Covid-19 ေၾကာင့္ ျမန္မာက ဗီဇာပိတ္လုိက္လုိ႔ လမ္းခုလတ္မွာ ျမန္မာတခ်ဳိ႕ ပိတ္မိ

ရန္ကုန္ေလဆိပ္မွ ထြက္ခြာမည့္ ေလယာဥ္တစီးေပၚတြင္ ခရီးသည္မ်ား အေရးေပၚကယ္ဆယ္ေရး သ႐ုပ္ျပေနသည့္ ေလယာဥ္အမႈထမ္းတဦး။ (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ဆိုးရြားေနတဲ့ ႏိုင္ငံတခ်ိဳ႕က ခရီးသြားေတြကို ျမန္မာအစိုးရက ဗီဇာထုတ္ေပးမႈ ကန္႔သတ္လုိက္တာေၾကာင့္ ျမန္မာႏြယ္ဖြား အေမရိကန္ႏုိင္ငံသားတခ်ိဳ႕ လမ္းခုလတ္က လွည့္ျပန္ေနၾကရပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

ဆိုက္ေရာက္ဗီဇာနဲ႔ အြန္လိုင္းဗီဇာေတြကို ေခတၱဆိုင္းငံ့လိုက္တဲ့ ျမန္မာအစိုးရရဲ႕ ညႊန္ၾကားခ်က္သစ္က ေသာၾကာေန႔မွာ ထြက္လာၿပီး စေနေန႔မွာ စတင္ သက္ေရာက္တာေၾကာင့္ ျမန္မာႏုိင္ငံကို ပ်ံသန္းမယ့္ ေလယာဥ္ေတြက ဆိုက္ေရာက္ဗီဇာနဲ႔ E Visa ခရီးသည္ေတြကို တိုင္ေပေလဆိပ္မွာပဲ ခ်န္ထားခဲ့တာ ျဖစ္ပါတယ္။ ဆန္ဖရန္စစၥကိုကေန ရန္ကုန္သြားဖို႔ ေသာၾကာေန႔က တ႐ုတ္ေလေၾကာင္းလိုင္းနဲ႔ လိုက္လာတဲ့ ကိုမင္း၀ဏ္လည္း တိုင္ေပေလဆိပ္မွာ ပိတ္မိေနပါတယ္။

“ဆန္ဖရန္စစၥကိုကေန ထြက္ေတာ့ China Airline နဲ႔ ေမးၾကည့္ေသးတယ္။ သြားလုိ႔ရေသးလားဆုိေတာ့ သူတို႔က ရန္ကုန္ Flight က အုိေကေသးတယ္ ဆုိတာနဲ႔ က်ေနာ္လည္း ေလယာဥ္ပ်ံေပၚတက္ၿပီး လုိက္လာတာ။ ဒီ တုိင္ေပလည္း ေရာက္ၿပီး ေလယာဥ္ပ်ံလည္းဆင္းေရာ သူတုိ႔က ရန္ကုန္သြားမွာဆုိရင္ ဗီဇာရွိလားတဲ့၊ က်ေနာ္က Business Arrival Visa နဲ႔ သြားမွာဆုိေတာ့ သူတို႔က အဲဒါဆုိရင္ ညကပဲ Government က အမိန္႔ထုတ္လိုက္တယ္တဲ့၊ Ban လုိက္ၿပီတဲ့၊ ဗီဇာေတြ ေပးမဝင္ေတာ့ဘူးတဲ့။ ဆုိေတာ့ မသိဘူးလုိ႔၊ ညက ေလယာဥ္ေပၚတက္ခါနီး ေမးေတာ့ အုိေကေသးတယ္ေပါ့။ အဲဒါ တက္လို႔ရမလား ေမးေတာ့ ေပးမဝင္ေတာ့ဘူးတဲ့။

“အဲေတာ့ က်ေနာ္ ေတာ္ေတာ္ ဒုကၡေရာက္သြားတယ္။ အခု ၁၂ နာရီေလာက္ ေစာင့္ရမွာေပါ့၊ ေနာက္ေလယာဥ္ပ်ံ ေျပာင္းဖို႔အတြက္က။ ၁၄ နာရီေလာက္ စီးလာၿပီးေတာ့ သက္သက္မဲ့ အေဝးႀကီး လာၿပီးေတာ့ အဲလုိမ်ဳိး အလယ္ေရာက္မွ ျပန္လႊတ္တယ္ဆုိေတာ့ သိပ္ေတာ့ အဆင္မေျပဘူးေပါ့။ အၾကာႀကီးလည္း ေစာင့္ရဦးမယ္။ အခုလည္း ျပန္စီးရင္ ၁၄ နာရီ စီးရမယ္ဆုိေတာ့၊ နည္းနည္း ႀကိဳၿပီးေတာ့ ေျပာရင္ေတာ့ က်ေနာ္တုိ႔လည္း အဆင္ေျပတာေပါ့။ အခုေတာ့ ႀကိဳမေျပာဘဲ အဲလို ျဗဳန္းစားႀကီး လုပ္လိုက္ေတာ့ က်ေနာ္တေယာက္တည္း မဟုတ္ဘူး၊ တျခားလူေတြလည္း အမ်ားႀကီးပဲ။ Airport မွာ တန္းစီၿပီး အကုန္ ဒုကၡေတြ ေရာက္ကုန္ၾကတယ္။ ေလယာဥ္ပ်ံေပၚ ေပးကုိမတက္ေတာ့တာ၊ ဗီဇာမရွိဘူးဆိုရင္။ E Visa ရွိတဲ့သူဆုိရင္ေတာ့ ရေသးတယ္တဲ့ အဲဒီအခ်ိန္တုန္းက။ ခနေလာက္လည္းေနရာ E Visa ပါ Ban လုိက္တယ္ဆုိၿပီး ျဖစ္သြားတာ။ က်ေနာ္ကေတာ့ Arrival Visa ဆိုေတာ့ ေပးမဝင္ေတာ့ဘူးတဲ့။”

အေမရိကန္ကေန ျမန္မာႏုိင္ငံကိုသြားတဲ့ အခုခရီးစဥ္မွာ လွည့္ျပန္ၾကရမယ့္သူက ကိုမင္း၀ဏ္တဦးတည္းေတာ့ မဟုတ္ပါဘူး။ ျမန္မာႏြယ္ဖြား အေမရိကန္ႏုိင္ငံသား တခ်ိဳ႕လည္း အထုပ္အပိုးေတြနဲ႔ တိုင္ေပေလဆိပ္မွာ ပိတ္မိေနပါတယ္။ အခုလို ေလယာဥ္ခရီးစဥ္ ပ်က္သြားတဲ့အတြက္ ေလေၾကာင္းလုိုင္းက ေငြျပန္အမ္းပါသလားလုိ႔ ေမးရာမွေတာ့ ကိုမင္း၀ဏ္က အခုလို ေျပာပါတယ္။

“မရဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ က်ေနာ္သြားေမးေတာ့ ေလယာဥ္ပ်ံက Cancel မဟုတ္ဘူးတဲ့။ ရန္ကုန္ Government က Ban လုိက္တာဆုိေတာ့ China Airline ရဲ႕အျပစ္လည္း မဟုတ္ဘူးတဲ့။ အဲဒီအတြက္ေၾကာင့္ ျပန္ေပးလို႔မရဘူးတဲ့။ က်ေနာ့္သူငယ္ခ်င္းတေယာက္ဆုိ Luggage ေတြ အမ်ားႀကီးပဲ ပါလာတာ။ သူ ဟုိဘက္မွာ ထြက္တုန္းကလည္း အပုိ Weight ဖုိးေတြ ေပးခဲ့ရတယ္။ ၿပီးေတာ့ ဒီေရာက္ေတာ့လည္း ရန္ကုန္ကို ဆက္သယ္သြားလုိ႔ မရဘူးဆိုေတာ့ US ကုိ ျပန္ဝင္ဖုိ႔ၾကေတာ့ ေနာက္တေခါက္ ထပ္ေပးရတယ္၊ Over Weight Luggage Fees တဲ့။ အဲလုိ ႏွစ္ဆ ခံရတယ္။ ၿပီးေတာ့ ေလယာဥ္ပ်ံလက္မွတ္ကလည္း အဆုံးေပါ့။”

အေမရိကန္ကေန ျမန္မာႏုိင္ငံကုိအသြား လမ္းခုလတ္မွာ ေရာက္ေနသူေတြ ထိုင္းႏုိင္ငံကေနတဆင့္ သံ႐ုံးဗီဇာ ေလွ်ာက္ထားဖို႔ကလည္း မလြယ္ကူတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ ျမန္မာႏုိင္ငံ ခရီးသြားလုပ္ငန္း ေကာ္မတီက ဦးသက္လြင္တိုးက ေျပာပါတယ္။

“ထုိင္းကုိ Divert လုပ္ၿပီး ထုိင္းကုိဝင္ၿပီး ျမန္မာသံ႐ုံးမွာ ယူရင္ေတာ့ ရႏုိင္တယ္။ ဒါေပမယ့္ ထုိင္းကိုဝင္ဖို႔က နံပါတ္တစ္ Health Declaration လိုသြားၿပီ။ နံပါတ္ႏွစ္က Insurance ေပါ့၊ ေဒၚလာတသိန္း Coverage ျဖစ္တဲ့ Insurance ေပးရမယ္ဆုိေတာ့ သူတို႔မွာ Ready ပါမသြားရင္ ထုိင္းကုိသြားေျပာရင္ေတာ့ ထုိင္းကလည္း အဲဒါမပါရင္ မလာနဲ႔ဆုိတဲ့သေဘာပဲ။ အဲေတာ့ သံ႐ုံးဗီဇာယူဖုိ႔ မျဖစ္ႏုိင္ေတာ့ဘူး။”

ျမန္မာႏုိင္ငံ ဆိုက္ေရာက္ဗီဇာနဲ႔ အြန္လိုင္းကေန ေလွ်ာက္ထားလို႔ရတဲ့ E Visa ထုတ္ေပးမႈကို စေနေန႔ကစၿပီး ဧၿပီလကုန္ထိ ဆိုင္းငံ့လုိက္ၿပီး သံ႐ုံးဗီဇာနဲ႔ လာေရာက္သူကိုသာ ခြင့္ျပဳေတာ့မွာ ျဖစ္ပါတယ္။ အေမရိကန္ အပါအ၀င္ ႏုိင္ငံတခ်ိဳ႕ကလူေတြ သံ႐ုံးဗီဇာနဲ႔ ျမန္မာႏုိင္ငံကို ဆိုက္ေရာက္လာခ်ိန္မွာ သီတင္း ၂ ပတ္ သီးျခားခြဲျခားၿပီး ၁၄ ရက္တာ ေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကို လာမယ့္ ခရီးသြားေတြအေနနဲ႔ က်န္းမာေရး ေထာက္ခံခ်က္လည္း လိုအပ္မွာ ျဖစ္ပါတယ္။

-----------------------------------

(Unicode)

Covid-19 ကြောင့် မြန်မာက ဗီဇာပိတ်လိုက်လို့ လမ်းခုလတ်မှာ မြန်မာတချို့ ပိတ်မိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားနေတဲ့ နိုင်ငံတချို့က ခရီးသွားတွေကို မြန်မာအစိုးရက ဗီဇာထုတ်ပေးမှု ကန့်သတ်လိုက်တာကြောင့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတချို့ လမ်းခုလတ်က လှည့်ပြန်နေကြရပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဆိုက်ရောက်ဗီဇာနဲ့ အွန်လိုင်းဗီဇာတွေကို ခေတ္တဆိုင်းငံ့လိုက်တဲ့ မြန်မာအစိုးရရဲ့ ညွှန်ကြားချက်သစ်က သောကြာနေ့မှာ ထွက်လာပြီး စနေနေ့မှာ စတင် သက်ရောက်တာကြောင့်မြန်မာနိုင်ငံကို ပျံသန်းမယ့် လေယာဉ်တွေက ဆိုက်ရောက်ဗီဇာနဲ့ E Visa ခရီးသည်တွေကို တိုင်ပေလေဆိပ်မှာပဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုကနေ ရန်ကုန်သွားဖို့ သောကြာနေ့က တရုတ်လေကြောင်းလိုင်းနဲ့ လိုက်လာတဲ့ ကိုမင်းဝဏ်လည်း တိုင်ပေလေဆိပ်မှာ ပိတ်မိနေပါတယ်။

“ဆန်ဖရန်စစ္စကိုကနေ ထွက်တော့ China Airline နဲ့ မေးကြည့်သေးတယ်။ သွားလို့ရသေးလားဆိုတော့ သူတို့က ရန်ကုန် Flight က အိုကေသေးတယ် ဆိုတာနဲ့ ကျနော်လည်း လေယာဉ်ပျံပေါ်တက်ပြီး လိုက်လာတာ။ ဒီ တိုင်ပေလည်း ရောက်ပြီး လေယာဉ်ပျံလည်းဆင်းရော သူတို့က ရန်ကုန်သွားမှာဆိုရင် ဗီဇာရှိလားတဲ့၊ ကျနော်က Business Arrival Visa နဲ့ သွားမှာဆိုတော့ သူတို့က အဲဒါဆိုရင် ညကပဲ Government က အမိန့်ထုတ်လိုက်တယ်တဲ့၊ Ban လိုက်ပြီတဲ့၊ ဗီဇာတွေ ပေးမဝင်တော့ဘူးတဲ့။ ဆိုတော့ မသိဘူးလို့၊ ညက လေယာဉ်ပေါ်တက်ခါနီး မေးတော့ အိုကေသေးတယ်ပေါ့။ အဲဒါ တက်လို့ရမလား မေးတော့ ပေးမဝင်တော့ဘူးတဲ့။

“အဲတော့ ကျနော် တော်တော် ဒုက္ခရောက်သွားတယ်။ အခု ၁၂ နာရီလောက် စောင့်ရမှာပေါ့၊ နောက်လေယာဉ်ပျံ ပြောင်းဖို့အတွက်က။ ၁၄ နာရီလောက် စီးလာပြီးတော့ သက်သက်မဲ့ အဝေးကြီး လာပြီးတော့ အဲလိုမျိုး အလယ်ရောက်မှ ပြန်လွှတ်တယ်ဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ အကြာကြီးလည်း စောင့်ရဦးမယ်။ အခုလည်း ပြန်စီးရင် ၁၄ နာရီ စီးရမယ်ဆိုတော့၊ နည်းနည်း ကြိုပြီးတော့ ပြောရင်တော့ ကျနော်တို့လည်း အဆင်ပြေတာပေါ့။ အခုတော့ ကြိုမပြောဘဲ အဲလို ဗြုန်းစားကြီး လုပ်လိုက်တော့ ကျနော်တယောက်တည်း မဟုတ်ဘူး၊ တခြားလူတွေလည်း အများကြီးပဲ။ Airport မှာ တန်းစီပြီး အကုန် ဒုက္ခတွေ ရောက်ကုန်ကြတယ်။ လေယာဉ်ပျံပေါ် ပေးကိုမတက်တော့တာ၊ ဗီဇာမရှိဘူးဆိုရင်။ E Visa ရှိတဲ့သူဆိုရင်တော့ ရသေးတယ်တဲ့ အဲဒီအချိန်တုန်းက။ ခနလောက်လည်းနေရာ E Visa ပါ Ban လိုက်တယ်ဆိုပြီး ဖြစ်သွားတာ။ ကျနော်ကတော့ Arrival Visa ဆိုတော့ ပေးမဝင်တော့ဘူးတဲ့။”

အမေရိကန်ကနေ မြန်မာနိုင်ငံကိုသွားတဲ့ အခုခရီးစဉ်မှာ လှည့်ပြန်ကြရမယ့်သူက ကိုမင်းဝဏ်တဦးတည်းတော့ မဟုတ်ပါဘူး။ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား တချို့လည်း အထုပ်အပိုးတွေနဲ့ တိုင်ပေလေဆိပ်မှာ ပိတ်မိနေပါတယ်။ အခုလို လေယာဉ်ခရီးစဉ် ပျက်သွားတဲ့အတွက် လေကြောင်းလိုင်းက ငွေပြန်အမ်းပါသလားလို့ မေးရာမှတော့ ကိုမင်းဝဏ်က အခုလို ပြောပါတယ်။

“မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်သွားမေးတော့ လေယာဉ်ပျံက Cancel မဟုတ်ဘူးတဲ့။ ရန်ကုန် Government က Ban လိုက်တာဆိုတော့ China Airline ရဲ့အပြစ်လည်း မဟုတ်ဘူးတဲ့။ အဲဒီအတွက်ကြောင့် ပြန်ပေးလို့မရဘူးတဲ့။ ကျနော့်သူငယ်ချင်းတယောက်ဆို Luggage တွေ အများကြီးပဲ ပါလာတာ။ သူ ဟိုဘက်မှာ ထွက်တုန်းကလည်း အပို Weight ဖိုးတွေ ပေးခဲ့ရတယ်။ ပြီးတော့ ဒီရောက်တော့လည်း ရန်ကုန်ကို ဆက်သယ်သွားလို့ မရဘူးဆိုတော့ US ကို ပြန်ဝင်ဖို့ကြတော့ နောက်တခေါက် ထပ်ပေးရတယ်၊ Over Weight Luggage Fees တဲ့။ အဲလို နှစ်ဆ ခံရတယ်။ ပြီးတော့ လေယာဉ်ပျံလက်မှတ်ကလည်း အဆုံးပေါ့။”

အမေရိကန်ကနေ မြန်မာနိုင်ငံကိုအသွား လမ်းခုလတ်မှာ ရောက်နေသူတွေ ထိုင်းနိုင်ငံကနေတဆင့် သံရုံးဗီဇာ လျှောက်ထားဖို့ကလည်း မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကော်မတီက ဦးသက်လွင်တိုးက ပြောပါတယ်။

“ထိုင်းကို Divert လုပ်ပြီး ထိုင်းကိုဝင်ပြီး မြန်မာသံရုံးမှာ ယူရင်တော့ ရနိုင်တယ်။ ဒါပေမယ့် ထိုင်းကိုဝင်ဖို့က နံပါတ်တစ် Health Declaration လိုသွားပြီ။ နံပါတ်နှစ်က Insurance ပေါ့၊ ဒေါ်လာတသိန်း Coverage ဖြစ်တဲ့ Insurance ပေးရမယ်ဆိုတော့ သူတို့မှာ Ready ပါမသွားရင် ထိုင်းကိုသွားပြောရင်တော့ ထိုင်းကလည်း အဲဒါမပါရင် မလာနဲ့ဆိုတဲ့သဘောပဲ။ အဲတော့ သံရုံးဗီဇာယူဖို့ မဖြစ်နိုင်တော့ဘူး။”

မြန်မာနိုင်ငံ ဆိုက်ရောက်ဗီဇာနဲ့ အွန်လိုင်းကနေ လျှောက်ထားလို့ရတဲ့ E Visa ထုတ်ပေးမှုကို စနေနေ့ကစပြီး ဧပြီလကုန်ထိ ဆိုင်းငံ့လိုက်ပြီး သံရုံးဗီဇာနဲ့ လာရောက်သူကိုသာ ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတချို့ကလူတွေ သံရုံးဗီဇာနဲ့မြန်မာနိုင်ငံကို ဆိုက်ရောက်လာချိန်မှာ သီတင်း ၂ ပတ် သီးခြားခွဲခြားပြီး ၁၄ ရက်တာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာမယ့် ခရီးသွားတွေအနေနဲ့ ကျန်းမာရေး ထောက်ခံချက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။

မသိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
Covid-19 ေၾကာင့္ ျမန္မာက ဗီဇာပိတ္လုိက္လုိ႔ လမ္းခုလတ္မွာ ျမန္မာတခ်ဳိ႕ ပိတ္မိ Covid-19 ေၾကာင့္ ျမန္မာက ဗီဇာပိတ္လုိက္လုိ႔ လမ္းခုလတ္မွာ ျမန္မာတခ်ဳိ႕ ပိတ္မိ Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.