COVID-19 ျပန႔္ပြားမည္ စိုးရိမ္သျဖင့္ ဘန္ေကာက္ၿမိဳ႕ ၏ ကမာၻလွည့္ခရီးသြား အထင္ကရ ေနရာမ်ားတြင္ ဆြန္ခရန္ ေရကစားပြဲေတာ္ မက်င္းပေတာ့ဟုဆို

ဘန္ေကာက္ၿမိဳ႕၌ ၂၀၁၉ ခုႏွစ္တြင္ က်င္းပခဲ့ေသာ ဆြန္ခရန္ ေရကစားပြဲေတာ္အား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဘန္ေကာက္ ၊ မတ္ ၁၀ ရက္(ဆင္ဟြာ)

    COVID-19 ေရာဂါကူးစက္ျပန႔္ပြားမည္ကို စိုးရိမ္သျဖင့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ကမာၻလွည့္ခရီးသြားမ်ား အဓိက လာေရာက္သည့္ ေနရာမ်ားတြင္  မူလက ဧၿပီလလယ္တြင္ က်င္းပရန္ စီစဥ္ ထားေသာ နာမည္ေက်ာ္ ဆြန္ခရန္(Songkran)ေရကစားပြဲေတာ္ကို က်င္းပေတာ့မည္ဟုတ္ေၾကာင္း အစိုးရ အဆင့္ျမင့္ အရာရွိ တစ္ဦးက မတ္ ၁၀ ရက္တြင္ ေျပာၾကားခဲ့သည္။

ဘန္ေကာက္ၿမိဳ႕ေတာ္စီမံခန႔္ခြဲမႈအဖြဲ႕(BMA) ေျပာေရးဆိုခြင့္ရွိသူ Phongsakorn Kwanmuang က ထိုင္းႏိုင္ငံသားမ်ား ႏွင့္ ျပည္ပမွ ပြဲေတာ္လာေရာက္ဆင္ႏႊဲၾကသူမ်ားအၾကား COVID-19 ကူးစက္ျဖစ္ပြားႏိုင္ေခ်တစ္ခု ရွိေနသျဖင့္ ၿမိဳ႕ေတာ္၏ အထင္ကရေနရာမ်ားတြင္ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ အလြန္ေပ်ာ္႐ႊင္စရာေကာင္းသည့္ ဆြန္ခရန္ေရကစားပြဲေတာ္ကို ဖ်က္သိမ္းလိုက္ရျခင္းျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။

ကမာၻလွည့္ခရီးသည္မ်ား အလည္အပတ္မ်ားသည့္ Khaosan လမ္း ၊ Silom လမ္း ႏွင့္ Ratchaprasong လမ္းဆုံေနရာမ်ား အပါအဝင္ ဘန္ေကာက္ၿမိဳ႕၏ အထင္ကရ ေနရာအခ်ိဳ႕တြင္ ဆြန္ခရန္ပြဲေတာ္ကို လာမည့္ ဧၿပီလတြင္ အျခားပုံစံတစ္မ်ိဳးျဖင့္ က်င္းပသြားမည္ ျဖစ္ေၾကာင္း BMA ေျပာေရးဆိုခြင့္ရွိသူထံမွ သိရသည္။

ထို႔အျပင္ BMA ေျပာေရးဆိုခြင့္ရွိသူက ပြဲေတာ္လာေရာက္ဆင္ႏႊဲၾကသူမ်ားအေနျဖင့္ တစ္ဦးႏွင့္တစ္ဦးအၾကား ေရမ်ားစြာ အျပန္အလွန္ ပက္ျဖန္းျခင္းမွတဆင့္ ဗိုင္းရပ္စ္ပိုး ကူးစက္ျပန႔္ႏွံ႔မႈကို တြန္းအားေပးသကဲ့သို႔ျဖစ္မည္ကို စိုးရိမ္ရေၾကာင္း ၊ ဘန္ေကာက္ၿမိဳ႕အတြင္းရွိ ပုဂၢလိကက႑အေနျဖင့္လည္း ၎တို႔၏ေရကစားပြဲေတာ္ အစီအစဥ္မ်ားကို ဖ်က္သိမ္းသြားရန္ ေတာင္းဆိုထားေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။

ၿပီးခဲ့ေသာႏွစ္မ်ားတြင္ ထိုင္းႏိုင္ငံတစ္ဝန္းရွိ ျပည္နယ္အားလုံး၌ ထိုင္းျပည္သူမ်ား ႏွင့္ ကမာၻလွည့္ခရီးသြားမ်ား ပူးေပါင္းပါဝင္ဆင္ႏႊဲခဲ့ၾကသည့္ ေရကစားပြဲေတာ္ကို ငါးရက္တိုင္တိုင္ က်င္းပခဲ့ရာ ယင္းမွာ ထိုင္းႏိုင္ငံ၏ အရွည္လ်ားဆုံး အားလပ္ရက္ ပြဲေတာ္တစ္ခုအျဖစ္တည္ရွိခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
COVID-19 ပြန့်ပွားမည် စိုးရိမ်သဖြင့် ဘန်ကောက်မြို့ ၏ ကမ္ဘာလှည့်ခရီးသွား အထင်ကရ နေရာများတွင် ဆွန်ခရန် ရေကစားပွဲတော် မကျင်းပတော့ဟုဆို

ဘန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော ဆွန်ခရန် ရေကစားပွဲတော်အား တွေ့ရစဉ်(ဆင်ဟွာ)

    ဘန်ကောက် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

    COVID-19 ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်သည့် နေရာများတွင်  မူလက ဧပြီလလယ်တွင် ကျင်းပရန် စီစဉ် ထားသော နာမည်ကျော် ဆွန်ခရန်(Songkran)ရေကစားပွဲတော်ကို ကျင်းပတော့မည်ဟုတ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) ပြောရေးဆိုခွင့်ရှိသူ Phongsakorn Kwanmuang က ထိုင်းနိုင်ငံသားများ နှင့် ပြည်ပမှ ပွဲတော်လာရောက်ဆင်နွှဲကြသူများအကြား COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေတစ်ခု ရှိနေသဖြင့် မြို့တော်၏ အထင်ကရနေရာများတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အလွန်ပျော်ရွှင်စရာကောင်းသည့် ဆွန်ခရန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များ အလည်အပတ်များသည့် Khaosan လမ်း ၊ Silom လမ်း နှင့် Ratchaprasong လမ်းဆုံနေရာများ အပါအဝင် ဘန်ကောက်မြို့၏ အထင်ကရ နေရာအချို့တွင် ဆွန်ခရန်ပွဲတော်ကို လာမည့် ဧပြီလတွင် အခြားပုံစံတစ်မျိုးဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း BMA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

ထို့အပြင် BMA ပြောရေးဆိုခွင့်ရှိသူက ပွဲတော်လာရောက်ဆင်နွှဲကြသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ရေများစွာ အပြန်အလှန် ပက်ဖြန်းခြင်းမှတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မှုကို တွန်းအားပေးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်ရကြောင်း ၊ ဘန်ကောက်မြို့အတွင်းရှိ ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ၎င်းတို့၏ရေကစားပွဲတော် အစီအစဉ်များကို ဖျက်သိမ်းသွားရန် တောင်းဆိုထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်များတွင် ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အားလုံး၌ ထိုင်းပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွားများ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည့် ရေကစားပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပခဲ့ရာ ယင်းမှာ ထိုင်းနိုင်ငံ၏ အရှည်လျားဆုံး အားလပ်ရက် ပွဲတော်တစ်ခုအဖြစ်တည်ရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ