အေမရိကန္မွာ COVID-19 ေၾကာင့္ လူ ၁ သိန္းနဲ႔အထက္ အသက္အႏၱရာယ္ရွိႏိုင္


(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ လူေပါင္း ၁၀၀,၀၀၀ ထက္မက ေသဆံုးႏိုင္ေၾကာင္း အေမရိကန္ ထိပ္တန္း ကူးစက္ေရာဂါကြ်မ္းက်င္သူ ေဒါက္တာ Anthony Fauci က တနဂၤေႏြေန႔မွာ ခန္႔မွန္း ေျပာၾကားခဲ့ပါတယ္။

ဒါဟာ COVID-19 ေရာဂါေၾကာင့္ လက္ရွိ အေမရိကန္မွာ ေသဆံုးမႈႏႈန္းရဲ႕ အဆေပါင္း ၅၀ ရွိေနတာပါ။ ဒါ့အျပင္ အေမရိကန္မွာ COVID-19 ေရာဂါကူးစက္သူေပါင္း သန္းခ်ီ ရွိႏိုင္ေၾကာင္း ေဒါက္တာ Fauic က CNN သတင္းဌာနကို အခုလိုေျပာသြားပါတယ္။

"အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမယ့္ အေရအတြက္ သန္းနဲ႔ခ်ီ ရွိႏိုင္ပါတယ္။ ဒါေပမယ္လို႔ ဒီလို ကူးစက္ခံရသူေတြ မ်ားလာေနတဲ့ အေျခအေနမွာ ဘယ္ေလာက္အေရအတြက္ထိ ရွိနိုင္မလဲဆိုတဲ့ ေျပာဆိုခ်က္မ်ဳးိဟာ အလြယ္တကူ မွားယြင္းႏိုင္တဲ့အတြက္ ခန္႔မွန္းဖို႔ မလိုအပ္ဘူးလို႔ က်ေနာ္ထင္ပါတယ္။ လူေတြကိုလည္း အထင္အျမင္ လြဲမွားေစႏိုင္ပါတယ္။"

ဒီအေတာအတြင္း အေမရိကန္ျပည္ေထာင္စုမွာ ကပ္ေရာဂါပ်ံ႕ႏွံ႔မႈ က်ယ္ျပန္႔လာေနၿပီး လူေပါင္း ၁၂၄,၀၀၀ ထိ ကူးစက္ခံထားရၿပီး ၂,၁၀၀ ေသဆံုးခဲ့ၿပီျဖစ္တယ္လို႔ တရား၀င္ စာရင္းထုတ္ျပန္ထားပါတယ္။ ကူးစက္ခံရသူနဲ႔ ေသဆံုးသူ အေရအတြက္ဟာ ပိုၿပီး တိုးလာေနတာ ျဖစ္ပါတယ္။

အခုလို အေမရိကန္မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈကို ေလွ်ာ့ခ် တားဆီးႏိုင္ေရး လူေတြကို အိမ္မွာေနၾကဖို႔နဲ႔ တဦးနဲ႔တဦး ထိေတြ႔မႈမလုပ္ဖို႔ဆိုတဲ့ အေမရိကန္ ထိပ္တန္း က်န္းမာေရးပညာရွင္ေတြျဖစ္တဲ့ ေဒါက္တာ Fauci နဲ႔ ေဒါက္တာ Thomas Inglesby တို႔ႏွစ္ဦးရဲ႕ အႀကံေပးခ်က္ေတြကို သမၼတ Donald Trump က ခါးခါးသီးသီး ျငင္းပယ္ခဲ့တာပါ။

လာမယ့္ သီတင္းႏွစ္ပတ္အတြင္း ဧၿပီလ အီစတာ တနဂၤေႏြ အပတ္ကစၿပီး အေမရိကန္ စီးပြားေရးလုပ္ငန္းေတြ ျပန္ၿပီးလည္ပတ္မယ္ဆိုတဲ့ သေဘာမ်ိဳး သမၼတ Trump က ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ေျပာဆိုခဲ့တာပါ။


---------------------------------

(Unicode)

အမေရိကန်မှာ COVID-19 ကြောင့် လူ ၁ သိန်းနဲ့အထက် အသက်အန္တရာယ်ရှိနိုင်

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၁၀၀,၀၀၀ ထက်မက သေဆုံးနိုင်ကြောင်း အမေရိကန် ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က တနင်္ဂနွေနေ့မှာ ခန့်မှန်း ပြောကြားခဲ့ပါတယ်။

ဒါဟာ COVID-19 ရောဂါကြောင့် လက်ရှိ အမေရိကန်မှာ သေဆုံးမှုနှုန်းရဲ့အဆပေါင်း ၅၀ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်မှာ COVID-19 ရောဂါကူးစက်သူပေါင်း သန်းချီ ရှိနိုင်ကြောင်း ဒေါက်တာ Fauic က CNN သတင်းဌာနကို အခုလိုပြောသွားပါတယ်။

"အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အရေအတွက် သန်းနဲ့ချီ ရှိနိုင်ပါတယ်။ ဒါပေမယ်လို့ ဒီလို ကူးစက်ခံရသူတွေ များလာနေတဲ့ အခြေအနေမှာ ဘယ်လောက်အရေအတွက်ထိ ရှိနိုင်မလဲဆိုတဲ့ ပြောဆိုချက်မျုးိဟာ အလွယ်တကူ မှားယွင်းနိုင်တဲ့အတွက် ခန့်မှန်းဖို့ မလိုအပ်ဘူးလို့ ကျနော်ထင်ပါတယ်။ လူတွေကိုလည်း အထင်အမြင် လွဲမှားစေနိုင်ပါတယ်။"

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုမှာ ကပ်ရောဂါပျံ့နှံ့မှု ကျယ်ပြန့်လာနေပြီး လူပေါင်း ၁၂၄,၀၀၀ ထိ ကူးစက်ခံထားရပြီး ၂,၁၀၀ သေဆုံးခဲ့ပြီဖြစ်တယ်လို့ တရားဝင် စာရင်းထုတ်ပြန်ထားပါတယ်။ ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်ဟာ ပိုပြီး တိုးလာနေတာ ဖြစ်ပါတယ်။

အခုလို အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချ တားဆီးနိုင်ရေး လူတွေကို အိမ်မှာနေကြဖို့နဲ့ တဦးနဲ့တဦး ထိတွေ့မှုမလုပ်ဖို့ဆိုတဲ့ အမေရိကန် ထိပ်တန်း ကျန်းမာရေးပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ Fauci နဲ့ ဒေါက်တာ Thomas Inglesby တို့နှစ်ဦးရဲ့ အကြံပေးချက်တွေကို သမ္မတ Donald Trump က ခါးခါးသီးသီး ငြင်းပယ်ခဲ့တာပါ။

လာမယ့် သီတင်းနှစ်ပတ်အတွင်း ဧပြီလ အီစတာ တနင်္ဂနွေ အပတ်ကစပြီး အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်မယ်ဆိုတဲ့ သဘောမျိုး သမ္မတ Trump က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြောဆိုခဲ့တာပါ။

VOA (Burmese)
https://burmese.voanews.com
အေမရိကန္မွာ COVID-19 ေၾကာင့္ လူ ၁ သိန္းနဲ႔အထက္ အသက္အႏၱရာယ္ရွိႏိုင္ အေမရိကန္မွာ COVID-19 ေၾကာင့္ လူ ၁ သိန္းနဲ႔အထက္ အသက္အႏၱရာယ္ရွိႏိုင္ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.