ျမန္မာ့လူေနမႈစနစ္ေၾကာင့္ Covid-19 မျဖစ္ႏုိင္ဟု အစုိးရေျပာဆုိခ်က္ ပညာရွင္ေတြေ၀ဖန္


(Zawgyi/Unicode)

ကမၻာ့ကပ္ေရာဂါ ျဖစ္ေနတဲ့ COVID-19 ျမန္မာႏိုင္ငံမွာ ကူးစက္မႈမရွိေသးတာဟာျမန္မာလူမ်ဳိးေတြရဲ႕ ေနထိုင္၊ စားေသာက္လႈပ္ရွားမႈ ပံုစံေတြေၾကာင္ ့ျဖစ္ တယ္ ဆိုတဲ့ ျမန္မာအစိုးရေျပာခြင့္ရပုဂၢိဳလ္ ေျပာဆိုခ်က္ဟာ က်န္းမာေရးရႈေဒါင့္အရ မွန္ကန္ျခင္းမရွိေၾကာင္း က်န္းမာေရးပညာရွင္ေတြက ေထာက္ျပၾကပါတယ္။

ဒါ့အျပင္ အဲဒီလုိ ေျပာဆုိမႈဟာ ေရာဂါအႏၱရာယ္ႀကီးမားမႈနဲ႔ပတ္သက္လို႔ျမန္မာျပည္သူေတြကို အခ်က္အလက္အမွားေတြေပးလိုက္တာျဖစ္တယ္လို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ကလည္း ေ၀ဖန္လိုက္ပါတယ္။

အခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမရွိေသး တာဘာေၾကာင့္လဲဆိုတဲ့ တုန္႔ျပန္ခ်က္အျမင္ေတြကို မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ကမၻာ့ကပ္ေရာဂါျဖစ္လာတဲ့ COVID-19 ကူးစက္မႈနဲ႔ ပတ္သက္ရင္ ႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔မွာ ကူူးစက္သူမရွိဘူးဆိုတာ ျငင္းဆန္ဖို႔ တုန္႔ေႏွးလာခ်ိန္မွာ အခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူမရွိေသးဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရက ေျပာဆိုေနတာပါ။ အထူးသျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ မရွိတာဟာ ျမန္မာလူမ်ဳိးေတြရဲ႕ ေနထိုင္၊စားေသာက္မႈေၾကာင့္ျဖစ္တယ္၊ သမၼတရံုးေျပာခြင့္ရ ဦးေဇာ္ေဌးက ၿပီးခဲ့တဲ့ မတ္လ (၁၃)ရက္ေန႔က သတင္းစာရွင္းလင္းပဲြမွာ အခုလိုေျပာသြားပါတယ္။

“ က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြရဲ႕ ေနထိုင္သြားလာ လႈပ္ရွားမႈ ၊ စားေသာက္မႈ ဒီပံုစံေတြကလည္း ဒီေရာဂါနဲ႔ ပတ္သက္လို႔ ေကာင္းက်ိဳးျဖစ္ေစတာလည္း ေတြ႔ရတယ္ ။ ေနာက္တခ်က္ကေတာ့ က်ေန္ာတို႔အခု ျမန္မာႏိုင္ငံ ျပည္သူအမ်ားစု အမ်ားစု အသံုးျပဳေနတာကေတာ့ cash society ေပါ့ေနာ္ က်ေနာ္တုိ႔ ေငြစကၠဴေတြသံုးတယ္။ ဒီတိုးတက္ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာ့ မ်ားေသာအားျဖင့္ေတာ့ ဘယ္သြားသြား Shopping mall ေတြမွာ၊ စားေသာက္ဆိုင္ေတြမွာ ျဖစ္ေစ ၊ အ၀တ္အထည္ဆိုင္ေတြမွာ ျဖစ္ေစ ကတ္နဲ႔ ၀ယ္ေနတာေတြရွိတယ္။ အဲဒီေတာ့ credit card နဲ႔ ေငြေပးေခ်တဲ့အခါမွာလည္း ေငြရွင္းေကာင္တာက တေန႔ကို လူ ရာနဲ႔ ခ်ီၿပီးေတာ့ ဆက္ဆံေနရတဲ့အေျခအေနမွာ ဒါမ်ိဳးေတြကေနတဆင့္ အရာ၀တၳဳေတြကေန ကူးစက္တဲ့ အလားအလာေတြကလည္း က်ေနာ္တို႔ ႏိုင္ငံမွာ နည္းပါတယ္။ဒါေတြကလည္း က်ေနာ္တို႔ရဲ႕ မူလသဘာ၀ေပါ့ေနာ္ ေရခံေျမခံကလည္း ေရာဂါကူးစက္ႏိုင္မႈအလားအလာနည္းတာကို က်ေနာ္တို႔ေတြ႔ရပါတယ္။”

ခရစ္ဒစ္ကဒ္ကို လူအမ်ားစုက မသံုးလို႔၊ ျမန္မာေတြရဲ႕ သြားလာေနထုိင္၊ စားေသာက္ပံုေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမန္မာႏိုင္ငံမွာ မျဖစ္ဘူးဆိုတဲ့ ေျပာဆိုခ်က္ဟာ ေဆးပညာရွင္ ရွဳေထာင့္ကၾကည့္ရင္ လံုး၀လဲႊမွားေနေၾကာင္း နယူးေရာက္ၿမိဳ႕က ျမန္မာကူးစ က္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ ျမန္မာႏိုင္ငံ လူေနမႈစရိုက္နဲ႔ မကူးႏိုင္ဘူးဆိုတာကေတာ့ ဥပမာ အားျဖင့္ အီတလီကို ၾကည့္ပါေပါ့ေနာ္။ ျမန္မာလူမ်ိဳးေတြနဲ႔ အီတလီလူမ်ိဳးေတြနဲ႔ ေနတာ စားတာေတြက ေတာ္ေတာ္ေလး တူညီတဲ့ အပိုင္းရွိပါတယ္။ ထမင္းစားတာေတြပါပဲ သူတို႔ကေတာ့ ဂ်ံဳစားတာေပါ့ေနာ္ ေတာ္ေတာ္ေလး တူတဲ့အပိုင္းေတြ ရွိပါတယ္။ ေနာက္ၿပီးေတာ့ လူတဦးနဲ႔ တဦး Credit card သံုးတယ္ဆိုတာကေတာ့ ယိုးဒယားမွာ လက္ရွိ ျဖစ္တဲ့ case ေတြကိုပဲ ၾကည့္ၾကည့္ပါ။ ေနာက္ဆံုး ယိုးဒယားမွာ ေတြ႔တဲ့ case ေတြသည္ immigration officer ေတြမွာ သြားေတြ႔ပါတယ္။ immigration officer ေတြဆိုတာက လူေတြကို သြားထိေနတာမဟုတ္ဘူး passport ကိုပဲ ထိတာေပါ့ေနာ္ သေဘာတရားကေတာ့ စာရြက္ကိုပဲ ထိတာေပါ့ေနာ္။ စာရြက္ ဆိုတာက က်ေနာ္တုိ႔ ေန႔စဥ္သံုးေနတဲ့ ပိုက္ဆံနဲ႔ အတူတူပါပဲ။ ဆိုေတာ့ ေရာဂါမရွိတဲ့ လူေတြ ၊ ေရာဂါလကၡဏာမျပေသးတဲ့လူေတြက ဒီေရာဂါကို ရထားၿပီးသြားၿပီ သူတို႔က ကုိယ္ထဲမွာ ေရာဂါကို ယူထားၿပီးတဲ့လူေတြ ျဖစ္ေနတဲ့လူေတြက သူတုိ႔ကေနတဆင့္ ေနာက္ထပ္လူေတြကို ကူးႏိုင္ပါတယ္။ အဲဒီ ဗိုင္းရပ္စ္သည္ ေသခ်ာတာကေတာ့ ေလထဲမွာ ၃ နာရီ ေနႏိုင္ပါတယ္။ စကၠဴတို႔ သစ္သားတို႔ အိမ္မွာ ရွိတဲ့ ထမင္းစားပြဲ မ်က္ႏွာျပင္ေတြအေပၚမွာ ၃ ရက္ေလာက္အထိကို ေနႏိုင္တယ္လို႔ ေရးထားပါတယ္။ ျမန္မာလူမ်ိဳးေတြ ပိုက္ဆံသံုးတာ မ်ားတဲ့အတြက္ေၾကာင့္ Credit card သံုးတာနည္းတဲ့အတြက္ေၾကာင့္ မကူးဘူးဆိုတဲ့အခ်က္ကေတာ့ မျဖစ္ႏိုင္ဘူးေပါ့ေနာ္ ေယဘုယ် အားျဖင့္ ၾကည့္ရင္ေတာ့ ဆက္စပ္မႈ လံုး၀ လုပ္လို႔ မရတဲ့ အရာတခုပါ။”

ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမရွိေသးဘူးဆိုတဲ့ေန ရာမွာ ေမးခြန္း ေတြအမ်ားအျပားရွိေနေၾကာင္း ေဒါက္တာေဇယ်ာသက္က ဆိုပါတယ္။

“မရွိေသးဘူးဆိုတာ ေမးခြန္းေပါင္းမ်ားစြာရွိပါတယ္။ လူဘယ္ႏွစ္ေယာက္ကို စစ္တာလဲ၊ သံသယျဖစ္တဲ့ လူနာပဲ စစ္တာလား ၊ ဒါမွ မဟုတ္ရင္လည္း က်ေနာ္တို႔ community ကိုပဲ စစ္တာလား။ က်ေနာ္တို႔ New York မွာ example တခု ရထားၿပီးပါၿပီ။ US မွာ ဒီေလာက္ case ေတြမ်ားလာတာလဲဆိုေတာ့ ပထမဦးဆံုး ျဖစ္ေနတဲ့အခ်ိန္မွာ ရွိတဲ့လူကိုပဲ symptomsရွိတဲ့ လူကိုပဲ စစ္တာပါ။ အဲဒီထဲမွာ လူအေယာက္ ၁၀၀ စစ္ရင္ ၈ ေယာက္ positive ျဖစ္တယ္ ဒါဆုိရင္ ၈ % ေတြ႔တာေပါ့ေနာ္။ လူအေယာက္ ၁ သိန္းမွာ ၈ ေယာက္ ပဲေတြ႔တယ္ဆိုရင္ ဒါပိုၿပီးေတာ့ ေကာင္းတာေပါ့။ ရာခိုင္ႏႈန္း အရမ္းက်သြားပါတယ္။ လူေနမႈ ၊ စားေသာက္မႈနဲ႔ စရိုက္နဲ႔ စားေသာက္တဲ့ပံုစံနဲ႔ေပါ့ေနာ္ ဆက္ဆံမႈရွိတယ္ဆိုတာက ဘယ္ ေဆးပညာ clinical data နဲ႔မွ မျပထားပါဘူး။ သိပၸံနည္းက် ေျပာရရင္ေတာ့ ဒါမ်ိဳးကေတာ့ ေကာက္ခ်က္ခ်ဖို႔ အလြန္ေစာပါေသးတယ္လို႔ က်ေနာ္ထင္ပါတယ္။”

မတ္လ (၁၆)ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းမွာလည္း ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတဦးမွ မရွိေသးဘူးလို႔ အတိအလင္းေျပာသြားခဲ့သလို၊ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံသူႏိုင္ငံသားေတြအေနနဲ႔ အစိုးရကို ရန္ပံုေငြထည့္၀င္လွဴဒါန္းကူညီၾကဖို႔ တိုက္တြန္းသြားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မိန္႔ခြန္းကိုၾကည့္မယ္ဆိုရင္ ကမၻာ့ကပ္ေရာဂါ ျဖစ္တဲ့ COVID-19 အႏၱရာယ္ အလြန္ႀကီးမားတဲ့အတိုင္းအတာကို အနည္းငယ္ပဲ သေဘာေပါက္ပံုရၿပီး အဆိုးဆံုးအေျခအေနကို အသင့္ျပင္ႏိုင္တဲ့ အေျခအေနမရွိေသးဘူးဆိုတာ ေတြ႕ရတယ္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးရဲ႕ အာရွေရးရာ လက္ေထာက္ညြန္ၾကားေရးမွဴး Phil Robertson ကဗီြအိုေအကို ေျပာပါတယ္။

“COVID-19 ေရာဂါဆိုးရြားျပင္းထန္မႈအေပၚ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ နားလည္မႈ အခုခ်ိန္ထိ အနည္းအက်ဥ္းပဲ ရွိေနေသးတာ ေတြ႕ရပါတယ္။ တကယ္လို႔ သူေကာင္းေကာင္းနားလည္တယ္ဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ျမန္မာႏိုင္ငံမွာ မရွိေသးတာ ျမန္မာရဲ႕ေနထိုင္၊ စားေသာက္မႈ ဓေလ့စရိုက္ေၾကာင့္ ျဖစ္တယ္ဆိုတဲ့ ျမန္မာအစိုးရ ေျပာခြင့္ရပုဂၢိဳလ္ ရဲ႕အေျခအျမစ္မဲ့ေျပာဆိုမႈကို လူသိရွင္ၾကား အေရးယူရမွာျဖစ္ပါတယ္။ ဒီလို ကမၻာလံုးဆိုင္ရာ ျပႆနာရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ျမန္မာအစိုးရက အသိအမွတ္ျပဳဖို႔ ျငင္းဆန္မႈမ်ဳိး ၾကားရတာဟာ SPDC စစ္အစိုးရေခတ္ကို ျပန္ၿပီး သတိရေစပါတယ္။ ေရာဂါကူးစက္မႈမရွိဘူးဆိုတာ တကယ္တမ္း ျမန္မာႏိုင္ငံမွာ လူအမ်ားအျပားကို စမ္းသပ္ စစ္ေဆးႏိုင္မႈ မလုပ္ႏိုင္တဲ့အတြက္ပဲျဖစ္ပါတယ္။ အခုလိုမ်ဳိး ေရာဂါကူးစက္မႈမရွိဘူးလို႔ ေျပာတာဟာ အေကာင္းဆံုးကို ေမွ်ာ္လင့္ဖို႔အတြက္ ေကာင္းတယ္ဆိုေပမဲ့ တာ၀န္သိတဲ့ ႏိုင္ငံေခါင္းေဆာင္ဆိုရင္ေတာ့ အဆိုဆံုးအေျခအေနအလားအလာအတြက္ အသင့္ျပင္ထားဖို႔ လိုအပ္ပါတယ္။”

ဒါအျပင္ အဂၤါေန႔က HRW ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာလည္း ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမရွိတဲ့ အေၾကာင္းအရင္းနဲ႔ ပတ္သက္လို႔ သမၼတရံုးေျပာခြင့္ရ ဦးေဇာ္ေဌးရဲ႕ ေျပာဆိုခ်က္ဟာ တာ၀န္မဲ့တဲ့ ေျပာဆိုခ်က္ျဖစ္ၿပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အေပၚ အထင္အျမင္လဲႊမွားေစတဲ့အျပင္ တကယ္အေျခအေနကို မ်က္ကြယ္ျပဳရာေရာက္တယ္လို႔ ေဖၚျပထားပါတယ္။ ေရာဂါနဲ႔ ပတ္သက္တဲ့ အႏၱာရာယ္အေပၚမွာ ျမန္မာျပည္သူေတြ အျမင္မွားေစတဲ့ ေျပာဆိုခ်က္ျဖစ္တယ္လို႔လည္း HRW က ေ၀ဖန္ ေထာက္ျပထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ စတင္ကူးစက္ျပန္႔ပြားခဲ့တဲ့ ျမန္မာအိမ္နီးခ်င္း အေရွ႕ဘက္ တရုတ္ႏိုင္ငံမွာ လူေပါင္း ၈၀၀၀၀ ေက်ာ္ ကူးစက္ခဲ့ၿပီး၊ အေနာက္ဘက္ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ ၁၁၄ ဦး၊ ဘဂၤလားေဒ့ရွ္မွာ ငါးဦး၊ ထိုင္းမွာ ၁၁၄ဦး ကူးစက္ခံရၿပီးျဖစ္ပါတယ္။ ဒါေပမယ္လို႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ေတာ့ အခုခ်ိန္ထိ ေရာဂါကူးစက္ခံရသူ တဦးမွ မရွိေသးဘူးလို႔ အစိုးရက ေၾကညာထားပါတယ္။

...................

မြန်မာ့လူနေမှုစနစ်ကြောင့် Covid-19 မဖြစ်နိုင်ဟု အစိုးရပြောဆိုချက် ပညာရှင်တွေဝေဖန်

(Unicode)

ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ COVID-19 မြန်မာနိုင်ငံမှာ ကူးစက်မှုမရှိသေးတာဟာမြန်မာလူမျိုးတွေရဲ့ နေထိုင်၊ စားသောက်လှုပ်ရှားမှု ပုံစံတွေကြောင့်ဖြစ် တယ် ဆိုတဲ့ မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြောဆိုချက်ဟာ ကျန်းမာရေးရှုဒေါင့်အရ မှန်ကန်ခြင်းမရှိကြောင်း ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် အဲဒီလို ပြောဆိုမှုဟာ ရောဂါအန္တရာယ်ကြီးမားမှုနဲ့ပတ်သက်လို့မြန်မာပြည်သူတွေကို အချက်အလက်အမှားတွေပေးလိုက်တာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိသေး တာဘာကြောင့်လဲဆိုတဲ့ တုန့်ပြန်ချက်အမြင်တွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ကမ္ဘာ့ကပ်ရောဂါဖြစ်လာတဲ့ COVID-19 ကူးစက်မှုနဲ့ ပတ်သက်ရင် နိုင်ငံအတော်များများက သူတို့မှာ ကူူးစက်သူမရှိဘူးဆိုတာ ငြင်းဆန်ဖို့ တုန့်နှေးလာချိန်မှာ အခုချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူမရှိသေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ပြောဆိုနေတာပါ။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိတာဟာ မြန်မာလူမျိုးတွေရဲ့ နေထိုင်၊စားသောက်မှုကြောင့်ဖြစ်တယ်၊ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြီးခဲ့တဲ့ မတ်လ (၁၃)ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ နေထိုင်သွားလာ လှုပ်ရှားမှု ၊ စားသောက်မှု ဒီပုံစံတွေကလည်း ဒီရောဂါနဲ့ ပတ်သက်လို့ ကောင်းကျိုးဖြစ်စေတာလည်း တွေ့ရတယ် ။ နောက်တချက်ကတော့ ကျနေ်ာတို့အခု မြန်မာနိုင်ငံ ပြည်သူအများစု အများစု အသုံးပြုနေတာကတော့ cash society ပေါ့နော် ကျနော်တို့ ငွေစက္ကူတွေသုံးတယ်။ ဒီတိုးတက် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ များသောအားဖြင့်တော့ ဘယ်သွားသွား Shopping mall တွေမှာ၊ စားသောက်ဆိုင်တွေမှာ ဖြစ်စေ ၊ အဝတ်အထည်ဆိုင်တွေမှာ ဖြစ်စေ ကတ်နဲ့ ဝယ်နေတာတွေရှိတယ်။ အဲဒီတော့ credit card နဲ့ ငွေပေးချေတဲ့အခါမှာလည်း ငွေရှင်းကောင်တာက တနေ့ကို လူ ရာနဲ့ ချီပြီးတော့ ဆက်ဆံနေရတဲ့အခြေအနေမှာ ဒါမျိုးတွေကနေတဆင့် အရာဝတ္ထုတွေကနေ ကူးစက်တဲ့ အလားအလာတွေကလည်း ကျနော်တို့ နိုင်ငံမှာ နည်းပါတယ်။ဒါတွေကလည်း ကျနော်တို့ရဲ့ မူလသဘာဝပေါ့နော် ရေခံမြေခံကလည်း ရောဂါကူးစက်နိုင်မှုအလားအလာနည်းတာကို ကျနော်တို့တွေ့ရပါတယ်။”

ခရစ်ဒစ်ကဒ်ကို လူအများစုက မသုံးလို့၊ မြန်မာတွေရဲ့ သွားလာနေထိုင်၊ စားသောက်ပုံကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုတဲ့ ပြောဆိုချက်ဟာ ဆေးပညာရှင် ရှုထောင့်ကကြည့်ရင် လုံးဝလွဲှမှားနေကြောင်း နယူးရောက်မြို့က မြန်မာကူးစ က်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံ လူနေမှုစရိုက်နဲ့ မကူးနိုင်ဘူးဆိုတာကတော့ ဥပမာ အားဖြင့် အီတလီကို ကြည့်ပါပေါ့နော်။ မြန်မာလူမျိုးတွေနဲ့ အီတလီလူမျိုးတွေနဲ့ နေတာ စားတာတွေက တော်တော်လေး တူညီတဲ့ အပိုင်းရှိပါတယ်။ ထမင်းစားတာတွေပါပဲ သူတို့ကတော့ ဂျုံစားတာပေါ့နော် တော်တော်လေး တူတဲ့အပိုင်းတွေ ရှိပါတယ်။ နောက်ပြီးတော့ လူတဦးနဲ့ တဦး Credit card သုံးတယ်ဆိုတာကတော့ ယိုးဒယားမှာ လက်ရှိ ဖြစ်တဲ့ case တွေကိုပဲ ကြည့်ကြည့်ပါ။ နောက်ဆုံး ယိုးဒယားမှာ တွေ့တဲ့ case တွေသည် immigration officer တွေမှာ သွားတွေ့ပါတယ်။ immigration officer တွေဆိုတာက လူတွေကို သွားထိနေတာမဟုတ်ဘူး passport ကိုပဲ ထိတာပေါ့နော် သဘောတရားကတော့ စာရွက်ကိုပဲ ထိတာပေါ့နော်။ စာရွက် ဆိုတာက ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ပိုက်ဆံနဲ့ အတူတူပါပဲ။ ဆိုတော့ ရောဂါမရှိတဲ့ လူတွေ ၊ ရောဂါလက္ခဏာမပြသေးတဲ့လူတွေက ဒီရောဂါကို ရထားပြီးသွားပြီ သူတို့က ကိုယ်ထဲမှာ ရောဂါကို ယူထားပြီးတဲ့လူတွေ ဖြစ်နေတဲ့လူတွေက သူတို့ကနေတဆင့် နောက်ထပ်လူတွေကို ကူးနိုင်ပါတယ်။ အဲဒီ ဗိုင်းရပ်စ်သည် သေချာတာကတော့ လေထဲမှာ ၃ နာရီ နေနိုင်ပါတယ်။ စက္ကူတို့ သစ်သားတို့ အိမ်မှာ ရှိတဲ့ ထမင်းစားပွဲ မျက်နှာပြင်တွေအပေါ်မှာ ၃ ရက်လောက်အထိကို နေနိုင်တယ်လို့ ရေးထားပါတယ်။ မြန်မာလူမျိုးတွေ ပိုက်ဆံသုံးတာ များတဲ့အတွက်ကြောင့် Credit card သုံးတာနည်းတဲ့အတွက်ကြောင့် မကူးဘူးဆိုတဲ့အချက်ကတော့ မဖြစ်နိုင်ဘူးပေါ့နော် ယေဘုယျ အားဖြင့် ကြည့်ရင်တော့ ဆက်စပ်မှု လုံး၀ လုပ်လို့ မရတဲ့ အရာတခုပါ။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိသေးဘူးဆိုတဲ့နေ ရာမှာ မေးခွန်း တွေအများအပြားရှိနေကြောင်း ဒေါက်တာဇေယျာသက်က ဆိုပါတယ်။

“မရှိသေးဘူးဆိုတာ မေးခွန်းပေါင်းများစွာရှိပါတယ်။ လူဘယ်နှစ်ယောက်ကို စစ်တာလဲ၊ သံသယဖြစ်တဲ့ လူနာပဲ စစ်တာလား ၊ ဒါမှ မဟုတ်ရင်လည်း ကျနော်တို့ community ကိုပဲ စစ်တာလား။ ကျနော်တို့ New York မှာ example တခု ရထားပြီးပါပြီ။ US မှာ ဒီလောက် case တွေများလာတာလဲဆိုတော့ ပထမဦးဆုံး ဖြစ်နေတဲ့အချိန်မှာ ရှိတဲ့လူကိုပဲ symptomsရှိတဲ့ လူကိုပဲ စစ်တာပါ။ အဲဒီထဲမှာ လူအယောက် ၁၀၀ စစ်ရင် ၈ ယောက် positive ဖြစ်တယ် ဒါဆိုရင် ၈ % တွေ့တာပေါ့နော်။ လူအယောက် ၁ သိန်းမှာ ၈ ယောက် ပဲတွေ့တယ်ဆိုရင် ဒါပိုပြီးတော့ ကောင်းတာပေါ့။ ရာခိုင်နှုန်း အရမ်းကျသွားပါတယ်။ လူနေမှု ၊ စားသောက်မှုနဲ့ စရိုက်နဲ့ စားသောက်တဲ့ပုံစံနဲ့ပေါ့နော် ဆက်ဆံမှုရှိတယ်ဆိုတာက ဘယ် ဆေးပညာ clinical data နဲ့မှ မပြထားပါဘူး။ သိပ္ပံနည်းကျ ပြောရရင်တော့ ဒါမျိုးကတော့ ကောက်ချက်ချဖို့ အလွန်စောပါသေးတယ်လို့ ကျနော်ထင်ပါတယ်။”

မတ်လ (၁၆)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာလည်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတဦးမှ မရှိသေးဘူးလို့ အတိအလင်းပြောသွားခဲ့သလို၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တိုက်ဖျက်ရေးအတွက် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အစိုးရကို ရန်ပုံငွေထည့်ဝင်လှူဒါန်းကူညီကြဖို့ တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကိုကြည့်မယ်ဆိုရင် ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့ COVID-19 အန္တရာယ် အလွန်ကြီးမားတဲ့အတိုင်းအတာကို အနည်းငယ်ပဲ သဘောပေါက်ပုံရပြီး အဆိုးဆုံးအခြေအနေကို အသင့်ပြင်နိုင်တဲ့ အခြေအနေမရှိသေးဘူးဆိုတာ တွေ့ရတယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson ကဗွီအိုအေကို ပြောပါတယ်။

“COVID-19 ရောဂါဆိုးရွားပြင်းထန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နားလည်မှု အခုချိန်ထိ အနည်းအကျဉ်းပဲ ရှိနေသေးတာ တွေ့ရပါတယ်။ တကယ်လို့ သူကောင်းကောင်းနားလည်တယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြန်မာနိုင်ငံမှာ မရှိသေးတာ မြန်မာရဲ့နေထိုင်၊ စားသောက်မှု ဓလေ့စရိုက်ကြောင့် ဖြစ်တယ်ဆိုတဲ့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ရဲ့အခြေအမြစ်မဲ့ပြောဆိုမှုကို လူသိရှင်ကြား အရေးယူရမှာဖြစ်ပါတယ်။ ဒီလို ကမ္ဘာလုံးဆိုင်ရာ ပြဿနာရဲ့ အစိတ်အပိုင်းတခုအဖြစ် မြန်မာအစိုးရက အသိအမှတ်ပြုဖို့ ငြင်းဆန်မှုမျိုး ကြားရတာဟာ SPDC စစ်အစိုးရခေတ်ကို ပြန်ပြီး သတိရစေပါတယ်။ ရောဂါကူးစက်မှုမရှိဘူးဆိုတာ တကယ်တမ်း မြန်မာနိုင်ငံမှာ လူအများအပြားကို စမ်းသပ် စစ်ဆေးနိုင်မှု မလုပ်နိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ အခုလိုမျိုး ရောဂါကူးစက်မှုမရှိဘူးလို့ ပြောတာဟာ အကောင်းဆုံးကို မျှော်လင့်ဖို့အတွက် ကောင်းတယ်ဆိုပေမဲ့ တာဝန်သိတဲ့ နိုင်ငံခေါင်းဆောင်ဆိုရင်တော့ အဆိုဆုံးအခြေအနေအလားအလာအတွက် အသင့်ပြင်ထားဖို့ လိုအပ်ပါတယ်။”

ဒါအပြင် အင်္ဂါနေ့က HRW ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ ပြောဆိုချက်ဟာ တာဝန်မဲ့တဲ့ ပြောဆိုချက်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပေါ် အထင်အမြင်လွဲှမှားစေတဲ့အပြင် တကယ်အခြေအနေကို မျက်ကွယ်ပြုရာရောက်တယ်လို့ ဖေါ်ပြထားပါတယ်။ ရောဂါနဲ့ ပတ်သက်တဲ့ အန္တာရာယ်အပေါ်မှာ မြန်မာပြည်သူတွေ အမြင်မှားစေတဲ့ ပြောဆိုချက်ဖြစ်တယ်လို့လည်း HRW က ဝေဖန် ထောက်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားခဲ့တဲ့ မြန်မာအိမ်နီးချင်း အရှေ့ဘက် တရုတ်နိုင်ငံမှာ လူပေါင်း ၈၀၀၀၀ ကျော် ကူးစက်ခဲ့ပြီး၊ အနောက်ဘက် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ၁၁၄ ဦး၊ ဘင်္ဂလားဒေ့ရှ်မှာ ငါးဦး၊ ထိုင်းမှာ ၁၁၄ဦး ကူးစက်ခံရပြီးဖြစ်ပါတယ်။ ဒါပေမယ်လို့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ တော့ အခုချိန်ထိ ရောဂါကူးစက်ခံရသူ တဦးမှ မရှိသေးဘူးလို့ အစိုးရက ကြေညာထားပါတယ်။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com
ျမန္မာ့လူေနမႈစနစ္ေၾကာင့္ Covid-19 မျဖစ္ႏုိင္ဟု အစုိးရေျပာဆုိခ်က္ ပညာရွင္ေတြေ၀ဖန္ ျမန္မာ့လူေနမႈစနစ္ေၾကာင့္ Covid-19 မျဖစ္ႏုိင္ဟု အစုိးရေျပာဆုိခ်က္ ပညာရွင္ေတြေ၀ဖန္ Reviewed by THITHTOOLWIN on 23:44 Rating: 5
Powered by Blogger.