန႔က မတ္လ ၂၁ ရက္ေန႔မွာ ျပန္ဝင္လာသူ ၆၁၉၃ ဦးရွိတယ္၊ ဒီကေန႔မွာလည္း ဝင္လာသူေတြ ႁပြတ္သိပ္ေနတယ္” လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ေရာဂါႏွိမ္နင္းေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာစည္သူေအာင္က ေျပာပါတယ္။

ထိုင္းဘက္က ျပန္ဝင္လာသူေတြမွာ COVID-19 ကူးစက္ထားတာ ရွိမရွိ ဆိုတာကိုလည္း စစ္ေဆးေပးေနတယ္လို႔ ေဒါက္တာစည္သူေအာင္က ေျပာပါတယ္။

ျပန္လာသူအမ်ားစုဟာ ထိုင္းဘက္မွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၾကၿပီး တခ်ိဳ႕ကေတာ့ က်န္းမာေရးေၾကာင့္ ေဆးကုသြားၾကသူေတြလည္း ျဖစ္ပါတယ္။ သူတို႔ေတြကို ေနျပည္ေတာ္ က်န္းမာေရးဌာနက ဦးေဆာင္ၿပီး ကရင္ျပည္နယ္ က်န္းမာေရးဝန္ထမ္းေတြ၊ ျမဝတီခ႐ိုင္နဲ႔ ေကာ့ကရိတ္ခ႐ိုင္က ေဆး႐ုံဝန္ထမ္းေတြက COVID-19 ကူးစက္မႈ ရွိမရွိ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေနပါတယ္။

“ျပန္လာသူေတြကို တစ္ေယာက္ခ်င္းစီ နာမည္၊ အသက္၊ မွတ္တယ္၊ ၿပီးရင္ အဖ်ားရွိမရွိ ကိုယ္အပူခ်ိန္တိုင္းတယ္၊ က်န္းမာေရး စစ္ေဆးမႈ တခ်ိဳ႕လုပ္တယ္၊ ၿပီးကာမွ လူဝင္မႈ ႀကီးၾကပ္ေရးက ကိုယ္ေရးအခ်က္အလက္ေတြ ယူပါတယ္” လို႔ ေရာဂါႏွိမ္နင္းေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာစည္သူေအာင္က ေျပာပါတယ္။

“အခုထိေတာ့ အဆင္ေျပေနတယ္ဗ်၊ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိတဲ့လူနာ၊ ေစာင့္ၾကည့္လူနာ တစ္ဦးတစ္ေယာက္ မေတြ႕ေသးပါဘူး” လို႔လည္း ေဒါက္တာစည္သူေအာင္က ေျပာပါတယ္။

ထိုင္း-ျမန္မာနယ္စပ္က ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) ကို မတ္လ ၂၀ ရက္ေန႔က ထိုင္းဘက္က ပိတ္လိုက္ၿပီးေနာက္ ထိုင္းဘက္မွာ ရွိေနတဲ့ ျမန္မာေတြဟာ တံတားအမွတ္ ၂ ကေန ေန႔စဥ္ ေထာင္နဲ႔ခ်ီၿပီး ျမန္မာႏိုင္ငံထဲကို ျပန္ဝင္လာၾကတာ ျဖစ္ပါတယ္။အမွတ္ ၁ တံတား ပိတ္ၿပီးတဲ့ေနာက္ ထိုင္းဘက္အျခမ္း မဲေဆာက္မွာ ၿမိဳ႕တြင္း ပိုးသတ္ေဆးျဖန္း သန႔္ရွင္းေရးေတြ လုပ္ခဲ့ပါတယ္။

အခု ျမန္မာႏိုင္ငံသားေတြ ျပန္လာေနတဲ့ တံတားအမွတ္ ၂ ဟာ ျမန္မာဘက္အျခမ္းဆိုရင္ ျမဝတီၿမိဳ႕နယ္ ေရပူေက်း႐ြာအပိုင္ထဲမွာ ရွိၿပီး ဒီအမွတ္ ၂ တံတား ကိုလည္း မနက္ျဖန္ မတ္လ ၂၃ ရက္ေန႔မွာ ထိုင္းဘက္အျခမ္းက တရားဝင္ပိတ္ေတာ့မွာ ျဖစ္ပါတယ္။“ဒီကေန႔ ညေန ၆ နာရီအထိေတာ့ ျပန္လာသူေတြကို က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ၿပီး လက္ခံေနပါတယ္” လို႔ ေရာဂါႏွိမ္နင္းေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာစည္သူေအာင္က ေျပာပါတယ္။
ထိုင္း-ျမန္မာ နယ္စပ္က ျပန္ဝင္လာသူ

ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻ႔ႏိုင္ငံေပါင္း ၁၇၀ ေက်ာ္မွာ ကူးစက္မႈ ရွိေနၿပီး ေသဆုံးသူကလည္း ၁ ေသာင္း ၃ ေထာင္ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ ထိုင္းမွာေတာ့ ေရာဂါကူးစက္သူ အေယာက္ ၅၀၀ ေက်ာ္ေနၿပီး ေသဆုံးသူ ၁ ဦး ရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ မတ္လ ၂၁ ရက္ေန႔အထိ ဗိုင္းရပ္စ္ ေစာင့္ၾကည့္နဲ႔ သံသယလူနာ ၂၀၁ ဦးမွာ နာတာရွည္နဲ႔ တျခားေရာဂါေတြေၾကာင့္ ေသဆုံးသူ ၁၂ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
COVID-19 ကြောင့် ထိုင်း-မြန်မာ နယ်စပ်က ပြန်ဝင်လာသူ ၉ ထောင်ကျော်နေပြီ

 
ဓာတ်ပုံ မူပိုင် စောကညောထူး
Image caption မြန်မာရွှေ့ပြောင်းလုပ်သားတွေ

COVID-19 ကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမှာရှိတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ ပြန်ဝင်လာသူဦးရေဟာ ၂ ရက်တာကာလအတွင်း ၉ ထောင်ကျော်ရှိနေပြီး ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာလည်း လူထောင်နဲ့ချီပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်လာနေတာ ဖြစ်ပါတယ်။

“မတ်လ ၂၀ ရက်နေ့က ပြန်လာသူက ၃ ထောင်ရှိတယ်၊ မနေ့က မတ်လ ၂၁ ရက်နေ့မှာ ပြန်ဝင်လာသူ ၆၁၉၃ ဦးရှိတယ်၊ ဒီကနေ့မှာလည်း ဝင်လာသူတွေ ပြွတ်သိပ်နေတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောပါတယ်။

ထိုင်းဘက်က ပြန်ဝင်လာသူတွေမှာ COVID-19 ကူးစက်ထားတာ ရှိမရှိ ဆိုတာကိုလည်း စစ်ဆေးပေးနေတယ်လို့ ဒေါက်တာစည်သူအောင်က ပြောပါတယ်။

ပြန်လာသူအများစုဟာ ထိုင်းဘက်မှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပြီး တချို့ကတော့ ကျန်းမာရေးကြောင့် ဆေးကုသွားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေကို နေပြည်တော် ကျန်းမာရေးဌာနက ဦးဆောင်ပြီး ကရင်ပြည်နယ် ကျန်းမာရေးဝန်ထမ်းတွေ၊ မြဝတီခရိုင်နဲ့ ကော့ကရိတ်ခရိုင်က ဆေးရုံဝန်ထမ်းတွေက COVID-19 ကူးစက်မှု ရှိမရှိ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေပါတယ်။

“ပြန်လာသူတွေကို တစ်ယောက်ချင်းစီ နာမည်၊ အသက်၊ မှတ်တယ်၊ ပြီးရင် အဖျားရှိမရှိ ကိုယ်အပူချိန်တိုင်းတယ်၊ ကျန်းမာရေး စစ်ဆေးမှု တချို့လုပ်တယ်၊ ပြီးကာမှ လူဝင်မှု ကြီးကြပ်ရေးက ကိုယ်ရေးအချက်အလက်တွေ ယူပါတယ်” လို့ ရောဂါနှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောပါတယ်။

“အခုထိတော့ အဆင်ပြေနေတယ်ဗျ၊ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့လူနာ၊ စောင့်ကြည့်လူနာ တစ်ဦးတစ်ယောက် မတွေ့သေးပါဘူး” လို့လည်း ဒေါက်တာစည်သူအောင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေးတံတား အမှတ် (၁) ကို မတ်လ ၂၀ ရက်နေ့က ထိုင်းဘက်က ပိတ်လိုက်ပြီးနောက် ထိုင်းဘက်မှာ ရှိနေတဲ့ မြန်မာတွေဟာ တံတားအမှတ် ၂ ကနေ နေ့စဉ် ထောင်နဲ့ချီပြီး မြန်မာနိုင်ငံထဲကို ပြန်ဝင်လာကြတာ ဖြစ်ပါတယ်။အမှတ် ၁ တံတား ပိတ်ပြီးတဲ့နောက် ထိုင်းဘက်အခြမ်း မဲဆောက်မှာ မြို့တွင်း ပိုးသတ်ဆေးဖြန်း သန့်ရှင်းရေးတွေ လုပ်ခဲ့ပါတယ်။

အခု မြန်မာနိုင်ငံသားတွေ ပြန်လာနေတဲ့ တံတားအမှတ် ၂ ဟာ မြန်မာဘက်အခြမ်းဆိုရင် မြဝတီမြို့နယ် ရေပူကျေးရွာအပိုင်ထဲမှာ ရှိပြီး ဒီအမှတ် ၂ တံတား ကိုလည်း မနက်ဖြန် မတ်လ ၂၃ ရက်နေ့မှာ ထိုင်းဘက်အခြမ်းက တရားဝင်ပိတ်တော့မှာ ဖြစ်ပါတယ်။“ဒီကနေ့ ညနေ ၆ နာရီအထိတော့ ပြန်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီး လက်ခံနေပါတယ်” လို့ ရောဂါနှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် စောကညောထူး
Image caption ထိုင်း-မြန်မာ နယ်စပ်က ပြန်ဝင်လာသူ

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကူးစက်မှု ရှိနေပြီး သေဆုံးသူကလည်း ၁ သောင်း ၃ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ထိုင်းမှာတော့ ရောဂါကူးစက်သူ အယောက် ၅၀၀ ကျော်နေပြီး သေဆုံးသူ ၁ ဦး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မတ်လ ၂၁ ရက်နေ့အထိ ဗိုင်းရပ်စ် စောင့်ကြည့်နဲ့ သံသယလူနာ ၂၀၁ ဦးမှာ နာတာရှည်နဲ့ တခြားရောဂါတွေကြောင့် သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com
COVID-19 ေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္က ျပန္ဝင္လာသူ ၉ ေထာင္ေက်ာ္ေနၿပီ COVID-19 ေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္က ျပန္ဝင္လာသူ ၉ ေထာင္ေက်ာ္ေနၿပီ Reviewed by THITHTOOLWIN on 01:21 Rating: 5
Powered by Blogger.