ဗီြအိုေအ ၀န္ထမ္းတဦး ပထမဆံုး COVID-19 ကူးစက္ခံရ

နယူးေယာက္ၿမိဳ႕ မန္ဟက္တန္တြင္ လူနာတဦးအား ေဆး႐ုံသို႔ ေခၚေဆာင္လာသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီအေျခစိုက္ ဗီြအိုေအ အသံလႊင့္ဌာန ၀န္ထမ္းေတြထဲမွာ COVID-19 ေရာဂါ ကူးစက္ခံရသူတဦး ေတြ႔ရွိခဲ့ေၾကာင္း ဗီြအိုေအ ျပည္သူ႔ဆက္ဆံေရးဌာနက မတ္လ ၂၀ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ၀န္ထမ္းဟာ မတ္လ ၁၁ ရက္ေန႔ထိ ႐ုံးမွာ အလုပ္လုပ္ေနခ်ိန္ ဖ်ားနာလာတဲ့အတြက္ အိမ္ကို ခ်က္ခ်င္းျပန္သြားခဲ့ၿပီး ေနာက္တရက္မွာပဲ ဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိ စစ္ေဆးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုေတာ့ သူ႔အေျခအေန ျပန္လည္ေကာင္းမြန္လာေနၿပီး ဗိုင္းရပ္စ္ကို အျခားသူေတြ ကူးစက္မႈမရွိေအာင္ တဦးတည္း သီးသန္႔ခြဲထားတယ္လို႔ ဆိုပါတယ္။

ဗီြအိုေအ တာ၀န္ရွိသူေတြပိုင္းကလည္း အဲဒီ၀န္ထမ္းမွာ ဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိ အေျဖမထြက္ခင္ကတည္းက ႐ုံးတြင္းမွာ ႀကိဳတင္ကာကြယ္ေရး အစီအစဥ္ေတြနဲ႔ ျမန္ျမန္ဆန္ဆန္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ခဲ့ပါတယ္။

ဗီြအိုေအရဲ႕ မိခင္အဖဲြ႔အစည္းျဖစ္တဲ့ USAGM ေခၚ အေမရိကန္သတင္းေအဂ်င္စီ အဖဲြ႔ႀကီးကလည္း ဖ်ားနာတဲ့ အဲဒီ၀န္ထမ္း အလုပ္လုပ္သြားေနတဲ့ ေနရာတေလွ်ာက္ ပိုးသတ္ေဆးရည္ေတြ အေသအခ်ာဖ်န္းၿပီး သန္႔ရွင္းေရးလုပ္ခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗီြအိုေအ၀န္ထမ္းေတြရဲ႕ က်န္းမာေရးနဲ႔ လံုၿခံဳေရးအတြက္ ဗိုင္းရပ္စ္ကာကြယ္ေရး အစီအစဥ္ေတြကို လိုအပ္သလို တိုးျမႇင့္ေဆာင္ရြက္သြားမွာ ျဖစ္သလို ၀န္ထမ္း ၈၀ ရာခုိင္ႏႈန္းေက်ာ္ဟာ Telework ေခၚတဲ့ အိမ္ေတြကေန အလုပ္လုပ္ေနၾကၿပီး ျဖစ္တယ္လို႔ ဗီြအိုေအရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

COVID-19 ေရာဂါကာကြယ္ေရး နည္းလမ္းမွန္သမွ် လိုက္နာၾကဖို႔နဲ႔ လူလူခ်င္း တိုက္႐ုိက္ထိေတြ႔ ဆက္ဆံမႈကို ေရွာင္ရွားဖို႔လည္း အဲဒီထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားပါတယ္။

-------------------------------------

(Unicode)

ဗွီအိုအေ ဝန်ထမ်းတဦး ပထမဆုံး COVID-19 ကူးစက်ခံရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ဗွီအိုအေ အသံလွှင့်ဌာန ဝန်ထမ်းတွေထဲမှာ COVID-19 ရောဂါ ကူးစက်ခံရသူတဦး တွေ့ရှိခဲ့ကြောင်း ဗွီအိုအေ ပြည်သူ့ဆက်ဆံရေးဌာနက မတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဝန်ထမ်းဟာ မတ်လ ၁၁ ရက်နေ့ထိ ရုံးမှာ အလုပ်လုပ်နေချိန် ဖျားနာလာတဲ့အတွက် အိမ်ကို ချက်ချင်းပြန်သွားခဲ့ပြီး နောက်တရက်မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတော့ သူ့အခြေအနေ ပြန်လည်ကောင်းမွန်လာနေပြီး ဗိုင်းရပ်စ်ကို အခြားသူတွေ ကူးစက်မှုမရှိအောင် တဦးတည်း သီးသန့်ခွဲထားတယ်လို့ ဆိုပါတယ်။

    ကမ္ဘာမှာ COVID-19 ရောဂါကူးစက်မှုအမြင့်ဆုံး စတုတ္ထမြောက်နိုင်ငံအဖြစ် အမေရိကန်ရှိနေ သတင်း ဖတ်ရှုနိုင်ပါတယ်။

ဗွီအိုအေ တာဝန်ရှိသူတွေပိုင်းကလည်း အဲဒီဝန်ထမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ အဖြေမထွက်ခင်ကတည်းက ရုံးတွင်းမှာ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေနဲ့ မြန်မြန်ဆန်ဆန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ USAGM ခေါ် အမေရိကန်သတင်းအေဂျင်စီ အဖွဲ့ကြီးကလည်း ဖျားနာတဲ့ အဲဒီဝန်ထမ်း အလုပ်လုပ်သွားနေတဲ့ နေရာတလျှောက် ပိုးသတ်ဆေးရည်တွေ အသေအချာဖျန်းပြီး သန့်ရှင်းရေးလုပ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဗိုင်းရပ်စ်ကာကွယ်ရေး အစီအစဉ်တွေကို လိုအပ်သလို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော်ဟာ Telework ခေါ်တဲ့ အိမ်တွေကနေ အလုပ်လုပ်နေကြပြီး ဖြစ်တယ်လို့ ဗွီအိုအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းမှန်သမျှ လိုက်နာကြဖို့နဲ့ လူလူချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုကို ရှောင်ရှားဖို့လည်း အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဗီြအိုေအ ၀န္ထမ္းတဦး ပထမဆံုး COVID-19 ကူးစက္ခံရ ဗီြအိုေအ ၀န္ထမ္းတဦး ပထမဆံုး COVID-19 ကူးစက္ခံရ Reviewed by THITHTOOLWIN on 01:19 Rating: 5
Powered by Blogger.