အိႏၵိယႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားသူ အေရအတြက္ ၄၇ ဦးထိ ျမင့္တက္

အိႏၵိယ ႏိုင္ငံ၌ ႏွာေခါင္းစည္းျဖင့္ သြားလာသူမ်ားအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    နယူးေဒလီ ၊ မတ္ ၁၀ ရက္(ဆင္ဟြာ)

    အိႏၵိယႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားသူ စုစုေပါင္း အေရအတြက္မွာ ၄၇ ဦးထိ ျမင့္တက္လာေၾကာင္း အိႏၵိယ ႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနက မတ္ ၁၀ ရက္တြင္ ေျပာၾကားခဲ့သည္။

“တစ္ႏိုင္ငံလုံးမွာ COVID-19 ေရာဂါ အတည္ျပဳ လူနာ အေရအတြက္က ၄၇ ဦး ရွိပါတယ္။”ဟု ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ၿပီး ယင္းတို႔ထဲတြင္ အိႏၵိယ ႏိုင္ငံသား ၃၁ ဦးႏွင့္ ႏိုင္ငံျခားသား ၁၆ ဦး ပါဝင္ေၾကာင္း သိရသည္။

ေလဆိပ္မ်ား၌ ေလေၾကာင္းခရီးစဥ္ ၈,၈၂၇ ခုမွ ႏိုင္ငံတကာ ခရီးသည္ ၉၄၁,၇၁၇ ဦးအား စစ္ေဆးခဲ့ၿပီး ယခုထိ ခရီးသည္ ၅၄ ဦးအား ဘက္ေပါင္းစုံ ေရာဂါပိုး ေစာင့္ၾကည့္စစ္ေဆးမႈအစီအစဥ္(IDSP) ႏွင့္ ေဆး႐ုံမ်ားသို႔ လြဲေျပာင္းေပးထားၿပီးေၾကာင္း တာဝန္ရွိသူမ်ားထံမွ သိရသည္။

ေလဆိပ္၌ ခရီးသည္မ်ားအား စစ္ေဆးျခင္း အဆင္ေျပေစေရး ႏွင့္ ျမင့္တက္လာသည့္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္ လူအင္အားမ်ား တိုးခ်ဲ႕ျဖည့္ဆည္းေပးထားေၾကာင္း ဝန္ႀကီးဌာနမွ သိရၿပီး ယခုအခါတြင္ ႏိုင္ငံအႏွံ႔ရွိ ေလဆိပ္မ်ား၌ ဆရာဝန္ ၂၈၆ ဦး ၊ သူနာျပဳ ၁၆၀ ဦး ႏွင့္ ေဆးဘက္ဆိုင္ရာ ဝန္ထမ္း ၂၉၅ ဦးကို ထားရွိထားသည္ဟု ဆိုသည္။

အိႏၵိယ ႏိုင္ငံ အစိုးရက COVID-19 ေရာဂါ ျဖစ္ပြားမႈအား ႀကိဳတင္ကာကြယ္ေရး အသိေပးလႈံ႕ေဆာ္မႈ အျဖစ္ ျပည္နယ္မ်ားတြင္ မူလတန္းေက်ာင္းမ်ားကို မတ္လ ၃၁ ရက္အထိ ပိတ္ထားရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

အိႏၵိယ ႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနက ျပည္သူမ်ားတြက္ ဗိုင္းရပ္စ္ ေရာဂါႏွင့္ ပတ္သတ္၍ သိလိုသည္မ်ားကို ေမးျမန္းႏိုင္ရန္ ၂၄ နာရီ ခုႏွစ္ရက္ တစ္ပတ္လုံး ေခၚဆို အကူအညီေတာင္းခံႏိုင္သည့္ ဖုန္းလိုင္းအား ဖြင့္လွစ္ေပးခဲ့ေၾကာင္း ၊  ႏိုင္ငံအတြင္း COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရး အတြက္ WHO မွ အႀကံျပဳထားသည့္ ႀကိဳတင္ကာကြယ္ေရး အစီအမံမ်ားကို ျဖန႔္ေဝေပးထားေၾကာင္းလည္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက် ၄၇ ဦးထိ မြင့်တက်

အိန္ဒိယ နိုင်ငံ၌ နှာခေါင်းစည်းဖြင့် သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)
    နယူးဒေလီ ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ ၄၇ ဦးထိ မြင့်တက်လာကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးမှာ COVID-19 ရောဂါ အတည်ပြု လူနာ အရေအတွက်က ၄၇ ဦး ရှိပါတယ်။”ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယင်းတို့ထဲတွင် အိန္ဒိယ နိုင်ငံသား ၃၁ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

လေဆိပ်များ၌ လေကြောင်းခရီးစဉ် ၈,၈၂၇ ခုမှ နိုင်ငံတကာ ခရီးသည် ၉၄၁,၇၁၇ ဦးအား စစ်ဆေးခဲ့ပြီး ယခုထိ ခရီးသည် ၅၄ ဦးအား ဘက်ပေါင်းစုံ ရောဂါပိုး စောင့်ကြည့်စစ်ဆေးမှုအစီအစဉ်(IDSP) နှင့် ဆေးရုံများသို့ လွဲပြောင်းပေးထားပြီးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လေဆိပ်၌ ခရီးသည်များအား စစ်ဆေးခြင်း အဆင်ပြေစေရေး နှင့် မြင့်တက်လာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် လူအင်အားများ တိုးချဲ့ဖြည့်ဆည်းပေးထားကြောင်း ဝန်ကြီးဌာနမှ သိရပြီး ယခုအခါတွင် နိုင်ငံအနှံ့ရှိ လေဆိပ်များ၌ ဆရာဝန် ၂၈၆ ဦး ၊ သူနာပြု ၁၆၀ ဦး နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၂၉၅ ဦးကို ထားရှိထားသည်ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံ အစိုးရက COVID-19 ရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရေး အသိပေးလှုံ့ဆော်မှု အဖြစ် ပြည်နယ်များတွင် မူလတန်းကျောင်းများကို မတ်လ ၃၁ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူများတွက် ဗိုင်းရပ်စ် ရောဂါနှင့် ပတ်သတ်၍ သိလိုသည်များကို မေးမြန်းနိုင်ရန် ၂၄ နာရီ ခုနှစ်ရက် တစ်ပတ်လုံး ခေါ်ဆို အကူအညီတောင်းခံနိုင်သည့် ဖုန်းလိုင်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း ၊  နိုင်ငံအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် WHO မှ အကြံပြုထားသည့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ဖြန့်ဝေပေးထားကြောင်းလည်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိႏၵိယႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားသူ အေရအတြက္ ၄၇ ဦးထိ ျမင့္တက္ အိႏၵိယႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားသူ အေရအတြက္ ၄၇ ဦးထိ ျမင့္တက္ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.