Covid-19 ေၾကာင့္ အေမရိကန္မွာ ကာကြယ္ေရးဥပေဒ က်င့္သုံးမည္


(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့ အေမရိကန္ ျပည္ေထာင္စုမွာ ေရာဂါပုိးပ်ံ႕ႏွံ႔မႈကုိ ထိန္းခ်ဳပ္ဖုိ႔နဲ႔ စီးပြားေရးမွာ ထိခုိက္လာမယ့္ အေျခအေနေတြက သက္သာရာရေစဖုိ႔ အစုိးရနဲ႔ လႊတ္ေတာ္က ႀကိဳးစားေနၾကပါတယ္။

သမၼတ Donald Trump က အေရးေပၚ အစီအမံေတြ ေဆာင္ရြက္ႏုိင္မယ့္ ကာကြယ္ေရးဆုိင္ရာ အက္ဥပေဒကုိ က်င့္သုံးမယ့္အေၾကာင္း ဗုဒၶဟူးေန႔မွာပဲ ေၾကညာလုိက္သလုိ အေမရိကန္ လႊတ္ေတာ္ကလည္း အေရးေပၚ အကူအညီေပးေရး အစီအစဥ္အတြက္ ေဆြးေႏြးေနၾကတဲ့အေၾကာင္း ကိုေအာင္လြင္ဦးက တင္ဆက္ထားပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ က်န္းမာေရး၊ စီးပြားေရး အက်ပ္အတည္းေတြ ႀကံဳေနရခ်ိန္မွာပဲ အေမရိကန္ အစုိးရက ကုန္ထုတ္လုပ္မႈေတြ အရွိန္ျမွင့္ႏုိင္မယ့္ ကာကြယ္ေရးဆုိင္ရာ အက္ဥပေဒကုိ က်င့္သုံးမယ့္အေၾကာင္း သမၼတက ေၾကညာလုိက္တာပါ။ အေမရိကန္မွာ ဗုိင္းရပ္စ္ပုိး ကူးစက္မႈေတြ တုိးလာေနတဲ့ သတင္းေတြနဲ႔အတူ စေတာ့ရွယ္ယာ ေစ်းကြက္ေတြမွာလည္း မေရမရာ ႀကံဳေနရခ်ိန္မွာပဲ သမၼတ Trump ၃ ရက္ ေျမာက္အျဖစ္ အိမ္ျဖဴေတာ္မွာ သတင္းစာရွင္းလင္းပဲြလုပ္ၿပီး အစုိးရက ျပင္ဆင္ထားတဲ့ အေျခအေနေတြကုိ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

“တ႐ုတ္ျပည္ကလာတဲ့ ဗုိင္းရပ္စ္ပုိး တုိက္ဖ်က္ေရးနဲ႔ ပတ္သက္လုိ႔ အေရးႀကီးတဲ့ ျဖစ္ထြန္းမႈတခ်ဳိ႕ကုိ အရင္ဆုံး ေၾကညာလုိပါတယ္။ လုိအပ္တဲ့အခါ သုံးဖုိ႔အတြက္ ကာကြယ္ေရးဆုိင္ရာ ထုတ္လုပ္မႈအက္ဥပေဒကုိ က်င့္သုံးမွာျဖစ္ပါတယ္။ အားလုံးသိတဲ့အတုိင္း ဒီဥပေဒအရ လုိအပ္တဲ့အခါ ပစၥည္းအေျမာက္အမ်ား ထုတ္လုပ္ႏုိင္မွာပါ။”

က်န္းမာေရးအတြက္ အေရးေပၚ အကူအညီအျဖစ္ ေဆး႐ုံသေဘၤာ ၂ စင္းကုိလည္း ဗုိင္းရပ္စ္ ကူးစက္မႈေတြ တုိးလာေနတဲ့ နယူးေယာက္နဲ႔ အေမရိကန္ ျပည္ေထာင္စု အေနာက္ဖက္ျခမ္း ေဒသေတြကုိ ေစလႊတ္ဖုိ႔ ျပင္ဆင္ထားသလုိ ဗုိင္းရပ္စ္ကူးစက္မႈ ရွိ-မရွိ စစ္ေဆးႏုိင္ေအာင္ တုိးျမွင့္ေဆာင္ရြက္ ေနေၾကာင္းလည္း သမၼတ Trump က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။ တခ်ိန္တည္းမွာပဲ ဗုိင္းရပ္စ္ တုိက္ဖ်က္ေရး အေရးေပၚ အသုံးစရိတ္ ေဒၚလာ ၈.၃ ဘီလီယံ အတည္ျပဳေပးခဲ့တဲ့ ကြန္ဂရက္ လႊတ္ေတာ္မွာလည္း ေနာက္ထပ္ အကူအညီ ေပးႏုိင္ဖုိ႔ ျပင္ဆင္ေနတာပါ။

ေအာက္လႊတ္ေတာ္က ေနာက္ထပ္ အဆုိျပဳထားတဲ့ အသုံးစရိတ္ကုိ အထက္လႊတ္ေတာ္မွာ တင္သြင္းထားခ်ိန္မွာပဲ အိမ္ျဖဴေတာ္က စီးပြားေရးကုိ က်ားကန္မယ့္ အစီအစဥ္ေတြပါ ထည့္သြင္းဖုိ႔ တုိက္တြန္းေနတဲ့အတြက္ ႏုိင္ငံေရးအရ အားၿပိဳင္မႈေတြ ႀကံဳရမယ့္ အလားအလာေတြလည္း ရွိေနပါတယ္။ အထက္လႊတ္ေတာ္ လူမ်ားစု ရီပတ္ဘလစ္ကန္ ေခါင္းေဆာင္ Mitch McConnell ကေတာ့ အခုအခ်ိန္ဟာ ႏုိင္ငံေရး ေဘးဖယ္ထားရမယ့္ အခ်ိန္အျဖစ္ ေျပာခဲ့တာပါ။

“လုပ္ေနၾကအတုိင္း ပါတီစဲြႏုိင္ငံေရးမ်ဳိးဟာ အခုအခ်ိန္မွာ တုိင္းျပည္အတြက္ မေကာင္းဘူးဆုိတာ အင္မတန္မွ ထင္ရွားပါတယ္။ အခုအခ်ိန္ဟာ ပါတီစဲြကင္းကင္းနဲ႔ ျပတ္ျပတ္သားသား ေဆာင္ရြက္ရမယ့္အခ်ိန္ပါ။”

အထက္လႊတ္ေတာ္အေနနဲ႔ အေရးေပၚ အသုံးစရိတ္အတြက္ အတည္မျပဳႏုိင္မခ်င္း ရပ္နားမွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။ ေအာက္လႊတ္ေတာ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က အတည္ျပဳခဲ့ၿပီး အထက္လႊတ္ေတာ္မွာ တင္သြင္းထားတဲ့ ဥပေဒၾကမ္းအရ ခန္႔မွန္းေခ် ေဒၚလာ ဘီလီယံ ၁၀၀ ေလာက္ သုံးစဲြမယ့္ အစီအစဥ္ေတြမွာ ေနထုိင္မေကာင္းတဲ့ အလုပ္သမားေတြ ခံစားခြင့္ရေရး၊ အေရးေပၚ အစားအေသာက္ အကူအညီနဲ႔ ဗုိင္းရပ္စ္ပုိး အခမဲ့စမ္းသပ္စစ္ေဆးခြင့္ေတြ ပါ၀င္ပါတယ္။

ဒါေပမဲ့လည္း သမၼတ အိမ္ျဖဴေတာ္ကေတာ့ အခြန္ေတြ ေလွ်ာ့ေပးဖုိ႔၊ ေလေၾကာင္းလုပ္ငန္းေတြနဲ႔ အငယ္စားစီးပြားေရး လုပ္ငန္းေတြအတြက္ ေဒၚလာ ဘီလီယံ ၅၀ ေလာက္ အကုန္အက်ခံ ေထာက္ပံ့ဖုိ႔ေတြ အပါအ၀င္ ဒီထက္ပုိသုံးစဲြဖုိ႔ လုိလားေနတာပါ။ အထက္လႊတ္ေတာ္ လူနည္းစု ဒီမုိကရက္ေခါင္းေဆာင္ Chuck Schumer ကေတာ့ လက္ရွိ ႀကံဳေနရတဲ့ ျပႆနာကုိ အရင္ဆုံး ဦးစားေပး ေျဖရွင္းသင့္တယ္လုိ႔ ဆုိပါတယ္။

“ကုိယ့္အိမ္မီးေလာင္ေနတယ္ဆုိရင္ ေခါင္းမုိးမွာ က်ပ္ခုိးစဲြမွာကုိ အရင္စုိးရိမ္ေနဖုိ႔ မလုိဘဲ၊ မီးကုိ အရင္ၿငိမ္းဖုိ႔ ႀကိဳးပမ္းရမွာပါ။ က်ေနာ္တုိ႔ အဆုိျပဳထားတာကလည္း ဒါပါပဲ။ အရင့္အရင္ဆုံးကေတာ့ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ထိခုိက္မႈ အခံရဆုံးလူေတြအတြက္ ေျဖရွင္းေပးဖုိ႔ပါ။”

ဗုဒၶဟူးေန႔အထိ ေသဆုံးသူ ၁၀၀ ေက်ာ္၊ ကူးစက္သူ ၆,၅၀၀ ေက်ာ္ရွိေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ လူစုလူေ၀းနဲ႔ မေနၾကဖုိ႔ တတ္ႏုိင္ရင္ အိမ္မွာေနၾကဖုိ႔လည္း အစုိးရက တုိက္တြန္းထားတာပါ။ ဗုိင္းရပ္စ္ပုိး ကူးစက္မႈေတြကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ အေမရိကန္နဲ႔ အိမ္နီးခ်င္း ကေနဒါႏုိင္ငံ နယ္စပ္ေတြကုိလည္း ပိတ္လုိက္ၿပီျဖစ္ေၾကာင္း ၂ ႏုိင္ငံစလုံးက ဗုဒၶဟူးေန႔မွာပဲ ေၾကညာထားၾကပါတယ္။

..................

Covid-19 ကြောင့် အမေရိကန်မှာ ကာကွယ်ရေးဥပဒေ ကျင့်သုံးမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေးမှာ ထိခိုက်လာမယ့် အခြေအနေတွေက သက်သာရာရစေဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးစားနေကြပါတယ်။ သမ္မတ Donald Trump က အရေးပေါ် အစီအမံတွေ ဆောင်ရွက်နိုင်မယ့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေကို ကျင့်သုံးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်သလို အမေရိကန် လွှတ်တော်ကလည်း အရေးပေါ် အကူအညီပေးရေး အစီအစဉ်အတွက် ဆွေးနွေးနေကြတဲ့အကြောင်း ကိုအောင်လွင်ဦးက တင်ဆက်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကျန်းမာရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရချိန်မှာပဲ အမေရိကန် အစိုးရက ကုန်ထုတ်လုပ်မှုတွေ အရှိန်မြှင့်နိုင်မယ့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေကို ကျင့်သုံးမယ့်အကြောင်း သမ္မတက ကြေညာလိုက်တာပါ။ အမေရိကန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ တိုးလာနေတဲ့ သတင်းတွေနဲ့အတူ စတော့ရှယ်ယာ ဈေးကွက်တွေမှာလည်း မရေမရာ ကြုံနေရချိန်မှာပဲ သမ္မတ Trump ၃ ရက် မြောက်အဖြစ် အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အစိုးရက ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

“တရုတ်ပြည်ကလာတဲ့ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ဖြစ်ထွန်းမှုတချို့ကို အရင်ဆုံး ကြေညာလိုပါတယ်။ လိုအပ်တဲ့အခါ သုံးဖို့အတွက် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုအက်ဥပဒေကို ကျင့်သုံးမှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဥပဒေအရ လိုအပ်တဲ့အခါ ပစ္စည်းအမြောက်အများ ထုတ်လုပ်နိုင်မှာပါ။”

ကျန်းမာရေးအတွက် အရေးပေါ် အကူအညီအဖြစ် ဆေးရုံသင်္ဘော ၂ စင်းကိုလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ နယူးယောက်နဲ့ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်း ဒေသတွေကို စေလွှတ်ဖို့ ပြင်ဆင်ထားသလို ဗိုင်းရပ်စ်ကူးစက်မှု ရှိ-မရှိ စစ်ဆေးနိုင်အောင် တိုးမြှင့်ဆောင်ရွက် နေကြောင်းလည်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အရေးပေါ် အသုံးစရိတ် ဒေါ်လာ ၈.၃ ဘီလီယံ အတည်ပြုပေးခဲ့တဲ့ ကွန်ဂရက် လွှတ်တော်မှာလည်း နောက်ထပ် အကူအညီ ပေးနိုင်ဖို့ ပြင်ဆင်နေတာပါ။

အောက်လွှတ်တော်က နောက်ထပ် အဆိုပြုထားတဲ့ အသုံးစရိတ်ကို အထက်လွှတ်တော်မှာ တင်သွင်းထားချိန်မှာပဲ အိမ်ဖြူတော်က စီးပွားရေးကို ကျားကန်မယ့် အစီအစဉ်တွေပါ ထည့်သွင်းဖို့ တိုက်တွန်းနေတဲ့အတွက် နိုင်ငံရေးအရ အားပြိုင်မှုတွေ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ အထက်လွှတ်တော် လူများစု ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကတော့ အခုအချိန်ဟာ နိုင်ငံရေး ဘေးဖယ်ထားရမယ့် အချိန်အဖြစ် ပြောခဲ့တာပါ။

“လုပ်နေကြအတိုင်း ပါတီစွဲနိုင်ငံရေးမျိုးဟာ အခုအချိန်မှာ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ အခုအချိန်ဟာ ပါတီစွဲကင်းကင်းနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်ပါ။”

အထက်လွှတ်တော်အနေနဲ့ အရေးပေါ် အသုံးစရိတ်အတွက် အတည်မပြုနိုင်မချင်း ရပ်နားမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းအရ ခန့်မှန်းချေ ဒေါ်လာ ဘီလီယံ ၁၀၀ လောက် သုံးစွဲမယ့် အစီအစဉ်တွေမှာ နေထိုင်မကောင်းတဲ့ အလုပ်သမားတွေ ခံစားခွင့်ရရေး၊ အရေးပေါ် အစားအသောက် အကူအညီနဲ့ ဗိုင်းရပ်စ်ပိုး အခမဲ့စမ်းသပ်စစ်ဆေးခွင့်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း သမ္မတ အိမ်ဖြူတော်ကတော့ အခွန်တွေ လျှော့ပေးဖို့၊ လေကြောင်းလုပ်ငန်းတွေနဲ့ အငယ်စားစီးပွားရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ဘီလီယံ ၅၀ လောက် အကုန်အကျခံ ထောက်ပံ့ဖို့တွေ အပါအဝင် ဒီထက်ပိုသုံးစွဲဖို့ လိုလားနေတာပါ။ အထက်လွှတ်တော် လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ လက်ရှိ ကြုံနေရတဲ့ ပြဿနာကို အရင်ဆုံး ဦးစားပေး ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။

“ကိုယ့်အိမ်မီးလောင်နေတယ်ဆိုရင် ခေါင်းမိုးမှာ ကျပ်ခိုးစွဲမှာကို အရင်စိုးရိမ်နေဖို့ မလိုဘဲ၊ မီးကို အရင်ငြိမ်းဖို့ ကြိုးပမ်းရမှာပါ။ ကျနော်တို့ အဆိုပြုထားတာကလည်း ဒါပါပဲ။ အရင့်အရင်ဆုံးကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိခိုက်မှု အခံရဆုံးလူတွေအတွက် ဖြေရှင်းပေးဖို့ပါ။”

ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ ၁၀၀ ကျော်၊ ကူးစက်သူ ၆,၅၀၀ ကျော်ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ လူစုလူဝေးနဲ့ မနေကြဖို့ တတ်နိုင်ရင် အိမ်မှာနေကြဖို့လည်း အစိုးရက တိုက်တွန်းထားတာပါ။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန်နဲ့ အိမ်နီးချင်း ကနေဒါနိုင်ငံ နယ်စပ်တွေကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း ၂ နိုင်ငံစလုံးက ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာထားကြပါတယ်။

ကိုေအာင္လြင္ဦး/VOA (Burmese)
https://burmese.voanews.com
Covid-19 ေၾကာင့္ အေမရိကန္မွာ ကာကြယ္ေရးဥပေဒ က်င့္သုံးမည္ Covid-19 ေၾကာင့္ အေမရိကန္မွာ ကာကြယ္ေရးဥပေဒ က်င့္သုံးမည္ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.