ငွက္ဖ်ားေဆးနဲ႔ Covid-19 ေရာဂါကုိ ကုသႏုိင္မည္ဟု အေမရိကန္ေမွ်ာ္လင့္


(Zawgyi/Unicode)

ငွက္ဖ်ားေရာဂါကုေဆးျဖစ္တဲ့ Chloroquine ကို Covid-19 ေရာဂါကုသရာမွာ အသံုးျပဳႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ သမၼတ Donald Trump ေျပာၾကားသြားပါတယ္။ ဦးေက်ာ္ဇံသာက အျပည့္အစံုကို ေျပာျပမွာပါ။

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရမႈကို ကုသဖို႔ ေဆးေတြ႔ရွိၿပီလားဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး သမၼတ Donald Trump ေျပာၾကားသြားတဲ့သတင္းကို တင္ျပလိုပါတယ္။ ငွက္ဖ်ားေရာဂါကုသရာမွာ အသံုးျပဳတဲ့ Chloroquine ေဆးဟာ ကိုရိုနာဗုိင္းရပ္စ္ ေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ Covid-19 ေရာဂါကုသရာမွာ အသံုးျပဳႏိုင္ဖို႔အတြက္ အျမန္ဆံုးရရွိႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ သမၼတ Donald Trump ေျပာၾကားသြားပါတယ္။ ေဆးနာမည္ အျပည့္အစံု Hydroxy Chloroquine ျဖစ္ၿပီး ငွက္ဖ်ားေရာဂါနဲ႔ အဆစ္အျမစ္ကိုက္ခဲတဲ့ ေ၀ဒနာ ေတြကိုကုသတဲ့ေနရာမွာ သံုးတဲ့ေဆးျဖစ္ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ ကာကြယ္ေဆး ေတြ႔ရွိေရးကိုလည္း အျပင္းအထန္စမ္းသပ္ေနၿပီး ဒါကေတာ့ ေနာက္ ၁၂ လ ေလာက္မွာမွ အသံုးျပဳႏိုင္မွာ ျဖစ္တယ္လို႔လဲ ဆိုပါတယ္။

ဒါေပမယ့္ အခုေလာေလာဆည္မွာ ကုသႏိုင္ဖုိ႔ ေဆး ေတြ႔ရွိဖို႔က ပိုမိုအေရးႀကီးေနတာပါ။ သမၼတ Donald Trump ကေတာ့ သူအခု ညႊန္းတဲ့ ငွက္ဖ်ားေဆးက သိပ္အလားအလာေကာင္းတယ္လို႔ ၾကာသပေတးေန႔ မြန္းလြဲပိုင္း ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာၾကားသြားတာျဖစ္ပါတယ္။

“chloroquine ေဆး တခ်ိဳ႕ကေတာ့ hydroxy chloroquine လို႔ေခၚပါတယ္။ ဆိုေတာ့ chloroquine ဒါမွမဟုတ္ hydroxy chloroquine ေပါ့ဗ်ာ။ အခုဒါဟာ ငွက္ဖ်ားေဆးအတြက္အသံုးျပဳတယ္။ ျပင္းထန္တဲ့ အဆစ္အျမစ္ကိုက္ ေရာဂါအတြက္လည္း ဒီေဆးရဲ႕ ပံုစံကြဲတမ်ိဳးကို သံုးၾကပါတယ္။ ဒီအတြက္ စမ္းသပ္ စစ္ေဆးမႈေတြ အမ်ားႀကီးျပဳလုပ္ဖို႔ လိုအပ္ပါေသးတယ္။ ပံုစံကြဲအမ်ိဳးမ်ိဳးလည္း ရွိတယ္။ သိပ္ျပင္းထန္တဲ့ ေဆးျဖစ္ပါတယ္။ အေစာပိုင္းရလဒ္ေတြကေတာ့ အင္မတန္ အားတက္စရာေကာင္းပါတယ္။ ဒီေဆးကို အျမန္ဆံုးရရွိႏိုင္ေအာင္ ေဆာင္ရြက္ဖို႔ က်ေနာ္တို႔ လုပ္ေဆာင္ေနပါတယ္။”

ဒါေပမယ့္ FDA လုိ႔ေခၚတဲ့ စားေသာက္ကုန္နဲ႔ ေဆး၀ါးဌာန အၾကီးအကဲ Stephen Hahn ကေတာ့ chloroquine ေဆးဟာ Covid-19 ေရာဂါကုသရာမွာ ထိေရာက္မႈ ရွိတယ္ဆိုတဲ့ လြဲမွားတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳး မေပးလိုဘူးလို႔ ေျပာပါတယ္။ တကယ္ေတာ့ Covid-19 ေရာဂါကုသရာမွာ အသံုးျပဳႏိုင္တဲ့ ေဆးကို ေလာေလာဆယ္ ဘယ္မွာမွ မေတြ႔ရွိေသးပါဘူး။

သမၼတ Donald Trump ကလည္း တေနရာမွာေတာ့ သူ႔ေလသံ ေလွ်ာ့ေျပာသြားတာ ေတြ႔ရပါတယ္။

“ဒီေဆးဟာ အေျပာင္းအလဲ ျဖစ္ေစႏိုင္တဲ့ ေဆးျဖစ္ႏိုင္တယ္။ game changer ျဖစ္ႏိုင္တယ္ မျဖစ္ပဲနဲ႔လည္း ေနႏိုင္တယ္။”

က်န္းမာေရးဆိုင္ရာ အႀကီးအကဲေတြကလည္း ဒီေဆးရဲ႕ စိတ္ခ်ရမႈ ထိေရာက္မႈကို စနစ္တက် ျပဳလုပ္ဖို႔ လုိအပ္ေသးတယ္လို႔ ေျပာေနတာပါ။ Stephen Hahn ကေတာ့ FDA အေနနဲ႔ တရား၀င္အသိအမွတ္ မျပဳရေသးဘူးလို႔ ဆိုပါတယ္။ ဒီေဆးဟာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါ ကုသတဲ့ေနရာမွာ အသံုးတည့္ၿပီး စိတ္ခ်ရၿပီ လို႔ သိပၸံပညာရွင္အမ်ားစုက သေဘာတူ အတည္ျပဳတာ မရွိေသးေပမယ့္ ဒီေဆးကို တရုတ္နဲ႔ ျပင္သစ္မွာ မၾကာခင္က လူနာတခ်ိဳ႕ကို ကုသတဲ့ေနရာမွာ အသံုးျပဳခဲ့ၿပီး အင္မတန္ အလားအလာ ေကာင္းတယ္လို႔ သိပၸံပညာရွင္ တခ်ိဳ႕က ေျပာေၾကာင္း AFP သတင္း တပုဒ္က ေရးသားထားပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ဟာ လူအမ်ားအျပားအတြက္ေတာ့ ဖ်ားတာ ေခ်ာင္းဆိုးတာ စတဲ့ ေရာဂါလကၡဏာ အေသးအမႊားေလး ဒါမွမဟုတ္ အေတာ္အသင့္ေလာက္သာ ျပသႏိုင္တာျဖစ္ၿပီး တခ်ိဳ႕ အထူးသျဖင့္ အသက္အရြယ္ ႀကီးရင့္သူေတြ နမိုးနီးယား အဆုတ္ေရာဂါလို က်န္းမာေရးျပႆနာ ျဖစ္တဲ့သူေတြအတြက္ကေတာ့ ေရာဂါလကၡဏာ ပိုျပင္းထန္ႏိုင္ပါတယ္။

လူအမ်ားစုဟာ ဗိုင္းရပ္စ္ ကူးစက္ခံရတာကေန ျပန္လည္သက္သာႏိုင္ပါတယ္။ WHO ေခၚ ကမာၻ႕က်န္းမာေရးအဖြဲ႔ အေျပာအရ သိပ္မျပင္းထန္တဲ့ လူနာေတြအဖို႔ ၂ ပတ္အတြင္း ျပန္လည္သက္သာႏိုင္ၿပီး ျပင္းထန္တဲ့ လူနာေတြအတြက္ကေတာ့ ျပန္လည္သက္သာဖို႔ ၃ ပတ္ကေန ၆ ပတ္အထိ ၾကာျမင့္ႏိုင္တယ္လို႔ ေျပာေၾကာင္း AP သတင္းတပုဒ္ကေန ကိုးကားေဖာ္ျပလိုက္ပါတယ္။


.................

ငှက်ဖျားဆေးနဲ့ Covid-19 ရောဂါကို ကုသနိုင်မည်ဟု အမေရိကန်မျှော်လင့်

(Unicode)

ငှက်ဖျားရောဂါကုဆေးဖြစ်တဲ့ Chloroquine ကို Covid-19 ရောဂါကုသရာမှာ အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ အမေရိကန် သမ္မတ Donald Trump ပြောကြားသွားပါတယ်။ ဦးကျော်ဇံသာက အပြည့်အစုံကို ပြောပြမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ကုသဖို့ ဆေးတွေ့ရှိပြီလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump ပြောကြားသွားတဲ့သတင်းကို တင်ပြလိုပါတယ်။ ငှက်ဖျားရောဂါကုသရာမှာ အသုံးပြုတဲ့ Chloroquine ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Covid-19 ရောဂါကုသရာမှာ အသုံးပြုနိုင်ဖို့အတွက် အမြန်ဆုံးရရှိနိုင်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် သမ္မတ Donald Trump ပြောကြားသွားပါတယ်။ ဆေးနာမည် အပြည့်အစုံ Hydroxy Chloroquine ဖြစ်ပြီး ငှက်ဖျားရောဂါနဲ့ အဆစ်အမြစ်ကိုက်ခဲတဲ့ ဝေဒနာ တွေကိုကုသတဲ့နေရာမှာ သုံးတဲ့ဆေးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တွေ့ရှိရေးကိုလည်း အပြင်းအထန်စမ်းသပ်နေပြီး ဒါကတော့ နောက် ၁၂ လ လောက်မှာမှ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

ဒါပေမယ့် အခုလောလောဆည်မှာ ကုသနိုင်ဖို့ ဆေး တွေ့ရှိဖို့က ပိုမိုအရေးကြီးနေတာပါ။ သမ္မတ Donald Trump ကတော့ သူအခု ညွှန်းတဲ့ ငှက်ဖျားဆေးက သိပ်အလားအလာကောင်းတယ်လို့ ကြာသပတေးနေ့ မွန်းလွဲပိုင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားတာဖြစ်ပါတယ်။

“chloroquine ဆေး တချို့ကတော့ hydroxy chloroquine လို့ခေါ်ပါတယ်။ ဆိုတော့ chloroquine ဒါမှမဟုတ် hydroxy chloroquine ပေါ့ဗျာ။ အခုဒါဟာ ငှက်ဖျားဆေးအတွက်အသုံးပြုတယ်။ ပြင်းထန်တဲ့ အဆစ်အမြစ်ကိုက် ရောဂါအတွက်လည်း ဒီဆေးရဲ့ ပုံစံကွဲတမျိုးကို သုံးကြပါတယ်။ ဒီအတွက် စမ်းသပ် စစ်ဆေးမှုတွေ အများကြီးပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ ပုံစံကွဲအမျိုးမျိုးလည်း ရှိတယ်။ သိပ်ပြင်းထန်တဲ့ ဆေးဖြစ်ပါတယ်။ အစောပိုင်းရလဒ်တွေကတော့ အင်မတန် အားတက်စရာကောင်းပါတယ်။ ဒီဆေးကို အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်ဖို့ ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

ဒါပေမယ့် FDA လို့ခေါ်တဲ့ စားသောက်ကုန်နဲ့ ဆေးဝါးဌာန အကြီးအကဲ Stephen Hahn ကတော့ chloroquine ဆေးဟာ Covid-19 ရောဂါကုသရာမှာ ထိရောက်မှု ရှိတယ်ဆိုတဲ့ လွဲမှားတဲ့ မျှော်လင့်ချက်မျိုး မပေးလိုဘူးလို့ ပြောပါတယ်။ တကယ်တော့ Covid-19 ရောဂါကုသရာမှာ အသုံးပြုနိုင်တဲ့ ဆေးကို လောလောဆယ် ဘယ်မှာမှ မတွေ့ရှိသေးပါဘူး။

သမ္မတ Donald Trumpကလည်း တနေရာမှာတော့ သူ့လေသံ လျှော့ပြောသွားတာ တွေ့ရပါတယ်။

“ဒီဆေးဟာ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ဆေးဖြစ်နိုင်တယ်။ game changer ဖြစ်နိုင်တယ် မဖြစ်ပဲနဲ့လည်း နေနိုင်တယ်။”

ကျန်းမာရေးဆိုင်ရာ အကြီးအကဲတွေကလည်း ဒီဆေးရဲ့ စိတ်ချရမှု ထိရောက်မှုကို စနစ်တကျ ပြုလုပ်ဖို့ လိုအပ်သေးတယ်လို့ ပြောနေတာပါ။ Stephen Hahn ကတော့ FDA အနေနဲ့ တရားဝင်အသိအမှတ် မပြုရသေးဘူးလို့ ဆိုပါတယ်။ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကုသတဲ့နေရာမှာ အသုံးတည့်ပြီး စိတ်ချရပြီ လို့ သိပ္ပံပညာရှင်အများစုက သဘောတူ အတည်ပြုတာ မရှိသေးပေမယ့် ဒီဆေးကို တရုတ်နဲ့ ပြင်သစ်မှာ မကြာခင်က လူနာတချို့ကို ကုသတဲ့နေရာမှာ အသုံးပြုခဲ့ပြီး အင်မတန် အလားအလာ ကောင်းတယ်လို့ သိပ္ပံပညာရှင် တချို့က ပြောကြောင်း AFP သတင်း တပုဒ်က ရေးသားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူအများအပြားအတွက်တော့ ဖျားတာ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာ အသေးအမွှားလေး ဒါမှမဟုတ် အတော်အသင့်လောက်သာ ပြသနိုင်တာဖြစ်ပြီး တချို့ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေ နမိုးနီးယား အဆုတ်ရောဂါလို ကျန်းမာရေးပြဿနာ ဖြစ်တဲ့သူတွေအတွက်ကတော့ ရောဂါလက္ခဏာ ပိုပြင်းထန်နိုင်ပါတယ်။

လူအများစုဟာ ဗိုင်းရပ်စ် ကူးစက်ခံရတာကနေ ပြန်လည်သက်သာနိုင်ပါတယ်။ WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပြောအရ သိပ်မပြင်းထန်တဲ့ လူနာတွေအဖို့ ၂ ပတ်အတွင်း ပြန်လည်သက်သာနိုင်ပြီး ပြင်းထန်တဲ့ လူနာတွေအတွက်ကတော့ ပြန်လည်သက်သာဖို့ ၃ ပတ်ကနေ ၆ ပတ်အထိ ကြာမြင့်နိုင်တယ်လို့ ပြောကြောင်း AP သတင်းတပုဒ်ကနေ ကိုးကားဖော်ပြလိုက်ပါတယ်။

ဦးေက်ာ္ဇံသာ/VOA (Burmese)
https://burmese.voanews.com
ငွက္ဖ်ားေဆးနဲ႔ Covid-19 ေရာဂါကုိ ကုသႏုိင္မည္ဟု အေမရိကန္ေမွ်ာ္လင့္ ငွက္ဖ်ားေဆးနဲ႔ Covid-19 ေရာဂါကုိ ကုသႏုိင္မည္ဟု အေမရိကန္ေမွ်ာ္လင့္ Reviewed by THITHTOOLWIN on 00:07 Rating: 5
Powered by Blogger.