COVID-19 ေၾကာင့္ ခ်န္ပီယံလိဂ္အပါအ၀င္ အားကစားၿပိဳင္ပဲြတခ်ိဳ႕ ေရႊ႕ဆုိင္း

ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ပရိသတ္မပါဘဲ ကစားခဲ့ PSG နဲ႔ ေဒါ့မန္ပဲြ
(Zawgyi)⤵⤵⤵
ကမာၻတ၀ွမ္းမွာျဖစ္ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ ႏုိင္ငံတကာက အားကစားၿပိဳင္ပဲြေတြအေပၚ ဂယက္႐ုိက္ခတ္မႈေတြ ရွိလာေနၿပီး ဥေရာပခ်န္ပီယံလိဂ္ နဲ႔ အဂၤလန္ပရီမီယာလိဂ္အပါအ၀င္ ၿပိဳင္ပဲြအေ အေတာ္မ်ားမ်ားလည္း ေရႊ႕ဆုိင္းတာေတြ ဖ်က္ပစ္တာေတြ ျဖစ္လာေနပါတယ္။

လာမယ့္သီတင္းပတ္မွာ ကစားဖို႔ရွိတဲ့ မန္ခ်က္စတာစီးတီး နဲ႔ ရီးယဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္ နဲ႔ လီယြန္၊ ဘာစီလိုနာနဲ႔ နာပိုလီ၊ ဘိုင္ယန္ျမဴးနစ္ နဲ႔ခ်ယ္ဆီး တုိ႔ရဲ႕ ဥေရာပခ်န္ပီယံလိဂ္ ဒုတိယအဆင့္ ရႈံးထြက္ပဲြစဥ္ေတြကို ေရႊ႕ဆုိင္းလိုက္တယ္လို႔ ဥေရာပေဘာလုံးအဖဲြ႔ခ်ဳပ္ UEFA က ဒီေန႔ပဲ ေၾကျငာပါတယ္။ ဒါ့အျပင္ ယူ႐ို ၂၀၂၀ ဥေရာပဖလားေဘာလုံးပဲြကိုလည္း ေနာက္က်ၿပီး က်င္းပသြားႏုိင္တယ္ဆုိၿပီး သတင္းေတြ ထြက္လာ ေနပါတယ္။ UEFA အေနနဲ႔ လာမယ့္အဂၤါေန႔က်ရင္ အဖဲြ႔၀င္ႏုိင္ငံ ၅၅ ႏုိင္ငံကို အင္တာနက္ အြန္လိုင္းေပၚကေနအေရးေပၚ အစည္းအေ၀း လုပ္ၿပီး ယူ႐ုိ ၂၀၂၀ ေဘာလုံးပဲြက်င္းပမယ့္ရက္ေတြကို ေရႊ႕ဆုိင္းဖို႔ နဲ႔ အခုႏွစ္ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ုိပါလိဂ္ပဲြေတြဖ်က္လာႏုိင္ေခ်ေတြကိုလည္း ေဆြးေႏြးမွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။

အဂၤလန္ပရီမီယာလိဂ္မွာလည္း အာဆင္နယ္နည္းျပ Mikel Arteta နဲ႔ ခ်ယ္ဆီးကစားသမား Hudson Odoi တုိ႔မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံ ထားရၿပီးတဲ့ေနာက္၊ အေရးေပၚအစည္းအေ၀းတရပ္ကို ဒီေန႔က်င္းပခဲ့ၿပီး၊ ပရီမီယာလိဂ္ေဘာလုံးပဲြေတြကို လာမယ့္ ဧၿပီလအထိ ရပ္ဆုိင္းလိုက္တယ္လို႔ ပရီမီယာလိဂ္က သူတုိ႔ရဲ႕အင္တာနက္စာမ်က္ႏွာကေန ေၾကျငာလိုက္ပါတယ္ ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ၿဗိိတိန္က အားကစားပဲြေတြကို ခ်က္ခ်င္းရပ္ဆုိင္းဖို႔ အစီအစဥ္မရွိေသးဘူးဆုိၿပီးမေန႔ကေျပာထားပါတယ္။ တစပ္တည္းမွာပဲ အမည္မေဖာ္တဲ့ လက္စတာ ကစားသမား ၃ ဦးမွာလည္း Covid-19 ေရာဂါလကၡဏာေတြ ေတြ႔လာေနရတာေၾကာင့္ သူတုိ႔ဘာသာသူတို႔ သီးသန္႔ခဲြေန၊ ေနတယ္လို႔ လက္စတာနည္းျပ Brendan Rodgers က ေျပာပါတယ္။

အေမရိကန္မွာေတာ့ MLS ေဘာလုံးပဲြေတြကို ၁ လ ရပ္နားထားလိုက္သလို၊ မတ္လနဲ႔ ဧၿပီလမွာကစားမယ့္ အေမရိကန္လက္ေရြးစင္ အသင္းေတြရဲ႕ ပဲြေတြကိုလည္း ဖ်က္လိုက္ပါတယ္။ ဒါ့အျပင္ NHL ေဟာ္ကီပဲြေတြကို ရပ္ဆုိင္းလိုက္သလို၊ MLB ေဘ့စ္ေဘာပဲြအဖြင့္ ပဲြစဥ္ကိုလည္း ရက္ေရႊ႕လိုက္ပါတယ္။ ဒါ့အျပင္ Miami Open၊ Monte Carlo Open ေတြ အပါအ၀င္ တင္းနစ္ၿပိဳင္ပဲြေတြကိုလည္း ဖ်က္လိုက္ၿပီး၊ ဧၿပီ ၂၀ ရက္မတုိင္ခင္မွာ က်င္းပမယ့္ ပဲြစဥ္ေတြအားလုံးကို ဖ်က္လုိက္ပါတယ္။

တခ်ိန္တည္းမွာပဲ ဂ်ပန္ႏုိင္ငံနဲ႔ ႏုိင္ငံတကာအိုလံပစ္ေကာ္မတီ (IOC) အေနနဲ႔ တုိက်ိဳအုိလံပစ္ၿပိဳင္ပဲြကို ဖ်က္သိ္မ္းဖို႔ ဒါမွမဟုတ္ ေရႊ႕ဆုိင္းဖို႔ကိစၥ မစဥ္းစားထားဘူးလို႔ ဂ်ပန္အုိလံပစ္၀န္ႀကီး Seiko Hashimoto က ဒီေန႔သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားလိုက္ပါတယ္။ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္က တုိက်ိဳအိုလံပစ္ၿပိဳင္ပဲြကို ၁ ႏွစ္ေနာက္ဆုတ္သင့္တယ္လို႔ မေန႔ကေျပာၾကားလိုက္ၿပီးတဲ့ေနာက္ အခုလို တုံ႔ျပန္လိုက္တာပါ။ ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးနဲ႔ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္တုိ႔ COVID 19 အပါအ၀င္ တျခားကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ဒီေန႔ေဆြးေႏြးခဲ့ၾကတယ္လို႔ ဂ်ပန္အစိုးရေျပာခြင့္ရ Yoshihide Suga ကေျပာၾကားလိုက္ၿပီး အိုလံပစ္ပဲြအေပၚ သမၼတထရမ့္ရဲ႕ ေျပာၾကားခ်က္ကို ေဆြးေႏြးျဖစ္၊ မျဖစ္ဘူးလားဆိုတာကို တစုံတရာမွတ္ခ်က္ေပး ေျပာသြားတာမရွိပါဘူးခင္ဗ်ာ။

VOA (Burmese)
https://burmese.voanews.com
-------------
(Unicode)⤵⤵⤵
COVID-19 ကြောင့် ချန်ပီယံလိဂ်အပါအဝင် အားကစားပြိုင်ပွဲတချို့ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်မပါဘဲ ကစားခဲ့ PSG နဲ့ ဒေါ့မန်ပွဲ

ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် နိုင်ငံတကာက အားကစားပြိုင်ပွဲတွေအပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပြီး ဥရောပချန်ပီယံလိဂ် နဲ့ အင်္ဂလန်ပရီမီယာလိဂ်အပါအဝင် ပြိုင်ပွဲအေ အတော်များများလည်း ရွှေ့ဆိုင်းတာတွေ ဖျက်ပစ်တာတွေ ဖြစ်လာနေပါတယ်။

လာမယ့်သီတင်းပတ်မှာ ကစားဖို့ရှိတဲ့ မန်ချက်စတာစီးတီး နဲ့ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ် နဲ့ လီယွန်၊ ဘာစီလိုနာနဲ့ နာပိုလီ၊ ဘိုင်ယန်မြူးနစ် နဲ့ချယ်ဆီး တို့ရဲ့ ဥရောပချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ဒီနေ့ပဲ ကြေငြာပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၀ ဥရောပဖလားဘောလုံးပွဲကိုလည်း နောက်ကျပြီး ကျင်းပသွားနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်လာ နေပါတယ်။ UEFA အနေနဲ့ လာမယ့်အင်္ဂါနေ့ကျရင် အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံကို အင်တာနက် အွန်လိုင်းပေါ်ကနေအရေးပေါ် အစည်းအဝေး လုပ်ပြီး ယူရို ၂၀၂၀ ဘောလုံးပွဲကျင်းပမယ့်ရက်တွေကို ရွှေ့ဆိုင်းဖို့ နဲ့ အခုနှစ် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပွဲတွေဖျက်လာနိုင်ချေတွေကိုလည်း ဆွေးနွေးမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

အင်္ဂလန်ပရီမီယာလိဂ်မှာလည်း အာဆင်နယ်နည်းပြ Mikel Arteta နဲ့ ချယ်ဆီးကစားသမား Hudson Odoi တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရပြီးတဲ့နောက်၊ အရေးပေါ်အစည်းအဝေးတရပ်ကို ဒီနေ့ကျင်းပခဲ့ပြီး၊ ပရီမီယာလိဂ်ဘောလုံးပွဲတွေကို လာမယ့် ဧပြီလအထိ ရပ်ဆိုင်းလိုက်တယ်လို့ ပရီမီယာလိဂ်က သူတို့ရဲ့အင်တာနက်စာမျက်နှာကနေ ကြေငြာလိုက်ပါတယ် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ဗြိတိန်က အားကစားပွဲတွေကို ချက်ချင်းရပ်ဆိုင်းဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီးမနေ့ကပြောထားပါတယ်။ တစပ်တည်းမှာပဲ အမည်မဖော်တဲ့ လက်စတာ ကစားသမား ၃ ဦးမှာလည်း Covid-19 ရောဂါလက္ခဏာတွေ တွေ့လာနေရတာကြောင့် သူတို့ဘာသာသူတို့ သီးသန့်ခွဲနေ၊ နေတယ်လို့ လက်စတာနည်းပြ Brendan Rodgers က ပြောပါတယ်။

အမေရိကန်မှာတော့ MLS ဘောလုံးပွဲတွေကို ၁ လ ရပ်နားထားလိုက်သလို၊ မတ်လနဲ့ ဧပြီလမှာကစားမယ့် အမေရိကန်လက်ရွေးစင် အသင်းတွေရဲ့ ပွဲတွေကိုလည်း ဖျက်လိုက်ပါတယ်။ ဒါ့အပြင် NHL ဟော်ကီပွဲတွေကို ရပ်ဆိုင်းလိုက်သလို၊ MLB ဘေ့စ်ဘောပွဲအဖွင့် ပွဲစဉ်ကိုလည်း ရက်ရွှေ့လိုက်ပါတယ်။ ဒါ့အပြင် Miami Open၊ Monte Carlo Open တွေ အပါအဝင် တင်းနစ်ပြိုင်ပွဲတွေကိုလည်း ဖျက်လိုက်ပြီး၊ ဧပြီ ၂၀ ရက်မတိုင်ခင်မှာ ကျင်းပမယ့် ပွဲစဉ်တွေအားလုံးကို ဖျက်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) အနေနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ကိစ္စ မစဉ်းစားထားဘူးလို့ ဂျပန်အိုလံပစ်ဝန်ကြီး Seiko Hashimoto က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၁ နှစ်နောက်ဆုတ်သင့်တယ်လို့ မနေ့ကပြောကြားလိုက်ပြီးတဲ့နောက် အခုလို တုံ့ပြန်လိုက်တာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်တို့ COVID 19 အပါအဝင် တခြားကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်အစိုးရပြောခွင့်ရ Yoshihide Suga ကပြောကြားလိုက်ပြီး အိုလံပစ်ပွဲအပေါ် သမ္မတထရမ့်ရဲ့ ပြောကြားချက်ကို ဆွေးနွေးဖြစ်၊ မဖြစ်ဘူးလားဆိုတာကို တစုံတရာမှတ်ချက်ပေး ပြောသွားတာမရှိပါဘူးခင်ဗျာ။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ ခ်န္ပီယံလိဂ္အပါအ၀င္ အားကစားၿပိဳင္ပဲြတခ်ိဳ႕ ေရႊ႕ဆုိင္း COVID-19 ေၾကာင့္ ခ်န္ပီယံလိဂ္အပါအ၀င္ အားကစားၿပိဳင္ပဲြတခ်ိဳ႕ ေရႊ႕ဆုိင္း Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.