တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕၌ ေလးရက္ေျမာက္အျဖစ္ COVID-19 ကူးစက္မႈအသစ္ မရွိေၾကာင္း သိရ

တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ ခ်န္းရွၿမိဳ႕ရွိ ခ်န္းရွ(Changsha) စာၾကည့္တိုက္ အဝင္ဝ၌ ဝန္ထမ္းတစ္ဦးမွ လာေရာက္ေလ့လာသူမ်ားအား ေရာဂါပိုးရွိမရွိ စစ္ေဆးေနစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 ဝူဟန႔္ ၊ မတ္ ၂၂ ရက္(ဆင္ဟြာ)

 တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕၌ မတ္ ၂၁ ရက္တြင္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ (COVID-19) ကူးစက္မႈ အသစ္ မရွိခဲ့ေၾကာင္း ႏွင့္ ယင္းမွာ ဗိုင္းရပ္စ္ေၾကာင့္ လူအေသအေပ်ာက္ျဖစ္ေပၚခဲ့ရၿပီး ကူးစက္ေရာဂါတိုက္ဖ်က္မႈအား ကာလရွည္ၾကာလုပ္ေဆာင္ခဲ့ရေသာ ဟူေပျပည္နယ္ ဝူဟန႔္ၿမိဳ႕အတြက္ ေလးရက္ဆက္တိုက္ ေရာဂါကူးစက္မႈ အသစ္ လုံးဝ မရွိျခင္းလည္းျဖစ္ေၾကာင္း သိရသည္။

ဟူေပျပည္နယ္က်န္းမာေရးေကာ္မရွင္က ဝူဟန႔္ၿမိဳ႕ ႏွင့္ ဟူေပျပည္နယ္ထဲတြင္ မတ္ ၂၁ ရက္ အထိ COVID-19 အတည္ျပဳလူနာ ၅၀,၀၀၅ ဦး ႏွင့္ ၆၇,၈၀၀ ဦး အသီးသီးက်န္ရွိေနဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဟူေပျပည္နယ္တြင္ ေသဆုံးသူအသစ္ ၅ ဦးရွိေၾကာင္း ၊ ယင္းတို႔အနက္ ေလးဦးမွာ ဝူဟန႔္မွျဖစ္ေၾကာင္း ႏွင့္ ျပည္နယ္အတြင္းေသဆုံးသူ စုစုေပါင္း ၃,၁၄၄ ဦးထိရွိခဲ့ေၾကာင္း သိရသည္။

မတ္ ၂၁ ရက္ တြင္ ဟူေပျပည္နယ္ရွိ ေဆး႐ုံမ်ားမွ ေရာဂါေပ်ာက္ကင္း၍ ဆင္းခြင့္ရသူေပါင္း ၄၉၀ ဦးရွိေၾကာင္း ႏွင့္ ယင္းျပည္နယ္တြင္ ေဆး႐ုံဆင္းခြင့္ရေသာ လူနာအေရအတြက္မွာ ၅၉,၄၃၂ ဦးထိ ရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရွိေဆး႐ုံ၌ ေဆးကုသမႈ ခံယူေနသည့္ လူနာ ၅,၀၁၃ ဦးအနက္ ၁,၄၁၉ ဦးမွာ ေရာဂါအလြန္ျပင္းထန္ဆိုး႐ြာေသာအေျခအေနတြင္ရွိေနဆဲျဖစ္ေၾကာင္း ႏွင့္ အျခား ၃၉၃ ဦးမွာ စိုးရိမ္ဖြယ္အေျခအေနတြင္ ရွိေနေၾကာင္း ေကာ္မရွင္၏ ေျပာၾကားခ်က္အရသိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ဝူဟန့်မြို့၌ လေးရက်မြောက်အဖြစ် COVID-19 ကူးစက်မှုအသစ် မရှိကြောင်း သိရ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်းရှမြို့ရှိ ချန်းရှ(Changsha) စာကြည့်တိုက် အဝင်ဝ၌ ဝန်ထမ်းတစ်ဦးမှ လာရောက်လေ့လာသူများအား ရောဂါပိုးရှိမရှိ စစ်ဆေးနေစဉ် (ဆင်ဟွာ)
    ဝူဟန့် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

    တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၂၁ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်မှု အသစ် မရှိခဲ့ကြောင်း နှင့် ယင်းမှာ ဗိုင်းရပ်စ်ကြောင့် လူအသေအပျောက်ဖြစ်ပေါ်ခဲ့ရပြီး ကူးစက်ရောဂါတိုက်ဖျက်မှုအား ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသော ဟူပေပြည်နယ် ဝူဟန့်မြို့အတွက် လေးရက်ဆက်တိုက် ရောဂါကူးစက်မှု အသစ် လုံးဝ မရှိခြင်းလည်းဖြစ်ကြောင်း သိရသည်။

ဟူပေပြည်နယ်ကျန်းမာရေးကော်မရှင်က ဝူဟန့်မြို့ နှင့် ဟူပေပြည်နယ်ထဲတွင် မတ် ၂၁ ရက် အထိ COVID-19 အတည်ပြုလူနာ ၅၀,၀၀၅ ဦး နှင့် ၆၇,၈၀၀ ဦး အသီးသီးကျန်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူပေပြည်နယ်တွင် သေဆုံးသူအသစ် ၅ ဦးရှိကြောင်း ၊ ယင်းတို့အနက် လေးဦးမှာ ဝူဟန့်မှဖြစ်ကြောင်း နှင့် ပြည်နယ်အတွင်းသေဆုံးသူ စုစုပေါင်း ၃,၁၄၄ ဦးထိရှိခဲ့ကြောင်း သိရသည်။

မတ် ၂၁ ရက် တွင် ဟူပေပြည်နယ်ရှိ ဆေးရုံများမှ ရောဂါပျောက်ကင်း၍ ဆင်းခွင့်ရသူပေါင်း ၄၉၀ ဦးရှိကြောင်း နှင့် ယင်းပြည်နယ်တွင် ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ၅၉,၄၃၂ ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူနာ ၅,၀၁၃ ဦးအနက် ၁,၄၁၉ ဦးမှာ ရောဂါအလွန်ပြင်းထန်ဆိုးရွာသောအခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်း နှင့် အခြား ၃၉၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း ကော်မရှင်၏ ပြောကြားချက်အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕၌ ေလးရက္ေျမာက္အျဖစ္ COVID-19 ကူးစက္မႈအသစ္ မရွိေၾကာင္း သိရ တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕၌ ေလးရက္ေျမာက္အျဖစ္ COVID-19 ကူးစက္မႈအသစ္ မရွိေၾကာင္း သိရ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.