ကိုရီးယားမွာ ျမန္မာဗီဇာေလွ်ာက္သူေတြ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ပါရမယ္

ကိုရီးယားႏို္င္ငံ Daegu ျမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ရန္ ႏွာေခါင္းစည္းမ်ားတပ္ဆင္ထားေသာ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ေတာင္ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားေတြေရာ၊ ကိုးရီးယားကေန ျမန္မာႏုိင္ငံကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လာေရာက္မယ့္သူေတြအေနနဲ႔ ကို႐ိုနာဗုိင္းရပ္စ္ ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ ရယူရမယ္လု႔ိ ဆိုးလ္ၿမိဳ ႔ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

ကိုးရီးယားႏုိင္ငံက သတ္မွတ္ေပးထားတဲ့ သက္ဆုိင္ရာ ေဆး႐ုံ၊ ေဆးခန္းေတြကေန Covid-19 ကို႐ိုနာဗုိင္းရပ္စ္ ကင္းရွင္းေၾကာင္း ႀကိဳတင္ေဆးစစ္ခ်က္ ယူထားသူေတြကိုသာ ျမန္မာႏုိင္ငံတြင္း ၀င္ေရာက္ခြင့္ျပဳမယ္လို႔ မတ္လ ၁၀ ရက္ေန႔စြဲနဲ႔ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ထားတာပါ။

ဆိုးလ္ၿမိဳ ႔မွာရွိတဲ့ ျမန္မာသံ႐ုံးမွာ ျပည္၀င္ခြင့္ ဗီဇာေလွ်ာက္ထားသူေတြအေနနဲ႔လည္း ကို႐ိုနာဗုိင္းရပ္စ္ ကင္းရွင္းေၾကာင္း ေထာက္ခံစာကို တပါထဲ ပူးတြဲတင္ျပရမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ လတ္တေလာအေျခအေနေတြေၾကာင့္ အခုထုတ္ျပန္လိုက္တဲ့ စည္းကမ္းေတြ မတ္လ ၁၂ ရက္ေန႔ကေန စတင္အသက္၀င္မွာျဖစ္ၿပီး အေျပာင္းအလဲရွိရင္ ထပ္ၿပီး သတင္း ထုတ္ျပန္ေၾကျငာသြားမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၇,၅၀၀ ေက်ာ္ရွိေနၿပီး တရုတ္နဲ႔ အီတလီႏုိင္ငံၿပီးရင္ တတိယ အမ်ားဆုံး ကူးစက္ခံထားရတဲ့နုိင္ငံလည္း ျဖစ္ပါတယ္။

[Unicode Version]

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရော၊ ကိုးရီးယားကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်မယ့်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးစစ်ချက် ရယူရမယ်လု့ိ ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကိုးရီးယားနိုင်ငံက သတ်မှတ်ပေးထားတဲ့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကနေ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ကြိုတင်ဆေးစစ်ချက် ယူထားသူတွေကိုသာ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမယ်လို့ မတ်လ ၁၀ ရက်နေ့စွဲနဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာပါ။

ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ထောက်ခံစာကို တပါထဲ ပူးတွဲတင်ပြရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ လတ်တလောအခြေအနေတွေကြောင့် အခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေ မတ်လ ၁၂ ရက်နေ့ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး အပြောင်းအလဲရှိရင် ထပ်ပြီး သတင်း ထုတ်ပြန်ကြေငြာသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇,၅၀၀ ကျော်ရှိနေပြီး တရုတ်နဲ့ အီတလီနိုင်ငံပြီးရင် တတိယ အများဆုံး ကူးစက်ခံထားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကိုရီးယားမွာ ျမန္မာဗီဇာေလွ်ာက္သူေတြ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ပါရမယ္ ကိုရီးယားမွာ ျမန္မာဗီဇာေလွ်ာက္သူေတြ COVID-19 ကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ပါရမယ္ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.