COVID-19 ေၾကာင့္ ေဒၚလာ သန္းရာနဲ႔ခ်ီၿပီး နယ္စပ္ကုန္သြယ္ေရး ထိခိုက္

ထိုင္း-ျမန္မာနယ္စပ္က မဲဆိုင္-တာခ်ီလိတ္ နယ္စပ္ဂိတ္တစ္ေနရာ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ကမာၻတဝန္း ႏိုင္ငံေတြမွာ ကုန္သြယ္ စီးပြားေရး က်ဆင္းေနခ်ိန္မွာ ျမန္မာ့ကုန္သြယ္ေရးမွာလည္း ႐ိုက္ခတ္မႈေတြ ရွိေနတာျဖစ္ပါတယ္။

ျမန္မာအစိုးရကလည္း COVID-19 ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ဂိတ္ေတြမွာ ကုန္ပစၥည္းေတြနဲ႔ လူအဝင္အထြက္ သြားလာမႈေတြ ကန႔္သတ္ေနတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးမွာ ေန႔စဥ္ ေဒၚလာသန္းနဲ႔ခ်ီၿပီး ထိခိုက္မႈေတြ ရွိေနပါတယ္။

တ႐ုတ္-ျမန္မာ နယ္စပ္ ကုန္သြယ္ေရး

တ႐ုတ္ႏွစ္သစ္ကူး ဇန္နဝါရီ ၂၃ ရက္ေန႔ ကေန မတ္လ ၁၄ ရက္ေန႔အထိ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္မႈက ၿပီးခဲ့တဲ့ ဘ႑ာႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ စုစုေပါင္း ပို႔ကုန္ သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၂၇၁ သန္းခန႔္ (ပို႔ကုန္ ေဒၚလာ ၂၂၃ သန္း၊ သြင္းကုန္ ၄၈ သန္း) ေလ်ာ့နည္းခဲ့ပါတယ္။

"ကိုဗစ္ေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးက အေတာ္ထိခိုက္ခဲ့ပါတယ္၊ ကန္ပိုက္တီး၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ေတြက ခုထိ ပုံမွန္ျပန္မျဖစ္ေသးပါဘူး" လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေထာက္ အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

နယ္စပ္ကုန္သြယ္ေရးဟာ တ႐ုတ္-ျမန္မာနယ္စပ္မွာ အမ်ားဆုံးရွိေနၿပီး မူဆယ္ဂိတ္မွာဆိုရင္ ေန႔စဥ္ ေဒၚလာ ၁၀ သန္းကေန ၁၅ သန္းအထိ ကုန္သြယ္မႈ ရွိေနပါတယ္။
 တ႐ုတ္-ျမန္မာနယ္စပ္က မူဆယ္ဂိတ္အဝင္အထြက္ တစ္ေနရာ

ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး

ထိုင္း-ျမန္မာ နယ္စပ္ကေတာ့ ဒုတိယအမ်ားဆုံးျဖစ္ၿပီး အဓိက ဝင္ေပါက္ေတြျဖစ္တဲ့ ကရင္ျပည္နယ္ ျမဝတီနဲ႔ ရွမ္းျပည္နယ္ထဲက တာခ်ီလိတ္ ဂိတ္ေတြမွာ နယ္စပ္ကုန္သြယ္ေရးက ေန႔စဥ္ ေဒၚလာ ၁၀ သန္းေလာက္အထိ ရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စပ္ ကူးစက္မႈကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ထိုင္း-ျမန္မာ နယ္စပ္အားလုံးနီးပါးမွာ အဝင္အထြက္ေတြကို ကန႔္သတ္ေနၿပီး တာခ်ီလိတ္နဲ႔ ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) အပါအဝင္ မယ္ေဟာင္ေဆာင္၊ ရေနာင္းစတဲ့ ျမန္မာနယ္နဲ႔ ထိစပ္ေနတဲ့ နယ္စပ္လမ္းေတြကို မတ္လ ၂၀ ရက္ေန႔က ပိတ္ခဲ့ပါတယ္။

"လူအဝင္အထြက္ေရာ၊ ကုန္ပစၥည္းအဝင္အထြက္ေရာ တာခ်ီလိတ္နဲ႔ အမွတ္ (၁) တံတား၊ ၂ ခုလုံးကို ပိတ္ထားပါၿပီ" လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

နယ္စပ္ကုန္သြယ္ေရးမွာ အခရာက်တဲ့ ဂိတ္စခန္းတစ္ခုျဖစ္တဲ့ ခ်စ္ၾကည္ေရး တံတားအမွတ္ ၂ ကိုေတာ့ မတ္လ ၂၃ ရက္ေန႔ကစလို႔ ထိုင္းဘက္အျခမ္းက ပိတ္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ေထာင္နဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ျမန္မာႏိုင္ငံဘက္အျခမ္းကို ျပန္လာေနၾကဆဲျဖစ္လို႔ ျမန္မာဘက္အျခမ္းက ဂိတ္ေတြဖြင့္ၿပီး ျပန္လက္ခံေနရပါတယ္။

"အဲ့ဒီတံတားမွာ လူအဝင္အထြက္ကိုပဲ ပိတ္လိုက္တာပါ၊ ကုန္ပစၥည္းေတြေတာ့ သြားလို႔ရပါေသးတယ္၊ ကုန္ပစၥည္းတင္တဲ့ ယာဥ္ေတြမွာ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ ၁ ေယာက္ ဝင္ထြက္ခြင့္ ျပဳထားပါတယ္" လို႔ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။
အိႏၵိယ-ျမန္မာ နယ္စပ္ ကုန္သြယ္ေရး

အိႏၵိယ-ျမန္မာနယ္စပ္မွာေတာ့ အဓိက ကုန္သြယ္ေရးလမ္းေၾကာင္း ျဖစ္တဲ့ တမူးနယ္စပ္ဂိတ္ကို အိႏၵိယဘက္ကေန မတ္လ ၁၀ ရက္ေန႔ကတည္းက စပိတ္ထားခဲ့ပါတယ္။

ဒါ့ေၾကာင့္ နယ္စပ္ကုန္သြယ္ေရးက ေန႔စဥ္ ေဒၚလာ ၁ သိန္းဖိုးေလာက္ ဆုံးရႈံးေနရတယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းေတြက ဆိုပါတယ္။

"ဒီကာလမွာ အနည္းနဲ႔ အမ်ားေတာ့ ကုန္သြယ္မႈ ထိခိုက္တာေပါ့၊ တမူးကို ပိတ္ထားေပမယ့္ ရိေခါဒါရ္ဘက္ကတဆင့္ ကုန္ပစၥည္းပို႔ဖို႔ ေဆာင္႐ြက္ေနပါတယ္" လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

တမူး နယ္စပ္ဂိတ္ကို ဧၿပီလကုန္မွ ျပန္ဖြင့္မယ္လို႔ အိႏၵိယဘက္က ေၾကညာထားပါတယ္။
COVID-19 နဲ႔ နယ္စပ္ကုန္သြယ္ေရး ဂယက္

အဓိက နယ္စပ္ဂိတ္ႀကီးေတြ ပိတ္ထားေပမယ့္ စီးပြားကူးသန္းက လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္ကေတာ့ အေကာင္းျမင္စိတ္ ရွိေနပါတယ္။ ကို႐ိုနာကူးစက္မႈေတြ မျဖစ္ခင္ ေအာက္တိုဘာကေန မတ္လအထိ ၅ လေက်ာ္ကာလအတြင္း နယ္စပ္ကုန္သြယ္မႈက ၿပီးခဲ့တဲ့ ႏွစ္ကထက္ ပိုခဲ့တယ္လို႔ ေျပာပါတယ္။

"ကိုဗစ္ေၾကာင့္ တ႐ုတ္ နယ္စပ္ဂိတ္ေတြ ပိတ္ခဲ့ေပမယ့္လည္း လြယ္ဂ်ယ္နဲ႔ မူဆယ္က ပုံမွန္ အေနအထား ျပန္ေရာက္ေနပါၿပီ၊ မူဆယ္မွာဆို ေန႔စဥ္ ကားအစီး ၅၀ ေလာက္ ေန႔စဥ္ ဝင္ေနတယ္၊ ကုန္သြယ္ေရးက ပုံမွန္ ျပန္ျဖစ္ေနပါလာၿပီ" လို႔ ေျပာပါတယ္။

ဒါေပမဲ့လည္း ကြၽဲ၊ ႏြားအရွင္ တင္ပို႔မႈ၊ ေရထြက္ပစၥည္း တင္ပို႔မႈေတြက တုံ႔ဆိုင္းေနဆဲ ျဖစ္ပါတယ္။ ဖရဲ၊ သခြား၊ ဆန္၊ ေျပာင္း လို စားကုန္ပစၥည္းေတြ တင္ပို႔မႈကလည္း အရင္ကေလာက္ အလုပ္မျဖစ္ေသးဘူး" လို႔ ကုန္သည္ေတြဘက္က ေျပာပါတယ္။

"ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေတာ့ တ႐ုတ္နယ္စပ္ ကုန္သြယ္မႈမွာ ေျပာင္းတင္ပို႔မႈက ရပ္ဆိုင္းလုနီး အေျခအေန ျဖစ္သြားတယ္၊ ဒါ့ေၾကာင့္ ထိုင္းဘက္ကို တင္ပို႔ခဲ့တယ္၊ ၅ လအတြင္း ျမဝတီနဲ႔ တာခ်ီလိတ္မွာ ေျပာင္းတန္ခ်ိန္ ၅ သိန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့တယ္" လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

ျမဝတီကုန္သည္ေတြကေတာ့ လက္ရွိမွာ ထိုင္းဘက္အျခမ္းကို ေျပာင္းတင္ပို႔မႈက ေတာ္ေတာ္ေလး နည္းသြားၿပီ လို႔ ေျပာပါတယ္။

ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဟာ ေန႔စဥ္ ေဒၚလာ ၁၀ သန္းေလာက္ ရွိခဲ့ရာကေန ၄ သန္းအထိပဲ ရွိေတာ့မယ္လို႔ ခန႔္မွန္းေန
"အရင္ကဆို တေန႔ကို ေျပာင္းကား ရာနဲ႔ခ်ီၿပီး ထြက္တယ္၊ ခုဆို အစီး ၂၀ ေလာက္ပဲ ရွိေတာ့တယ္၊ ေျမပဲဆန္၊ မက်ည္းသီး၊ င႐ုတ္သီး တင္ပို႔မႈကလည္း မရွိသေလာက္ပဲ၊ ပို႔ကုန္က လုံး၀ ေမွ်ာ္လင့္လို႔ မရေတာ့ဘူး" လို႔ ျမဝတီကုန္သည္ႀကီးမ်ားအသင္းက စာရင္းစစ္ စိုင္းထြန္းေဝက ဘီဘီစီကို ေျပာပါတယ္။

ျမန္မာဘက္က ပို႔ကုန္ေတြ ရပ္ဆိုင္းလုနီး ျဖစ္ေနသလို ထိုင္းဘက္ကလည္း အခ်ိဳရည္၊ ေခါက္ဆြဲေျခာက္လို စားေသာက္ကုန္ပစၥည္းအခ်ိဳ႕ေလာက္ပဲ တင္ပို႔ေနၿပီး ႀကီးႀကီးမားမား တင္ပို႔မႈ မရွိေတာ့ဘူးလို႔ ျမဝတီကုန္သည္ႀကီးမ်ားအသင္း တာဝန္ရွိသူက ေျပာပါတယ္။

နယ္စပ္ဂိတ္ေတြ ပိတ္လိုက္တာေၾကာင့္ ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဟာ အရင္လတုန္းက ေန႔စဥ္ ေဒၚလာ ၁၀ သန္းေလာက္ ရွိခဲ့ရာကေန အခုလမွာ ကုန္သြယ္ေရးဟာ ေဒၚလာ ၃ သန္းကေန ၄ သန္းအထိပဲ ရွိေတာ့မယ္လို႔ ကုန္သည္ေတြဘက္က ခန႔္မွန္းေနၾကပါတယ္။

"အရင္ကဆို ပစၥည္းပို႔လိုက္ၿပီးမွ လူက ထိုင္းဘက္အျခမ္းသြားၿပီး ေငြေပး ေပးယူ လုပ္တယ္ေလ၊ အခု လူအဝင္အထြက္ ကန႔္သတ္လိုက္ေတာ့ အလုပ္မျဖစ္ေတာ့ဘူး၊ ပစၥည္းပို႔လိုက္ရင္လည္း ထိုင္ဘက္ကမ္းက လာဝယ္ခ်င္မွ ဝယ္တာ" လို႔ ျမဝတီကုန္သည္ႀကီးမ်ားအသင္းက စာရင္းစစ္ စိုင္းထြန္းေဝက ေျပာပါတယ္။

ကိုဗစ္ေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ဘယ္ေလာက္ ဆုံးရႈံးႏိုင္သလဲလို႔ ဘီဘီစီက ေမးရာမွာေတာ့ "မႏွစ္က အေျခအေနနဲ႔ ဒီႏွစ္အေျခအေန သုံးသပ္ၿပီး ဘယ္ေလာက္ထိခိုက္ႏိုင္လဲဆိုတာ ျပန္ၿပီး တြက္ခ်က္ေနတယ္" လို႔ ဦးခင္ေမာင္လြင္က ျပန္ေျဖပါတယ္။

ျမဝတီကုန္သည္ႀကီးမ်ားအသင္းက စာရင္းစစ္ စိုင္းထြန္းေဝကေတာ့"ဒီကုန္သြယ္ေရး ရပ္ဆိုင္းမႈက ဘယ္ေလာက္ၾကာမလဲ၊ ဘာေတြ လုပ္ထားသင့္လဲဆိုတာ ကုန္သည္ႀကီးေတြ ေတြ႕ဆုံၿပီး ေဆြးေႏြးၾကဖို႔ ရွိပါတယ္၊ ဒီလိုမွမဟုတ္ရင္ နယ္စပ္ကုန္သြယ္ေရးက အမ်ားႀကီး ထိခိုက္လာပါလိမ့္မယ္" လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
COVID-19 ကြောင့် ဒေါ်လာ သန်းရာနဲ့ချီပြီး နယ်စပ်ကုန်သွယ်ရေး ထိခိုက်

ဓာတ်ပုံ မူပိုင် Peter Charlesworth/LightRocket via Getty Images
Image caption ထိုင်း-မြန်မာနယ်စပ်က မဲဆိုင်-တာချီလိတ် နယ်စပ်ဂိတ်တစ်နေရာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကမ္ဘာတဝန်း နိုင်ငံတွေမှာ ကုန်သွယ် စီးပွားရေး ကျဆင်းနေချိန်မှာ မြန်မာ့ကုန်သွယ်ရေးမှာလည်း ရိုက်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

မြန်မာအစိုးရကလည်း COVID-19 ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာ ကုန်ပစ္စည်းတွေနဲ့ လူအဝင်အထွက် သွားလာမှုတွေ ကန့်သတ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီး ထိခိုက်မှုတွေ ရှိနေပါတယ်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး

တရုတ်နှစ်သစ်ကူး ဇန်နဝါရီ ၂၃ ရက်နေ့ ကနေ မတ်လ ၁၄ ရက်နေ့အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် စုစုပေါင်း ပို့ကုန် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၁ သန်းခန့် (ပို့ကုန် ဒေါ်လာ ၂၂၃ သန်း၊ သွင်းကုန် ၄၈ သန်း) လျော့နည်းခဲ့ပါတယ်။

"ကိုဗစ်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက အတော်ထိခိုက်ခဲ့ပါတယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေက ခုထိ ပုံမှန်ပြန်မဖြစ်သေးပါဘူး" လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးဟာ တရုတ်-မြန်မာနယ်စပ်မှာ အများဆုံးရှိနေပြီး မူဆယ်ဂိတ်မှာဆိုရင် နေ့စဉ် ဒေါ်လာ ၁၀ သန်းကနေ ၁၅ သန်းအထိ ကုန်သွယ်မှု ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption တရုတ်-မြန်မာနယ်စပ်က မူဆယ်ဂိတ်အဝင်အထွက် တစ်နေရာ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး

ထိုင်း-မြန်မာ နယ်စပ်ကတော့ ဒုတိယအများဆုံးဖြစ်ပြီး အဓိက ဝင်ပေါက်တွေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီနဲ့ ရှမ်းပြည်နယ်ထဲက တာချီလိတ် ဂိတ်တွေမှာ နယ်စပ်ကုန်သွယ်ရေးက နေ့စဉ် ဒေါ်လာ ၁၀ သန်းလောက်အထိ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စပ် ကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်အားလုံးနီးပါးမှာ အဝင်အထွက်တွေကို ကန့်သတ်နေပြီး တာချီလိတ်နဲ့ ချစ်ကြည်ရေးတံတား အမှတ် (၁) အပါအဝင် မယ်ဟောင်ဆောင်၊ ရနောင်းစတဲ့ မြန်မာနယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်လမ်းတွေကို မတ်လ ၂၀ ရက်နေ့က ပိတ်ခဲ့ပါတယ်။

"လူအဝင်အထွက်ရော၊ ကုန်ပစ္စည်းအဝင်အထွက်ရော တာချီလိတ်နဲ့ အမှတ် (၁) တံတား၊ ၂ ခုလုံးကို ပိတ်ထားပါပြီ" လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အခရာကျတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တဲ့ ချစ်ကြည်ရေး တံတားအမှတ် ၂ ကိုတော့ မတ်လ ၂၃ ရက်နေ့ကစလို့ ထိုင်းဘက်အခြမ်းက ပိတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံဘက်အခြမ်းကို ပြန်လာနေကြဆဲဖြစ်လို့ မြန်မာဘက်အခြမ်းက ဂိတ်တွေဖွင့်ပြီး ပြန်လက်ခံနေရပါတယ်။

"အဲ့ဒီတံတားမှာ လူအဝင်အထွက်ကိုပဲ ပိတ်လိုက်တာပါ၊ ကုန်ပစ္စည်းတွေတော့ သွားလို့ရပါသေးတယ်၊ ကုန်ပစ္စည်းတင်တဲ့ ယာဉ်တွေမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁ ယောက် ဝင်ထွက်ခွင့် ပြုထားပါတယ်" လို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး

အိန္ဒိယ-မြန်မာနယ်စပ်မှာတော့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ တမူးနယ်စပ်ဂိတ်ကို အိန္ဒိယဘက်ကနေ မတ်လ ၁၀ ရက်နေ့ကတည်းက စပိတ်ထားခဲ့ပါတယ်။

ဒါ့ကြောင့် နယ်စပ်ကုန်သွယ်ရေးက နေ့စဉ် ဒေါ်လာ ၁ သိန်းဖိုးလောက် ဆုံးရှုံးနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေက ဆိုပါတယ်။

"ဒီကာလမှာ အနည်းနဲ့ အများတော့ ကုန်သွယ်မှု ထိခိုက်တာပေါ့၊ တမူးကို ပိတ်ထားပေမယ့် ရိခေါဒါရ်ဘက်ကတဆင့် ကုန်ပစ္စည်းပို့ဖို့ ဆောင်ရွက်နေပါတယ်" လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

တမူး နယ်စပ်ဂိတ်ကို ဧပြီလကုန်မှ ပြန်ဖွင့်မယ်လို့ အိန္ဒိယဘက်က ကြေညာထားပါတယ်။
COVID-19 နဲ့ နယ်စပ်ကုန်သွယ်ရေး ဂယက်

အဓိက နယ်စပ်ဂိတ်ကြီးတွေ ပိတ်ထားပေမယ့် စီးပွားကူးသန်းက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကတော့ အကောင်းမြင်စိတ် ရှိနေပါတယ်။ ကိုရိုနာကူးစက်မှုတွေ မဖြစ်ခင် အောက်တိုဘာကနေ မတ်လအထိ ၅ လကျော်ကာလအတွင်း နယ်စပ်ကုန်သွယ်မှုက ပြီးခဲ့တဲ့ နှစ်ကထက် ပိုခဲ့တယ်လို့ ပြောပါတယ်။

"ကိုဗစ်ကြောင့် တရုတ် နယ်စပ်ဂိတ်တွေ ပိတ်ခဲ့ပေမယ့်လည်း လွယ်ဂျယ်နဲ့ မူဆယ်က ပုံမှန် အနေအထား ပြန်ရောက်နေပါပြီ၊ မူဆယ်မှာဆို နေ့စဉ် ကားအစီး ၅၀ လောက် နေ့စဉ် ဝင်နေတယ်၊ ကုန်သွယ်ရေးက ပုံမှန် ပြန်ဖြစ်နေပါလာပြီ" လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ကျွဲ၊ နွားအရှင် တင်ပို့မှု၊ ရေထွက်ပစ္စည်း တင်ပို့မှုတွေက တုံ့ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဖရဲ၊ သခွား၊ ဆန်၊ ပြောင်း လို စားကုန်ပစ္စည်းတွေ တင်ပို့မှုကလည်း အရင်ကလောက် အလုပ်မဖြစ်သေးဘူး" လို့ ကုန်သည်တွေဘက်က ပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ဖြစ်တော့ တရုတ်နယ်စပ် ကုန်သွယ်မှုမှာ ပြောင်းတင်ပို့မှုက ရပ်ဆိုင်းလုနီး အခြေအနေ ဖြစ်သွားတယ်၊ ဒါ့ကြောင့် ထိုင်းဘက်ကို တင်ပို့ခဲ့တယ်၊ ၅ လအတွင်း မြဝတီနဲ့ တာချီလိတ်မှာ ပြောင်းတန်ချိန် ၅ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်" လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

မြဝတီကုန်သည်တွေကတော့ လက်ရှိမှာ ထိုင်းဘက်အခြမ်းကို ပြောင်းတင်ပို့မှုက တော်တော်လေး နည်းသွားပြီ လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နေ့စဉ် ဒေါ်လာ ၁၀ သန်းလောက် ရှိခဲ့ရာကနေ ၄ သန်းအထိပဲ ရှိတော့မယ်လို့ ခန့်မှန်းနေ

"အရင်ကဆို တနေ့ကို ပြောင်းကား ရာနဲ့ချီပြီး ထွက်တယ်၊ ခုဆို အစီး ၂၀ လောက်ပဲ ရှိတော့တယ်၊ မြေပဲဆန်၊ မကျည်းသီး၊ ငရုတ်သီး တင်ပို့မှုကလည်း မရှိသလောက်ပဲ၊ ပို့ကုန်က လုံး၀ မျှော်လင့်လို့ မရတော့ဘူး" လို့ မြဝတီကုန်သည်ကြီးများအသင်းက စာရင်းစစ် စိုင်းထွန်းဝေက ဘီဘီစီကို ပြောပါတယ်။

မြန်မာဘက်က ပို့ကုန်တွေ ရပ်ဆိုင်းလုနီး ဖြစ်နေသလို ထိုင်းဘက်ကလည်း အချိုရည်၊ ခေါက်ဆွဲခြောက်လို စားသောက်ကုန်ပစ္စည်းအချို့လောက်ပဲ တင်ပို့နေပြီး ကြီးကြီးမားမား တင်ပို့မှု မရှိတော့ဘူးလို့ မြဝတီကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ပြောပါတယ်။

နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အရင်လတုန်းက နေ့စဉ် ဒေါ်လာ ၁၀ သန်းလောက် ရှိခဲ့ရာကနေ အခုလမှာ ကုန်သွယ်ရေးဟာ ဒေါ်လာ ၃ သန်းကနေ ၄ သန်းအထိပဲ ရှိတော့မယ်လို့ ကုန်သည်တွေဘက်က ခန့်မှန်းနေကြပါတယ်။

"အရင်ကဆို ပစ္စည်းပို့လိုက်ပြီးမှ လူက ထိုင်းဘက်အခြမ်းသွားပြီး ငွေပေး ပေးယူ လုပ်တယ်လေ၊ အခု လူအဝင်အထွက် ကန့်သတ်လိုက်တော့ အလုပ်မဖြစ်တော့ဘူး၊ ပစ္စည်းပို့လိုက်ရင်လည်း ထိုင်ဘက်ကမ်းက လာဝယ်ချင်မှ ဝယ်တာ" လို့ မြဝတီကုန်သည်ကြီးများအသင်းက စာရင်းစစ် စိုင်းထွန်းဝေက ပြောပါတယ်။

ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေး ဘယ်လောက် ဆုံးရှုံးနိုင်သလဲလို့ ဘီဘီစီက မေးရာမှာတော့ "မနှစ်က အခြေအနေနဲ့ ဒီနှစ်အခြေအနေ သုံးသပ်ပြီး ဘယ်လောက်ထိခိုက်နိုင်လဲဆိုတာ ပြန်ပြီး တွက်ချက်နေတယ်" လို့ ဦးခင်မောင်လွင်က ပြန်ဖြေပါတယ်။

မြဝတီကုန်သည်ကြီးများအသင်းက စာရင်းစစ် စိုင်းထွန်းဝေကတော့"ဒီကုန်သွယ်ရေး ရပ်ဆိုင်းမှုက ဘယ်လောက်ကြာမလဲ၊ ဘာတွေ လုပ်ထားသင့်လဲဆိုတာ ကုန်သည်ကြီးတွေ တွေ့ဆုံပြီး ဆွေးနွေးကြဖို့ ရှိပါတယ်၊ ဒီလိုမှမဟုတ်ရင် နယ်စပ်ကုန်သွယ်ရေးက အများကြီး ထိခိုက်လာပါလိမ့်မယ်" လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
COVID-19 ေၾကာင့္ ေဒၚလာ သန္းရာနဲ႔ခ်ီၿပီး နယ္စပ္ကုန္သြယ္ေရး ထိခိုက္ COVID-19 ေၾကာင့္ ေဒၚလာ သန္းရာနဲ႔ခ်ီၿပီး နယ္စပ္ကုန္သြယ္ေရး ထိခိုက္ Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.