ျမန္မာမွာ COVID-19 စစ္ေဆးဖို႔ လူ ၃,၀၀၀ ေက်ာ္အတြက္ လိုအပ္ပစၥည္း အဆင္သင့္ ရွိ

ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကား တစီးေပၚတြင္ေတြ႔ရသည့္ ႏွာေခါင္းစည္းအကာနဲ႔ အမ်ိဳးသမီးတဦး (ဇန္န၀ါရီ ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ လက္ရွိအားျဖင့္ လူ ၃,၀၀၀ ေက်ာ္ကို ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိ၊ မရွိ တၿပိဳင္ထဲစစ္ေဆးႏုိင္ဖို႔ လိုအပ္တဲ့ ဓာတုနဲ႔ စက္ပစၥည္းေတြ အလံုအေလာက္ရွိထားၿပီလို႔ အမ်ဳိးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန တာဝန္ရွိသူ တဦးက ေျပာပါတယ္။ လိုအပ္တဲ့ပစၥည္းေတြ ေနာက္ထပ္ေရာက္လာဖို႔ ရွိသလို ေရာဂါကာကြယ္ေရး အစိုးရဌာနဆိုင္ရာေတြၾကား ပူးေပါင္းေဆာင္ရြက္ေနတယ္လုိ႔ ဆိုပါတယ္။ COVID-19 နဲ႔ ပတ္သက္ၿပီး ဒီကေန႔လုပ္တဲ့ ေဆြးေႏြးပြဲအတြင္း ေျပာဆိုသြားတာေတြကို ေကာက္ႏုတ္စုစည္း ၿပီးေတာ့ ဗီြအိုေအသတင္းေထာက္ မစုစုက ဆက္ေျပာျပပါမယ္။

ျမန္မာႏုိင္ငံက COVID- 19 ေစာင့္ၾကည့္နဲ႔ သံသယလူနာေတြမွာ ဒီေရာဂါပုိးရွိ မရွိ စစ္ေဆးေပးေနတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန NHL မွာ ေရာဂါစစ္ေဆးဖို႔ လိုအပ္တဲ့ စက္ပစၥည္းေတြ အလံုအေလာက္ထားရွိၿပီး အေရးေပၚစီမံခ်က္ ေရးဆြဲေနတယ္လုိ႔ ေျပာပါတယ္။

“က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီးတဲ့အခါက်ေတာ့ အေရးေပၚလာလို႔ရွိရင္ အေရးေပၚစီမံခ်က္ဆုိၿပီး က်မတို႔ ဆြဲေနပါတယ္။ က်မတို႔လည္း ဒီဘက္မွာ အဲလိုဆြဲထားတဲ့အျပင္ကို ဘာေတြဘယ္လိုလုပ္မလဲဆိုတာ စီမံထားတဲ့အျပင္ကုိ က်မတို႔ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနအေနနဲ႔ လိုအပ္တဲ့ဓာတ္ခြဲခန္းသံုး ပစၥည္းေတြ Reagent ေတြေပါ့ေနာ္။ အဲဒီပစၥည္းေတြကုိ က်မတို႔ စုေဆာင္း ထားရွိပါတယ္။ အခုေလာေလာဆယ္ လူ ၃,၀၀၀ ေက်ာ္ကို စစ္ေဆးဖုိ႔ ရွိပါတယ္။ ေနာက္ထပ္ေရာက္လာဖို႔ေတြလည္း ထပ္ၿပီးေတာ့ရွိပါတယ္။ အခုေလာေလာဆယ္ က်မတို႔ေတာင္းထားတဲ့ US CDC တုိ႔ဘာတို႔ အဲလိုအဖြဲ႕အစည္းေတြက ေရာက္ဖို႔ေတြ မေရာက္ေသးပါဘူးရွင့္။”

ဒါကေတာ့ ျမန္မာႏုိင္ငံဆရာဝန္အသင္းက ဒီကေန႔ ေန႔လည္မွာ က်င္းပတဲ့ COVID-19 နဲ႔ ပတ္သက္တဲ့ ေနာက္ဆံုးအေျခအေန ေဆြးေႏြးပြဲမွာ NHL က ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာဥမၼာေဆြတင္က ေျပာသြားတာပါ။

ျပည္တြင္းက ကိုရုိနာေရာဂါ ေစာင့္ၾကည့္နဲ႔ သံသယလူနာေတြကို စစ္ေဆးတာမွာ အရင္ကလို ျပည္ပပို႔စရာ မလုိေတာ့ဘဲ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ကစၿပီး ရန္ကုန္မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာနမွာပဲ စစ္ေဆးေနၿပီျဖစ္ပါတယ္။

ကမာၻ႕က်န္းမာေရးအဖြဲ႕က ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး အခ်ိန္မေရြး ကူးစက္လာႏုိင္တာေၾကာင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကုိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အရွိန္ျမွင့္ေဆာင္ရြက္ေနသလို NHL အေနနဲ႔လည္း အေရးေပၚစီမံခ်က္ေတြကုိ ခ်ထားၿပီျဖစ္တဲ့အေၾကာင္း ေဒါက္တာဥမၼာေဆြတင္က ေျပာပါတယ္။

“စက္ေတြ Reagent ေတြအျပင္ လူေပါ့ေနာ္။ စစ္ေဆးတဲ့ Technician ေတြ၊ ဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ Microbiologist ေတြ အေနနဲ႔ဆိုရင္ အစကတည္းက က်မတုိ႔စီမံခ်က္ေတြ အခုခ်ထားၿပီးပါၿပီ။ က်မတို႔ First line ၊ Second line ေပါ့။ First line က လူေတြမ်ား မေတာ္တဆ ဖ်ားနာသြားတယ္၊ ကူးစက္သြားတယ္ဆိုရင္ Second line အေနနဲ႔လည္း Backup ေတြ အေနနဲ႔လည္း က်မတို႔ထပ္ၿပီးေတာ့ Train ထားပါတယ္။”


လူထုအေနနဲ႔ သတင္းအမွား ေကာလဟာလေတြကို မယံုၾကဖုိ႔နဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ သတိေပးႏႈိးေဆာ္ခ်က္ေတြအတုိင္း တိတိက်က် လုိက္နာေပးဖို႔ကုိလည္း တိုက္တြန္းထားပါတယ္။

[UNICODE VERSION]

မြန်မာမှာ COVID-19 စစ်ဆေးဖို့ လူ ၃,၀၀၀ ကျော်အတွက် လိုအပ်ပစ္စည်း အဆင်သင့်ရှိ

မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် လူ ၃,၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ တပြိုင်ထဲစစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ဓာတုနဲ့ စက်ပစ္စည်းတွေ အလုံအလောက်ရှိထားပြီလို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ နောက်ထပ်ရောက်လာဖို့ရှိသလို ရောဂါကာကွယ်ရေး အစိုးရဌာနဆိုင်ရာတွေကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး ဒီကနေ့လုပ်တဲ့ ဆွေးနွေးပွဲအတွင်း ပြောဆိုသွားတာတွေကို ကောက်နုတ်စုစည်း ပြီးတော့ ဗွီအိုအေသတင်းထောက် မစုစုက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာတွေမှာ ဒီရောဂါပိုးရှိ မရှိ စစ်ဆေးပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ ရောဂါစစ်ဆေးဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေ အလုံအလောက်ထားရှိပြီး အရေးပေါ်စီမံချက် ရေးဆွဲနေတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတဲ့အခါကျတော့ အရေးပေါ်လာလို့ရှိရင် အရေးပေါ်စီမံချက်ဆိုပြီး ကျမတို့ ဆွဲနေပါတယ်။ ကျမတို့လည်း ဒီဘက်မှာ အဲလိုဆွဲထားတဲ့အပြင်ကို ဘာတွေဘယ်လိုလုပ်မလဲဆိုတာ စီမံထားတဲ့အပြင်ကို ကျမတို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေနဲ့ လိုအပ်တဲ့ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ Reagent တွေပေါ့နော်။ အဲဒီပစ္စည်းတွေကို ကျမတို့ စုဆောင်း ထားရှိပါတယ်။ အခုလောလောဆယ် လူ ၃,၀၀၀ ကျော်ကို စစ်ဆေးဖို့ ရှိပါတယ်။ နောက်ထပ်ရောက်လာဖို့တွေလည်း ထပ်ပြီးတော့ရှိပါတယ်။ အခုလောလောဆယ် ကျမတို့တောင်းထားတဲ့ US CDC တို့ဘာတို့ အဲလိုအဖွဲ့အစည်းတွေက ရောက်ဖို့တွေ မရောက်သေးပါဘူးရှင့်။”

ဒါကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒီကနေ့ နေ့လည်မှာ ကျင်းပတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ ဆွေးနွေးပွဲမှာ NHL က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ပြောသွားတာပါ။

ပြည်တွင်းက ကိုရိုနာရောဂါ စောင့်ကြည့်နဲ့ သံသယလူနာတွေကို စစ်ဆေးတာမှာ အရင်ကလို ပြည်ပပို့စရာ မလိုတော့ဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာပဲ စစ်ဆေးနေပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အချိန်မရွေး ကူးစက်လာနိုင်တာကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အရှိန်မြှင့်ဆောင်ရွက်နေသလို NHL အနေနဲ့လည်း အရေးပေါ်စီမံချက်တွေကို ချထားပြီဖြစ်တဲ့အကြောင်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

“စက်တွေ Reagent တွေအပြင် လူပေါ့နော်။ စစ်ဆေးတဲ့ Technician တွေ၊ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ Microbiologist တွေ အနေနဲ့ဆိုရင် အစကတည်းက ကျမတို့စီမံချက်တွေ အခုချထားပြီးပါပြီ။ ကျမတို့ First line ၊ Second line ပေါ့။ First line က လူတွေများ မတော်တဆ ဖျားနာသွားတယ်၊ ကူးစက်သွားတယ်ဆိုရင် Second line အနေနဲ့လည်း Backup တွေ အနေနဲ့လည်း ကျမတို့ထပ်ပြီးတော့ Train ထားပါတယ်။”

လူထုအနေနဲ့ သတင်းအမှား ကောလဟာလတွေကို မယုံကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတိပေးနှိုးဆော်ချက်တွေအတိုင်း တိတိကျကျ လိုက်နာပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ျမန္မာမွာ COVID-19 စစ္ေဆးဖို႔ လူ ၃,၀၀၀ ေက်ာ္အတြက္ လိုအပ္ပစၥည္း အဆင္သင့္ ရွိ ျမန္မာမွာ COVID-19 စစ္ေဆးဖို႔ လူ ၃,၀၀၀ ေက်ာ္အတြက္ လိုအပ္ပစၥည္း အဆင္သင့္ ရွိ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.