COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၂၇-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၁) နာရီ (၄၅) မိနစ္

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ (၂၅-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၂၆-၃-၂၀၂၀) ရက္ ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၄၈) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၂၆-၃-၂၀၂၀) ရက္ေန႔၊ ည ဓာတ္ခြဲ စစ္ေဆးမႈ အေျဖမ်ားအရ ေစာင့္ၾကည့္လူနာ (၂) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) (ဇယား-၁) ရၿပီး ေစာင့္ၾကည့္လူနာ (၄၆) ဦး (ဇယား-၂) တြင္ COVID-19 ေရာဂါ ပိုး မေတြ႕ရွိ (မေတြ႕ရွိ) ရပါ။

COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရေသာ လူနာႏွစ္ဦးမွာ -

(04) မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အေမရိကန္ႏိုင္ငံသား ခံယူ ထားေသာ ျမန္မာလူမ်ိဳး၊ အသက္ (၃၃) ႏွစ္႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အေမရိကန္ႏိုင္ငံမွ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕သို႔ (၁၉-၃-၂၀၂၀) ရက္ေန႔တြင္ ျပန္လည္ ေရာက္ရွိခဲ့ ပါသည္။ (၂၂-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ ေမာပန္းျခင္း လကၡဏာ မ်ား ခံစားခဲ့ရသျဖင့္ (၂၅-၃-၂၀၂၀) ရက္ေန႔တြင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ လာေရာက္ ျပသခဲ့ရာ ကန္ေတာ္နဒီေဆး႐ုံသို႔ လႊဲေျပာင္း၍ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ခန္းတြင္ ထားရွိ၍ ကုသမႈေပးလ်က္ရွိပါသည္။ အဆိုပါလူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးခဲ့ရာ (၂၆-၃-၂၀၂၀) ရက္ေန႔ တြင္ စစ္ေဆးခဲ့သည့္ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရပါသည္။

- အဆိုပါလူနာသည္ အေမရိကန္ႏိုင္ငံမွ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕သို႔ (၁၉-၃-၂၀၂၀)ရက္ေန႔၊ ညေန (၆) နာရီတြင္ Qatar Airline ျဖင့္ ျပန္လည္ေရာက္ရွိခဲ့ၿပီး ေတာင္ဥကၠလာၿမိဳ႕နယ္တြင္ တစ္ည အိပ္ေနထိုင္ခဲ့ေၾကာင္း (၂၀-၃-၂၀၂၀)ရက္ေန႔၊ ည(၁၀)နာရီတြင္ ရန္ကုန္ၿမိဳ႕မွ မႏၲေလး ၿမိဳ႕သို႔ ခိုင္မႏၲေလး အေဝးေျပးမွန္လုံယာဥ္ျဖင့္ သြားေရာက္ခဲ့ၿပီး ကားဂိတ္မွ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ရွိေနအိမ္သို႔ မီနီအိုးေဝယာဥ္ျဖင့္ သြားေရာက္ခဲ့ေၾကာင္းသိရွိရပါသည္။

(05) ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၆၉) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးသည္ ႏွာေခါင္းကင္ဆာေရာဂါကို ဩစေၾတးလ် ႏိုင္ငံတြင္ (၁) လခန႔္ ေဆးကုသမႈခံယူခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ အျပန္တြင္ စကၤာပူႏိုင္ငံ၌ (၄) ရက္ခန႔္ ေနထိုင္ခဲ့ၿပီးေနာက္ (၁၄-၃-၂၀၂၀) ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ ခဲ့ပါသည္။ (၁၈-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း လကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၂၅-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး တြင္ ေစာင့္ၾကည့္လူနာအျဖစ္ သီးျခားထားရွိ၍ အထူးၾကပ္မတ္ခန္း (ICU) တြင္ ကုသမႈေပးလ်က္ရွိပါသည္။ အဆိုပါ လူနာထံမွ ဓာတ္ခြဲနမူနာအား ရယူခဲ့ၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔ခဲ့ရာ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ စစ္ေဆးခဲ့သည့္ ဓာတ္ခြဲ အေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ပါသည္။

၄။ ကမာၻ႔က်န္းမာေရးအဖြဲ႕မွ သတ္မွတ္ထားေသာ လုပ္ထုံးလုပ္နည္းမ်ားအရ အဆိုပါ လူနာမ်ားထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ဆက္လက္ေပးပို႔၍ အတည္ျပဳခ်က္ ရယူသြားမည္ျဖစ္ပါသည္။

၅။ အဆိုပါ လူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ အဆိုပါဓာတ္ခြဲ အတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထု အေနျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္းအပ္ပါ သည္။

၆။ ထို႔အျပင္ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံ၊ ပ်ဥ္းမနားျပည္သူ႔ေဆး႐ုံတို႔တြင္ အသြားအလာကန႔္သတ္ ထားရွိသူ (၂) ဦး၏ ဓာတ္ခြဲစစ္ေဆးမႈ အေျဖအရ COVID-19 ေရာဂါပိုး မေတြ႕ရွိ (မေတြ႕ရွိ) ပါ ေၾကာင္း သိရွိရပါသည္။

၇။ ယေန႔ (၂၆-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီအခ်ိန္အထိ ေစာင့္ၾကည့္လူနာ (၂၀) ဉီးအား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar
---------------
(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၆-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲ စစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာ (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) (ဇယား-၁) ရပြီး စောင့်ကြည့်လူနာ (၄၆) ဦး (ဇယား-၂) တွင် COVID-19 ရောဂါ ပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။

COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရသော လူနာနှစ်ဦးမှာ -

(04) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ ပါသည်။ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

- အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါသည်။

(05) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထု အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါ သည်။

၆။ ထို့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံ၊ ပျဉ်းမနားပြည်သူ့ဆေးရုံတို့တွင် အသွားအလာကန့်သတ် ထားရှိသူ (၂) ဦး၏ ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ပါ ကြောင်း သိရှိရပါသည်။

၇။ ယနေ့ (၂၆-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၀) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 04:25 Rating: 5
Powered by Blogger.