
နယူးယောက် Brooklyn ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးခံရန် တန်းစီနေသူများ။ (မတ် ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူရမယ့် နေ့ရက်ကို ၂ ပတ်ကြာ တိုးမြှင့် ရွေှ့ဆိုင်းလိုက်ပါတယ်။







---------------------------------

(Unicode)

Covid-19 ကြောင့် ကန် သန်းခေါင်စာရင်းကောက်မယ့်အစီအစဉ် ၂ ပတ် ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူရမယ့် နေ့ရက်ကို ၂ ပတ်ကြာ တိုးမြှင့် ရေ့ွှ့ဆိုင်းလိုက်ပါတယ်။

သန်းခေါင်စာရင်း အမည်ပေးဖို့ အိမ်တိုင်ရာရောက် သွားရောက်သတိပေးမယ့် နောက်ဆုံးရက်ကို ဇူလိုင် ၃၁ ရက်က သြဂုတ်လ ၁၄ ရက်အထိ ရွှေ့ဆိုင်းမယ်လို့ အမေရိကန် သန်းခေါင်စာရင်းဌာန နယ်မြေခံရုံး လုပ်ငန်းဆိုင်ရာ ဒါရိုက်တာ Tim Olson က ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာ နယ်မြေခံရုံးတွေကိုတော့ ၂ ပတ်ကြာ ပိတ်ပင်ဖို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

    ကမ္ဘာအနှံ့ ကိုရိုနာပိုးကူးစက်မှု ပိုဆိုး သတင်း ဖတ်ရှုနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ သန်းခေါင်စာရင်းက လူဦးရေကို အခြေခံပြီး ပြည်နယ် ၅၀ က ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်တွေကို ပြောင်းလဲ သတ်မှတ်လေ့ ရှိပါတယ်။

ဗဟိုအစိုးရက အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံကို ခွဲဝေပေးအပ်ရာမှာလည်း ဒီ သန်းခေါင်စာရင်းအရ ပေးအပ်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း နေထိုင်သူအားလုံး ပြီးခဲ့တဲ့အပတ်ထဲက my2020census.gov မှာ သန်းခေါင်စာရင်း အမည်စာရင်း ပေးသွင်းနိုင်ကြပါတယ်။ အဲဒီလို အမည်စာရင်းပေးဖို့လည်း တအိမ်ချင်းစီကို စာပေးဖို့ သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
Covid-19 ကြောင့် ကန် သန်းခေါင်စာရင်းကောက်မယ့်အစီအစဉ် ၂ ပတ် ရွှေ့ဆိုင်း Covid-19 ကြောင့် ကန် သန်းခေါင်စာရင်းကောက်မယ့်အစီအစဉ် ၂ ပတ် ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 01:30 Rating: 5
Powered by Blogger.