
(Zawgyi)⤵⤵⤵





(Xinhua)
-----------------
(Unicode)⤵⤵⤵
အမေရိကန် နိုင်ငံ တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အချို့ က အမှန်မှာ COVID-19 ရောဂါကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ပြောကြား


အမေရိကန် နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေး စင်တာ ၏ ဒါရိုက်တာ ဖြစ်သူ Robert Redfield အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 ဝါရှင်တန် ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေး စင်တာ ၏ ဒါရိုက်တာ ဖြစ်သူ Robert  Redfield က အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကြောင့် သေဆုံးမှု  အချို့ အား တုပ်ကွေး ရောဂါကြောင့် သေဆုံး သည် ဟု မှားယွင်းစွာ သတ်မှတ်ခဲ့သည့် အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသစံတော်ချိန် မတ်လ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

Redfield က ဒေသစံတော်ချိန် မတ်လ ၁၁ ရက် တွင် အမေရိကန် နိုင်ငံ အောက်လွှတ်တော် တွင် ကျင်းပပြုလုပ်သော COVID-19 ရောဂါ ဆိုင်ရာ ကြားနာမှု အား တက်ရောက်ခဲ့စဉ် လွှတ်တော် အမတ် က ၎င်း အား အမေရိကန် နိုင်ငံ တွင် အချို့သော သေဆုံးမှုများ က တုပ်ကွေး ရောဂါ ကြောင့် ဟု ထင်ရသော်လည်း အမှန်မှာ COVID-19 ရောဂါ ကြောင့် သေဆုံး ခဲ့မှုများ ရှိမရှိ နှင့် ပတ်သက်၍ မေးမြန်းမှု ပြုလုပ် ခဲ့သည်။

လွှတ်တော် အမတ် ၏ မေးမြန်းမှု အား Redfield က ပြန်လည်ဖြေကြားတွင် လက်ရှိအချိန်ထိ အမေရိကန် နိုင်ငံ ၌  COVID-19 ရောဂါ ကြောင့် သေဆုံးမှု များ အား တုပ်ကွေး ရောဂါ ကြောင့် သေဆုံး သည် ဟု မှားယွင်း ဆုံးဖြတ်ခဲ့သည့် အခြေအနေ များ တည်ရှိနေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေး စင်တာ ၏ ဖေဖော်ဝါရီ လကုန် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ယခုနှစ် ဆောင်းရာသီတွင် အမေရိကန် ၌ အနည်းဆုံး လူပေါင်း ၃၂ သန်း တုပ်ကွေးရောဂါ ကူးစက် ခံခဲ့ရပြီး လူပေါင်း ၁၈,၀၀၀ က တုပ်ကွေးရောဂါ နှင့် ဆက်စပ် သည့် ရောဂါ ဖြင့် သေဆုံးခဲ့ကြကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အချို့ က အမှန်မှာ COVID-19 ရောဂါကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ပြောကြား အမေရိကန် နိုင်ငံ တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အချို့ က အမှန်မှာ COVID-19 ရောဂါကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ပြောကြား Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.