Covid-19 ကာလ အလုပ္ဆင္းေနရတဲ့ အေမရိကန္က ျမန္မာတခ်ဳိ႕ရဲ႕ စုိးရိမ္မႈ

နယူးေယာက္ အလုပ္သမားေရးရာဌာနသုိ႔ လာေရာက္ေမးျမန္းေနသူမ်ား။ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကုိ႐ုိနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ အေမရိကန္ ျပည္ေထာင္စုအတြင္း ျပည္နယ္အေတာ္မ်ားမ်ားမွာ စက္႐ုံအလုပ္႐ုံေတြ ရပ္နားထားလိုက္ၿပီဆိုေပမယ့္ ျမန္မာလူမ်ဳိး အမ်ားစုရွိရာ Indiana ျပည္နယ္၊ Fort Wayne ၿမဳိ႕က စက္႐ုံတခ်ဳိ႕မွာေတာ့ ေရာဂါကူးစက္ခံရမွာ စိုးရိမ္ေနတဲ့ၾကားကပဲ အလုပ္ဆက္ဆင္းေနရတယ္လို႔ ျမန္မာလုပ္သားေတြက ဗီြအုိေအကုိ ေျပာျပၾကပါတယ္။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း California၊ New York၊ Connecticut၊ Illinois ျပည္နယ္ေတြနဲ႔ အခုဆုိရင္ New Jersey ျပည္နယ္မွာပါ မလိုအပ္ဘဲ လူေတြ အိမ္ျပင္မထြက္ၾကဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက အမိန္႔ထုတ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

ျမန္မာျပည္ဖြားေတြ အမ်ားစုရွိရာ Indiana ျပည္နယ္၊ Fort Wayne ၿမဳိ႕မွာေတာ့ စာသင္ေက်ာင္းေတြ၊ စားေသာက္ဆုိင္ေတြ အားလုံး ပိတ္သြားၿပီဆိုေပမယ့္ စက္႐ုံတခ်ဳိ႕ကေတာ့ မပိတ္ေသးဘဲ အလုပ္ဆက္ဆင္းေနရတာေၾကာင့္ လူအမ်ားႀကီးနဲ႔ အတူအလုပ္လုပ္ေနရတဲ့ အေျခအေနမွာ ေရာဂါကူးစက္မွာကို စုိးရိမ္ေနမိတယ္လို႔ ကားအပိုပစၥည္းထုတ္တဲ့ Nishigawa စက္႐ုံမွာ လုပ္ေနသူ ေဒၚမာမာဦးက ေျပာပါတယ္။

“အဲဒါကေတာ့ က်မမွမဟုတ္ဘူး၊ အခု အလုပ္လုပ္ေနတဲ့လူ အားလုံးက စုိးရိမ္မႈေတာ့ ရွိၾကတယ္။ ကူးစက္ျမန္တဲ့ေရာဂါၾကေတာ့ လူေတြက ေၾကာက္ၾကတယ္ေလ။ အိမ္မွာပဲေနၾကရင္ ပိုၿပီးေတာ့ Safe ျဖစ္တာေပါ့။ လူေတြရဲ႕စိတ္မွာ အဲဒီလိုျဖစ္ေနတယ္။ အလုပ္သာ လုပ္ေနၾကတယ္၊ စုိးရိမ္မႈေတာ့ ျဖစ္ေနၾကတယ္။ ဒါေပမယ့္ အလုပ္ေတာ့ မလုပ္လုိ႔လည္း မရဘူးေလ။ သူတုိ႔က အလုပ္မပိတ္ဘူးဆုိေတာ့ လုပ္ရမွာေပါ့။ အခုေတာ့ စက္႐ုံမွာ မေန႔ကပဲ စာထုတ္တယ္။ က်မတုိ႔ ပစၥည္း မျပည့္ေသးဘူး။ ၃ ရက္စာ ပစၥည္း လိုေသးတယ္။ ဒီ ၃ ရက္စာ သူတုိ႔လုိခ်င္တဲ့ပစၥည္း ျပည့္သြားရင္ အလုပ္ဘယ္ႏွစ္ရက္ ပိတ္မယ္ ဆုိတာေတာ့ မသိေသးဘူး၊ ပိတ္ေပးမယ္။ အဲဒီၾကမွ သူတို႔ ျပန္ထုတ္ျပန္မယ္။ အခုေလာေလာဆယ္ လက္ေတြဘာေတြ သန္႔ေအာင္လုပ္ဖို႔ေတာ့ သူတုိ႔ေျပာတယ္။ အကယ္၍ တခုခုျဖစ္လာမယ္၊ ဖ်ားတယ္ဆိုရင္ အလုပ္မလာဖို႔ေတာ့ သူတုိ႔ ေျပာတယ္။”

စက္႐ံု အလုပ္႐ုံေတြ ယာယီရပ္နားလိုက္တာေၾကာင့္ အေမရိကန္ႏိုင္ငံတဝွမ္းမွာ အလုပ္လက္မဲ့ဦးေရ တဟုန္ထိုး တုိးလာေနၿပီး အလုပ္လက္မဲ့ ခံစားခြင့္ေငြေၾကး ေလွ်ာက္ထားသူ အေရအတြက္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ၂ သိန္း ၈ ေသာင္းေက်ာ္အထိ ရွိလာခဲ့တယ္လို႔ အလုပ္သမားေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။ ဒီလိုသာ အလုပ္လက္မဲ့ကာလ ေရရွည္ျဖစ္ေနမယ္ဆိုရင္ လုယက္မႈအပါအဝင္ ရာဇဝတ္မႈေတြ မ်ားလာမွာကို ျမန္မာလူမ်ဳိးေတြ စုိးရိမ္ေနၾကတယ္လို႔ Fort Wayne ၿမဳိ႕မွာေနတဲ့ ခရီးသည္ႀကဳိပို႔လုပ္ငန္းပုိင္ရွင္ ဦးေက်ာ္သက္က ေျပာပါတယ္။

“Fort Wayne မွာလည္း အခု Positive ျဖစ္ေနတဲ့လူ သုံးေလးေယာက္ ေတြ႔ၿပီဆုိတာ ေျပာတယ္။ အဲလုိမ်ဳိး ျဖစ္လာတဲ့အခါၾကေတာ့ လူေတြ ေတာ္ေတာ္မ်ားမ်ားက အျပင္မထြက္ၾကေတာ့ဘူးေပါ့။ အဓိကေတာ့ ဆုိင္ေတြဘာေတြလည္း သိပ္မသြားခ်င္ၾကေတာ့ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ Asian ေတြဆုိ ပုိဆုိးတာေပါ့။ မ်က္လုံးေတြက အမုန္းမ်က္လုံးေတြ ၾကည့္လာတယ္၊ ေနာက္တခါ ပုိဆုိးတာက ဒီေရာဂါက Asia က လာတယ္၊ တ႐ုတ္ကလာတယ္ဆုိေတာ့ အေမရိကန္ ေတာ္ေတာ္မ်ားမ်ားရဲ႕ မ်က္လုံးထဲမွာ Asian ေတြကို သိပ္ၿပီးေတာ့ မႀကိဳက္တဲ့ပုံစံ ရွိလာတယ္။ တခါ အလုပ္ေတြက မရွိၾကေတာ့ဘူးဆိုရင္ လုတာယက္တာေတြ ျဖစ္လာႏုိင္တယ္။”

ဗုိင္းရပ္စ္ကူးစက္မႈ အႏၱရာယ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ ဒီမတ္လကုန္အထိ ကာလအတြင္း အလုပ္သမား ၁ သန္းေက်ာ္ အလုပ္လက္လႊတ္ ဆုံး႐ႈံးရမယ့္ အေျခအေနကို ရင္ဆုိင္ရလိမ့္မယ္လို႔ စီးပြားေရးပညာရွင္ေတြကလည္း တြက္ဆထားပါတယ္။

အဓိကအားျဖင့္ စားေသာက္ဆိုင္ေတြ၊ ဘားဆုိင္ေတြ၊ ဟုိတယ္နဲ႔ ဟုိတယ္က စားေသာက္ဆုိင္ေတြမွာ လုပ္ေနၾကတဲ့ နာရီစား ေန႔စား အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္မယ့္ အေျခအေန ရွိလာႏုိင္တယ္လို႔ သတိေပးေနတာပါ။ အေမရိကန္အစိုးရကလည္း အလုပ္လက္မဲ့ခံစားခြင့္ ေငြေၾကးေထာက္ပံ့တယ္ ဆုိေပမယ့္ ယာယီ ကာလတခုအထိသာျဖစ္ၿပီး ရရွိမယ့္ ေငြပမာဏကလည္း ပုံမွန္ရေနက် လစာဝင္ေငြထက္ သိသိသာသာ ေလ်ာ့နည္းမွာ ျဖစ္တာေၾကာင့္ မိသားစုရွိတဲ့ သူေတြၾကားမွာ စိုးရိမ္မႈ တိုးပြားေနၾကပါတယ္။


---------------------------------

(Unicode)

Covid-19 ကာလ အလုပ်ဆင်းနေရတဲ့ အမေရိကန်က မြန်မာတချို့ရဲ့ စိုးရိမ်မှု

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အမေရိကန် ပြည်ထောင်စုအတွင်း ပြည်နယ်အတော်များများမှာ စက်ရုံအလုပ်ရုံတွေ ရပ်နားထားလိုက်ပြီဆိုပေမယ့် မြန်မာလူမျိုး အများစုရှိရာ Indiana ပြည်နယ်၊ Fort Wayne မြို့က စက်ရုံတချို့မှာတော့ ရောဂါကူးစက်ခံရမှာ စိုးရိမ်နေတဲ့ကြားကပဲ အလုပ်ဆက်ဆင်းနေရတယ်လို့ မြန်မာလုပ်သားတွေက ဗွီအိုအေကို ပြောပြကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း California၊ New York၊ Connecticut၊ Illinois ပြည်နယ်တွေနဲ့ အခုဆိုရင် New Jersey ပြည်နယ်မှာပါ မလိုအပ်ဘဲ လူတွေ အိမ်ပြင်မထွက်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အမိန့်ထုတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်ဖွားတွေ အများစုရှိရာ Indiana ပြည်နယ်၊ Fort Wayne မြို့မှာတော့ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ အားလုံး ပိတ်သွားပြီဆိုပေမယ့် စက်ရုံတချို့ကတော့ မပိတ်သေးဘဲ အလုပ်ဆက်ဆင်းနေရတာကြောင့် လူအများကြီးနဲ့ အတူအလုပ်လုပ်နေရတဲ့ အခြေအနေမှာ ရောဂါကူးစက်မှာကို စိုးရိမ်နေမိတယ်လို့ ကားအပိုပစ္စည်းထုတ်တဲ့ Nishigawa စက်ရုံမှာ လုပ်နေသူဒေါ်မာမာဦးက ပြောပါတယ်။

“အဲဒါကတော့ ကျမမှမဟုတ်ဘူး၊ အခု အလုပ်လုပ်နေတဲ့လူ အားလုံးက စိုးရိမ်မှုတော့ ရှိကြတယ်။ ကူးစက်မြန်တဲ့ရောဂါကြတော့ လူတွေက ကြောက်ကြတယ်လေ။ အိမ်မှာပဲနေကြရင် ပိုပြီးတော့ Safe ဖြစ်တာပေါ့။ လူတွေရဲ့စိတ်မှာ အဲဒီလိုဖြစ်နေတယ်။ အလုပ်သာ လုပ်နေကြတယ်၊ စိုးရိမ်မှုတော့ ဖြစ်နေကြတယ်။ ဒါပေမယ့် အလုပ်တော့ မလုပ်လို့လည်း မရဘူးလေ။ သူတို့က အလုပ်မပိတ်ဘူးဆိုတော့ လုပ်ရမှာပေါ့။ အခုတော့ စက်ရုံမှာ မနေ့ကပဲ စာထုတ်တယ်။ ကျမတို့ ပစ္စည်း မပြည့်သေးဘူး။ ၃ ရက်စာ ပစ္စည်း လိုသေးတယ်။ ဒီ ၃ ရက်စာ သူတို့လိုချင်တဲ့ပစ္စည်း ပြည့်သွားရင် အလုပ်ဘယ်နှစ်ရက် ပိတ်မယ် ဆိုတာတော့ မသိသေးဘူး၊ ပိတ်ပေးမယ်။ အဲဒီကြမှ သူတို့ ပြန်ထုတ်ပြန်မယ်။ အခုလောလောဆယ် လက်တွေဘာတွေ သန့်အောင်လုပ်ဖို့တော့ သူတို့ပြောတယ်။ အကယ်၍ တခုခုဖြစ်လာမယ်၊ ဖျားတယ်ဆိုရင် အလုပ်မလာဖို့တော့ သူတို့ ပြောတယ်။”

စက်ရုံ အလုပ်ရုံတွေ ယာယီရပ်နားလိုက်တာကြောင့် အမေရိကန်နိုင်ငံတဝှမ်းမှာ အလုပ်လက်မဲ့ဦးရေ တဟုန်ထိုး တိုးလာနေပြီး အလုပ်လက်မဲ့ ခံစားခွင့်ငွေကြေး လျှောက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၂ သိန်း ၈ သောင်းကျော်အထိ ရှိလာခဲ့တယ်လို့ အလုပ်သမားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီလိုသာ အလုပ်လက်မဲ့ကာလ ရေရှည်ဖြစ်နေမယ်ဆိုရင် လုယက်မှုအပါအဝင် ရာဇဝတ်မှုတွေ များလာမှာကို မြန်မာလူမျိုးတွေ စိုးရိမ်နေကြတယ်လို့ Fort Wayne မြို့မှာနေတဲ့ ခရီးသည်ကြိုပို့လုပ်ငန်းပိုင်ရှင် ဦးကျော်သက်က ပြောပါတယ်။

“Fort Wayne မှာလည်း အခု Positive ဖြစ်နေတဲ့လူ သုံးလေးယောက် တွေ့ပြီဆိုတာ ပြောတယ်။ အဲလိုမျိုး ဖြစ်လာတဲ့အခါကြတော့ လူတွေ တော်တော်များများက အပြင်မထွက်ကြတော့ဘူးပေါ့။ အဓိကတော့ ဆိုင်တွေဘာတွေလည်း သိပ်မသွားချင်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ Asian တွေဆို ပိုဆိုးတာပေါ့။ မျက်လုံးတွေက အမုန်းမျက်လုံးတွေ ကြည့်လာတယ်၊ နောက်တခါ ပိုဆိုးတာက ဒီရောဂါက Asia က လာတယ်၊ တရုတ်ကလာတယ်ဆိုတော့ အမေရိကန် တော်တော်များများရဲ့ မျက်လုံးထဲမှာ Asian တွေကို သိပ်ပြီးတော့ မကြိုက်တဲ့ပုံစံ ရှိလာတယ်။ တခါ အလုပ်တွေက မရှိကြတော့ဘူးဆိုရင် လုတာယက်တာတွေ ဖြစ်လာနိုင်တယ်။”

ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဒီမတ်လကုန်အထိ ကာလအတွင်း အလုပ်သမား ၁ သန်းကျော် အလုပ်လက်လွှတ် ဆုံးရှုံးရမယ့် အခြေအနေကို ရင်ဆိုင်ရလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေကလည်းတွက်ဆထားပါတယ်။

အဓိကအားဖြင့် စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေ၊ ဟိုတယ်နဲ့ ဟိုတယ်က စားသောက်ဆိုင်တွေမှာ လုပ်နေကြတဲ့ နာရီစား နေ့စား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေ ရှိလာနိုင်တယ်လို့ သတိပေးနေတာပါ။ အမေရိကန်အစိုးရကလည်း အလုပ်လက်မဲ့ခံစားခွင့် ငွေကြေးထောက်ပံ့တယ် ဆိုပေမယ့် ယာယီ ကာလတခုအထိသာဖြစ်ပြီး ရရှိမယ့် ငွေပမာဏကလည်း ပုံမှန်ရနေကျ လစာဝင်ငွေထက် သိသိသာသာ လျော့နည်းမှာ ဖြစ်တာကြောင့် မိသားစုရှိတဲ့ သူတွေကြားမှာ စိုးရိမ်မှု တိုးပွားနေကြပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com
Covid-19 ကာလ အလုပ္ဆင္းေနရတဲ့ အေမရိကန္က ျမန္မာတခ်ဳိ႕ရဲ႕ စုိးရိမ္မႈ Covid-19 ကာလ အလုပ္ဆင္းေနရတဲ့ အေမရိကန္က ျမန္မာတခ်ဳိ႕ရဲ႕ စုိးရိမ္မႈ Reviewed by THITHTOOLWIN on 01:18 Rating: 5
Powered by Blogger.