
(Zawgyi)⤵⤵⤵







(Xinhua)
--------------
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံတွင် COVID-19ရောဂါ ဖြစ်ပွားသူ တစ်ထောင်ကျော် ရှိပြီဖြစ်

- အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်ကျောင်းမြင်ကွင်းအား မတ် ၁၀ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

    နယူးယောက်၊ မတ် ၁၁ ရက်(ဆင်ဟွာ)

    မတ် ၁၀ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET)  ၂၃ နာရီ ၃၀ မိနစ် အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁,၀၀၁ ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံး သူ ၂၈ ဦး ရှိကြောင်း အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ်၏ အချိန်နှင့်အညီဖော်ပြထားသည့် ကိန်းဂဏန်းများအရ သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်ကျောင်းမြင်ကွင်းအား မတ် ၁၀ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါကိန်းဂဏန်းများသည် Johns Hopkins တက္ကသိုလ်၏COVID-19 ရောဂါသုတေသနစီမံကိန်း က  အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှ ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာ၏ ကိန်းဂဏန်း များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)မှ မတ် ၉ ရက် ၁၆ နာရီတွင် နောက်ဆုံး ထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားသူ ၆၉၆ ဦး ရှိကြောင်း သိရသည်။ အမေရိကန် နိုင်ငံ နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်သည် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် မတ် ၉ ရက်မှစ၍ ကျောင်းနှစ်ရက် ပိတ်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံတွင် COVID-19ရောဂါ ဖြစ်ပွားသူ တစ်ထောင်ကျော် ရှိပြီဖြစ် အမေရိကန်နိုင်ငံတွင် COVID-19ရောဂါ ဖြစ်ပွားသူ တစ်ထောင်ကျော် ရှိပြီဖြစ် Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.