အီတလီမွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးသူ စံခ်ိန္တင္


(Zawgyi/Unicode)

ကမၻာတ၀ွမ္း ကူးစက္ျပန္႔ႏွံ႔ေနတဲ့ Covid-19 ကမၻာ့ကပ္ေရာဂါႀကီးေၾကာင့္ ေသဆုံးသူေတြနဲ႔ ေရာဂါပုိး ကူးစက္သူအေရအတြက္ေတြ နာရီနဲ႔အမွ် တုိးလာေနတာမွာ တကမၻာလုံး အတုိင္းအတာနဲ႔ ေသဆုံးသူအေရအတြက္ ေသာၾကာေန႔အထိ ၁၁၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ တကမၻာလုံးအတုိင္းအတာနဲ႔ ေရာဂါပုိး ကူးစက္ေနသူ အေရအတြက္ကေတာ့ အခုခ်ိန္ထိ ႏွစ္သိန္း ေက်ာ္သြားပါၿပီ။

လက္ရွိအခ်ိန္မွာ ေရာဂါပုိးကူးစက္ေသဆုံးမႈ အမ်ားဆုံး ျဖစ္ေနတာကေတာ့ ဥေရာပတုိက္ ေသဆုံးသူ ၅ ေထာင္ေက်ာ္သြားၿပီျဖစ္ပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ အေရအတြက္ တရုတ္ ႏုိင္ငံထက္ ေက်ာ္လြန္သြားခဲ့တဲ့ အီတလီႏုိင္ငံမွာ ေသာၾကာ ေန႔မွာ ေနာက္ထပ္ လူ ၆၂၇ ဦး ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူ ၄၀၀၀ ေက်ာ္သြားခဲ့ပါတယ္။ ႏုိင္ငံအတြင္း ကပ္ေရာဂါ စတင္ ျဖစ္ပြားျပီး ေလးပတ္အၾကာ ဗိုင္းရပ္စ္ေၾကာင့္ လူ အမ်ားဆုံး ေသဆုံးရတဲ့ ေန႔တစ္ေန႔လည္း ျဖစ္ပါတယ္။

ဂ်ာမနီႏုိင္ငံမွာလည္း ကူးစက္မွဳေပါင္း ၂၈၀၀၀ ေက်ာ္သြားၿပီး ဟိုတယ္ေတြနဲ႔တျခား အေဆာက္အဦးေတြကို ေဆးရုံးေတြ အျဖစ္ အသြင္ေျပာင္းျပီး ကုသမွဳေတြ ေပးေနရပါတယ္။

ေသာၾကာေန႔က တ႐ုတ္ႏိုင္ငံအတြင္းမွာ Coronavirus ေနာက္ထပ္ကူးသူ မ႐ွိေၾကာင္း က်န္းမာေရးတာဝန္႐ွိသူေတြ ေၾကညာခဲဲ့တဲ့ အတြက္ ဒီဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံမွာ ေရာဂါပုိးကူးစက္သူ တေယာက္မွမရွိခဲ့တဲ့ ဒုတိယေန႔ျဖစ္လာခဲ့ပါတယ္။
...................

အီတလီမှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ စံချိန်တင်

(Unicode)

ကမ္ဘာတဝှမ်း ကူးစက်ပြန့်နှံ့နေတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် သေဆုံးသူတွေနဲ့ ရောဂါပိုး ကူးစက်သူအရေအတွက်တွေ နာရီနဲ့အမျှ တိုးလာနေတာမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ သေဆုံးသူအရေအတွက် သောကြာနေ့အထိ ၁၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါပိုး ကူးစက်နေသူ အရေအတွက်ကတော့ အခုချိန်ထိ နှစ်သိန်း ကျော်သွားပါပြီ။

လက်ရှိအချိန်မှာ ရောဂါပိုးကူးစက်သေဆုံးမှု အများဆုံး ဖြစ်နေတာကတော့ ဥရောပတိုက် သေဆုံးသူ ၅ ထောင်ကျော်သွားပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် တရုတ် နိုင်ငံထက် ကျော်လွန်သွားခဲ့တဲ့ အီတလီနိုင်ငံမှာ သောကြာ နေ့မှာ နောက်ထပ် လူ ၆၂၇ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄၀၀၀ ကျော်သွားခဲ့ပါတယ်။ နိုင်ငံအတွင်း ကပ်ရောဂါ စတင် ဖြစ်ပွားပြီး လေးပတ်အကြာ ဗိုင်းရပ်စ်ကြောင့် လူ အများဆုံး သေဆုံးရတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း ကူးစက်မှုပေါင်း ၂၈၀၀၀ ကျော်သွားပြီး ဟိုတယ်တွေနဲ့တခြား အဆောက်အဦးတွေကို ဆေးရုံးတွေ အဖြစ် အသွင်ပြောင်းပြီး ကုသမှုတွေ ပေးနေရပါတယ်။

သောကြာနေ့က တရုတ်နိုင်ငံအတွင်းမှာ Coronavirus နောက်ထပ်ကူးသူ မရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေ ကြေညာခဲ့တဲ့ အတွက် ဒီဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာ ရောဂါပိုးကူးစက်သူ တယောက်မှမရှိခဲ့တဲ့ ဒုတိယနေ့ဖြစ်လာခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီတလီမွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးသူ စံခ်ိန္တင္ အီတလီမွာ COVID-19 ေၾကာင့္ တရက္အတြင္း ေသဆုံးသူ စံခ်ိန္တင္ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.