ရန္ကုန္ဘူတာႀကီးတြင္ COVID-19 ေရာဂါကာကြယ္ေရးေဆာင္႐ြက္လ်က္ရွိၿပီး သၾကၤန္အထူးရထားေျပးဆြဲရန္စီစဥ္လ်က္ရွိ

ရန္ကုန္ဘူတာႀကီးအားေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၂ ရက္ (ဆင္ဟြာ)

    ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန (ျမန္မာ့မီးရထား) အေနျဖင့္ ရန္ကုန္ဘူတာႀကီးတြင္ COVID-19 ေရာဂါကာကြယ္ေရးေဆာင္႐ြက္လ်က္ရွိၿပီး သၾကၤန္အထူးရထားေျပးဆြဲရန္စီစဥ္လ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန က မတ္ ၂၁ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ရန္ကုန္ဘူတာႀကီး ၏ စၾကၤန္ ဝင္ေပါက္၊ ထြက္ေပါက္မ်ား တြင္ အပူခ်ိန္တိုင္းကိရိယာမ်ားျဖင့္စစ္ေဆးျခင္း၊ လက္ေဆးရည္မ်ား ႏွင့္လက္ေဆးရန္ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၊ အျမန္ရထားမ်ား၊ ေလအိတ္ရထားမ်ားတြင္ လက္ေဆးဆပ္ျပာ၊ လက္ေဆးကန္မ်ားျပဳလုပ္ေပးထားေၾကာင္း သိရသည္။

သၾကၤန္အထူးရထား အား သၾကၤန္မတိုင္မီ ၈.၄.၂၀၂၀ မွစ၍ ေျပးဆြဲရန္ ျမန္မာ့မီးရထား႐ုံးခ်ဳပ္သို႔ အစီရင္ခံစာတင္ထားေၾကာင္း၊ ရထားလက္မွတ္မ်ားအား ၃ ရက္ ႀကိဳဝယ္ရမည္ျဖစ္ေၾကာင္း၊ ရထားေဈးႏႈန္းမ်ား ေျပာင္းလဲမႈ မရွိေၾကာင္း၊ ရန္ကုန္-မႏၲေလး ခရီးစဥ္ မွာ ေန႔စဥ္ ခရီးသည္ ၃၀၀၀ ေက်ာ္သြားလာေနေၾကာင္း၊ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားတြင္ ၿမိဳ႕ ပတ္ခရီးသည္ ၆,၀၀၀ မွ ၇,၀၀၀ၾကား သြားလာလ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အထူးရထားပြေးဆွဲရန်စီစဉ်လျက်ရှိ

ရန်ကုန်ဘူတာကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

    ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

    ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) အနေဖြင့် ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အထူးရထားပြေးဆွဲရန်စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်ဘူတာကြီး ၏ စင်္ကြန် ဝင်ပေါက်၊ ထွက်ပေါက်များ တွင် အပူချိန်တိုင်းကိရိယာများဖြင့်စစ်ဆေးခြင်း၊ လက်ဆေးရည်များ နှင့်လက်ဆေးရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ၊ အမြန်ရထားများ၊ လေအိတ်ရထားများတွင် လက်ဆေးဆပ်ပြာ၊ လက်ဆေးကန်များပြုလုပ်ပေးထားကြောင်း သိရသည်။

သင်္ကြန်အထူးရထား အား သင်္ကြန်မတိုင်မီ ၈.၄.၂၀၂၀ မှစ၍ ပြေးဆွဲရန် မြန်မာ့မီးရထားရုံးချုပ်သို့ အစီရင်ခံစာတင်ထားကြောင်း၊ ရထားလက်မှတ်များအား ၃ ရက် ကြိုဝယ်ရမည်ဖြစ်ကြောင်း၊ ရထားဈေးနှုန်းများ ပြောင်းလဲမှု မရှိကြောင်း၊ ရန်ကုန်-မန္တလေး ခရီးစဉ် မှာ နေ့စဉ် ခရီးသည် ၃၀၀၀ ကျော်သွားလာနေကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းများတွင် မြို့ ပတ်ခရီးသည် ၆,၀၀၀ မှ ၇,၀၀၀ကြား သွားလာလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန္ကုန္ဘူတာႀကီးတြင္ COVID-19 ေရာဂါကာကြယ္ေရးေဆာင္႐ြက္လ်က္ရွိၿပီး သၾကၤန္အထူးရထားေျပးဆြဲရန္စီစဥ္လ်က္ရွိ ရန္ကုန္ဘူတာႀကီးတြင္ COVID-19 ေရာဂါကာကြယ္ေရးေဆာင္႐ြက္လ်က္ရွိၿပီး သၾကၤန္အထူးရထားေျပးဆြဲရန္စီစဥ္လ်က္ရွိ Reviewed by THITHTOOLWIN on 01:07 Rating: 5
Powered by Blogger.