COVID-19 ကို ရင္ဆိုင္ေနတဲ့ အေမရိကန္ေရာက္ ျမန္မာမ်ား

နယူးေယာက္ၿမိဳ႕ Time Square အနီး လမ္းျဖတ္ကူးေနေသာ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 အေမရိကန္ျပည္ေထာင္စုတဝွမ္း ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ျဖစ္လာခ်ိန္ ျပည္နယ္အသီးသီးမွာ ေနထိုင္ေနၾကတဲ့ ျမန္မာႏြယ္ဖြား အေမရိကန္နိုင္ငံသားေတြ ရင္ဆိုင္ ေတြ႔ၾကံဳေနရတဲ့ ေန႔စဥ္လူေနမႈဘဝ စိန္ေခၚမႈ အေတြ႔အၾကံဳေတြကို စုစည္းၿပီး ေျပာျပခ်င္ပါတယ္။

အခုဆိုရင္ တရုတ္ႏုိင္ငံ ဝူဟန္ကေနတဆင့္ စတင္ျပန္႔ပြားခဲ့လို႔ ကမာၻလံုးဆိုင္ရာ အေရးေပၚက်န္းမာေရးအေျခအေနျဖစ္လာတဲ့ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ခံရတဲ့ ႏုိင္ငံေပါင္း ၁၉၅ နိုင္ငံအထိျဖစ္လာၿပီး ကမာၻတဝွမ္း လူေပါင္း ၃၈၀,၀၀၀ ေက်ာ္ ကူးစက္ခံေနရတာျဖစ္ပါတယ္။ ဒီေရာဂါေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၁၆,၅၀၀ ေက်ာ္ရွိသြားပါၿပီ။

အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္သူေပါင္း ၄၆,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူက ၅၈၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ နိုင္ငံေတာ္အေရးေပၚ အေျခအေန ေၾကညာထားၿပီး ဒီလိုအေျခအေနမွာ ေရာဂါကူးစက္ခံရနိုင္ေျခ အႏၱရာယ္ေတြက ၾကိဳတင္ကာကြယ္တဲ့ အေနနဲ႔ လူထူထပ္တဲ့ေနရာေတြ မသြားၾကဖို႔ လူေတြ မစုေဝးၾကဖို႔ သက္ဆိုင္ရာျပည္နယ္အာဏာပိုင္ေတြက ညႊန္ၾကားထားတာပါ။
ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ အျခားေရာဂါမ်ား ကြာျခားပုံ

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားခ်ိန္ အေမရိကန္ျပည္ေထာင္စု ေန႔စဥ္လူေနမႈဘဝအေျပာင္းအလဲ စိန္ေခၚမႈအခက္အခဲေတြမ်ားစြာ ရွိပါတယ္လို႔ ျမန္မာႏြယ္ဖြားအေမရိကန္နုိင္ငံသားေတြကေျပာပါတယ္။ ေရာဂါကုူးစက္မႈ ေသဆံုးမႈေတြ ျမင့္တက္လာတဲ့ နယူးေယာက္ၿမိဳ႕ Brooklyn အရပ္ Sheepshead Bay ေန ကိုဝင္းနုိင္ထြန္းက COVID-19 ေရာဂါလကၡဏာနဲ႔ဆင္တဲ့ ပံုစံမ်ိဳး ေနမေကာင္းျဖစ္လာလို႔ သူ႔မွာေရာဂါပိုးရွိ-မရွိ အေရးေပၚေဆးကုသစစ္ေဆးမႈခံယူခဲ့ရတဲ့ သူ႔အေျခအေန ေျပာျပပါတယ္။

"လြန္ခဲ့တဲ့ ၁၃ ရက္ေန႔ ည က်ေနာ္က မသြားဘူးေပါ့ အလုပ္ကိုေလ။ အဲ့ေတာ့ ၁၄ ရက္ေန႔မနက္မွာ အိပ္ယာက ႏိုးေတာ့ လည္ေခ်ာင္းက နာလာတယ္၊ ၿပီးေတာ့ ေခ်ာင္းေျခာက္ေတြဆိုးတာ။ အဲ့ဒါနဲ႔ က်ေနာ္ Emergency ေလ CVR 311 ကို ေခၚလိုက္တာေပါ့ေနာ္။ သူတို႔ကေနၿပီးေတာ့ 311 operator ကေနၿပီးေတာ့ နယူးေယာက္ health and hospital cooperation ကို ခ်ိတ္ေပးတယ္။ အဲ့ဒီကေနမွတဆင့္ COVID hotline ကို ခ်ိတ္ေပးေတာ့ ကိုယ္ပူခ်ိန္ေတာ့ မရွိဘူး၊ shortness breath အသက္ရွဴမ၀တာတို႔ မျဖစ္ေသးဘူးဆိုေတာ့ mild sector နဲ႔ အိမ္မွာ ၁၄ ရက္ ေနခိုင္းတယ္။ ေန႔ခင္းပိုင္းေလာက္က်မွ က်ေနာ္ Shortness Breath ျဖစ္လာတယ္၊ အသက္ရွဴ မ၀ဘူး ျဖစ္လာတယ္။ အဲဒါနဲ႔ က်ေနာ္ အနီးစပ္ဆံုးက က်ေနာ္ေနတဲ့ Brooklyn Sheepshead Bay နဲ႔ နီးတာ Staten Island က New York City’s first drive-through coronavirus testing site ကို သြားၿပီးေတာ့ ေရြးလိုက္တာေပါ့ေနာ္။ ခ်က္ခ်င္းပဲ သိပ္မေစာင့္ရဘူး ... ခ်က္ခ်င္းပဲ။ သူတို႔ တံခါးေတြလည္း မဖြင့္ခိုင္းဘူး ... ကားထဲမွာပဲ ID ကို ေထာင္ျပရတယ္။ တံခါးကို နည္းနည္းေလးပဲ ဖြင့္ခိုင္းၿပီးေတာ့ ဟြန္းေလးကို သူတို႔က အတံနဲ႔ ျခစ္ယူၿပီးေတာ့မွ ျပန္ခိုင္းလိုက္တယ္။ results ကို သူတို႔က message နဲ႔ ပို႔ရတယ္။ negative ပါ။"

သူ႔မွာ COVID-19 ေရာဂါကူးစက္ခံရမႈမရွိပါဘူးဆိုတဲ့ အေျဖထြက္လာေပမဲ့လို႔ ေနအိမ္မွာပဲ သီးျခားခြဲေနထိုင္ေနဆဲျဖစ္ၿပီး ေန႔စဥ္ဝင္ေငြရနုိင္တဲ့ လုပ္ငန္းခြင္ေတြ ရပ္နားသြားရလို႔ သူရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကိုလည္း ေျပာျပပါတယ္။

"Financial နဲ႔ ပတ္သက္ၿပီးေတာ့ အဓိကကေတာ့ ဒီ အစိုးရဆီက ခ်က္ကိုပဲ ေစာင့္ေနရတာေပါ့ေနာ္။ ေနာက္တခုကေတာ့ ဒီ unemployment ေလွ်ာက္ဖို႔ေပါ့ေနာ္ အြန္လိုင္းကေနာ္။"

အေမရိကန္ျပည္ေထာင္စု Portland, Oregon က အစိုးရဝန္ထမ္း တဦးျဖစ္တဲ့ ျမန္မာႏြယ္ဖြားအေမရိကန္နိုင္ငံသားကို Craton Highways ကလည္း ေနအိမ္ကေန အလုပ္လုပ္ရတဲ့စိန္ေခၚမႈ အားသာခ်က္ အားနည္းခ်က္ေတြနဲ႔အတူ ေန႔စဥ္ လူမႈဘဝအေျပာင္းအလဲေတြကို အခုလိုေျပာျပပါတယ္။

"အခုကေတာ့ မေန႔ကတုန္းကပဲ Oregon​ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးကေနၿပီးေတာ့ excutive order ထပ္ထုတ္လိုက္တယ္။ ထပ္ထုတ္လိုက္တဲ့အခါက်ေတာ့ အကုန္လံုး မလိုအပ္ဘဲ အျပင္မထြက္ရဘူးေပါ့ေနာ္။ ထြက္တယ္ဆိုလို႔ရွိရင္လည္း တကယ့္ကို အေရးႀကီးတဲ့ အေျခအေနေပါ့ ... ေဆးရံု၊ ေဆးေပးခန္းတို႔၊ ေဆးသြား၀ယ္တာတို႔၊ ဘဏ္ကိုသြားတာတို႔ အဲ့ဒီလိုမ်ိဳး တကယ့္ကို အေရးတႀကီး အေျခအေနက်မွပဲ ထြက္ရမယ္လို႔ သူက စထုတ္လိုက္တယ္ေပါ့ေနာ္။ ထုတ္ၿပီးေတာ့ မေန႔ကပဲ effective immediately ဆိုၿပီးေတာ့ စာထုတ္လိုက္တယ္။ တကယ္လို႔ သြားတာကို ေတြ႔လို႔ရွိရင္ immediate danger to public help ဆိုၿပီးေတာ့ သူတို႔က... ေျပာရမယ္ဆိုလို႔ရွိရင္ နည္းနည္းေတာ့ အခက္အခဲေတာ့ ျဖစ္တယ္။ အျပင္ေတြဘာေတြ ကိုယ္သြားခ်င္တဲ့ေနရာ သြားလို႔မရေတာ့ဘူး။ ဥပမာ စားေသာက္ဆိုင္သြားမယ္ဆိုလို႔ရွိရင္လည္း ထိုင္ၿပီးေတာ့ စားေသာက္ခြင့္ မေပးတဲ့အတြက္ေၾကာင့္မို႔လို႔ လူေတြ ေရာေနွာၿပီးေတာ့ ထိုင္လို႔ရတဲ့ေနရာ မဟုတ္တဲ့ေနရာ တခုမွာ သြားစားရတယ္။ အဲ့ဒီဟာေလးေတြ အခက္အခဲရွိတယ္။ ေနာက္ၿပီးေတာ့ ေစ်းဆိုင္ေတြ super mart မွာ သြား၀ယ္လို႔ရွိရင္လည္း ကိုယ္လိုခ်င္တဲ့ဟာမရွိဘူး။ အဲ့ဒီ အခက္အခဲေလးေတြေတာ့ ရွိတယ္။"

သူတို႔ၿမိဳ႕က ၿမိဳ႕ေတာ္ဝန္အပါအဝင္ အာဏာပိုင္ေတြရဲ႕ က်န္းမာေရးညႊန္ၾကားခ်က္ေတြကို ဂရုတစိုက္လိုက္နာတဲ့ Craton က အေမရိကန္တဝွမ္းက ျမန္မာေတြအပါအဝင္ ျမန္မာျပည္သူေတြအေနနဲ႔လည္း ကမာၻ႔ကပ္ေရာဂါျဖစ္လာတဲ့အေျခအေနမွာ အေရးေပၚက်န္းမာေရးပညာေပးညႊန္ၾကားခ်က္ေတြကို အေလးအနက္ထားဖို႔ တုိက္တြန္းပါတယ္။

အခုအခ်ိန္အထိေတာ့ ကမာၻတဝွမ္း- ဒီေရာဂါကူးစက္ခံရမႈကေန ျပန္သက္သာလာသူကေတာ့ ၁၀၂,၀၀၀ ေက်ာ္ရွိေနပါၿပီ။ ဒါေပမဲ့လို႔ အခုခ်ိန္ထိေတာ့ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ျမန္မာနဲ႔ နုိင္ငံေတာ္ေတာ္မ်ားမ်ားက အေရးေပၚၾကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြကို အင္တုိက္အားတိုက္ ေဆာင္ရြက္ေနၾကရဆဲျဖစ္ပါတယ္။

[Unicode Version]

COVID-19 ကိုရင်ဆိုင်နေတဲ့ အမေရိကန်ရောက် မြန်မာများ

ကမ္ဘာ့ကပ်ရောဂါ COVID-19 အမေရိကန်ပြည်ထောင်စုတဝှမ်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာချိန် ပြည်နယ်အသီးသီးမှာ နေထိုင်နေကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ ရင်ဆိုင် တွေ့ကြုံနေရတဲ့ နေ့စဉ်လူနေမှုဘဝ စိန်ခေါ်မှု အတွေ့အကြုံတွေကို စုစည်းပြီး ပြောပြချင်ပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံ ဝူဟန်ကနေတဆင့် စတင်ပြန့်ပွားခဲ့လို့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအထိဖြစ်လာပြီး ကမ္ဘာတဝှမ်း လူပေါင်း ၃၈၀,၀၀၀ ကျော် ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၆,၅၀၀ ကျော်ရှိသွားပါပြီ။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်သူပေါင်း ၄၆,၀၀၀ ကျော်နဲ့ သေဆုံးသူက ၅၈၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာထားပြီး ဒီလိုအခြေအနေမှာ ရောဂါကူးစက်ခံရနိုင်ခြေ အန္တရာယ်တွေက ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူထူထပ်တဲ့နေရာတွေ မသွားကြဖို့ လူတွေ မစုဝေးကြဖို့ သက်ဆိုင်ရာပြည်နယ်အာဏာပိုင်တွေက ညွှန်ကြားထားတာပါ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားချိန် အမေရိကန်ပြည်ထောင်စု နေ့စဉ်လူနေမှုဘဝအပြောင်းအလဲ စိန်ခေါ်မှုအခက်အခဲတွေများစွာ ရှိပါတယ်လို့ မြန်မာနွယ်ဖွားအမေရိကန်နိုင်ငံသားတွေကပြောပါတယ်။ ရောဂါကုူးစက်မှု သေဆုံးမှုတွေ မြင့်တက်လာတဲ့ နယူးယောက်မြို့ Brooklyn အရပ် Sheepshead Bay နေ ကိုဝင်းနိုင်ထွန်းက COVID-19 ရောဂါလက္ခဏာနဲ့ဆင်တဲ့ ပုံစံမျိုး နေမကောင်းဖြစ်လာလို့ သူ့မှာရောဂါပိုးရှိ-မရှိ အရေးပေါ်ဆေးကုသစစ်ဆေးမှုခံယူခဲ့ရတဲ့ သူ့အခြေအနေ ပြောပြပါတယ်။

"လွန်ခဲ့တဲ့ ၁၃ ရက်နေ့ ည ကျနော်က မသွားဘူးပေါ့ အလုပ်ကိုလေ။ အဲ့တော့ ၁၄ ရက်နေ့မနက်မှာ အိပ်ယာက နိုးတော့ လည်ချောင်းက နာလာတယ်၊ ပြီးတော့ ချောင်းခြောက်တွေဆိုးတာ။ အဲ့ဒါနဲ့ ကျနော် Emergency လေ CVR 311 ကို ခေါ်လိုက်တာပေါ့နော်။ သူတို့ကနေပြီးတော့ 311 operator ကနေပြီးတော့ နယူးယောက် health and hospital cooperation ကို ချိတ်ပေးတယ်။ အဲ့ဒီကနေမှတဆင့် COVID hotline ကို ချိတ်ပေးတော့ ကိုယ်ပူချိန်တော့ မရှိဘူး၊ shortness breath အသက်ရှူမဝတာတို့ မဖြစ်သေးဘူးဆိုတော့ mild sector နဲ့ အိမ်မှာ ၁၄ ရက် နေခိုင်းတယ်။ နေ့ခင်းပိုင်းလောက်ကျမှ ကျနော် Shortness Breath ဖြစ်လာတယ်၊ အသက်ရှူ မဝဘူး ဖြစ်လာတယ်။ အဲဒါနဲ့ ကျနော် အနီးစပ်ဆုံးက ကျနော်နေတဲ့ Brooklyn Sheepshead Bay နဲ့ နီးတာ Staten Island က New York City’s first drive-through coronavirus testing site ကို သွားပြီးတော့ ရွေးလိုက်တာပေါ့နော်။ ချက်ချင်းပဲ သိပ်မစောင့်ရဘူး ... ချက်ချင်းပဲ။ သူတို့ တံခါးတွေလည်း မဖွင့်ခိုင်းဘူး ... ကားထဲမှာပဲ ID ကို ထောင်ပြရတယ်။ တံခါးကို နည်းနည်းလေးပဲ ဖွင့်ခိုင်းပြီးတော့ ဟွန်းလေးကို သူတို့က အတံနဲ့ ခြစ်ယူပြီးတော့မှ ပြန်ခိုင်းလိုက်တယ်။ results ကို သူတို့က message နဲ့ ပို့ရတယ်။ negative ပါ။"

သူ့မှာ COVID-19 ရောဂါကူးစက်ခံရမှုမရှိပါဘူးဆိုတဲ့ အဖြေထွက်လာပေမဲ့လို့ နေအိမ်မှာပဲ သီးခြားခွဲနေထိုင်နေဆဲဖြစ်ပြီး နေ့စဉ်ဝင်ငွေရနိုင်တဲ့ လုပ်ငန်းခွင်တွေ ရပ်နားသွားရလို့ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ပြောပြပါတယ်။

"Financial နဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ ဒီ အစိုးရဆီက ချက်ကိုပဲ စောင့်နေရတာပေါ့နော်။ နောက်တခုကတော့ ဒီ unemployment လျှောက်ဖို့ပေါ့နော် အွန်လိုင်းကနော်။"

အမေရိကန်ပြည်ထောင်စု Portland, Oregon က အစိုးရဝန်ထမ်း တဦးဖြစ်တဲ့ မြန်မာနွယ်ဖွားအမေရိကန်နိုင်ငံသားကို Craton Highways ကလည်း နေအိမ်ကနေ အလုပ်လုပ်ရတဲ့စိန်ခေါ်မှု အားသာချက် အားနည်းချက်တွေနဲ့အတူ နေ့စဉ် လူမှုဘဝအပြောင်းအလဲတွေကို အခုလိုပြောပြပါတယ်။

"အခုကတော့ မနေ့ကတုန်းကပဲ Oregon ပြည်နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ excutive order ထပ်ထုတ်လိုက်တယ်။ ထပ်ထုတ်လိုက်တဲ့အခါကျတော့ အကုန်လုံး မလိုအပ်ဘဲ အပြင်မထွက်ရဘူးပေါ့နော်။ ထွက်တယ်ဆိုလို့ရှိရင်လည်း တကယ့်ကို အရေးကြီးတဲ့ အခြေအနေပေါ့ ... ဆေးရုံ၊ ဆေးပေးခန်းတို့၊ ဆေးသွားဝယ်တာတို့၊ ဘဏ်ကိုသွားတာတို့ အဲ့ဒီလိုမျိုး တကယ့်ကို အရေးတကြီး အခြေအနေကျမှပဲ ထွက်ရမယ်လို့ သူက စထုတ်လိုက်တယ်ပေါ့နော်။ ထုတ်ပြီးတော့ မနေ့ကပဲ effective immediately ဆိုပြီးတော့ စာထုတ်လိုက်တယ်။ တကယ်လို့ သွားတာကို တွေ့လို့ရှိရင် immediate danger to public help ဆိုပြီးတော့ သူတို့က... ပြောရမယ်ဆိုလို့ရှိရင် နည်းနည်းတော့ အခက်အခဲတော့ ဖြစ်တယ်။ အပြင်တွေဘာတွေ ကိုယ်သွားချင်တဲ့နေရာ သွားလို့မရတော့ဘူး။ ဥပမာ စားသောက်ဆိုင်သွားမယ်ဆိုလို့ရှိရင်လည်း ထိုင်ပြီးတော့ စားသောက်ခွင့် မပေးတဲ့အတွက်ကြောင့်မို့လို့ လူတွေ ရောနှောပြီးတော့ ထိုင်လို့ရတဲ့နေရာ မဟုတ်တဲ့နေရာ တခုမှာ သွားစားရတယ်။ အဲ့ဒီဟာလေးတွေ အခက်အခဲရှိတယ်။ နောက်ပြီးတော့ ဈေးဆိုင်တွေ super mart မှာ သွားဝယ်လို့ရှိရင်လည်း ကိုယ်လိုချင်တဲ့ဟာမရှိဘူး။ အဲ့ဒီ အခက်အခဲလေးတွေတော့ ရှိတယ်။"

သူတို့မြို့က မြို့တော်ဝန်အပါအဝင် အာဏာပိုင်တွေရဲ့ ကျန်းမာရေးညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာတဲ့ Craton က အမေရိကန်တဝှမ်းက မြန်မာတွေအပါအဝင် မြန်မာပြည်သူတွေအနေနဲ့လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်လာတဲ့အခြေအနေမှာ အရေးပေါ်ကျန်းမာရေးပညာပေးညွှန်ကြားချက်တွေကို အလေးအနက်ထားဖို့ တိုက်တွန်းပါတယ်။

အခုအချိန်အထိတော့ ကမ္ဘာတဝှမ်း- ဒီရောဂါကူးစက်ခံရမှုကနေ ပြန်သက်သာလာသူကတော့ ၁၀၂,၀၀၀ ကျော်ရှိနေပါပြီ။ ဒါပေမဲ့လို့ အခုချိန်ထိတော့ အမေရိကန်ပြည်ထောင်စုအပါအဝင် မြန်မာနဲ့ နိုင်ငံတော်တော်များများက အရေးပေါ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြရဆဲဖြစ်ပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com
COVID-19 ကို ရင္ဆိုင္ေနတဲ့ အေမရိကန္ေရာက္ ျမန္မာမ်ား COVID-19 ကို ရင္ဆိုင္ေနတဲ့ အေမရိကန္ေရာက္ ျမန္မာမ်ား Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.