COVID-19 စိုးရိမ္စိတ္ရွိေပမဲ့ ရန္ကုန္တကၠသိုလ္စာေမးပြဲ ေျဖဆိုသူ ၉၀% ေက်ာ္ရွိ

ရန္ကုန္ တကၠသိုလ္ (မွတ္တမ္းဓာတ္ပံု - ဇြန္ ၂၈၊ ၂၀၁၂)

(Zawgyi/Unicode)

Covid-19 ေၾကာင့္ တကၠသိုလ္စာေမးပြဲေတြ ေ႐ႊ႕ဆိုင္းဖို႔ ေက်ာင္းသားသမဂၢေတြ ေတာင္းဆိုခဲ့ၾကေပမဲ့ ဒီေန႔စတဲ့ ရန္ကုန္တကၠသိုလ္ေတြက စာေမးပြဲေတြမွာေတာ့ လာေရာက္ေျဖဆိုသူ ၉၀ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ ဒီေန႔စတဲ့ တကၠသိုလ္ စာေမးပြဲေတြနဲ႔ ပတ္သက္လို႔ မအိမ္သႏၲာထြန္းက စုံစမ္းေမးျမန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ Covid-19 ေရာဂါကို တားဆီးကာကြယ္ႏိုင္ဖို႔အတြက္ လူစုလူေဝးေတြနဲ႔ ပြဲလမ္းသဘင္ေတြ မျပဳလုပ္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တားျမစ္ထားေပမယ့္ တကၠသိုလ္အဆင့္ စာေမးပြဲေတြကို ပုံမွန္သတ္မွတ္ရက္ေတြအတိုင္း က်င္းပတာေၾကာင့္ ေက်ာင္းသားသမဂၢတခ်ိဳ႕က စာေမးပြဲကို ေနာက္ဆုတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

🔹ျမန္မာမွာ COVID-19 သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးသူ ၅ ဦး ရွိတဲ့ အေၾကာင္းလည္းဒီမွာ ဖတ္ရႈႏို္င္ပါၿပီ။

ဒီလို ေတာင္းဆိုၾကတာေၾကာင့္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢနဲ႔ ပါေမာကၡခ်ဳပ္တို႔ ေဆြးေႏြးညႇိႏႈိင္းၿပီး တကၠသိုလ္စာေမးပြဲေတြကို ႏွစ္ႀကိမ္စစ္ေဆးေပးဖို႔ ရန္ကုန္တကၠသိုလ္ဆီးနိတ္အစည္းအေဝးက ဆုံးျဖတ္လိုက္ပါတယ္။

အခုလုပ္ေနတဲ့ တကၠသိုလ္ စာေမးပြဲေတြကို ပုံမွန္အတိုင္း ဆက္လက္ ေျဖဆိုႏိုင္သလို အခုအခ်ိန္မွာ မေျဖခ်င္တဲ့ ေက်ာင္းသားေတြအတြက္လည္း ဇြန္လမွာ ထပ္မံစစ္ေဆးေပးဖို႔ စီစဥ္ထားတဲ့အေၾကာင္းကို အဆင့္ျမင့္ပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Dr. သိန္းဝင္းက အခုလို ေျပာျပပါတယ္။

“တခ်ိဳ႕ေတြကေတာ့ Covid-19 ေၾကာင့္ စာေမးပြဲကို ရပ္ဆိုင္းေစခ်င္တယ္ ရက္ေ႐ႊ႕ခ်င္တယ္ေပါ့။ ရက္ေ႐ႊ႕ခ်င္ေတာ့ က်ေနာ္တို႔က တကၠသိုလ္ရဲ႕ ဆီးနိတ္ မွာ ဆုံးျဖတ္ၿပီးေတာ့ ေ႐ႊ႕ခ်င္တဲ့ သူကို ေ႐ႊ႕တဲ့ အခ်ိန္မွာ စာေမးပြဲ ေျဖခ်င္တဲ့သူကို ဒီေန႔မွာေပ့ါ ဒီေန႔မွာ အမ်ားစုေျဖတာကို ေတြ႕ရတယ္။ အဲ့ေတာ့ ႏွစ္ႀကိမ္ေတာ့ ခြဲလုပ္မယ္။ ပုံမွန္ေတာ့ ဒီအတိုင္းပဲ ဆက္သြားေနမယ္။ တကယ္လို႔ Covid-19 ကို ေရွာင္ရွားခ်င္လို႔ မေျဖခ်င္ဘူးဆိုရင္ ေနာင္တစ္ခ်ိန္ တကၠသိုလ္က အဆင္ေျပတဲ့အခ်ိန္ က်ေနာ္သိသေလာက္ေတာ့ ဇြန္လေလာက္မွ စစ္ေပးႏိုင္မယ္။ အဲ့အခ်ိန္က်မွာ သူတို႔ေျဖရမယ္။”

စာေမးပြဲကို ႏွစ္ႀကိမ္လုပ္ေပးထားေပမဲ့ ဒီေန႔ ပထမဆုံးရက္မွာေတာ့ စာေမးပြဲ လာေျဖၾကသူက ၉၀ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ Dr. သိန္းဝင္းက ေျပာပါတယ္။

“အဲဒါကေတာ့ က်ေနာ္တို႔ဘက္က မွန္တယ္... တာဝန္ယူ တာဝန္ခံ လုပ္ထားတာေလ။ ျဖစ္လာလို႔ ရွိရင္လည္း က်ေနာ္တို႔ဘက္က အမ်ားသေဘာေပါ့။ ဥပမာအားျဖင့္ အကုန္ေ႐ြ႕ခ်င္တယ္ဆို က်ေနာ္တို႔ ဒီေန႔ကို Attendance ကို ၾကည့္လိုက္တယ္။ Attendance က 90% ေက်ာ္ေက်ာ္ေျဖတယ္။ တခ်ိဳ႕ မႏၲေလးတကၠသိုလ္ဆို ၁၄ ေယာက္ပဲ ပ်က္တယ္။ ဒါေတာင္ မနက္ပိုင္းမွာ ေျဖရမယ္ဆိုလို႔ ေျဖလိုက္တဲ့ သူက ေနာက္ေန႔မွ မေျဖခ်င္ရင္ Cancel လုပ္လိုက္ ရတယ္။ ေနာက္တခါမွာ One Set အကုန္ေျဖ .. က်ေနာ္တို႔ ဒါမ်ိဳးကို ခြင့္ျပဳေပးထားတယ္။ ဒီမွာ ေက်ာင္းစာရင္းက အကုန္မရေသးဘူး။ ရန္ကုန္တကၠသိုလ္ကေတာင္မွ ၃,၄၀၀ မွာ ၄၀၀ ေက်ာ္ပ်က္ကြက္တယ္။ ဒါေပမဲ့ အဲ့ဒီ ၄၀၀ ေက်ာ္မွာ ဒီပလိုမာ သင္တန္းေတြက ၂၀၀ ေက်ာ္ ပ်က္ကြက္တယ္။ ႐ိုး႐ိုးေဒးေက်ာင္းသားေတြက ပ်က္ကြက္တာ နည္းပါတယ္။ ဒါက်ေနာ္တို႔က လူအမ်ားရဲ႕ ဆႏၵကိုပဲ ေျပာတာပါ။ ေျဖခ်င္တဲ့သူ ဆႏၵရွိရင္ေျဖသြား မေျဖခ်င္ရင္ေ႐ႊ႕ဆို က်ေနာ္တို႔ ေ႐ႊ႕ေပးထားပါတယ္။ 2 Ways လုပ္ေပးထားပါတယ္။"

ဒီလို ႏွစ္ႀကိမ္စစ္ေဆးေပးမဲ့ ကိစၥကို မသိရွိလိုက္ဘဲ ဒီေန႔ စာေမးပြဲခန္းထဲမွာမွ သိရတဲ့ ေက်ာင္းသားေတြအတြက္လည္း အခုကာလမွာ ဆက္မေျဖခ်င္ဘူးဆိုရင္ ရပ္နားလိုက္ႏိုင္ၿပီး ဇြန္လမွာမွ ျပန္ၿပီး ဘာသာစုံေျဖႏိုင္တယ္လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္က ဆက္ေျပာပါတယ္။

ပုံမွန္ရက္အတိုင္း စာေမးပြဲေျဖဆိုၾကမယ့္ ေက်ာင္းသားေတြထဲ ေနမေကာင္းသူေတြအတြက္ Quarantine အခန္းေတြ လုပ္ေပးထားသလို အခန္းတိုင္းမွာ Hand Gel နဲ႔ Mask ေတြ ထားေပးထားတယ္လို႔ ဆိုပါတယ္။ Mask ကို လူေစ့ မေဝေပးႏိုင္ေပမဲ့ ေခ်ာင္းဆိုး၊ ႏွာေဆး ျဖစ္ေနသူေတြကိုေတြ႕ရင္ ခ်က္ခ်က္ေပးႏိုင္ဖို႔ လုပ္ေဆာင္ထားတယ္လို႔ အဆင့္ျမင့္ပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ Covid-19 ေၾကာင့္ လူစုလူေဝးေတြကို ေရွာင္ရွားတဲ့ အေနနဲ႔ ျမန္မာႏိုင္ငံ ေရေၾကာင္းပညာ တကၠသိုလ္က စာေမးပြဲေျဖဆိုရက္ကို ေ႐ႊ႕ဆိုင္းလိုက္သလို ျမန္မာႏိုင္ငံ ကုန္သြယ္ေရေၾကာင္းေကာလိပ္ကလည္း မတ္လ ၁၈ ရက္ကေန ဧၿပီလ ၃၀ ရက္အထိကို Online ကေနပဲ သင္ၾကားမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

အေျခခံပညာေက်ာင္းေတြကေတာ့ ပုံမွန္အတိုင္းပိတ္ထားတဲ့အခ်ိန္ျဖစ္ေနၿပီး မူႀကိဳေက်ာင္းေတြကိုေတာ့ ပိတ္ဖို႔အာဏာပိုင္ေတြက ၫႊန္ၾကားထားပါတယ္။

ဒီကေန႔ မတ္လ ၁၈ ရက္ေန႔ စာရင္းအရ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားေနတဲ့ ႏိုင္ငံေပါင္း ၁၆၈ ႏိုင္ငံ ရွိၿပီး ကူးစက္ခံထားရသူ စုစု‌ေပါင္း ၂၀၀,၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ စုစုေပါင္းက ၈,၀၀၀ ေက်ာ္ရွိပါတယ္။


[Unicode Version]

COVID-19 စိုးရိမ်စိတ်ရှိပေမယ့် ရန်ကုန်တက္ကသိုလ်စာမေးပွဲ ဖြေဆိုသူ ၉၀% ကျော်ရှိ

Covid-19 ကြောင့် တက္ကသိုလ်စာမေးပွဲတွေ ရွှေ့ဆိုင်းဖို့ ကျောင်းသားသမဂ္ဂတွေ တောင်းဆိုခဲ့ကြပေမဲ့ ဒီနေ့စတဲ့ ရန်ကုန်တက္ကသိုလ်တွေက စာမေးပွဲတွေမှာတော့ လာရောက်ဖြေဆိုသူ ၉၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒီနေ့စတဲ့ တက္ကသိုလ် စာမေးပွဲတွေနဲ့ ပတ်သက်လို့ မအိမ်သန္တာထွန်းက စုံစမ်းမေးမြန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက် လူစုလူဝေးတွေနဲ့ ပွဲလမ်းသဘင်တွေ မပြုလုပ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်ထားပေမယ့် တက္ကသိုလ်အဆင့် စာမေးပွဲတွေကို ပုံမှန်သတ်မှတ်ရက်တွေအတိုင်း ကျင်းပတာကြောင့် ကျောင်းသားသမဂ္ဂတချို့က စာမေးပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

🔹မြန်မာမှာ COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၅ ဦး ရှိတဲ့ အကြောင်းလည်းဒီမှာ ဖတ်ရှုနိုင်ပါပြီ။

ဒီလို တောင်းဆိုကြတာကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ပါမောက္ခချုပ်တို့ ဆွေးနွေးညှိနှိုင်းပြီး တက္ကသိုလ်စာမေးပွဲတွေကို နှစ်ကြိမ်စစ်ဆေးပေးဖို့ ရန်ကုန်တက္ကသိုလ်ဆီးနိတ်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

အခုလုပ်နေတဲ့ တက္ကသိုလ် စာမေးပွဲတွေကို ပုံမှန်အတိုင်း ဆက်လက် ဖြေဆိုနိုင်သလို အခုအချိန်မှာ မဖြေချင်တဲ့ ကျောင်းသားတွေအတွက်လည်း ဇွန်လမှာ ထပ်မံစစ်ဆေးပေးဖို့ စီစဉ်ထားတဲ့အကြောင်းကို အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. သိန်းဝင်းက အခုလို ပြောပြပါတယ်။

“တချို့တွေကတော့ Covid-19 ကြောင့် စာမေးပွဲကို ရပ်ဆိုင်းစေချင်တယ် ရက်ရွှေ့ချင်တယ်ပေါ့။ ရက်ရွှေ့ချင်တော့ ကျနော်တို့က တက္ကသိုလ်ရဲ့ ဆီးနိတ် မှာ ဆုံးဖြတ်ပြီးတော့ ရွှေ့ချင်တဲ့ သူကို ရွှေ့တဲ့ အချိန်မှာ စာမေးပွဲ ဖြေချင်တဲ့သူကို ဒီနေ့မှာပေ့ါ ဒီနေ့မှာ အများစုဖြေတာကို တွေ့ရတယ်။ အဲ့တော့ နှစ်ကြိမ်တော့ ခွဲလုပ်မယ်။ ပုံမှန်တော့ ဒီအတိုင်းပဲ ဆက်သွားနေမယ်။ တကယ်လို့ Covid-19 ကို ရှောင်ရှားချင်လို့ မဖြေချင်ဘူးဆိုရင် နောင်တစ်ချိန် တက္ကသိုလ်က အဆင်ပြေတဲ့အချိန် ကျနော်သိသလောက်တော့ ဇွန်လလောက်မှ စစ်ပေးနိုင်မယ်။ အဲ့အချိန်ကျမှာ သူတို့ဖြေရမယ်။”

စာမေးပွဲကို နှစ်ကြိမ်လုပ်ပေးထားပေမဲ့ ဒီနေ့ ပထမဆုံးရက်မှာတော့ စာမေးပွဲ လာဖြေကြသူက ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် Dr. သိန်းဝင်းက ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ဘက်က မှန်တယ်... တာဝန်ယူ တာဝန်ခံ လုပ်ထားတာလေ။ ဖြစ်လာလို့ ရှိရင်လည်း ကျနော်တို့ဘက်က အများသဘောပေါ့။ ဥပမာအားဖြင့် အကုန်ရွေ့ချင်တယ်ဆို ကျနော်တို့ ဒီနေ့ကို Attendance ကို ကြည့်လိုက်တယ်။ Attendance က 90% ကျော်ကျော်ဖြေတယ်။ တချို့ မန္တလေးတက္ကသိုလ်ဆို ၁၄ ယောက်ပဲ ပျက်တယ်။ ဒါတောင် မနက်ပိုင်းမှာ ဖြေရမယ်ဆိုလို့ ဖြေလိုက်တဲ့ သူက နောက်နေ့မှ မဖြေချင်ရင် Cancel လုပ်လိုက် ရတယ်။ နောက်တခါမှာ One Set အကုန်ဖြေ .. ကျနော်တို့ ဒါမျိုးကို ခွင့်ပြုပေးထားတယ်။ ဒီမှာ ကျောင်းစာရင်းက အကုန်မရသေးဘူး။ ရန်ကုန်တက္ကသိုလ်ကတောင်မှ ၃,၄၀၀ မှာ ၄၀၀ ကျော်ပျက်ကွက်တယ်။ ဒါပေမဲ့ အဲ့ဒီ ၄၀၀ ကျော်မှာ ဒီပလိုမာ သင်တန်းတွေက ၂၀၀ ကျော် ပျက်ကွက်တယ်။ ရိုးရိုးဒေးကျောင်းသားတွေက ပျက်ကွက်တာ နည်းပါတယ်။ ဒါကျနော်တို့က လူအများရဲ့ ဆန္ဒကိုပဲ ပြောတာပါ။ ဖြေချင်တဲ့သူ ဆန္ဒရှိရင်ဖြေသွား မဖြေချင်ရင်ရွှေ့ဆို ကျနော်တို့ ရွှေ့ပေးထားပါတယ်။ 2 Ways လုပ်ပေးထားပါတယ်။"

ဒီလို နှစ်ကြိမ်စစ်ဆေးပေးမဲ့ ကိစ္စကို မသိရှိလိုက်ဘဲ ဒီနေ့ စာမေးပွဲခန်းထဲမှာမှ သိရတဲ့ ကျောင်းသားတွေအတွက်လည်း အခုကာလမှာ ဆက်မဖြေချင်ဘူးဆိုရင် ရပ်နားလိုက်နိုင်ပြီး ဇွန်လမှာမှ ပြန်ပြီး ဘာသာစုံဖြေနိုင်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဆက်ပြောပါတယ်။

ပုံမှန်ရက်အတိုင်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားတွေထဲ နေမကောင်းသူတွေအတွက် Quarantine အခန်းတွေ လုပ်ပေးထားသလို အခန်းတိုင်းမှာ Hand Gel နဲ့ Mask တွေ ထားပေးထားတယ်လို့ ဆိုပါတယ်။ Mask ကို လူစေ့ မဝေပေးနိုင်ပေမဲ့ ချောင်းဆိုး၊ နှာဆေး ဖြစ်နေသူတွေကိုတွေ့ရင် ချက်ချက်ပေးနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် လူစုလူဝေးတွေကို ရှောင်ရှားတဲ့ အနေနဲ့ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်က စာမေးပွဲဖြေဆိုရက်ကို ရွှေ့ဆိုင်းလိုက်သလို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကလည်း မတ်လ ၁၈ ရက်ကနေ ဧပြီလ ၃၀ ရက်အထိကို Online ကနေပဲ သင်ကြားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခြေခံပညာကျောင်းတွေကတော့ ပုံမှန်အတိုင်းပိတ်ထားတဲ့အချိန်ဖြစ်နေပြီး မူကြိုကျောင်းတွေကိုတော့ ပိတ်ဖို့အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။

ဒီကနေ့ မတ်လ ၁၈ ရက်နေ့ စာရင်းအရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ရှိပြီး ကူးစက်ခံထားရသူ စုစု‌ပေါင်း ၂၀၀,၀၀၀ ကျော်နှင့် သေဆုံးသူ စုစုပေါင်းက ၈,၀၀၀ ကျော်ရှိပါတယ်။

အိမ့္သႏၲာထြန္း/VOA (Burmese)
https://burmese.voanews.com
COVID-19 စိုးရိမ္စိတ္ရွိေပမဲ့ ရန္ကုန္တကၠသိုလ္စာေမးပြဲ ေျဖဆိုသူ ၉၀% ေက်ာ္ရွိ COVID-19 စိုးရိမ္စိတ္ရွိေပမဲ့ ရန္ကုန္တကၠသိုလ္စာေမးပြဲ ေျဖဆိုသူ ၉၀% ေက်ာ္ရွိ Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.