COVID-19 ႀကိဳတင္ကာကြယ္ေရး ျမန္မာ့ ေဆးဘက္ေလာကသားမ်ား ပူးေပါင္းလုပ္ေဆာင္

အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာေက်ာ္စြာဦး (သတင္းဓာတ္ပံု - Dr Kyaw Swar Oo Facebook)

(Zawgyi/Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 ျမန္မာနုိင္ငံမွာ ကူးစက္ျပန္႔ႏွံ႔မႈမရွိေသးေပမဲ့ ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ အေရးေပၚေဆးကုသမႈလုပ္ငန္းေတြ လူထုကို က်န္းမာေရးပညာေပးအစီစဥ္ေတြမွာ ျမန္မာဆရာဝန္ေတြ ေဆးေလာကနယ္ပယ္က က်န္းမာေရးပညာရွင္ေတြ စုေပါင္းၿပီး ေစတနာ့ဝန္ထမ္းေတြ အေနနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အသင့္ျဖစ္ေနၾကသလို လူထုကလည္း ပူးေပါင္းပါဝင္ၾကပါလို႔ ပညာေပးလုပ္ငန္းေတြကို ကို္ယ္တိုင္ဦးေဆာင္ လႈပ္ရွားေနသူတဦးလည္းျဖစ္တဲ့ ျမန္မာႏုိင္ငံဆရာဝန္မ်ားအသင္းအဖြဲ႔ဝင္တဦးက တုိက္တြန္းေျပာဆိုလုိက္ပါတယ္။ က်န္းမာေရးဝန္ၾကီးဌာနနဲ႔ ျမန္မာႏုိင္ငံ ဆရာဝန္မ်ားအသင္းတို႔ ပူးေပါင္းေဆာင္ရြက္ၾကမယ့္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းေတြမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ပါဝင္ေဆာင္ရြက္ဖို႔ စီစဥ္ေနတာေတြနဲ႔ပတ္သက္လို႔ အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာေက်ာ္စြာဦးက မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာေက်ာ္စြာဦး။ ။ က်ေနာ္အခု ေဒါက္တာ၀င္းေဇာ္တို႔နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ စာရင္းေပးထားပါတယ္။ ကုသေရးပိုင္းမွာလည္း လုိရင္ လိုအပ္သလို၊ ပညာေပးအပိုင္းမွာလည္း လိုရင္လိုသလိုေပါ့။ အခုေလာေလာဆယ္မွာေတာ့ ပညာေရးအပိုင္းကို က်ေနာ္ ေတာက္ေလွ်ာက္လုပ္ျဖစ္ပါတယ္။ ဆိုေတာ့ လူထုထဲ ပ်ံ႕ပ်ံ႕ႏွံ႕ႏွ႔ံေရာက္ဖို႔ဆိုတာေတာ့ က်ေနာ္တို႔ ဒီတခ်က္ကို ပိုၿပီးေတာ့ အင္တိုက္အားတိုက္ ထပ္ၿပီးေတာ့ ပိုလုပ္ဖို႔ လိုပါတယ္။ ပညာေပးစာေစာင္ေတြ ေ၀တာေတြ၊ ပိုစတာကပ္တာေတြ ဒါကတပိုင္း၊ ေနာက္ က်ေနာ္တို႔ မီဒီယာကေနလည္း က်ေနာ္တို႔ ေတာက္ေလွ်ာက္ တခ်ိဳ႕ ဗီဒီယို clip ေလးေတြနဲ႔ တခ်ိဳ႕ အသံဖိုင္ေလးေတြနဲ႔ စသျဖင့္ေပါ့ေနာ္.. က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေအာင္လို႔ ၀ိုင္းျပီး ႀကိဳးစားေနတယ္။ ေနာက္ ျမန္မာႏို္င္ငံဆရာ၀န္မ်ားအသင္းကလည္း မေန႔ကပဲ က်ေနာ္တို႔ ေၾကျငာခ်က္ထုတ္တာေပါ့ေနာ္။ အကယ္၍မ်ား က်ေနာ္တို႔ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရး ပညာေပးတာေရာ၊ ကုသပိုင္းမွာေရာ လိုအပ္လို႔ရွိရင္ volunteer ဆရာ၀န္ေတြ ဖိတ္တဲ့ အတြက္ၾကာင္မို႔လို႔ ဒါအင္မတန္မွ ေကာင္းပါတယ္။ လက္ရွိတာ၀န္ထမ္းေဆာင္ေနေသာ ဆရာ၀န္ေတြကို အင္အားျဖည့္တဲ့အေနနဲ႔ က်ေနာ္တို႔ ဒီအစိုးရ၀န္ထမ္းမဟုတ္ေသာ ဆရာ၀န္မ်ား ဒါမွမဟုတ္ က်န္းမာေရးနဲ႔ ပတ္သတ္ေသာ နယ္ပယ္က ပုဂိၢဳလ္ေတြက ၀င္ေရာက္ၿပီးေတာ့ ေစတနာ့၀န္ထမ္းအေနနဲ႔ ပါ၀င္တဲ့အတြက္၊ ပါ၀င္ဖို႔ေတြ ရွိေနတဲ့အခါက်ေတာ့ ဒါအင္မတန္မွ အင္အား တရပ္ျဖစ္ပါတယ္။ ဟုတ္ကဲ့ပါ။ အဖဲြ႔အစည္းလိုက္ ပါ၀င္သြားမယ္ဆိုရင္လည္း က်ေနာ့္အေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အသင့္ပါပဲေပါ့ေနာ္။
အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာေက်ာ္စြာဦး (သတင္းဓာတ္ပံု - Dr Kyaw Swar Oo Facebook)

မဆုမြန္။ ။ ဟုတ္ကဲ့ ဆရာ။ အမ်ားျပည္သူၾကားထဲမွာလည္း က်န္းမာေရး၀န္ႀကီးဌာနဘက္ကေတာ့ အခ်ိန္နဲ႔ တေျပးညီ ထုတ္ျပန္တာ ရွိတယ္၊ သတင္းဌာနေတြကလည္း ထုတ္ျပန္တာရွိတယ္။ ဒါေပမဲ့ ေကာလဟာလ ပ်ံ႕ႏွ႔ံတာမ်ိဳးေတြ ရွိတဲ့အခါက်ေတာ့ ဆရာတို႔လိုမ်ိဳး ဆရာ၀န္ေတြ ကိုယ္တိုင္ကေန ေျပာျပတဲ့ ပညာေပးမႈေတြက ပိုၿပီး အားသာမႈ၊ သက္ေရာက္မႈ ရွိတယ္လို႔ ထင္လား။ ဒီလိုမ်ိဳးေပၚေတြမွာေရာ ဆရာ ျပည္သူကို ဘာမ်ားသတင္းစကားပါးခ်င္တာ ရွိပါသလဲရွင္။

ေဒါက္တာေက်ာ္စြာဦး။ ။ အထူးသျဖင့္ေတာ့ ဆရာ၀န္ေတြ ေျပာရင္ ထိေရာက္သလားဆိုတာ ... ထိေရာက္ႏိုင္တဲ့ ပမာဏက မ်ားပါတယ္။ သို႔ေသာ္လည္းပဲ မလိုက္နာတဲ့ လူေတြလည္းပဲ က်ေနာ္တို႔မွာ ရွိတာေပ့ါေနာ္။ အထူးသျဖင့္ က်ေနာ္တို႔ ဒီထက္လည္းပိုၿပီးေတာ့ အရွိန္ျမွင့္ၿပီးေတာ့ လူထုၾကားမွာေတာ့ ပိုလုပ္ႏိုင္ရင္ေတာ့ ျပည္သူလူထုလည္း ပိုသိလာမွာေပါ့ေနာ္။

မဆုမြန္။ ။ အခုဆရာတို႔လည္း ရန္ကုန္မွာေပါ့ေနာ္ ... ဒီ လူဦးေရထူထပ္တဲ့ ၿမိဳ႕နယ္ေတြ အထူးသျဖင့္ သဃၤန္းကြ်န္းလိုၿမိဳ႕နယ္တို႔ ဘာတို႔မွာလည္း ဒီသက္ဆိုင္တဲ့ ၿမိဳ႕နယ္မွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဆရာတို႔ ဆရာ၀န္ေတြလည္း ပညာေပးလုပ္ေနတာေတြလည္း ရွိေတာ့ အဲ့ဒီ အေျခအေနေလးလည္း နည္းနည္း ေျပာျပေပးပါရွင့္။

ေဒါက္တာေက်ာ္စြာဦး။ ။ အခုေတာ့ သဃၤန္းကြ်န္းၿမိဳ႕နယ္မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးစီးဌာန၊ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနလည္းပါတယ္၊ အျခားဌာနဆိုင္ရာေတြလည္း ပါၿပီးေတာ့ က်ေနာ္တို႔ အစည္းအေ၀းလုပ္ထားၿပီးေတာ့ ျဖစ္ေပၚလာတဲ့ အေျခအေနေပၚမွာ ကာကြယ္ေရး၊ ကုသေရး၊ ထိန္းခ်ဳပ္ေရးေပၚမွာ ျပင္ဆင္ထားတာေတြရွိတယ္။ အခုေလာေလာဆယ္မွာ က်ေနာ္တို႔က YBS ကားေတြေပၚမွာ ပညာေပးလုပ္ထားတယ္။ ေနာက္ က်ေနာ္တို႔ ဒီ ေစ်းေတြကို စည္ပင္သာယာနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေစ်းေတြမွာ ပညာေပးလုပ္ငန္းေတြ လုပ္တာေတြကေတာ့ အခုေလာေလာဆယ္ က်ေနာ္တို႔ လုပ္ေနပါတယ္။ ပိုစတာကပ္တာေတြေရာ၊ ေနာက္ Hand Speaker နဲ႔ ပညာေပးတဲ့ အပိုင္းေတြမွာေပါ့ေနာ္။ အလႉရွင္ေတြ လွဴဒါန္းတဲ့ Hand Sanitizer ေတြကိုလည္း YBS ကားေတြေပၚ ခ်ိတ္ဆြဲေပးထားပါတယ္။ အဲ့ဒါေလးေတြေတာ့ က်ေနာ္တို႔ လုပ္ျဖစ္ပါတယ္။

မဆုမြန္။ ။ လက္ရွိ ျမန္မာႏိုင္ငံမွာ ရွိတဲ့ အထူးသျဖင့္ ျပည္သူလူထုကိုေပါ့ေနာ္ ... ဆရာတို႔ က်န္းမာေရးပညာေပးအေနနဲ႔ ဘာမ်ား ေျပာခ်င္တာမ်ိဳး ရွိပါသလဲရွင့္။
အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာေက်ာ္စြာဦး (သတင္းဓာတ္ပံု - Dr Kyaw Swar Oo Facebook)

ေဒါက္တာေက်ာ္စြာဦး။ ။ က်ေနာ္တို႔ ႏိုင္ငံမွာေတာ့ အေျခအေနတခုကေတာ့ လက္ရွိမွာ ဓာတ္ခဲြစမ္းသပ္မႈ အေျဖအရေတာ့ က်ေနာ္တို႔ မေတြ႔ေသးဘူးေပါ့ေနာ္။ ေရာဂါပိုးကူးစက္ခံရမႈ မရွိဘူးလို႔ က်ေနာ္တို႔က မဆိုလိုဘူး။ ဓာတ္ခဲြခန္းအေျဖအရ က်ေနာ္တို႔ မေတြ႔ရွိေသးတာေပါ့ေနာ္။ သို႔ေသာ္လည္း က်ေနာ္တို႔ ဘာျဖစ္ေနလည္းဆိုေတာ့ က်ေနာ္တို႔ ဒီမွာက အားလံုးသိၾကတဲ့အတိုင္းပဲ စား၀တ္ေနေရးအတြက္ အားလံုး ရုန္းကန္ေနရတဲ့အတြက္ေၾကာင့္မို႔လို႔ ေန႔စဥ္နဲ႔အမွ်ေတာ့ အလုပ္သြားလာလႈပ္ရွားမႈအတြက္ေတာ့ လူစုလုူေ၀းအသြင္သ႑န္ မဟုတ္ရင္ေတာင္မွ အမ်ားစုနဲ႔ က်ေနာ္တို႔ သြားေနရတာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က တတ္ႏိုင္သေလာက္ေပါ့ေနာ္ ... ထြက္ရမယ္ အေျခအေနရွိတယ္ဆိုရင္လည္း ကိုယ့္ရဲ႕ တကိုယ္ရည္သန္႔ရွင္းေရး၊ လက္သန္႔ရွင္းေရး ဂရုစိုက္ဖို႔၊ ေနမေကာင္းတဲ့အေျခအေနရွိတယ္ဆိုရင္လည္း ပါးစပ္ႏွာေခါင္းစည္းတပ္ဖို႔စသျဖင့္ေပါ့ေနာ္ ... က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ဟာေတြကို က်ေနာ္တို႔က တတ္ႏိုင္သေလာက္ ျပည္သူလူထု လုိက္နာႏို္င္ေအာင္ ႀကိဳးစားၿပီးေတာ့ အဘက္ဘက္ကေတာ့ ၀ိုင္းႀကိဳးစားေနၾကတာေပါ့ေနာ္။ အရမ္းႀကီး ႏိုင္ငံတကာ တခ်ိဳ႕ေတြ လုပ္သလိုေတာ့ လုပ္ဖို႔ က်ေနာ္တို႔ လုပ္လို႔မရႏိုင္တဲ့ အေျခအေနလည္းရွိပါတယ္။ က်ေနာ္တို႔ ႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနနဲ႔ ႏိုင္ငံေရးအေျခအေနလည္း ပါတာေပါ့ေနာ္။ ေနာက္ အဘက္ဘက္ကေတာ့ ၀ိုင္းစဥ္းစားၿပီးေတာ့ က်ေနာ္တို႔က ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ေျခလွမ္းတိုင္းကို အဆင့္ဆင့္တိုင္းေတာ့ က်ေနာ္တို႔သြားေန႔ပါတယ္ ခင္ဗ်။

ရန္ကုန္ၿမိဳ႕ခံလူထုၾကား ပညာေပးလုပ္ငန္းေတြကို ကို္ယ္တိုင္ဦးေဆာင္ လႈပ္ရွားေနသူ တဦးလည္းျဖစ္တဲ့ အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာေက်ာ္စြာဦးျဖစ္ပါတယ္။

[Unicode Version]

COVID-19 ကြိုတင်ကာကွယ်ရေး မြန်မာ့ ဆေးဘက်လောကသားများ ပူးပေါင်းလုပ်ဆောင်

ကမ္ဘာ့ကပ်ရောဂါ COVID-19 မြန်မာနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှုမရှိသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေးပေါ်ဆေးကုသမှုလုပ်ငန်းတွေ လူထုကို ကျန်းမာရေးပညာပေးအစီစဉ်တွေမှာ မြန်မာဆရာဝန်တွေ ဆေးလောကနယ်ပယ်က ကျန်းမာရေးပညာရှင်တွေ စုပေါင်းပြီး စေတနာ့ဝန်ထမ်းတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ အသင့်ဖြစ်နေကြသလို လူထုကလည်း ပူးပေါင်းပါဝင်ကြပါလို့ ပညာပေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင် လှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းအဖွဲ့ဝင်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြမယ့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ဖို့ စီစဉ်နေတာတွေနဲ့ပတ်သက်လို့ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးက မဆုမွန်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒေါက်တာကျော်စွာဦး။ ။ ကျနော်အခု ဒေါက်တာဝင်းဇော်တို့နဲ့ ချိတ်ဆက်ပြီးတော့ စာရင်းပေးထားပါတယ်။ ကုသရေးပိုင်းမှာလည်း လိုရင် လိုအပ်သလို၊ ပညာပေးအပိုင်းမှာလည်း လိုရင်လိုသလိုပေါ့။ အခုလောလောဆယ်မှာတော့ ပညာရေးအပိုင်းကို ကျနော် တောက်လျှောက်လုပ်ဖြစ်ပါတယ်။ ဆိုတော့ လူထုထဲ ပျံ့ပျံ့နှံ့နှံ့ရောက်ဖို့ဆိုတာတော့ ကျနော်တို့ ဒီတချက်ကို ပိုပြီးတော့ အင်တိုက်အားတိုက် ထပ်ပြီးတော့ ပိုလုပ်ဖို့ လိုပါတယ်။ ပညာပေးစာစောင်တွေ ဝေတာတွေ၊ ပိုစတာကပ်တာတွေ ဒါကတပိုင်း၊ နောက် ကျနော်တို့ မီဒီယာကနေလည်း ကျနော်တို့ တောက်လျှောက် တချို့ ဗီဒီယို clip လေးတွေနဲ့ တချို့ အသံဖိုင်လေးတွေနဲ့ စသဖြင့်ပေါ့နော်.. ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လို့ ဝိုင်းပြီး ကြိုးစားနေတယ်။ နောက် မြန်မာနိုင်ငံဆရာဝန်များအသင်းကလည်း မနေ့ကပဲ ကျနော်တို့ ကြေငြာချက်ထုတ်တာပေါ့နော်။ အကယ်၍များ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ပညာပေးတာရော၊ ကုသပိုင်းမှာရော လိုအပ်လို့ရှိရင် volunteer ဆရာဝန်တွေ ဖိတ်တဲ့ အတွက်ကြာင်မို့လို့ ဒါအင်မတန်မှ ကောင်းပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာဝန်တွေကို အင်အားဖြည့်တဲ့အနေနဲ့ ကျနော်တို့ ဒီအစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်များ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ပတ်သတ်သော နယ်ပယ်က ပုဂ္ဂိုလ်တွေက ဝင်ရောက်ပြီးတော့ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်တဲ့အတွက်၊ ပါဝင်ဖို့တွေ ရှိနေတဲ့အခါကျတော့ ဒါအင်မတန်မှ အင်အား တရပ်ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ။ အဖွဲ့အစည်းလိုက် ပါဝင်သွားမယ်ဆိုရင်လည်း ကျနော့်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ။ အများပြည်သူကြားထဲမှာလည်း ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်တာ ရှိတယ်၊ သတင်းဌာနတွေကလည်း ထုတ်ပြန်တာရှိတယ်။ ဒါပေမဲ့ ကောလဟာလ ပျံ့နှံ့တာမျိုးတွေ ရှိတဲ့အခါကျတော့ ဆရာတို့လိုမျိုး ဆရာဝန်တွေ ကိုယ်တိုင်ကနေ ပြောပြတဲ့ ပညာပေးမှုတွေက ပိုပြီး အားသာမှု၊ သက်ရောက်မှု ရှိတယ်လို့ ထင်လား။ ဒီလိုမျိုးပေါ်တွေမှာရော ဆရာ ပြည်သူကို ဘာများသတင်းစကားပါးချင်တာ ရှိပါသလဲရှင်။

ဒေါက်တာကျော်စွာဦး။ ။ အထူးသဖြင့်တော့ ဆရာဝန်တွေ ပြောရင် ထိရောက်သလားဆိုတာ ... ထိရောက်နိုင်တဲ့ ပမာဏက များပါတယ်။ သို့သော်လည်းပဲ မလိုက်နာတဲ့ လူတွေလည်းပဲ ကျနော်တို့မှာ ရှိတာပေ့ါနော်။ အထူးသဖြင့် ကျနော်တို့ ဒီထက်လည်းပိုပြီးတော့ အရှိန်မြှင့်ပြီးတော့ လူထုကြားမှာတော့ ပိုလုပ်နိုင်ရင်တော့ ပြည်သူလူထုလည်း ပိုသိလာမှာပေါ့နော်။

မဆုမွန်။ ။ အခုဆရာတို့လည်း ရန်ကုန်မှာပေါ့နော် ... ဒီ လူဦးရေထူထပ်တဲ့ မြို့နယ်တွေ အထူးသဖြင့် သင်္ဃန်းကျွန်းလိုမြို့နယ်တို့ ဘာတို့မှာလည်း ဒီသက်ဆိုင်တဲ့ မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆရာတို့ ဆရာဝန်တွေလည်း ပညာပေးလုပ်နေတာတွေလည်း ရှိတော့ အဲ့ဒီ အခြေအနေလေးလည်း နည်းနည်း ပြောပြပေးပါရှင့်။

ဒေါက်တာကျော်စွာဦး။ ။ အခုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလည်းပါတယ်၊ အခြားဌာနဆိုင်ရာတွေလည်း ပါပြီးတော့ ကျနော်တို့ အစည်းအဝေးလုပ်ထားပြီးတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးပေါ်မှာ ပြင်ဆင်ထားတာတွေရှိတယ်။ အခုလောလောဆယ်မှာ ကျနော်တို့က YBS ကားတွေပေါ်မှာ ပညာပေးလုပ်ထားတယ်။ နောက် ကျနော်တို့ ဒီ ဈေးတွေကို စည်ပင်သာယာနဲ့ ချိတ်ဆက်ပြီးတော့ ဈေးတွေမှာ ပညာပေးလုပ်ငန်းတွေ လုပ်တာတွေကတော့ အခုလောလောဆယ် ကျနော်တို့ လုပ်နေပါတယ်။ ပိုစတာကပ်တာတွေရော၊ နောက် Hand Speaker နဲ့ ပညာပေးတဲ့ အပိုင်းတွေမှာပေါ့နော်။ အလှူရှင်တွေ လှူဒါန်းတဲ့ Hand Sanitizer တွေကိုလည်း YBS ကားတွေပေါ် ချိတ်ဆွဲပေးထားပါတယ်။ အဲ့ဒါလေးတွေတော့ ကျနော်တို့ လုပ်ဖြစ်ပါတယ်။

မဆုမွန်။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ရှိတဲ့ အထူးသဖြင့် ပြည်သူလူထုကိုပေါ့နော် ... ဆရာတို့ ကျန်းမာရေးပညာပေးအနေနဲ့ ဘာများ ပြောချင်တာမျိုး ရှိပါသလဲရှင့်။

ဒေါက်တာကျော်စွာဦး။ ။ ကျနော်တို့ နိုင်ငံမှာတော့ အခြေအနေတခုကတော့ လက်ရှိမှာ ဓာတ်ခွဲစမ်းသပ်မှု အဖြေအရတော့ ကျနော်တို့ မတွေ့သေးဘူးပေါ့နော်။ ရောဂါပိုးကူးစက်ခံရမှု မရှိဘူးလို့ ကျနော်တို့က မဆိုလိုဘူး။ ဓာတ်ခွဲခန်းအဖြေအရ ကျနော်တို့ မတွေ့ရှိသေးတာပေါ့နော်။ သို့သော်လည်း ကျနော်တို့ ဘာဖြစ်နေလည်းဆိုတော့ ကျနော်တို့ ဒီမှာက အားလုံးသိကြတဲ့အတိုင်းပဲ စားဝတ်နေရေးအတွက် အားလုံး ရုန်းကန်နေရတဲ့အတွက်ကြောင့်မို့လို့ နေ့စဉ်နဲ့အမျှတော့ အလုပ်သွားလာလှုပ်ရှားမှုအတွက်တော့ လူစုလုူဝေးအသွင်သဏ္ဍန် မဟုတ်ရင်တောင်မှ အများစုနဲ့ ကျနော်တို့ သွားနေရတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့က တတ်နိုင်သလောက်ပေါ့နော် ... ထွက်ရမယ် အခြေအနေရှိတယ်ဆိုရင်လည်း ကိုယ့်ရဲ့ တကိုယ်ရည်သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး ဂရုစိုက်ဖို့၊ နေမကောင်းတဲ့အခြေအနေရှိတယ်ဆိုရင်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဖို့စသဖြင့်ပေါ့နော် ... ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေကို ကျနော်တို့က တတ်နိုင်သလောက် ပြည်သူလူထု လိုက်နာနိုင်အောင် ကြိုးစားပြီးတော့ အဘက်ဘက်ကတော့ ဝိုင်းကြိုးစားနေကြတာပေါ့နော်။ အရမ်းကြီး နိုင်ငံတကာ တချို့တွေ လုပ်သလိုတော့ လုပ်ဖို့ ကျနော်တို့ လုပ်လို့မရနိုင်တဲ့ အခြေအနေလည်းရှိပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ နိုင်ငံရေးအခြေအနေလည်း ပါတာပေါ့နော်။ နောက် အဘက်ဘက်ကတော့ ဝိုင်းစဉ်းစားပြီးတော့ ကျနော်တို့က ချင့်ချင့်ချိန်ချိန်နဲ့ ခြေလှမ်းတိုင်းကို အဆင့်ဆင့်တိုင်းတော့ ကျနော်တို့သွားနေ့ပါတယ် ခင်ဗျ။

ရန်ကုန်မြို့ခံလူထုကြား ပညာပေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင် လှုပ်ရှားနေသူ တဦးလည်းဖြစ်တဲ့ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးဖြစ်ပါတယ်။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com
COVID-19 ႀကိဳတင္ကာကြယ္ေရး ျမန္မာ့ ေဆးဘက္ေလာကသားမ်ား ပူးေပါင္းလုပ္ေဆာင္ COVID-19 ႀကိဳတင္ကာကြယ္ေရး ျမန္မာ့ ေဆးဘက္ေလာကသားမ်ား ပူးေပါင္းလုပ္ေဆာင္ Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.