COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၃၁-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိ သည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ (၃၀-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၃၁-၃-၂၀၂၀) ရက္ ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၄၄) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၃၁-၃-၂၀၂၀) ရက္ေန႔၊ ည (၇:၃၀) နာရီတြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြား အလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ(၆၇)ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာ လူနာ (၁) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါ ပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၆၆) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-15) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ႏိုင္ငံျခားသားမ်ားကို က်န္းမာေရးဝန္ေဆာင္မႈေပးေနေသာ ပုဂၢလိကေဆးခန္းတစ္ခုတြင္ အလုပ္လုပ္ကိုင္လ်က္ရွိေသာ ဗဟန္းၿမိဳ႕နယ္၌ ေနထိုင္သည့္ အသက္ (၄၅) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း စေသာလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔ သြားေရာက္ျပသခဲ့ရာ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့၍ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ထားရွိ ေဆးကုသမႈေဆာင္႐ြက္ၿပီး ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါ လူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး လတ္တေလာ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၅။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၁၄) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၉) ဦးႏွင့္ မႏၲေလး ၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ စုစုေပါင္း (၁၃) ဦး တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါ သည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိကုသမႈေပးလ်က္ရွိသည့္ လူနာ (၂) ဦးအနက္ (၁) ဦးမွာ (၃၁-၃-၂၀၂၀) ရက္ေန႔၊ နံနက္ပိုင္းတြင္ ေသဆုံးခဲ့ပါသည္။ (အဆိုပါလူနာ ေသဆုံးခဲ့မႈကို ယေန႔၊ ေန႔လယ္တြင္ သတင္းထုတ္ျပန္ၿပီးျဖစ္ပါသည္။)

၆။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ တားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။ ျပည္သူ လူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရး ဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
--------------
(Unicode)⤵⤵⤵

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃၁-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၄) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၆၆) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-15) သည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဗဟန်းမြို့နယ်၌ နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသမှုဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦးနှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၃) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါ သည်။ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိကုသမှုပေးလျက်ရှိသည့် လူနာ (၂) ဦးအနက် (၁) ဦးမှာ (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် သေဆုံးခဲ့ပါသည်။ (အဆိုပါလူနာ သေဆုံးခဲ့မှုကို ယနေ့၊ နေ့လယ်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။)

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.