အင္းစိန္အက်ဥ္းေထာင္ (မွတ္တမ္းဓာတ္ပံု - ဒီဇင္ဘာ ၂၉၊ ၂၀၁၇) |
(Zawgyi/Unicode)
ျမန္မာႏိုင္ငံ အက်ဥ္းေထာင္မ်ားမွာ အက်ဥ္းသားဦးေရ ထူထပ္ေနတာက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ဖို႔ အထူးစိုးရိမ္ရတဲ့အခ်က္ျဖစ္ေနတာကို ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေဆာင္႐ြက္ေရးအသင္းဘက္က သတိ ေပးထားပါတယ္။ ေနာက္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ လုံေလာက္စြာ မရတာ၊ အာဟာရ မျပည့္ဝတာ၊ တကိုယ္ေရ သန႔္ရွင္း မႈအတြက္ လုံေလာက္တဲ့ပတ္ဝန္းက်င္မရွိတာ စတာေတြရွိေနလို႔ ေရာဂါမကူးစက္ဖို႔ အစိုးရ အေနနဲ႔ စီစဥ္ေဆာင္ ႐ြက္မႈေတြ အျမန္ဆုံးလုပ္ဖို႔ ဘယ္လိုတိုက္တြန္းထားလဲဆိုတာကို ဗြီအိုေအ သတင္းေထာက္ ေမခက တင္ျပထားပါတယ္။
ျမန္မာႏိုင္ငံ အက်ဥ္းေထာင္မ်ားမွာ အက်ဥ္းသားဦးေရ ထူထပ္ေနတာ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုံေလာက္စြာ မရတာ၊ အာဟာရ မျပည့္ဝတာ၊ တကိုယ္ေရ သန႔္ရွင္းမႈအတြက္ လုံေလာက္တဲ့ပတ္ဝန္းက်င္ မရွိတာေတြေၾကာင့္ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္ေတြမွာ Covid-19 ကူးစက္ဖို႔ လြယ္ကူေနတဲ့ အေျခအေနျဖစ္ေနသလို အထူးစိုးရိမ္ရတဲ့ အေျခအေနတခုလည္း ျဖစ္ေနတယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေဆာင္႐ြက္ေရးအသင္းက ကိုတိတ္ႏိုင္က ဗြီအိုေအကိုေျပာပါတယ္။
"စီစဥ္ေဆာင္႐ြက္ထားတာေသခ်ာ မရွိေသးဘူး။ အက်ဥ္းေထာင္ေတြထဲမွာ အက်ဥ္းသားဦးေရ အရမ္းမ်ားေနတ.ယ္။ ေနာက္က်န္းမာေရးကိစၥ၊ တကိုယ္ရည္သန႔္ရွင္းေရးကိစၥ၊ အာဟာရမလုံေလာက္တဲ့ကိစၥ၊ ဒါေတြက ကူးစက္ဖို႔လြယ္ကူေနတယ္။ အက်ဥ္းေထာင္ေတြထဲနဲ႔ပတ္သတ္လို႔ ဘာမွအေရးယူလူပ္ေဆာင္ေနတာ မေတြ႕ေသးဘူး။ အက်ဥ္းေထာင္ ထဲတေယာက္ေယာက္ကူးၿပီဆိုရင္ တားဆီးဖို႔ အင္မတန္ခက္လိမ့္မယ္ထင္တယ္။"
အက်ဥ္းေထာင္၊ အက်ဥ္းစခန္းေတြနဲ႔ အခ်ဳပ္ခန္းေတြမွာ ကူးစက္မႈ မျဖစ္ပြားေစဖို႔ ႀကိဳတင္ ကာကြယ္မႈကသာ အေရးတႀကီးေဆာင္႐ြက္ရမယ့္ လုပ္ငန္းတခု ျဖစ္ေနတယ္လို႔ ေထာက္ျပထားပါတယ္။ ကာကြယ္သင့္တဲ့ နည္းလမ္းေတြနဲ႔ ပတ္သတ္လို႔ သူကခုလိုရွင္းျပသြားတာပါ။
အင္းစိန္ေထာင္ |
လက္ရွိ အက်ဥ္းေထာင္ေတြနဲ႔ အက်ဥ္းစခန္းေတြကို အစိုးရဘက္က ဘယ္လိုကိုင္တြယ္ေနသလဲဆိုတာနဲ႔ပတ္သတ္လို႔ ျပည္တဲေရးဝန္ႀကီးဌာနဘက္ကို ဆက္သြယ္ေပမဲ့ လက္ခံေျဖဆိုတာမရွိပါဘူး။
ေအေအပီပီဘက္ကေတာ့ ကိုဗစ္ေရာဂါကူးစက္တာ မရွိေအာင္အသစ္ ေရာက္ရွိလာတဲ့ဘယ္အခ်ဳပ္သား၊ အက်ဥ္းသားကိုမဆို ေထာင္ဗူးဝတြင္ ကူးစက္ေရာဂါ လကၡဏာမ်ား ရွိ၊ မရွိကို ေသခ်ာစြာ စစ္ေဆးဖို႔၊ သတ္မွတ္ကာလ တခုအထိ သီးျခားထားရွိၿပီး ေစာင့္ၾကည့္ အဆင့္ျဖစ္ထားရွိဖို႔ သံသယရွိ အက်ဥ္းသား၊ အခ်ဳပ္သားမ်ားကို ျပင္ပသီးသန႔္ေဆး႐ုံကို ပို႔ေဆာင္ၿပီးေစာင့္ၾကည့္ ကုသခြင့္ေပးဖို႔၊ အက်ဥ္းေထာင္ေတြကေနမွ တရား႐ုံးထုတ္ၿပီး ျပန္လာသူမ်ားကို သီးျခားထားရွိၿပီး ေစာင့္ၾကည့္ဖို႔- ေထာင္ဝင္စာ ေတြ႔ရာမွာ အက်ဥ္းသားနဲ႔ မိသားစုမ်ားကိုပါ ႀကိဳတင္ကာကြယ္ဖို႔ အစီအမံမ်ား ထားရွိေဆာင္႐ြက္ေပးဖို႔၊ ေထာင္ဝင္စာထုတ္မ်ားအား ကူးစက္ေရာဂါမ်ား ကပ္ပါမလာရန္ ေသခ်ာ စစ္ေဆးမႈမ်ား ျပဳလုပ္ေပးဖို႔၊ တရား႐ုံးနဲ႔ ရဲစခန္းရွိ အခ်ဳပ္ခန္းေတြမွာ အခ်ဳပ္သားမ်ားကို လက္ေဆးရည္မ်ား ထားရွိေပးဖို႔၊ ေန႔စဥ္ ပုံမွန္ကူးစက္ေရာဂါ လကၡဏာမ်ား ရွိ၊ မရွိ စစ္ေဆဖို႔နဲ႔ စစ္ေဆးဖို႔လိုအပ္တဲ့ အေထာက္အကူပစၥည္းမ်ား ထားရွိေပးဖို႔ လြတ္ေျမာက္မယ့္ အက်ဥ္းသား၊ အခ်ဳပ္သားမ်ားကို မလႊတ္ေပးခင္ ကူးစက္ေရာဂါ လကၡဏာ ရွိ၊ မရွိ စစ္ေဆးေပးဖို႔၊ ဝန္ထမ္းမ်ားကိုလည္း အက်ဥ္းေထာင္၊ အခ်ဳပ္ခန္းမ်ားသို႔ သြားေရာက္တဲ့ အခါတိုင္း အပူခ်ိန္တိုင္းတာ လက္ေဆးတာနဲ႔ ကူးစက္ေရာဂါ လကၡဏာမ်ားရွိ၊ မရွိ ပုံမွန္ စစ္ေဆးဖို႔အေရးေပၚ အေျခအေနမ်ားအတြက္ လိုအပ္တဲ့ အစီအမံမ်ား ႀကိဳတင္ ေဆာင္႐ြက္ထားဖို႔ကို ေတာင္းဆိုထားပါတယ္။
[Unicode Version]
ထောင်တွေထဲ အကျဉ်းသားများလွန်းတာကြောင့် COVID-19 အန္တရာယ် စိုးရိမ်ဖွယ်ရှိ
မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ အကျဉ်းသားဦးရေ ထူထပ်နေတာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖို့ အထူးစိုးရိမ်ရတဲ့အချက်ဖြစ်နေတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီဆောင်ရွက်ရေးအသင်းဘက်က သတိ ပေးထားပါတယ်။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာ၊ အာဟာရ မပြည့်ဝတာ၊ တကိုယ်ရေ သန့်ရှင်း မှုအတွက် လုံလောက်တဲ့ပတ်ဝန်းကျင်မရှိတာ စတာတွေရှိနေလို့ ရောဂါမကူးစက်ဖို့ အစိုးရ အနေနဲ့ စီစဉ်ဆောင် ရွက်မှုတွေ အမြန်ဆုံးလုပ်ဖို့ ဘယ်လိုတိုက်တွန်းထားလဲဆိုတာကို ဗွီအိုအေ သတင်းထောက် မေခက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ အကျဉ်းသားဦးရေ ထူထပ်နေတာ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာ၊ အာဟာရ မပြည့်ဝတာ၊ တကိုယ်ရေ သန့်ရှင်းမှုအတွက် လုံလောက်တဲ့ပတ်ဝန်းကျင် မရှိတာတွေကြောင့် မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ Covid-19 ကူးစက်ဖို့ လွယ်ကူနေတဲ့ အခြေအနေဖြစ်နေသလို အထူးစိုးရိမ်ရတဲ့ အခြေအနေတခုလည်း ဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီဆောင်ရွက်ရေးအသင်းက ကိုတိတ်နိုင်က ဗွီအိုအေကိုပြောပါတယ်။
🔹COVID-19 စိုးရိမ်စိတ်ရှိပေမဲ့ ရန်ကုန်တက္ကသိုလ်စာမေးပွဲ ဖြေဆိုသူ ၉၀% ကျော်ရှိတဲ့သတင်းလည်းဖတ်နိုင်ပါပြီ။
"စီစဉ်ဆောင်ရွက်ထားတာသေချာမရှိသေးဘူး။ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ အရမ်းများနေတ.ယ်။ နောက်ကျန်းမာရေးကိစ္စ၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စ၊ အာဟာရမလုံလောက်တဲ့ကိစ္စ၊ ဒါတွေက ကူးစက်ဖို့လွယ်ကူနေတယ်။ အကျဉ်းထောင်တွေထဲနဲ့ပတ်သတ်လို့ ဘာမှအရေးယူလူပ်ဆောင်နေတာ မတွေ့သေးဘူး။ အကျဉ်းထောင် ထဲတယောက်ယောက်ကူးပြီဆိုရင် တားဆီးဖို့ အင်မတန်ခက်လိမ့်မယ်ထင်တယ်။"
အကျဉ်းထောင်၊ အကျဉ်းစခန်းတွေနဲ့ အချုပ်ခန်းတွေမှာ ကူးစက်မှု မဖြစ်ပွားစေဖို့ ကြိုတင် ကာကွယ်မှုကသာ အရေးတကြီးဆောင်ရွက်ရမယ့် လုပ်ငန်းတခု ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။ ကာကွယ်သင့်တဲ့ နည်းလမ်းတွေနဲ့ ပတ်သတ်လို့ သူကခုလိုရှင်းပြသွားတာပါ။
"အရေးကြီးဆုံးအချက်အနေနဲ့လည်း ကျနော်တို့က တိုက်တွန်းထားတာ ရှိတယ်။ အကျဉ်းသားဦးရေ မြန်မြန်ဆန်ဆန်လျှော့ချဖို့ လိုတယ်။ ဒါက ကြိုတင်ကာကွယ်မှု လုပ်တာတခုပဲ ဖြစ်တယ်။ မြန်မြန်ဆန်ဆန် စိစစ်လုပ်ဆောင်နိုင်ရင်ပိုကောင်းပါတယ်။ အစိုးရအဆက်ဆက် အကျဉ်းသားတွေ နှစ်သစ်ကူးဆို လွှတ်ပေးတာရှိတာမို့ မြန်မြန်ဆန်ဆန်လွှတ်နိုင်တာအကောင်းဆုံးပါပဲ။"
လက်ရှိ အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်းတွေကို အစိုးရဘက်က ဘယ်လိုကိုင်တွယ်နေသလဲဆိုတာနဲ့ပတ်သတ်လို့ ပြည်တဲရေးဝန်ကြီးဌာနဘက်ကို ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အေအေပီပီဘက်ကတော့ ကိုဗစ်ရောဂါကူးစက်တာ မရှိအောင်အသစ် ရောက်ရှိလာတဲ့ဘယ်အချုပ်သား၊ အကျဉ်းသားကိုမဆို ထောင်ဗူးဝတွင် ကူးစက်ရောဂါ လက္ခဏာများ ရှိ၊ မရှိကို သေချာစွာ စစ်ဆေးဖို့၊ သတ်မှတ်ကာလ တခုအထိ သီးခြားထားရှိပြီး စောင့်ကြည့် အဆင့်ဖြစ်ထားရှိဖို့ သံသယရှိ အကျဉ်းသား၊ အချုပ်သားများကို ပြင်ပသီးသန့်ဆေးရုံကို ပို့ဆောင်ပြီးစောင့်ကြည့် ကုသခွင့်ပေးဖို့၊ အကျဉ်းထောင်တွေကနေမှ တရားရုံးထုတ်ပြီး ပြန်လာသူများကို သီးခြားထားရှိပြီး စောင့်ကြည့်ဖို့- ထောင်ဝင်စာ တွေ့ရာမှာ အကျဉ်းသားနဲ့ မိသားစုများကိုပါ ကြိုတင်ကာကွယ်ဖို့ အစီအမံများ ထားရှိဆောင်ရွက်ပေးဖို့၊ ထောင်ဝင်စာထုတ်များအား ကူးစက်ရောဂါများ ကပ်ပါမလာရန် သေချာ စစ်ဆေးမှုများ ပြုလုပ်ပေးဖို့၊ တရားရုံးနဲ့ ရဲစခန်းရှိ အချုပ်ခန်းတွေမှာ အချုပ်သားများကို လက်ဆေးရည်များ ထားရှိပေးဖို့၊ နေ့စဉ် ပုံမှန်ကူးစက်ရောဂါ လက္ခဏာများ ရှိ၊ မရှိ စစ်ဆေဖို့နဲ့ စစ်ဆေးဖို့လိုအပ်တဲ့ အထောက်အကူပစ္စည်းများ ထားရှိပေးဖို့ လွတ်မြောက်မယ့် အကျဉ်းသား၊ အချုပ်သားများကို မလွှတ်ပေးခင် ကူးစက်ရောဂါ လက္ခဏာ ရှိ၊ မရှိ စစ်ဆေးပေးဖို့၊ ဝန်ထမ်းများကိုလည်း အကျဉ်းထောင်၊ အချုပ်ခန်းများသို့ သွားရောက်တဲ့ အခါတိုင်း အပူချိန်တိုင်းတာ လက်ဆေးတာနဲ့ ကူးစက်ရောဂါ လက္ခဏာများရှိ၊ မရှိ ပုံမှန် စစ်ဆေးဖို့အရေးပေါ် အခြေအနေများအတွက် လိုအပ်တဲ့ အစီအမံများ ကြိုတင် ဆောင်ရွက်ထားဖို့ကို တောင်းဆိုထားပါတယ်။
ေမခ/VOA (Burmese)
https://burmese.voanews.com
ေထာင္ေတြထဲ အက်ဥ္းသားမ်ားလြန္းတာေၾကာင့္ COVID-19 အႏၲရာယ္ စိုးရိမ္ဖြယ္ရွိ
Reviewed by THITHTOOLWIN
on
20:55
Rating: