သီရိလကၤာႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ႏိုင္ငံတစ္ဝန္း သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန႔္ ထုတ္ျပန္

သီရိလကၤာႏိုင္ငံ ကိုလံဘိုၿမိဳ႕ရွိ ရထားဘူတာ႐ုံ၌ ရထားစီးရန္ ေစာင့္ဆိုင္းေနသူမ်ားအား မတ္ ၁၈ ရက္က ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ကိုလံဘို ၊ မတ္ ၂၀ ရက္(ဆင္ဟြာ)

    သီရိလကၤာႏိုင္ငံ၌ COVID-19 ေရာဂါ ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ရန္ အစိုးရက ႏိုင္ငံတစ္ဝန္း မတ္ ၂၀ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၆ နာရီ အခ်ိန္မွ စတင္၍ မတ္ ၂၃ ရက္ နံနက္ ၆ နာရီအခ်ိန္တြင္ ၿပီးဆုံးမည့္ သတ္မွတ္ခ်ိန္ အတြင္း အျပင္မထြက္ရ အမိန႔္အား ေၾကညာခဲ့ေၾကာင္း သိရသည္။

ယင္းေၾကညာခ်က္တြင္ သမၼတ႐ုံးက သီရိလကၤာႏိုင္ငံသားမ်ားအားလုံး အမိန႔္ကို လိုက္နာၾကရန္ ႏွင့္ ေနအိမ္အတြင္း၌ ေနထိုင္ရန္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

သီရိလကၤာႏိုင္ငံ သမၼတ Gotabaya Rajapaksa က လူတိုင္း ေနအိမ္၌ ေနထိုင္ရန္ တိုက္တြန္းသည့္ ႀကိဳးပမ္း ေဆာင္႐ြက္ ခ်က္ အေနျဖင့္ မတ္ ၂၀ ရက္မွ စတင္၍ ရက္သတၱပတ္အၾကာ ေနအိမ္မွ အလုပ္လုပ္ၾကရန္ စည္းမ်ဥ္းတစ္ခုကို မတ္ ၁၉ ရက္တြင္ ေၾကညာခဲ့ေၾကာင္း သိရသည္။

အစိုးရ အရာရွိမ်ားက အဆိုပါ စည္းမ်ဥ္းမွာ မတ္ ၂၇ ရက္အထိ ဆက္လက္ ရွိေနမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

သီရိလကၤာႏိုင္ငံ၌ လတ္တေလာတြင္ COVID-19 ေရာဂါ ျဖစ္ပြားသူ အတည္ျပဳလူနာ ၅၉ ဦး ရွိၿပီး ႏိုင္ငံတစ္ဝန္းရွိ သတ္မွတ္ထားသည့္ ေဆး႐ုံမ်ား၌ လူနာ ၂၃၀ ေက်ာ္မွာ ေစာင့္ၾကပ္ၾကည့္ရႈမႈ ခံေနရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်း သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ရထားဘူတာရုံ၌ ရထားစီးရန် စောင့်ဆိုင်းနေသူများအား မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

    ကိုလံဘို ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

    သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက နိုင်ငံတစ်ဝန်း မတ် ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ အချိန်မှ စတင်၍ မတ် ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ပြီးဆုံးမည့် သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်အား ကြေညာခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် သမ္မတရုံးက သီရိလင်္ကာနိုင်ငံသားများအားလုံး အမိန့်ကို လိုက်နာကြရန် နှင့် နေအိမ်အတွင်း၌ နေထိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က လူတိုင်း နေအိမ်၌ နေထိုင်ရန် တိုက်တွန်းသည့် ကြိုးပမ်း ဆောင်ရွက် ချက် အနေဖြင့် မတ် ၂၀ ရက်မှ စတင်၍ ရက်သတ္တပတ်အကြာ နေအိမ်မှ အလုပ်လုပ်ကြရန် စည်းမျဉ်းတစ်ခုကို မတ် ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

အစိုးရ အရာရှိများက အဆိုပါ စည်းမျဉ်းမှာ မတ် ၂၇ ရက်အထိ ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၌ လတ်တလောတွင် COVID-19 ရောဂါ ဖြစ်ပွားသူ အတည်ပြုလူနာ ၅၉ ဦး ရှိပြီး နိုင်ငံတစ်ဝန်းရှိ သတ်မှတ်ထားသည့် ဆေးရုံများ၌ လူနာ ၂၃၀ ကျော်မှာ စောင့်ကြပ်ကြည့်ရှုမှု ခံနေရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ