Covid-19 ေၾကာင့္ ထုိင္းနယ္စပ္က ဒုကၡသည္စခန္းေတြ ၀င္ထြက္ခြင့္ပိတ္

ကိုရိုနာဗိုင္းရပ္စ္ ရွိမရွိထုိင္းနယ္စပ္က ဒုကၡသည္စခန္းအတြင္း စစ္ေဆးေန (ဓါတ္ပံု- မေအးေအးမာ VOA)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံရိွ ျမန္မာဒုကၡသည္စခန္းမ်ားထဲက မယ္လနဲ႔ အုန္းဖ်န္ဒုကၡသည္စခန္းေတြမွာ ကိုရိုနာဗိုင္းရပ္စ္ COVID – 19 ကူးစက္မူေတြ မရွိေစဖို ့ကာကြယ္တားဆီးတဲ့အေနနဲ႔ ဒုကၡသည္စခန္းမ်ားကို ၀င္ထြက္ သြားလာခြင့္ ေတြကို မတ္လ ၁၈ ရက္ေန႔ ကစတင္ၿပီး တရား၀င္စာထုတ္ ကန္႔သတ္ ပိတ္ပင္လိုက္တာပါ။ ဒီအေျခအေနနဲ႔႔ ပတ္သက္လို႔ေတာ့ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္း- ျမန္မာနယ္စပ္က လူဦးေရ ၇ ေထာင္ေက်ာ္ေလာက္ရွိတဲ့ အုန္းဖ်န္ ဒုကၡသည္စခန္းမွာေတာ့ သက္ဆိုင္ရာ လူထု အေျချပဳအဖဲြ ့အစည္းေတြ အစိုးရမဟုတ္တဲ့ အဖဲြ႔အစည္းေတြကို စခန္းအုပ္ခ်ဳပ္ေရးမွဴးက ေခၚယူေတြ႔ ဆံုခဲ့ၿပီး စခန္းတြင္းက လူေတြ အျပင္ကုိ မထြက္ဖို႔နဲ႔ စခန္းကေန ဒုကၡသည္ေတြကို လာေရာက္ေတြ႕ ဆံုသူေတြ ကိုလည္း ၀င္ခြင့္မျပဳေတာ့ဘူးဆိုၿပီး ပိတ္ပင္လိုက္ေၾကာင္း အုန္းဖ်န္စခန္းတြင္းက ဒုကၡသည္တဦးက အခုလိုေျပာျပပါတယ္။

“ အုန္းဖ်န္၊ မယ္လ ဒုကၡစခန္းေတြမွာ ကုိရိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ စခန္းထဲက အျပင္ကို မထြက္ဖို႔နဲ႔ ၊ စခန္းျပင္က လူကိုလည္း အထဲကိုမ၀င္ဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္တယ္ ။ ၀င္ခြင့္၊ ထြက္ခြင့္ေတြကို ထိန္းခ်ဳပ္ ထားတယ္၊ ၀င္ခြင့္ ပိတ္ပင္ထားတယ္။ အုန္းဖ်န္မွာ လူဦးေရ ၇ေထာင္ေက်ာ္ေလာက္ ရွိတယ္။”

စခန္းတြင္းမွာ ဘာသာေရးပဲြေတြနဲ႔ လူစုလူေ၀းေတြ မလုပ္ဖို႔လည္း စခန္းတြင္းက ဒုကၡသည္ေတြကို သတိေပးထားတယ္ လို႔လည္းဆိုပါတယ္။

“လူစုလူေ၀းမလုပ္ဖို႔ အလွဴအတန္းကိစၥေတြကို မေဆာင္ရြက္ဖို႔၊ ဘုရားေက်ာင္း၀တ္ျပဳတာ လူစုလူေ၀းနဲ႔ မလုပ္ဖို႔ အဲဒါေတြကို အေသးစိတ္ ေဆြးေႏြးတယ္။NGO လူထုအေျချပဳအဖဲြ႔ ေတြ ၊ အစုိးရမဟုတ္တဲ့အဖဲြ ့ေတြနဲ႔လည္း ေဆြးေႏြးၿပီးေတာ့ ေရာဂါကာကြယ္ေရးအတြက္ ေဆြးေႏြးတယ္။”

စခန္းတြင္းမွာလည္း ဘာသာေရးနဲ႔ ပတ္သက္လို႔ လူစုလူေ၀းေတြလုပ္တဲ့ေနရာေတြ အမ်ားအျပား ရွိတယ္လို႔ ဆုိပါတယ္။

“ခရစ္ယာန္ Church ေက်ာင္းေတြရိွတယ္။ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္း ၅ေက်ာင္း
ေလာက္ရွိတယ္။ ခ၇စ္ယာန္ Church ေက်ာင္းက ရပ္ကြက္တခုကုိ တခု ၊ ၂ခုဆို
အားလံုးေပါင္း ၂၀ေလာက္ရွိတယ္။ ဗလီေက်ာင္းလည္း ၅ေက်ာင္းေလာက္ရွိတယ္။ေလာေလာဆယ္ အုန္းဖ်န္နဲ႔ မယ္လကို လုပ္ေနတယ္။ႏိုဖိုးဒုကၡသည္စခန္းလည္း လုပ္လိမ့္မယ္။”

ျမန္မာႏိုင္ငံျပည္တြင္းစစ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြကိုေတာ့ ထုိင္း-ျမန္မာ နယ္စပ္မွာရွိတဲ့ ဒုကၡသည္စခန္း ၉ ခုမွာ ႏွစ္ေပါင္း ၃၀ေက်ာ္ၾကာ ထိုင္းအစိုးရက ခိုလံႈခြင့္ ေပးထားတာျဖစ္ပါတယ္။ ဒီဒုကၡစခန္း ၉ခုထဲမွာ ကရင္နီဒုကၡသည္စခန္း ၂ခုပါ၀င္တာပါ။ ကရင္နီဒုကၡသည္ စခန္း ၂ခုမွာေတာ့ ဒုကၡသည္ေပါင္း ၁၃၀၀၀ ေက်ာ္ ခိုလွႈံေနထုိင္ေနတာျဖစ္ၿပီး က်န္တဲ့ကရင္ဒုကၡသည္စခန္း၇ခုမွာ ခိုလံွဳေနတဲ့ ဒုကၡသည္ေတြ အားလံုးေပါင္းမယ္ဆုိရင္ေတာ့ ထိုင္း-ျမန္မာနယ္စပ္က စခန္းေတြမွာ ဒုကၡသည္ တသိန္္း နီးပါးေလာက္ ခိုလံႈေနထိုင္ေနၾကတာျဖစ္ပါတယ္။


..................

Covid-19 ကြောင့် ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေ ဝင်ထွက်ခွင့်ပိတ်

(Unicode)

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းများထဲက မယ်လနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ကူးစက်မူတွေ မရှိစေဖို့ကာကွယ်တားဆီးတဲ့အနေနဲ့ ဒုက္ခသည်စခန်းများကို ဝင်ထွက် သွားလာခွင့် တွေကို မတ်လ ၁၈ ရက်နေ့ ကစတင်ပြီး တရားဝင်စာထုတ် ကန့်သတ် ပိတ်ပင်လိုက်တာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့တော့ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းက မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတွေလည်း ပိတ်ရတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ထိုင်း- မြန်မာနယ်စပ်က လူဦးရေ ၇ ထောင်ကျော်လောက်ရှိတဲ့ အုန်းဖျန် ဒုက္ခသည်စခန်းမှာတော့ သက်ဆိုင်ရာ လူထု အခြေပြုအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို စခန်းအုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ ဆုံခဲ့ပြီး စခန်းတွင်းက လူတွေ အပြင်ကို မထွက်ဖို့နဲ့ စခန်းကနေ ဒုက္ခသည်တွေကို လာရောက်တွေ့ ဆုံသူတွေ ကိုလည်း ဝင်ခွင့်မပြုတော့ဘူးဆိုပြီး ပိတ်ပင်လိုက်ကြောင်း အုန်းဖျန်စခန်းတွင်းက ဒုက္ခသည်တဦးက အခုလိုပြောပြပါတယ်။

“ အုန်းဖျန်၊ မယ်လ ဒုက္ခစခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အနေနဲ့ စခန်းထဲက အပြင်ကို မထွက်ဖို့နဲ့ ၊ စခန်းပြင်က လူကိုလည်း အထဲကိုမဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် ။ ဝင်ခွင့်၊ ထွက်ခွင့်တွေကို ထိန်းချုပ် ထားတယ်၊ ဝင်ခွင့် ပိတ်ပင်ထားတယ်။ အုန်းဖျန်မှာ လူဦးရေ ၇ထောင်ကျော်လောက် ရှိတယ်။”

စခန်းတွင်းမှာ ဘာသာရေးပွဲတွေနဲ့ လူစုလူဝေးတွေ မလုပ်ဖို့လည်း စခန်းတွင်းက ဒုက္ခသည်တွေကို သတိပေးထားတယ် လို့လည်းဆိုပါတယ်။

“လူစုလူဝေးမလုပ်ဖို့ အလှူအတန်းကိစ္စတွေကို မဆောင်ရွက်ဖို့၊ ဘုရားကျောင်းဝတ်ပြုတာ လူစုလူဝေးနဲ့ မလုပ်ဖို့ အဲဒါတွေကို အသေးစိတ် ဆွေးနွေးတယ်။NGO လူထုအခြေပြုအဖွဲ့ တွေ ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့လည်း ဆွေးနွေးပြီးတော့ ရောဂါကာကွယ်ရေးအတွက် ဆွေးနွေးတယ်။”

စခန်းတွင်းမှာလည်း ဘာသာရေးနဲ့ ပတ်သက်လို့ လူစုလူဝေးတွေလုပ်တဲ့နေရာတွေ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

“ခရစ်ယာန် Church ကျောင်းတွေရှိတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၅ကျောင်း
လောက်ရှိတယ်။ ခရစ်ယာန် Church ကျောင်းက ရပ်ကွက်တခုကို တခု ၊ ၂ခုဆို
အားလုံးပေါင်း ၂၀လောက်ရှိတယ်။ ဗလီကျောင်းလည်း ၅ကျောင်းလောက်ရှိတယ်။လောလောဆယ် အုန်းဖျန်နဲ့ မယ်လကို လုပ်နေတယ်။နိုဖိုးဒုက္ခသည်စခန်းလည်း လုပ်လိမ့်မယ်။”

မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေကိုတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၃၀ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေးထားတာဖြစ်ပါတယ်။ ဒီဒုက္ခစခန်း ၉ခုထဲမှာ ကရင်နီဒုက္ခသည်စခန်း ၂ခုပါဝင်တာပါ။ ကရင်နီဒုက္ခသည် စခန်း ၂ခုမှာတော့ ဒုက္ခသည်ပေါင်း ၁၃၀၀၀ ကျော် ခိုလှှုံနေထိုင်နေတာဖြစ်ပြီး ကျန်တဲ့ကရင်ဒုက္ခသည်စခန်း၇ခုမှာ ခိုလံှုနေတဲ့ ဒုက္ခသည်တွေ အားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်း-မြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည် တသိန်း နီးပါးလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

ေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
Covid-19 ေၾကာင့္ ထုိင္းနယ္စပ္က ဒုကၡသည္စခန္းေတြ ၀င္ထြက္ခြင့္ပိတ္ Covid-19 ေၾကာင့္ ထုိင္းနယ္စပ္က ဒုကၡသည္စခန္းေတြ ၀င္ထြက္ခြင့္ပိတ္ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.